Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အမျိုးမစောင့်သူတွေအတွက် “အမျိုးစောင့် သြ၀ါဒ” (သို့မဟုတ်) မြောင်းထဲမှ မြစ်ထဲသို့ ရောက်သွားသော ဒေါ်စု

$
0
0

“မြစေတီစာသင်တိုက် ပဓာန နာယကဖြစ်တဲ့ ဥူးဝိမလသောဘိတ ထောက်ခံခြင်း
ဖြစ်ပါတယ်ဘုရား .. ဒီလိုထောက်ခံလိုက်လို့ရှိရင် အရှင်ဘုရားတို့ကတော့ အားလုံး
လက်ခုပ်တီးမယ် .. ဒါပေမယ့် တပည့်တော်ရဲ့ ရည်မှန်းချက်ကတော့ အဲ့လိုမဟုတ်ဘူး။
ဒိအမျိုးစောင့်ဥပဒေဟာ အားလုံးညီညွတ်ပြီးတဲ့အခါ လွှတ်တော်တင်ရင်လဲပဲ လွှတ်တော်
မှာရှိကြတဲ့ “လွှတ်တော်ကိုယ်စားလှယ်များ”စတဲ့ပုဂ္ဂိုလ်တွေ အတည်ပြုပေးမှ ဖြစ်မယ်
ဆိုတဲ့အကြောင်း ခုဏက ဥပဒေပညာရှင်တွေက ပြောကြားသွားတာကိုလဲ ကြားရပါတယ်
ဘုရား”

“အဲဒီ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့လုပ်ငန်းစဉ်တွေအရ ဒါကိုထောက်ခံဖို့/
မထောက်ခံဖို့ မဲပေးရမှာပါ.. ဒါမှမဟုတ် မတ်တပ်ထရပ်ပြီးတော့ ဒီအဆိုကို ထောက်ခံကြ
မှာလားဆိုတာကိုတော့ တပည့်တော်အတတ်မသိဘူး.. ဒါက သူတို့အလုပ်ပါ.. တပည့်တော်
တို့ရဲ့အမြင်၊ တပည့်တော်တို့ရဲ့စိတ်စေတနာကအကယ်၍ အမျိုးစောင့်ဥပဒေ တင်သွင်းသွား
တဲ့နေရာမှာ ထောက်ခံတဲ့ပုဂ္ဂိုလ်ကိုတော့ နာမည်မထုတ်ဖော်ပေမယ့် ကန့်ကွက်တဲ့ပုဂ္ဂိုလ်များ
ဘယ်ပုဂ္ဂိုလ်တွေ ဘယ်ကိုယ်စားလှယ်တွေ ဒီဥပဒေကို ကန့်ကွက်တယ် ကန့်ကွက်တဲ့သူ
ဘယ်သူ .. ဒါကိုတော့ တပည့်တော် တစ်ပါးထဲအနေနဲ့သိချင်တယ်..”

“အဲ့လိုသိရတဲ့အချိန်ကျ အရှင်ဘုရားဘာလုပ်မှာတုန်းဆိုရင် အသစ်လာမယ့်မဲရွေးပွဲမှာ တပည့်
တော်တို့က ဒီပုဂ္ဂိုလ်တွေကို မဲမပေးဘူးပေါ့.. မဲမပေးရအောင် တပည့်တေိာတို့ ဒကာ/ဒကာမတွေကို
တပည့်တော်တို့က စည်းရုံးမှာပေါ့.. ဒါကြောင့် ပွင့်ပွင့်လင်းလင်း ဘယ်သူက ကန့်ကွက်တယ်ဆိုတာ
သိချင်တယ်.. ဒါကိုလဲ တတ်နိုင်တဲ့ပုဂ္ဂိုလ်များက ဆိုင်ရာဆိုင်ရာပုဂ္ဂိုလ်ကို အသိပေးပြောကြားပြီးတော့
အကယ်၍များ ဘယ်သူက ထောက်ခံ/ မထောက်ခံ ပုဂ္ဂိုလ်တွေ သိသိသာသာ ကွဲပြားသွားအောင်
နာမည်နဲ့တကွ ၊ နေရပ်လိပ်စာနဲ့တကွ ကြေငြာပေးနိုင်ရင်တော့ဖြင့်အင်မတန်ကောင်းမှာပဲလို့ တပည့်တော်
နေ့တိုင်းတွေးတယ်.. ဘုမသိ ဘမသိနဲ့ မဲပုံးထောင် .. ပြီးမှ ဘယ်သူကန့်ကွက်လိုက်မှန်းမသိမဲပြားကြည့်ပြီး
တော့ အနိုင်/အရှုံး ၊ အတည်ပြုခဲ့/မပြုခဲ့ ဒါကတော့ မရေမရာပဲနဲ့ ခေါင်းမြှီးချုံပြီးထောက်ခံ၊ ခေါင်းမြှီးချုံပြီး
ကန့်ကွက် နေတဲ့သဘော..

