Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရင်နစ်ဖွယ်အပြန်ခရီးနှင့် အပူမီးကိုငြိမ်းသူများ

$
0
0

မြင်ကွင်းထဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဆိုက်ရောက်ဧရိယာထဲ၌နိုင်ငံ ရပ်ခြားမှ ပြန်လ ည်ရောက် ရှိလာကြသော မိမိတို့၏ မိသားစုဝင်များအား ဝမ်းသာအားရ ပွေ့ဖက်နှုတ် ဆက်  ပျော်မြူးနေကြသော မိသားစုဝင်များ ၏ ပျော်ရွှင်ဖွယ်ရာမြင် ကွင်းလေးအား မြင်ရပြန်တော့ မိမိကိုပါ ထိုပီတိ ကလေးကူးစက်၍ ပျော်ရွှင်ကြည်နူးသလို ခံစားမိပါသည်။

အော်…“သွားလမ်းသာ၍ လာလမ်းဖြောင့် ကြသူများပါတကား” ဟုတွေးမိသလို အခြားတဖက် လူမသိသူ မသိလေဆိပ်၏ နောက်အပေါက် ပစ္စည်းအ ဟောင်းများ ထားရှိရာနေရာ ညောင်ပင်အိုကြီး၏ အရိပ်အောက်ရှိ လေဆိပ်သုံး ထော်လီတစ်စင်းပေါ်တွင် အထပ်ထပ်ထုတ်ပိုးထားသော အခေါင်းသေတ္တာ တစ်လုံးနှင့်အတူ ဘေးဝဲယာတွင် အော်ဟစ်ငိုကြွေး ပူဆွေး နေကြသော မိသားစုတစ်စု အော်… “သွားလမ်းသာ ခဲ့ပေ မယ့် ရင်နင့်ဖွယ်အပြန်ခရီး” နဲ့ မိသားစုဝင်တွေ မျက်ရည်တွေနှင့် ဆီးလို့ကြိုနေသော မြင်ကွင်း ကလေးသည် မိမိတို့၏ နှလုံးသားကို စူးနစ်ကြေကွဲစေခဲ့လေ ပြီ။ ထိုမြင်ကွင်းလေး အား ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်တော့ချေ။

၂.၆.၂ဝ၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်းကြောင့် ကွယ် လွန်ခဲ့ရသော ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ ရုပ်အလောင်းအား မိဘဆွေမျိုး ညီအစ်ကို မောင်နှမ များ၏နေရပ် မှော်ဘီမြို့နယ်သို့ ပြန်လည်သယ်ဆောင်၍ သင်္ဂြိုဟ်လိုသည့်ဆန္ဒကြောင့် မလေးရှားနိုင်ငံရှိ ကပုန်း (၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများ၏ စီစဉ်ဆောင်ရွက် ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခဲ့ရာ ၂၂.၆.၂ဝ၁၃ ရက်နေ့ နံနက် (၉းဝဝ) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ ရုပ်အလောင်းအား သယ်ဆောင်၍ နေရပ်သို့ ပြန်လည်ပို့ဆောင်ကူညီပေးခဲ့သည်။

ယင်းနေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် ကွယ်လွန်သူ၏ နေရပ်ဇာတိဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ မြို့ချောင်းကျေးရွာရှိ သုဿန်တွင် ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ခဲ့သည်။ ထိုသို့ သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ ၏ မိဘဆွေမျိုး ညီအစ်ကို မောင်နှမများ ရပ်မိ/ဖများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေး သမားများ၊ ကပုန်း (၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများတို့သည် ကွယ်လွန်သူ၏ နေအိမ်မှ သုဿန်သို့ ခက်ခက်ခဲခဲ စုပေါင်းညီညာစွာဖြင့် ဝိုင်းဝန်းသယ်ဆောင်၍ မီးသင်္ဂြိုဟ် ပေးခဲ့ပြီး မိသားစုဝင်များ၏ အပူမီးအား မျှဝေခံစားခဲ့ကြသည်။

ယခုကဲ့သို့သော ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံ၏ သားကောင်းရတနာများ ရင်နင့်ဖွယ်ရာ ကြွေလွင့် ရခြင်းသည် မိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သလို တိုင်းပြည်အတွက်လည်းများစွာ နစ်နာခဲ့ရသည်။ ထို့ကြောင့် ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ “ရင်နစ်ဖွယ်ရာအပြန်ခရီး” တွင် ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် မိသားစု၏ အပူမီးကို မျှဝေခံစားရင်း မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲခဲ့ရတော့သည်။

ကမ္ဘာသူ/သားအားလုံး ပျော်ရွှင်ဖွယ်အပြန်ခရီးတွင် မိသားစုနှင့် အတူ ဆုံဆည်းနိုင်ကြပါစေ။ ။


