Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဗုဒ္ဓဘာသာမှာ အစွန်းရောက် ဘာသာဟု ရေးသားဖော်ပြသည့် တိုင်းမဂ္ဂဇင်းနှင့် ရေးသားသူအား ကန့်ကွက်ကြောင်း သံဃာတော်နှင့် လူပုဂ္ဂိုလ် ၁၀၀၀ ကျော် ဆန္ဒပြ

$
0
0

ဗုဒ္ဓဘာသာမှာ အစွန်းရောက် ဘာသာဟု ရေးသားဖ်ာပြခဲ့သည့် တိုင်းမဂ္ဂဇင်းနှင့် ရေးသားသူအား ကန့်ကွက်ကြောင်း သံဃာတော်နှင့် လူပုဂ္ဂိုလ် ၁၀၀၀ ကျော်တို့မှ ဆန္ဒပြမှု ဇွန်လ ၃၀ ရက်နေ့တွင် ဆူးလေစေတီတော်အနီး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းဆန္ဒထုတ်ဖော်မှုမှာ ယခုနှစ်အတွင်း လူမှုအဖွဲ့အစည်းများမှ အကြောင်း အမျိုးမျိုးကြောင့် ဆန္ဒပြခဲ့သည့် ဖြစ်စဉ်များတွင် လူဦးရေအများဆုံး ဆန္ဒပြမှု ဖြစ်ခဲ့ပြီး ခွင့်ပြုချက်ဖြင့် ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် တိုင်းမဂ္ဂဇင်းတွင် ပါရှိခဲ့သော စာသားအား အပြင်းအထန် ကန့်ကွက်သည့် အနေဖြင့် ဇူလိုင်လ ၅ ရက်နေ့တွင် တိုင်းမဂ္ဂဇင်းရုံးချုပ် တည်ရှိရာ နယူးယောက်မြို့တွင်လည်း အမေရိကန်ရောက် ဘုန်းတော်ကြီးများနှင့် ဗုဒ္ဓဘာသာ လူပုဂ္ဂိုလ်များမှ ဆန္ဒထုတ်ဖော်သွားရန် ရှိကြောင်း ဦးပေါမောက္ခမှ မိန့်ကြားခဲ့သည်။
တိုင်းမဂ္ဂဇင်း၏ ရေးသားဖော်ပြရာတွင် ပါရှိသောစားသားများကို ကန့်ကွက်ခဲ့သည့် သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်းနှင့် လက်ရှိရေးဆွဲလျက်ရှိသော မျိုးစောင့် ဥပဒေအတွက် အားပေးထောက်ခံမှုများလည်း ပြုလုပ်ခဲ့သည်။
ဆန္ဒပြပွဲအား ဦးဆောင်ပြုလုပ်ခဲ့သည့် မကွေးဆရာတော် ဦးပါမောက္ခက ''ဦးဇင်းတို့ ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာ မဟုတ်ဘူး။ တိုင်းမဂ္ဂဇင်းမှာ ရေးသားဖော်ပြချက်တွေဟာ ကမ္ဘာပေါ် မှာ ဗုဒ္ဓဘာသာကို အထင်းသေးသိမ်စရာ ဖြစ်သွားစေတဲ့အတွက် ကန့်ကွက်မှုတွေ ပြုလုပ်ဆောင်ရွက်တာပါ'' ဟု မိန့်ကြားခဲ့သည်။
ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဥပဒေအကြံပေး ဦးအေးပိုင်က ''ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်တွေက ကိုယ့်ဘာသာ ကိုယ့်သာသနာကို စောင့်ရှောက်ဖို့ အတွက်ပဲဖြစ်တယ်။ အဲဒါကို အကြမ်းဖက်တယ်လို့ ရေးသားဖော်ပြခဲ့တဲ့ တိုင်းမဂ္ဂဇင်းရော ရေးသားသူပါ ကျင့်ဝတ်တွေ မရှိကြဘူး။ ဒီလိုရေးသား ဖော်ပြခဲ့လိုလည်း ကျွန်တော်တို့ မျိုးစောင့်ဥပဒေကို ရေးဆွဲဖို့အတွက် အခက်အခဲ ရှိမသွားဘူး။ ကျွန်တော်တို့ကတော့ ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို စောင့်ရှောက်သွားဖို့ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ပြောသည်။
time2

