Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တာလီဘန်တို့ အာဖဂန်သမ္မတအိမ်တော်ကို တိုက်ခိုက်

$
0
0

စစ်သွေးကြွခေါင်းဆောင်များ ကာတာတွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ရုံးတစ်ခုဖွင့်လှစ်ပြီး တစ်ပတ်ကြာ တာလီဘန်စစ်သွေးကြွများသည် အာဖဂန်သမ္မတအိမ်တော်သို့ ဝင်ပေါက်တစ်ခုကို သေနတ်ပစ်ခြင်း ကားဗုံးခွဲခြင်းများ အင်္ဂါနေ့တွင် ပြုလုပ်သည်။ယခုတစ်ခေါက်သည် သမ္မတကာဇိုင်း ၂၀၀၈ခုနှစ်အတွင်း တာလီဘန်တိုက်ခိုက်မှုကြောင့် အသက်ဘေးမှ ကပ်လွဲသွားပြီးနောက်ပိုင်းမှစ၍ အဆိုးဝါးဆုံးတိုက် ခိုက်မှုဖြစ်သည်။

သေနတ်နှင့်ပစ်ခတ်ခြင်းနှင့် ဖောက်ခွဲခြင်းများသည် ဒေသစံတော်ချိန်၆ ခွဲတွင်စတင်ခဲ့ပြီး တစ်နာရီကျော်အထိ ရှိနေဆဲဖြစ်ပြီး ကဘူးလ်မြို့ရှိ သံရုံးများနှင့် အစိုးရအဆောက်အဦးများရှိသည့် လုံခြုံရေးတင်းကျပ် ထားသည့်နေရာတွင် မီးခိုးများ လေထဲလွင့်တက်နေစေခဲ့သည်။
နေတိုးတပ်ဖွဲ့ နိုင်ငံတကာလုံခြုံရေး အကူအညီပေးရေးအဖွဲ့ (အိုင်အက်စ်အေအက်ဖ်)အဖြစ် ဟန်ဆောင်ပြီး ကားနှစ်စီးဖြင့် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ကာ သမ္မတအိမ်တော်ဝင်းတွင်းသို့ ဝင်ရောက်ရန်ကြိုး စားခဲ့ကြောင်း ရဲ က ပြောကြားသည်။“ပထမကားကို စစ်ဆေးပြီးတော့ ခွင့်ပြုလိုက်တယ်လေ၊ နောက် ဒုတိယကား က အစောင့်တွေဆီဝင်ဖို့ ကြိုးစားလာတော့ သံသယရှိလာတယ်။ ဒီတော့ တား ဖို့ကြိုးစားခဲ့တယ်” ဟု ကဘူးလ် ဒုရဲမှူးကြီး မိုဟာမက် ဒေါ့အာမင် ကပြောကြားသည်။“တိုက်ခိုက်တာ စတယ် ပြီးတော့ ကားတွေကို ဗုံးခွဲရော တိုက်ခိုက်လာသူတွေအကုန်လုံး ကို သေသွားတယ်” ဟု ဆက်လက်ပြောကြား သည်။ကားများ ကို ရေဒီယိုအင်တာနာများတပ်ဆင်ထားကာ အိုင်အက်စ်အေအက်ဖ် ကားများနှင့် ဆင် တူအောင်လုပ်ထားကြောင်း နှင့် တိုက်ခိုက်သူ သုံးဦး သို့မဟုတ် လေးဦးသည် စစ်ယူနီဖောင်းများဝတ်ဆင် ထားကြကြောင်း ရဲက ပြောကြားသည်။တိုက်ခိုက်မှုကြောင့်အရပ်သားများ ထိခိုက်မှုမရှိသော်လည်း ရဲက သမ္မတအိမ်တော်လုံခြုံရေးတပ်ဖွဲ့မှ တပ်သားမည်မျှ ဒဏ်ရာရရှိကြောင်း အတိအကျမသိသေးပေ။

