Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘာသာရေး ပဋိပက္ခများ ဖန်တီးခြင်းသည် အစိုးရနှင့် တပ်မတော်မှ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား

$
0
0

လက်ရှိနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ ဖြစ်ပွားနေခြင်း၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူများမှာ မိမိတို့ အစိုးရအဖွဲ့နှင့် တပ်မတော်တို့ မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဇွန် ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

"အစိုးရဟာ ဒီမိုကရေစီ နိုင်ငံဖြစ်အောင်၊ မြန်မာ့လူ့အဖွဲ့အစည်းကို ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းဖြစ်အောင် လုပ်နေတယ်။ ဒီလမ်းကြောင်းကနေ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ ရှေ့ဆက်ပြီးတော့ပဲ သွားမယ်။ ဒါပေမဲ့ ဒီလိုပြဿနာတွေ ဖြစ်လာတဲ့အခါမှာ နိုင်ငံတကာမှာလည်း နောက်ကွယ်မှာ ဟိုလူရှိတယ်။ ဒီလူရှိတယ်ဆိုပြီး အမျိုးမျိုး ပြောကြတယ်။ သေချာတာကတော့ အစိုးရကသော် လည်းကောင်း၊ တပ်မတော်ကသော် လည်းကောင်း ဒီလိုပဋိပက္ခတွေ ဖြစ်အောင်လုပ်ဖို့ ဘယ်လိုအကြောင်းမှ မရှိဘူး" ဟု ဦးရဲထွဋ်က ပြောကြားသည်။

လက်ရှိတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ကော်မတီ ဖွဲ့စည်းထားပြီး၊ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များတွင် နောက်ကွယ်မှ ကြိုးကိုင်သူများ ရှိပါက ဖော်ထုတ်ရန် ပါဝင်ကြောင်းနှင့် လက်ရှိတွင် စုံစမ်းမှုများ ပြုလုပ်နေသည်ဟု ဦးရဲထွဋ်က ပြောကြားသည်။
"ပြည်သူတွေ၊ မီဒီယာတွေ အနေနဲ့ကလည်း ခန့်မှန်းချက်တွေ ပြောနေမယ့်အစား တကယ်ခိုင်မာတဲ့ သတင်းအချက်အလက်ရှိရင် ဗဟိုကော်မတီကိုပို့။ ကျွန်တော်လည်း အဖွဲ့ဝင် တစ်ဦးပါ" ဟု ဦးရဲထွဋ်က ပြောကြားသည်။

လက်ရှိတွင် လူမှုကွန်ရက်များတွင် ကောလာဟလများ ဖြန့်ခြင်းကို အဓိကတွေ့ ရှိနေရကြောင်း၊ ထို့ကြောင့် လူအများ၏ စိတ်ခံစားချက်များမှာ အမုန်းတရားများ ဖြစ်ပေါ်လာပြီး သာမန်ပဋိပက္ခ ဖြစ်ပေါ်လာပါက တရားဥပဒေနှင့်အညီ မဆောင်ရွက်တော့ဘဲ ပြင်းထန်တဲ့ တုံ့ပြန်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က သုံးသပ်သည်။
Time မဂ္ဂဇင်းအား ပိတ်ပင်ရခြင်းနှင့် ပတ်သက်၍လည်း ယင်းအပတ်စဉ်ထုတ် တစ်စောင်တည်းသာ ပိတ်ပင်ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ပိတ်ပင်ရသည်အထိ ဖြစ်ပေါ်လာရခြင်းမှာလည်း Social media များနှင့် ပြည်တွင်းမီဒီယာများ၏ ပုံကြီးချဲ့ ရေးသားမှုများကြောင့်ဖြစ်ကြောင်း ပြောသည်။
ထို့အပြင် ပဋိပက္ခ ဖြစ်စဉ်များနှင့် ပတ်သက်၍ ရေးသားမှုများကိုလည်း ဖြစ်စဉ်အပေါ်တွင်သာ အခြေခံ ရေးသားကြရန်နှင့် အမုန်းတရားများ မဖြစ်ပေါ်ရန် ရေးသားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
From:Eleven

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>