“အဲ့တော့ တပည့်တော်ပြောခဲ့သလို တကယ်တမ်းပြောမယ်ဆိုရင်တော့ သတ္တိရှိရှိ ထောက်ခံတဲ့သူကလဲဘယ်သူ
ကန့်ကွက်တဲ့သူကလဲဘယ်သူ ဒါကို ကွဲကွဲပြားပြားသိရရင်တော့ တပည့်တော်တို့ 2015ခုနှစ် ရွေးကြမယ့် ကိုယ်
စားလှယ်တွေကို တပည့်တော်တို့ ဆုံးဖြတ်လို့ရပါပြီ.. ဒကာ/ဒကာမတွေကိုလည်း တပည့်တော်တို့ အသိပေးလို့
ရပါပြီ.. တပည့်တော် စိတ်ထဲမှာလိုလည်း အရှင်ဘုရားတို့သိချင်ကြမယ်လို့လည်း ယူဆပါတယ်..”

“တပည့်တော်က အလုပ်တစ်ခုလုပ်ရင် ပွင့်ပွင့်လင်းလင်းလုပ်တယ်.. လိမ်တာကိုတပည့်တော် အမုန်းဆုံးပဲ
ညာတာကိုလည်း ဒီတိုင်းပဲ.. တပည့်တော် ပြောနေကြစကား “ငွေ ၁သိန်းကျပျောက်တာထက် ၅ပြားစေ့
အလိမ်ခံရတာ ပိုနာတယ်”.. တပည့်တော် သံဃာတွေကို ဒီလိုပဲပြောတယ်.. ဒကာဒကာမတွေကိုလဲ ဒိလိုပဲ
ပြောတယ်.. အလိမ်ခံရတာ ခံရတဲ့သူညံ့တာ .. အသိညာဏ်နည်းရာ ရောက်တယ် .. လာလိမ်တဲ့သူကလဲ
စော်ကားတယ်.. ၁သိန်းဖိုးမကဘူး စော်ကားတယ် သူလိမ်တာတော့ ၅ပြားပဲ .. အဲ့လိုခံစားးရတယ်..”

“ဒါကြောင့် အားလုံးကို ပြောချင်တာက မီဒီယာတွေရော ဘာရောညာရော အားလုံးပွင့်ပွင့်လင်းလင်း အမှန်ကို
အမှန် ပြောပါ.. ဒီလောက်ငြိမ်သက်နေတဲ့ သံဃာတွေ ၊ ၁ထောင်ကျော်သော သံဃာတွေ ..တုပ်တုပ်တောင်
မလှုပ်အောင် ငြိမ်သက်နေတဲ့သံဃာတွေ၊ အေးချမ်းနေတဲ့ပုံရိပ်တွေ၊ ဘုန်းကြီးတို့ကို စော်ကားသွားတဲ့ မဂ္ဂဇင်း
စောင်ပါးရှင် အခုလိုများလာတွေ့ရင် သူဘယ်လိုဖြစ်မလဲ.. တပည့်တော်က ပြချင်တယ်.. သက်သက်အပြင်
ကနေ လေဖမ်းဒန်းစီးပြီးတော့ ရမ်းတယ်..တပည့်တော်တို့ ဗုဒ္ဓဘာသာကို စော်ကားတယ်.. ”

“ဒါကိုလဲ နိုင်ငံတော်က ဒီစာတွေကိုမပျံ့သွားအောင် မနေ့ကကြေငြာတယ်.. ပျံ့သွားရင် ဗုဒ္ဓဘာသာဝင်
ဒကာဒကာမများ ထိန်းနိုင်မှာမဟုတ်ဘူး .. ဒါဘယ်သူ့လက်ချက်လဲ ဆိုပြီးတော့ လက်သည်ကိုရှာပြီး
တုန့်ပြန်သွားရင် ရှုပ်ထွေးသွားနိုင်တဲ့ အနေအထားတွေရှိတယ် .. တပည့်တော်ထင်တာကိတော့ အဲ့လို
တမင်တကာ ဆူပွက်ပြီးတော့ ရှုတ်ထွေးအောင် မီးစပစ်ထည့်လိုက်တာလို့ပဲ ထင်လိုက်တယ် .. မြန်မာ
ပြည်မှာ ရုတ်ရုတ်ဖြစ်အောင် တမင်များဖန်တီးနေလား..”

