Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဖားကန့်မြို့ပေါ်တွင် သေနတ်မှန် သေဆုံးခဲ့သည့် ကိုးတန်းကျောင်းသူ၏ဖခင်အား လိမ်လည်တိုင်တန်းသည်ဟု ဆိုကာ တရားစွဲ

$
0
0

ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်တွင် ကျောင်းဆင်းချိန် အိမ်ပြန်လာသော ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေနတ် မှန်သေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများထံ လိုအပ်သော စုံစမ်းစစ်ဆေး အရေး ယူမှုများ ပြုလုပ်ရန် တိုင်ကြားစာပို့ခဲ့သူ ဦးဘရန်ရှောင်အား ဖားကန့်မြို့ စစ်ဗျူဟာမှူးက  မမှန်မကန်တိုင်ကြားမှုဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

မဂျာဆိုင်းအိန်၏ ဖခင် ဦးဘရန်ရှောင်ကို ပုဒ်မ(၂၁၁)ဖြင့် ဖားကန့်မြို့နယ် တရားရုံးတွင် တရားစွဲ ဆိုခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်က အမှုရင်ဆိုင်ရန် ရုံးချိန်းဆင့်ခေါ်သော်လည်း စစ်ဗျူဟာမှူးနှင့် ရင်ဆိုင် ရမည်ဖြစ်၍ တရားရုံးသို့ မသွားရောက်ဘဲ တိမ်းရှောင်နေသည်ဟု ဦးဘရန်ရှောင်က ပြောသည်။

မဂျာဆိုင်းအိန် သေနတ်ထိမှန်သေဆုံးမှုနှင့်ပတ်သက်၍ အဖြစ်မှန်ဖော်ထုတ်အရေးယူပေးပါရန် စက်တင် ဘာ ၂၅ ရက် တွင် နိုင်ငံတော်သမ္မတထံနှင့် အောက်တိုဘာ ၁ ရက်တွင် လူ့အခွင့် အရေး ကော်မရှင် တို့ထံ ယင်းကိစ္စအား စုံစမ်းစစ်ဆေး အရေးယူပေးပါရန် တိုင်ကြားစာ များ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဦးဘရန်ရှောင်က ပြောသည်။

“တကယ်ဝမ်းနည်းစရာပါဗျာ။ ပွင့်လင်းမြင်သာစွာ စစ်ဆေးအရေးယူခြင်း၊ အဖြစ်မှန်ကို ဖော်ထုတ်ခြင်း မလုပ်ဘဲ ပုဒ်မ (၂၁၁)နဲ့ ကျွန်တော့်ကို ပြန်စွဲတာ စိတ်မကောင်းပါဘူး” ဟု ဦးဘရန်ရှောင်က ဆိုသည်။

ထိုစဉ် ဖားကန့်မြို့သို့ သွားရောက်ခဲ့ပြီး ဦးဘရန်ရှောင်အား နှစ်သိမ့်အားပေးမှုများ ပြုလုပ်ခဲ့သည့် ၈၈ ကျောင်းသား များ ပွင့်လင်းလူအဖွဲ့အစည်းမှ ၈၈ ကျောင်းသား ကိုပြုံးချိုက ဦးဘရန်ရှောင် တရားစွဲဆိုခံရမှုကို လိုအပ်သော အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းအမှုကို ၈၈ ကျောင်းသား များ မှ စတင်ကိုင်တွယ်လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း ပြောသည်။

တိုင်ကြားစာပေးပို့သူ ဦးဘရန်ရှောင်အား ယခုကဲ့သို့ ပြန်လည်တရားစွဲဆိုခံရမှုအပေါ် မမျှတဟု ယူဆကြောင်း ဖားကန့်မြို့ရှိ ခရစ်ယာန်ဘုန်းတော်ကြီးများနှင့်မြို့ခံအချို့က ပြောသည်။

ဦးဘရန်ရှောင်အား စွဲဆိုသည့် ပုဒ်မ-၂၁၁ မှာ ပြစ်မှုမြောက်လျှင် ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ ယင်းအမှုမှာ ရဲအရေးမပိုင်ဘဲ အာမခံပေး၍ရသည့် အမှုဖြစ်ကြောင်း အမှုဖွင့်ပြီးလျှင် ကျေအေးခွင့်မရှိသည့် အမှုဖြစ်ကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။

ကွယ်လွန်သူ မဂျာဆိုင်းအိန်မှာ တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားမှုပြင်းထန်သည့်ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီကျော်အချိန် ခန့်က ကျောင်းမှပြန် လာချိန် သေနတ် ထိမှန်ဒဏ်ရာကြောင့် သေဆုံးခဲ့သူ ဖြစ်သည်။


From:7day
 
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>