ယနေ့ ၂၉-၆-၂၀၁၃၊ မနက် ၈း၀၀ နာရီ၊ မဟာအောင်မြေမြို့နယ်၊ ကုက္ကိုစုရပ်ကွက်၊ ၃၉-၄၀၊ ၈၆ လမ်းရှိ သာသနပစ္စယ ဘုံဆွမ်းလောင်းအသင်း၌ အလှူခံဌာနဖွင့်လှစ်ကာ အမျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များ အလှူခံကြကြောင်း သိရသည်။
မဟာအောင်မြေ (၉၆၉)အဖွဲ့နှင့် ဘုံဆွမ်းလောင်းအဖွဲ့မှ ကိုဇော်လင်းတို့ ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။
ဆရာတော်ဦးဝီရသူ ကြွရောက်အားပေးခဲ့ကြောင်းနှင့် ရပ်ကွက်နေပြည်သူများ၊ ခရီးသွားများ ဝင်ရောက်လက်မှတ်ထိုး အားပေးကြရာ လက်မှတ်ပေါင်း (၈၀၀)ကျော်ရရှိကြောင်း သိရသည်။
မနက်ဖြန် (၃၀-၆-၂၀၁၃)ရက်နေ့တွင် ဘုရားကြီးအရှေ့မုဒ်မှာလည်း ဖွင့်လှစ်မည်ဖြစ်ပြီး၊ ကုက္ကိုစုရပ်ကွက်မှာလည်း ဆက်လက်ဖွင့်လှစ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
www.mmdailystar.com