ဗုံးပေါက်ကွဲသည့်ကားသည် သမ္မတအိမ်တော်၏ စစ်ဆေးရေးဂိတ်များစွာရှိ ပထမဆုံးဂိတ်အတွင်းပိုင်း စီအိုင်အေရုံးတစ်ခုအနီးတွင် ဖြစ်ပြီး အိမ်တော်အရာရှိတစ်ဦးက အဆောက်အဦးနံရံများမပျက်စီးခဲ့ကြောင်း ဆိုသည်။အိမ်တော်အတွင်း နေထိုင်သော သမ္မတသည် အင်္ဂါနေ့မနက်ပိုင်းတွင် သတင်းထောက် များနှင့် တွေ့ ဆုံရန်ရှိပြီး ဂျာနယ်လစ်များအား ပေါက်ကွဲ မှုအနီးရှိ စစ်ဆေးရေးဂိတ်တွင် သတင်းပို့ကြရန် အမိန့်ထုတ်ထားသည်။အိမ်တော်သို့သွားရာလမ်းကြောင်းကို လုံးဝပိတ်ဆို့ထားရှိပြီး လူများအနီးသို့ရောက် မလာစေရန် လုံခြုံရေးတင်းကျပ်များပြားစွာချထား သည်။“တိုက်ခိုက်ရေးသမား အုပ်စုလိုက်ကြီး စီအိုင်အေရုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အိမ်တော်ရော အနီးအနားက ကာကွယ်ရေးဝန်ကြီး ဌာန ကိုလည်း တိုက်ခိုက်ခဲ့တယ်” ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောကြား သည်။တောင်ပိုင်းပြည်နယ်ကန်ဒါဟာတွင်လည်း အင်္ဂါနေ့တွင်ပင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးရှစ်ဦးနှင့် ကလေးတစ်ဦးသေဆုံးခဲ့ပြီး မဂ်လာပွဲတစ်ခုသို့သွားရောက်သူများဖြစ်ကြောင်း ရဲက ပြောကြားသည်။

ကဘူးလ်တွင်ဖြစ်ပွားသည့်နောက်ဆုံးတိုက်ခိုက်မှုသည် ဖွန် ၁၁ နေ့တွင် ဖြစ်ပြီး တာလီဘန်သူပုန်များက အမြင့်တရားရုံးအနီး အရပ်သား ၁၅ ဦး သေဆုံးစေခဲ့သည့် ကားဗုံးခွဲမှုကို ၎င်းတို့လုပ်ဆောင်ကြောင်း ပြောကြားခဲ့သည်။အင်္ဂါနေ့တိုက်ခိုက်မှုသည် ၁၂ကြာစစ်ပွဲကို အဆုံးသတ်စေမည့် ငြိမ်းချမ်းရေးသဘောတူညီချက်ပထမခြေလှမ်းကို ရည်ရွယ်သော တာလီဘန် တို့ ရုံးသစ်ဖွင့်လှစ်မှုအပေါ် သံတမန်ရေးရာအငြင်းပွားပြီးနောက် အမေရိကန်သံအမတ်ဂျိမ်းစ် ဒေါ့ဘင်းစ် ကဘူးလ်သို့ လာရောက်နေချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ ၎င်းရုံးသစ်သည် ကာတာတွင်ဖြစ်ပြီး ၁၉၉၆-၂၀၀၁ခုနှစ်အစိုးရလက်ထက် သူပုန်များ၏နာမည်ကိုယူပြီး ဖွင့်လှစ်ခဲ့ကာ တာလီဘန်တို့၏ အဖြူ ရောင်အလံကို လွှင့်ထူခဲ့ကြပြီး အာဖဂန်တို့က ၎င်းအလံကို တာလီဘန်အုပ်ချုပ်မှုမှရက်စက်မှုအကြွင်းအကျန်အဖြစ် မြင်ကြသည်။

ကာဇိုင်းသည်လည်း အလံနှင့်အမှတ်အသားများကို ဒေါသထွက်ခဲ့ကာ လာမည့်နှစ်အတွင်း နေတိုးတပ်ဖွဲ့ တိုက်ခိုက်အစီအစဉ် အဆုံးသတ် သွားပါက အာဖဂန်အတွင်း အမေရိကန်စစ်သားများကျန်ရှိနေခွင့် သဘောတူညီမှုပေးမည့် အာဖဂန်-အမေရိကန်ဆွေးနွေးပွဲကို ဖျက်ရွှေ့ ခဲ့သည်။ကာဇိုင်းသည် ကာတာသို့ ကိုယ်စားလှယ်များပေးပို့ရန်ငြင်းဆန်ခဲ့ကာ စစ်ပြေငြိမ်းရေးအတွက်ဖိအားများ လာပြီး နောက်ဆုံးတွင် နေ တိုး တပ်ဖွဲ့ ပြန်လည်ထွက်မသွားမီနှင့် လာမည့်နှစ်ဧပြီတွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲမတိုင် မီ ငြိမ်းချမ်းရေးအခြေတည်ရေးတို့အတွက်ဖြစ် သည်။လာမည့်၂၀၁၄အကု တွင် နိုင်ငံခြား တပ်သား တစ်သိန်းခန့်သည် ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းကလည်း အာဖဂန် လုံခြုံရေး တပ်ဖွဲ့အား နေတိုးတပ်ဖွဲ့က နိုင်ငံတဝှမ်းလုံခြုံရေးတာဝန်များ လွှဲပြောင်းပေး အပ်ပြီးဖြစ် သည်။

Ref:AFP
From:Myanma Age

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>