Photo: ရင်နစ်ဖွယ်အပြန်ခရီးနှင့် အပူမီးကိုငြိမ်းသူများ ============================    မြင်ကွင်းထဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဆိုက်ရောက်ဧရိယာထဲ၌ နိုင်ငံ ရပ်ခြားမှ ပြန်လည်ရောက်ရှိလာကြသော မိမိတို့၏ မိသားစုဝင်များအား ဝမ်းသာအားရ ပွေ့ဖက်နှုတ်ဆက် ပျော်မြူးနေကြသော မိသားစုဝင်များ၏ ပျော်ရွှင်ဖွယ်ရာမြင်ကွင်းလေးအား မြင်ရပြန်တော့ မိမိကိုပါ ထိုပီတိ ကလေးကူးစက်၍ ပျော်ရွှင်ကြည်နူးသလို ခံစားမိပါသည်။   အော်…“သွားလမ်းသာ၍ လာလမ်းဖြောင့် ကြသူများပါတကား” ဟုတွေးမိသလို အခြားတဖက် လူမသိသူမသိလေဆိပ်၏ နောက်အပေါက် ပစ္စည်းအ ဟောင်းများ ထားရှိရာနေရာ ညောင်ပင်အိုကြီး၏ အရိပ်အောက်ရှိ လေဆိပ်သုံး ထော်လီတစ်စင်းပေါ်တွင် အထပ်ထပ်ထုတ်ပိုးထားသော အခေါင်းသေတ္တာတစ်လုံးနှင့်အတူ ဘေးဝဲယာတွင် အော်ဟစ်ငိုကြွေး ပူဆွေး နေကြသော မိသားစုတစ်စု အော်… “သွားလမ်းသာခဲ့ပေမယ့် ရင်နင့်ဖွယ်အပြန်ခရီး” နဲ့ မိသားစုဝင်တွေ မျက်ရည်တွေနှင့် ဆီးလို့ကြိုနေသော မြင်ကွင်းကလေးသည် မိမိတို့၏ နှလုံးသားကို စူးနစ်ကြေကွဲစေခဲ့လေ ပြီ။ ထိုမြင်ကွင်းလေးအား ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်တော့ချေ။   ၂.၆.၂ဝ၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်းကြောင့် ကွယ် လွန်ခဲ့ရသော ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ ရုပ်အလောင်းအား မိဘဆွေမျိုး ညီအစ်ကို မောင်နှမ များ၏နေရပ် မှော်ဘီမြို့နယ်သို့ ပြန်လည်သယ်ဆောင်၍ သင်္ဂြိုဟ်လိုသည့်ဆန္ဒကြောင့် မလေးရှားနိုင်ငံရှိ ကပုန်း (၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများ၏ စီစဉ်ဆောင်ရွက် ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခဲ့ရာ ၂၂.၆.၂ဝ၁၃ ရက်နေ့ နံနက် (၉းဝဝ) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ ရုပ်အလောင်းအား သယ်ဆောင်၍ နေရပ်သို့ ပြန်လည်ပို့ဆောင်ကူညီပေးခဲ့သည်။   ယင်းနေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် ကွယ်လွန်သူ၏ နေရပ်ဇာတိဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ မြို့ချောင်းကျေးရွာရှိ သုဿန်တွင် ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ခဲ့သည်။ ထိုသို့ သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ ၏ မိဘဆွေမျိုး ညီအစ်ကို မောင်နှမများ ရပ်မိ/ဖများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေး သမားများ၊ ကပုန်း (၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများတို့သည် ကွယ်လွန်သူ၏ နေအိမ်မှ သုဿန်သို့ ခက်ခက်ခဲခဲ စုပေါင်းညီညာစွာဖြင့် ဝိုင်းဝန်းသယ်ဆောင်၍ မီးသင်္ဂြိုဟ် ပေးခဲ့ပြီး မိသားစုဝင်များ၏ အပူမီးအား မျှဝေခံစားခဲ့ကြသည်။   ယခုကဲ့သို့သော ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံ၏ သားကောင်းရတနာများ ရင်နင့်ဖွယ်ရာ ကြွေလွင့်ရခြင်းသည် မိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သလို တိုင်းပြည်အတွက်လည်းများစွာ နစ်နာခဲ့ရသည်။ ထို့ကြောင့် ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ “ရင်နစ်ဖွယ်ရာအပြန်ခရီး” တွင် ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် မိသားစု၏ အပူမီးကို မျှဝေခံစားရင်း မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲခဲ့ရတော့သည်။   ကမ္ဘာသူ/သားအားလုံး ပျော်ရွှင်ဖွယ်အပြန်ခရီးတွင် မိသားစုနှင့် အတူ ဆုံဆည်းနိုင်ကြပါစေ။ ။  from- Kyaw thu
From: Kyaw thu

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>