Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါက်တာဆိတ်ဖွားကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ကြေညာမည်

$
0
0


အင်တာနက် စာမျက်နှာတွင် ဥပဒေထက်တွင် လွှတ်တော် ရှိနေသလား (Above the Law) ဟူသော ဆောင်းပါးဖြင့် ဝေဖန်ခဲ့သူ ဒေါက်တာဆိတ်ဖွား မည်သူ ဖြစ်သည်ကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ (ဇူလိုင် ၁ ရက်နေ့) ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အစီအစဉ်ကို ကိုးကား၍ လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖော်ထုတ်ရန် ဖွဲ့စည်းထားသည့် လွှတ်တော်ကော်မရှင်က ဒေါက်တာ ဆိတ်ဖွား မည်သူဖြစ်သည်ကို ဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပထမအကြိမ် လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးများတွင် ကြေညာမည် ဖြစ်ကြောင်း ယင်းကော်မရှင်က ဇွန်လအတွင်းက ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီစဉ်များအရ ဒေါက်တာဆိတ်ဖွား၏ အမည်ကို ပြည်ထောင်စုလွှတ်တော် နာယကက ထုတ်ဖော် ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“ဒေါက်တာဆိတ်ဖွားက လာဝန်ခံထားတယ်လို့ ပြောတယ်လေ။ အဲတော့ နာမည် ကြေညာရုံပဲ ။ နာမည်ကြေညာမယ် အရေးယူမယူ ဆုံးဖြတ်မှာ ဖြစ်လိမ့်မယ်” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

ဒေါက်တာဆိတ်ဖွား ဆိုသူက ဇန်နဝါရီလအတွင်း အင်တာနက် စာမျက်နှာတွင် Above the Law ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ် ရေးသားထားရာ ယင်းဆောင်းပါးတွင် လွှတ်တော်၏ လုပ်ဆောင် ချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ရုံမျှမက အခြေခံဥပဒေတွင် မည်သို့ ဆိုထားစေကာမူ လွှတ်တော် ဥက္ကဋ္ဌနှင့် အပေါင်းအပါများ မဲခွဲဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်ဟု စွပ်စွဲ ရေးသားထားခြင်း ဖြစ်သည်။

အဆိုပါ စွပ်စွဲရေးသားချက်နှင့် ပတ်သက်၍ ဆောင်းပါး ရေးသား သူကို ပြည်ထောင်စုလွှတ်တော်က ကော်မရှင် ဖွဲ့စည်းပြီး အရေးယူရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ဖေဖော်ဝါရီလ အတွင်း ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့သည်။

ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်နိုင်ရန် အစိုးရ ဝန်ကြီးဌာနများမှ အကြီးတန်း အရာရှိ ခြောက်ဦးနှင့် ပုဂ္ဂလိက သတင်းဂျာနယ်များမှ အယ်ဒီတာချုပ် ခုနစ်ဦးကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။
From:voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>