ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
NLD ဗဟိုကော်မတီမှ ဗဟိုဦးစီးချုပ်ကိုင်မှုများ
ဦးစောဒယ်နီရယ်က “ကျနော်တို့(ကရင်နီ)ပြည်နယ်
ထို့အပြင် တိုင်းရင်းသားများအား ထိုသို့ ခွဲခြားမှုများ ရှိသည့်အပေါ် NLD ပါတီသည် တိုင်းရင်းသားများ၏ အကျိုး ကို ဖော်ဆောင်ပေးနိုင်သည့်ပါတီ မဖြစ်နိုင်ကြောင်းနှင့် ယခုကဲ့သို့ ၀ါဒများ ဆက်လက်ကျင့်သုံး ပါက မြန်မာနိုင် ငံ တွင် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရန် မလွယ်ကူကြောင်း သူက ဆက်ပြော သည်။
ယခင်လ ဖေဖော်ဝါရီ တတိယအပတ်ကလည်း ကရင်နီပြည်နယ်မှNLD ပါတီဝင်များဖြစ်သည့် ဦးစောဒယ်နီရယ် အပါအ၀င် ဦးညွန့်ဆွေနှင့် ဦးထွန်းကြိုင်တို့သည် ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် ကရင်ပါတီကြီး တစ်ခု ဖြစ်သည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP ကို လာရောက်တွေ့ဆုံပြီး NLD ဗဟို၏ ၎င်းတို့ အပေါ် ထားရှိ သည့်သဘောထားများကိုပြောသွား ခဲ့သည်ဟု PSDP အထွေထွေ အတွင်းရေးမှူး စဘီကျင်ဦးကပြောသည်။
စဘီကျင်ဦးက “လွိုင်ကော် NLD အဖွဲ့ ကျနော်တို့ကို လာတွေ့တာ ရှိတယ်။ ကိစ္စကတော့ သူတို့ NLD ဗဟိုတွေ က သူတို့ပြည်နယ် NLD ကို ဆက်ဆံပုံနဲ့ နုတ်ထွက်မယ့်အကြောင်း ပြောသွားတယ်။ နောက်
PSDP ပါတီရဲ့ မူဝါဒလမ်းစဉ် အကြောင်းကို မေးမြန်းတိုင်ပင်ခဲ့သလို တိုင်းရင်းသားညီနောင် (၁၀)ပါတီအကြောင်းကိုလည်း စိတ်ဝင်စားတယ် လို့ ပြောသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်နီပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်ခဲ့ခြင်းနှင့် ပတ်သက်၍ မတ်လ ၁၀ရက်နေ့က ရန်ကုန်၌ ပြုလုပ်သော NLD ညီလာခံအပြီး ဥက္ကဌအဖြစ် ပြန်လည်အေ ရွးခံရသည့် ဒေါ်အောင်ဆန်းစုကြည် အား သတင်ထောက်များက မေးမြန်းသည့်အခါ ကယားပြည်နယ်တွင် ၎င်းတို့ပါတီဝင် အင်အား ထိုမျှလောက် ရှိမလား ဟူ၍ မေးခွန်းထုတ်ကာ တုံ့ပြန်ပြောဆိုခဲ့သည်။
မြန်မာတနိုင်ငံလုံးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
စောညွန့်သောင်း (ကေအိုင်စီ)
ကေအိုင်စီ