Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သံတွဲတွင် ဖြစ်ပွားခဲ့သော မုဒိန်းမှု နှင့်ပက်သတ်၍ ဦးရဲထွဋ္ဋ် ပြောကြားချက်

$
0
0

သံတွဲမှာ အမျိုးသမီးတစ်ဦး ကို စော်ကား တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပါ တယ။်

မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ခရိုင်ပြန်ဆက် မှ ကနဦး စုံစမ်းသိရှိရတဲ့သတင်းများအရ ဇွန် ၂၉ ရက်နေ့ မှာ တောင် ကုတ်ကနေ သံတွဲ ကို အဝေးပြေးကားနဲ့ ရောက်လာတဲ့ အမျိုးသမီးတစ်ဦးဟာ ဆိုင်ကယ် ကယ်ရီနဲ့ လိုက်သွားပါတယ်။

ဇွန် ၃၀ ရက်နေ့ နေ့လည်မှာ အဲဒီအမျိုးသမီးတစ်ယောက်တည်းငိုနေတာတွေ့တဲ့သူများက ညနေ ၄ နာရီမှာ ရဲစခန်းကိုလာပို့ပါတယ်။ အဲဒီအမျိုးသမီးက သူ့ကို ဆိုင်ကယ်ကယ်ရီသမားနဲ့ အခြားသူ တစ်ဦးက စော်ကားတယ်လို့ တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီအမျိုးသမီးကို အခြားဘာသာဝင်တစ်ဦးက စော်ကားတယ်ဆိုတဲ့ သတင်းစကားများ ပြန့်နှံ့ သွားတဲ့အတွက် ညနေငါးနာရီခန့်မှာ လူငါးဆယ်ခန့် ရဲစခန်းကို လာရောက် စုဝေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ဆဲဖြစ်ကြောင်း ရှင်းပြပြီး လူစုခွဲခိုင်းခဲ့ပါတယ်။

ဒါပေမယ့် ည ၇ နာရီကျော်မှာ မြို့သစ်ရပ်ကွက်မှာ အိမ်နှစ်လုံးမီးရှို့မှုဖြစ်ပွားခဲ့ကြောင်း၊ မီးငြိမ်း သတ် နိုင် ခဲ့ကြောင်း သိရပါတယ်။

အခုအချိန်မှ ဒေသအာဏာပိုင်များက ညမထွက်ဖို့ လှည့်လည်ကြေညာနေပြီး မြို့ ၀င်ထွက် လမ်းများကို လည်း ပိတ်ထားကြောင်းသိရပါတယ်။

ပြစ်မှုကျူးလွန်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဥပဒေနဲ့ အညီဖော်ထုတ်အရေး ယူနိုင်ဖို့ ဆောင် ရွက် နေပါတယ်။

From: Ye Htut (ပြန်ကြားရေး ဒုဝန်ကြီး )

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>