ဇွန် ၃၀ ရက်က တိုင်းမဂ္ဂဇင်းအား သံဃာတော်နှင့် လူပုဂ္ဂိုလ်တို့မှ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ်

တိုင်းမဂ္ဂဇင်းပါ ဗုဒ္ဓဘာသာအပေါ် စွပ်စွဲရေးသားမှုအား မြန်မာအစိုးရမှ တရားစွဲဆိုသင့်ကြောင်း၊ ဗုဒ္ဓဘာသာမှာ အေးချမ်းတည်ငြိမ်ခြင်း လမ်းစဉ်ကိုသာ ဆောင်ကြဉ်းကြောင်း၊ ထိုသို့စွပ်စွဲမှုကို မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပေါင်းစုံမှ ပြင်းထန်းစွာ ကန့်ကွက်ကြောင်း အဆိုပါ ဆန္ဒပြပွဲအတွင်း ဟောပြောခဲ့သည့် ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဦးအောင်မြိုင်မှ ပြောကြားခဲ့သည်။
ယင်းဆန္ဒပြပွဲအတွင်း သံဃာအလံများ ကိုင်ဆောင်၍ ဗုဒ္ဓဘာသာမှာ အကြမ်းဖက်ဘာသာ မဟုတ် စာတန်းပါ ပိုစတာများ၊ တိုင်းမဂ္ဂဇင်းအား ဆန့်ကျင်ကြောင်း၊ တိုင်းမဂ္ဂဇင်းပါ ဗုဒ္ဓဘာသာမှာ အကြမ်းဖက်ဘာသာဟု ရေးသားခဲ့သည့် ဟန်နာဘီရှ်အား သမိုင်းဖြင့်ရေးပါသလား၊ ငွေဖြင့်ရေးပါသလား ဟု စားတန်းပါ ပိုစတာများ၊ သမ္မတဦးသိန်းစိန်းအား ထောက်ခံကြောင်း ပိုစတာများနှင့် ဦးဝီရသူ ဦးဆောင်ရေးဆွဲလျက်ရှိသော မျိုးစောင့်ဥပဒေကို ထောက်ခံကြောင်း ပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် ဗန္ဓုလပန်းခြံအား တစ်ပတ်ပတ်ကာ မေတ္တာပို့ အမျှဝေခြင်းများကို သံဃတော်အပါး ၃၀၀ နှင့် လူ ၇၀၀ ကျော်တို့မှ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်အစိုးရမှ ဇွန်လ၂၃ ရက်နေ့ ရက်စွဲဖြင့် တိုင်းမဂ္ဂဇင်းအား ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည့်အပြင် သာသနာရေး ၀န်ကြီးဌာနမှလည်း အလေးအနက် ကန့်ကွက်ကြောင်း ဇွန်လ ၂၉ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာမှ ထုတ်ပြန်ခဲ့သည်။

''ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါ'' ဆောင်းပါးနှင့်အတူ ဆရာတော်ဦးဝီရသူ၏ ဓာတ်ပုံအား ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ဝေမည့် တိုင်းမဂ္ဂဇင်း၏ မျက်နှာဖုံး၌ တင်ထားပြီး ယင်းဆောင်းပါးအတွင်း ဖော်ပြချက်အချို့မှာ ''မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သွေးပူနေကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ဗုဒ္ဓဘာသာဝင် လူရမ်းကား အုပ်စုတွေဟာ အနည်းစု ဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်'' ဟု ပါရှိခဲ့သည်။
From:Eleven

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>