“ဒါကြောင့်မို့ အတိုချုံးပြီးပြောလိုတာက တပည့်တော် စောနက အဆို ၃ချက်ကို ထောက်ခံပါတယ်ဘုရား
ဆိုရင် ပြီးသွားပါတယ်.. ဒါပေမယ့် ဦးနှောက်တွေအများကြီးသုံး၊သံဃာတွေ အများကြီးအချိန်တွေယူ၊
စားရိတ်စားခတွေအလွန်ကုန်၊ လုပ်ထားတဲ့ဟာကို ဟိုမှာပေါ့ပေါ့ကလေး ပယ်ချလိုက်မယ်ဆိုရင် တပည့်
တော်တို့ လုပ်ထားတဲ့ဒီလုပ်ငန်းကြီးဟာသဲထဲရေသွန်သလို ဖြစ်သွားမှာပါဘုရား ..”

“ဒါကြောင့် သွန်လိုသွန် မှောက်လိုမှောက် သွန်တဲ့သူကဘယ်သူလဲ? ဘယ်ကိုယ်စားလှယ်လဲ? ဒါသိချင်တယ်..
အဲ့ဒီလိုများသိရရင်တော့ ဒါ 2015 ခုနှစ်မှာ အဖြေထွက်လာမှာပေါ့ .. ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်
အများစုက ဗုဒ္ဓဘာသာတွေပါ.. ဗုဒ္ဓဘာသာတွေဆိုပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့်၊ ဖိအားအမျိုးမျိုး
ကြောင့် ကိုယ်လုပ်ချင်ရာကို မလုပ်ရပဲနဲ့ နောက်ကကြိုးကိုင်ထားလို့ မထောက်ခံတာလဲ ရှိကောင်းရှိလိမ့်မှာပဲ ..
ကိစ္စမရှိဘူး မထောက်ခံရင်လဲ ဘယ်အဖွဲ့ကဖိအားပေးထားသလဲ? ဘယ်ပါတီကဖိအားပေးထားသလဲ? ဒါကို
တပည့်တော်တို့ သိရရင်ကျေနပ်ပြီ .. အဲ့လိုသိရရင် 2015 မှာ အဲ့ဒီပါတီ “မြစ်ထဲရောက်သွားလိမ့်မယ်”..
မြစ်ထဲေ၇ာက်ပြီးရင် သမုဒ္ဒရာထဲရောက်ဖို့ပဲ ရှိတော့တယ် .. ”

“ဒါ ဗုဒ္ဓဘာသာနိုင်ငံဆိုတာ အဲ့ဒီလူတွေမေ့နေတယ်.. ဗုဒ္ဓဘာသာနိုင်ငံသားတွေဟာ သံဃာတော်တွေရဲ့
လက်ထဲမှာ ရှိနေတယ်ဆိုတာလဲ သိပုံမရဘူး.. ဘုမသိ ဘမသိနဲ့ နားစွန်နားဖျားလေးကြားပြိးတော့
စွတ်စွတ်ပြီးတော့ ပြောနေကြတာတွေရှိတယ်.. ”

“ပြောရအောင်လဲ သူတို့ကို နိုင်ငံတကာက မိုက်တပ်ပေးလိုက်တာကိုး.. “ဆု”လေး ဘာလေးပေးတာကိုး..
အခုလဲ ပါးစပ်ထဲကို မိုက်တပ်ပေးလိုက်တယ် .. တပည့်တော်လဲ အခု မိုက်ရလာပြီ ..သဘောတူပါတယ်
ဘုရားဆိုပြီးတော့ မပြီးတော့ဘူး .. မိုက်ရပြီဆိုတော့ တော်တော်နဲ့ ချလို့မဖြစ်ဘူး .. ပြောသင့်ပြောထိုက်
တာကို ရင်ထဲမှာ တနုံ့နုံ့နဲ့ ညတိုင်းပဲတွေးနေတယ် .. ဒါကြောင့် ခုဏကအဆိုတင်သွားတဲ့ အချက် ၃ချက်ကို
တပည့်တော်အနေနဲ့ ခြွင်းချက်မရှိ လုံးဝထောက်ခံပါကြောင်း ရိုသေစွာလျှောက်ထားတင်ပြပါသည် ...”

(ရိုသေစွာ လက်စုံမိုး၍ ရှိခိုးပူဇော်ပါသည် .. သာသနာ့အာဇာနည် ဆရာတော်ကြီးဘုရား) 

From:အဖြူရောင် သူငယ်ချင်း


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...