Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တိုင်းပြည်အကျိုးစီးပွားအတွက် ကော်မရှင်ကို ဦးဆောင်ခဲ့တာဖြစ်ကြောင်း ပြော

$
0
0

လက်ပန်းတောင်းတောင်စီမံကိန်း စုံးစမ်းစစ်ဆေးရေး ကော်မရှင်မှာ တာဝန်ယူဆောင်ရွက်ခဲ့တာဟာ တိုင်းပြည် ရဲ့ အနာဂတ်ကိုရှေ့ရှုပြီး တိုင်းပြည်သိက္ခာရှိအောင်ဆောင်ရွက်တာ ဖြစ်တယ်လို့ စုံစမ်း စစ်ဆေးရေး   ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၂ ရက် ဒီကနေ့ ပြောကြား လိုက် ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်မှာ စုံစမ်းစစ်ဆေးကော်မရှင် အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ အဲဒီလို ထည့်သွင်းပြောခဲ့တာပါ။

"တပ်မတော်ရဲ့ ဆက်ဆံရေးတို့၊ တရုတ်နဲ့ ဆက်ဆံရေးတို့ ဒါကိုအဓိကထားတာ မဟုတ်ပါဘူး၊ တိုင်းပြည် အနာ ဂတ်ကို အဓိကထားတာပါ၊ တိုင်းပြည်သိက္ခာရှိအောင် နောက်ပြီးတော့ ဒီနိုင်ငံရဲ့တိုးတက် မှုအတွက် အင်အား ရအောင်လို့ ဒါကိုလုပ်သွားတာပဲဖြစ်ပါတယ်၊ ဥပမာဆိုလို့ရှိရင် တပ်မတော် နဲ့ ပြည် သူကြား မှာ ပြန်ပြီးတော့ ရင်ကြားစေ့ဖို့လိုတယ်၊ အထေ့အငေါ့တွေဖြစ်နေ တဲ့ဟာကို ပြေလည် သွားအောင် လုပ်ဖို့ လိုတယ်ဆိုတာ တစိုက်မတ်မတ်ပြောခဲ့တဲ့ကိစ္စပါ၊ အဲဒါနဲ့ပတ်သက်လို့ ဘာမှထူး ထူးထွေထွေ ထပ်မလိုပါ ဘူး၊ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ရှိရင်လည်း အိမ်နီးနားချင်းနိုင်ငံတွေ အားလုံးနဲ့အ ဆင်ပြေအောင်နေကြ ရမယ်"

လက်ပန်းတောင်းတောင်စီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ဒေသခံတွေ ဆန္ဒပြနေတာတွေနဲ့ ပတ်သက်လို့ လည်း ဆန္ဒပြတယ်ဆိုတာ အကြောင်းရင်းခိုင်လုံရမယ်၊ ဘယ်သူ့အတွက် ဆန္ဒပြနေတာလဲ၊ ဘယ်ကိုဦး တည်နေတာလဲ၊ ဒေသခံတွေ အကျိုးအတွက်လား၊ နိုင်ငံ့အတွက်လား ဆိုတာကို သေချာ စဉ်းစားရမယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါတယ်။

မတ်လ ၁၃ ရက် မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြေးနီတောင်စီမံကိန်း တည်ရှိရာ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် က ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံမှာဖြစ်ပြီး၊ ကော်မရှင်ရဲ့ စုံစမ်းတွေ့ရှိချက်တွေ ကို ရှင်းပြသွား မယ်လို့လည်း သိရပါတယ်။

အစီရင်ခံစာပါ အချက်တစ်ချို့နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အစည်း အဝေး ခေတ္တ ရပ်နား စဉ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။


From:RFA
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>