Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ လုပ်အားခခေါင်းပုံဖြတ်သူ လင်မယား(၂)ဦးအား အရေးယူ

$
0
0

၎-၁-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်၊ လှိုင်ဘုံသာရွာနေ အောင်ကျော်မိုးမှ ၎င်းင်းနှင့်မျိုးမင်းသန်းတို့ ၂ ဦးသည် တာချီလိတ်မြို့၊ ၀မ်ကောင်းဈေးရှိ ဒေါ်ခင်ချို၏ အုန်းသီး/ငှက်ပျောသီးအရောင်းဆိုင်တွင် အလုပ်လုပ်နေစဉ် တာချီလိတ်မြို့နယ်၊ မယ်လိပါကော်ရွာ နေသူ မဘူးပါ(၃၇)နှစ်နှင့် မိုးလွင်(ခ)ကျော်သိန်း(၂၉)နှစ်တို့ လင်မယား ၂ ဦး ရောက်ရှိလာပြီး ထိုင်းနိုင်ငံ၊ ချင်းရိုင်းကော်ဖီခြံတွင် စရိတ်ငြိမ်းတစ်ဦးလျှင် ဘတ် ၄၅၀၀ ရမည်ဟု စည်းရုံးပြောဆိုသဖြင့် လိုက်ပါ သွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံသို့ရောက်ရှိ၍ ကော်ဖီခြံတွင်အလုပ်လုပ်ကိုင်ခဲ့ရာ ဒေသစံတော်ချိန် နံနက် ၀၅၃၀ အချိန်မှ ၁၈၃၀ အချိန်ထိ ကော်ဖီစေ့(၁၃/၂၁)အိတ် ခူးခဲ့ရကြောင်း၊ အိမ်သို့ပြန်ရောက်သော အခါ တစ်နေ့တာခူးခဲ့သော ကော်ဖီအိတ်တို့အား ၂၀၀၀ အချိန်ထိ ကြိတ်ခွဲရကြောင်း၊ ကြိတ်ခွဲပြီးမှသာ ထမင်းစားခဲ့ရကြောင်း၊ အချိန်ပိုလုပ်အားခမရရှိကြောင်း၊ ၎င်းင်းတို့ ၂ ဦး၏လုပ်အားခ ဘတ် ၉၀၀၀ အား ဘူးပါနှင့်မိုးလွင်တို့မှဖြတ်ယူသွားခဲ့ကြောင်း၊ ထို့သို့ အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ လုပ်အား ခခေါ င်းပုံဖြတ်သူ ဘူးပါနှင့် မိုးလွင်(ခ)ကျော်သိန်းတို့ ၂ ဦးအား အရေးယူပေးရန် တိုင်တန်း သဖြင့် ၈-၃-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် တာချီလိတ်ရဲစခန်း(ပ)၅၁/၂၀၁၃၊ လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

From:ရဲဇာနည်
 
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>