Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မျိုးစောင့်ဥပဒေအား ကန့်ကွက်ခဲ့သည့် ဒကာမကြီး ဒေါ်ရွှေဇီးကွက် သို့ အိတ်ဖွင့်ပေးစာ

$
0
0




အမျိုးစောင့်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကန့်ကွက်ပြောဆိုတဲ့ ဒကာမကြီးရဲ့ ပြောစကားကို နားထောင်ရပါတယ်။ ဥပဒေကြမ်းတခုကို ကိုယ်မကြိုက်ရင် မကြိုက်တဲ့အကြောင်းကို တရားဝင်ပြောဆိုခွင့်ရှိပါတယ်။ ဒါ ဒီမိုကရေစီ အလေ့အထပါပဲ။ ဒါပေမဲ့ ’’သံဃာ မှိုင်းတိုက်ခံနေရတာ ကြာပါပြီ’’ ဆိုတာဟာ သံဃာထုအားလုံးကို စော်ကားတဲ့ စကားလုံးပါပဲ။ ဒကာမကြီးပြောတဲ့ ဒီစကားဟာ သံဃာထုကို အပုတ်ချစော်ကားတဲ့ စကားလုံးဆိုတာ စဉ်းစားမိရဲ့လား။

နောက်ပြီး တစ်ဖက်ကို အပုတ်ချပြီး ကိုယ့်ဘက်ပါအောင် စွဲဆောင်တာဟာ လူ့အခွင့်အရေးလား။ ဒီမိုကရေစီကို ဒီလိုပဲ အဓိပ္ပါယ်ဖွင့်သလား။ ဦးဇင်းနားလည်ထားတာက ဒီမိုကရေစီဆိုတာ တရားသဖြင့် ယှဉ်ပြိုင်တာပဲ။ အဲဒီတော့ တဖက်ကလည်း သူတို့ယုံကြည်ရာကို သူတို့ချပြခွင့် ရှိတာပဲ။ ဒါကို လေးစားရမယ်။ ဒါ မင်းမဲ့စရိုက်တွေ လုပ်နေတာမဟုတ်ဘူး။ ဒုစရိုက်မှုတွေ လုပ်နေတာမဟုတ်ဘူး။ သူ့လမ်းကြောင်းနဲ့သူ လုပ်နေသမျှ ဒါ သဘာဝကျတယ်။ ဒါဟာ ဒီမိုကရေစီပဲလေ။ ကိုယ်မကြိုက်ရင် တရားမျှတစွာ ကန့်ကွက်ပေါ့။ ဒီ ဥပဒေကြမ်းကို ဦးဇင်းလည်း မကြိုက်လို့ ကိုယ်မကြိုက်တဲ့အကြောင်း ဦးဇင်းကိုယ်တိုင် ဖွင့်ထားတဲ့ “အမျိုးစောင့်ဥပဒေကို ကန့်ကွက်သူများအား ဖိတ်ခေါ်ခြင်း’’ဆိုတဲ့ ပေ့မှာ ဝင်ရေးခဲ့ပြီးပြီ။ ကိုယ်မကြိုက်လို့ ဘယ်ပုဂ္ဂိုလ် ဂိုဏ်းဂဏကိုမှ စွပ်စွဲစရာ မလိုဘူး။

အမျိုးသမီးတိုင်း ဒီမျိုးစောင့်ဥပဒေကို မကြိုက်ဖူးလား။ ဒကာမကြီးသိမှာပါလေ။ ကြိုက်တဲ့သူတွေကို ဒကာမကြီး ဘယ်လို သဘောထားမလဲ။ သံဃာတွေ မှိုင်းတိုက်ခံရတဲ့ အမျိုးသမီးတွေလို့ ပြောဦးမှာလား။ သူတို့က လူတွေ မဟုတ်ဘူးလား။ သူတို့က အမျိုးသမီးတွေ မဟုတ်ဘူးလား။ သူတို့က နိုင်ငံသားတွေ မဟုတ်ဘူးလား။ သူတိုရဲ့ သဘောထားကိုရော မလေးစားဘူးလား။

အဲဒီတော့ ဒီဥပဒေကြမ်းကို ကြိုက်သူတွေရော မကြိုက်သူတွေရော ရှိနေတာ သေချာသွားပြီ။ တစ်ဘက်နဲ့တစ်ဘက် အပုတ်ချစွပ်စွဲပြောဆိုနေတာဟာ သိက္ခာကျပါတယ်။ တရားသဖြင့် ယှဉ်ပြိုင်ကြပေါ့။ ဒါ ဒီမိုကရေစီပဲ။ ဒါ သူ့ အခွင့်အရေးပဲ။ ဒါ လူ့အခွင့်အရေးပဲ။ ဒါ နိုင်ငံသားတိုင်း အခွင့်အရေးပဲ။

ကဲ ဒီလိုဆို ဒီမိုကရေစီ အလေ့အထ ထူထောင်ကြစို့။ ဒီမိုကရေစီထုံးစံအတိုင်း တရားဝင် မဲခွဲဆုံးဖြတ်ကြစို့။

ဦးဝီရသူတို့က အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းဖို့ စည်းရုံးနေကြပြီ။ သူတို့ ဥပဒေကြမ်း ပြဋ္ဌာန်းနိုင်ဖို့ သူတို့ ကျိုးစားနေကြပြီ။ ဒါ သူတို့ရဲ့ ဒီမိုကရေစီပဲ။

ဒကာမကြီးတို့က ကိုယ်မကြိုက်တဲ့ ဥပဒေကို ပါးစပ်က မကြိုက်ဘူးလို့ အော်နေရုံနဲ့ မပြီးဘူး။ ဒကာမကြီးတို့ကိုယ်တိုင် စည်းရုံးကြလေ။ ဒါ ဒကာမကြီးတို့ ဒီမိုကရေစီပဲ။

ဒီလို တရားဝင် ယှဉ်ပြိုင်တဲ့အခါ အမျိုးစောင့်ဥပဒေကို ကြိုက်သူများလို့ တရားဝင်ပြဋ္ဌာန်းရင် မပြဋ္ဌာန်းလိုသူတွေက ဒီဥပဒေကို လေးစားလိုက်နာကြစို့။

ဒီဥပဒေကို မကြိုက်သူများလို့ ကျရှုံးသွားရင် ပြဋ္ဌာန်းလိုသူတွေက လေးလေးစားစား ကျေကျေနပ်နပ် လက်ခံကြစို့။

ငါလုပ်နိုင်တယ် ဆိုတဲ့မာနနဲ့ ငါ့စကားနွားရ မဆိုင်တဲ့ အပိုစကားတွေ ပြောဆိုပြီး သံဃာထုကို အပုတ်ချနေတာက ဒီမိုကရေစီ မဟုတ်ဘူး။
 
 
From: ဆရာတော် ဦးနရပတိ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>