Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သီရိလင်္ကာ ဗုဒ္ဓဘာသာ တပ်အားစုကို ၉၆၉ နှင့် နှိုင်းယှဉ်ရေးသားထား၍ တိုင်းမဂ္ဂဇင်း ပိတ်ပင်ခံရ

$
0
0

မြန်မာနိုင်ငံမှ ၉၆၉ လှုပ်ရှားသူများနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာ တပ်အားစု တို့ကို နှိုင်းယှဉ်ရေးသားထား၍ ကမ္ဘာတစ်ဝန်း စာဖတ်ပရိသတ် သန်း ၁၉၀ ကျော် ရှိသော တိုင်းမ် မဂ္ဂဇင်းကို တင်သွင်းဖြန့်ချိခွင့် ပိတ်ပင် လိုက်ကြောင်း သီရိလင်္ကာ အစိုးရက ဇွန် လ ၂၉ ရက်နေ့တွင် ကြေညာခဲ့ သည်ဟု ယင်းနိုင်ငံ အခြေစိုက် သတင်း မီဒီယာများတွင် ဖော်ပြထားသည်။

ဦးဝီရသူ မျက်နှာဖုံးနှင့် The Face of Buddhist Terror အမည်ရှိ ဆောင်းပါး ပါဝင်သည့် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်းတွင် ဦးဝီရသူ ဦးဆောင် သည့် ၉၆၉ အဖွဲ့အစည်းက လူနည်းစု အစ္စလာမ် ဘာသာဝင်များကို ဆန့်ကျင် ဖိနှိပ်မှု ပြုလုပ်သည်ဆိုသော စွပ်စွဲချက်ကို ရေးသားရာတွင်
သီရိလင်္ကာနိုင်ငံ အခြေစိုက် Bodu Bala Sena အမည်ရှိ ဗုဒ္ဓဘာသာ တပ်အားစုကို နှိုင်းယှဉ် ရေးသားခြင်းကြောင့် ယင်းသို့ ပိတ်ပင် လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းများအရ သိရသည်။

ထို့ကြောင့် သီရိလင်္ကာနိုင်ငံ အခြေစိုက် Bodu Bala Sena အဖွဲ့အစည်း ကြီးက ယင်းဆောင်းပါး ပါရှိသော တိုင်းမ် မဂ္ဂဇင်းကို နိုင်ငံအတွင်း မသွင်းရန် သီရိလင်္ကာအစိုးရထံ တောင်းဆိုထားမှုကြောင့် ယင်းဆောင်းပါးကို အင်တာနက် စာမျက်နှာများတွင်ပင် နိုင်ငံတွင်းမှ ဖတ်ရှုခွင့် မရရှိစေရန် ပိတ်ပင်သွားမည်ဖြစ်ကြောင်း ယင်းသတင်း စာမျက်နှာများတွင် ဖော်ပြထား သည်။

ယင်းမဂ္ဂဇင်းတွင် ဖော်ပြချက်များသည် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်များနှင့် အခြား ဘာသာဝင်များအကြား ရန်တိုက်မှုများ ပြုလုပ်သကဲ့ သို့ ဖြစ်နေကြောင်း၊ သီရိလင်္ကာ အစိုးရ၏ ယင်းသို့ ဆောင်ရွက်ချက်မှာ သင့်တင့်လျော်ကန်ကြောင်း ဦးဝီရသူက The Voice ၏ မေးမြန်းချက် ကို ပြန်လည် မိန့်ကြားသည်။

သီရိလင်္ကာနိုင်ငံ ကိုလန်ဘိုမြို့တော် အခြေစိုက် ဗုဒ္ဓဘာသာ တပ်အားစု အမည်ရှိ အဖွဲ့အစည်းကြီးသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်သည့် အင်ဒို-အာရိယန်း အနွယ်ဝင် ဆင်ဟာလီ လူမျိုးများ၏ အမျိုးသားရေး လှုပ်ရှားမှု အဖွဲ့အစည်းကြီး ဖြစ်သည်။
From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...