Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာနိုင်ငံနဲ့ clash of civilization

$
0
0

 
-ဟန်တင်ဟန်ရဲ့ clash of civilization ကို လေ့လာကြည့်ရင် သိပ်ကို စိတ်ဝင်စားစရာကောင်းတာတွေ ပါနေတာ တွေ့ရတယ်...ခုတလော မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး တိုက်ကြည့်လိုက်ရင် ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းနေတာကို တွေ့လိုက်ရတယ်..

-ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးတဲ့နောက် အရင်းရှင်နဲ့ ကွန်မြူနစ် ဆိုတဲ့ ထိပ်တိုက်တိုးမိတာမျိုး မရှိတော့ ဘူး.... စစ်အေး ပြီးသွားပြီ...ဒီလို ပြောကြတယ်.....ဖရန်စစ်ဖူကူရားမားကဆိုရင် သမိုင်းနိဂုံးချုပ် သွားပြီ ဆိုပြီး   ၀ိဂြိုလ်ပြုတယ်..

-ဒီမှာပဲ ဟန်တင်ဟန်ရဲ့ clash of civilization ဆိုတဲ့ အယူအဆ ထွက်လာတယ်...သူ့အဆိုအရ အမေရိကန်နဲ့ အနောက်အုပ်စု တစ်ဘက်ကကြည့်ရင် အရင်းရှင်အုပ်စုပေါ့...ဒီအုပ်စုကြီးကို ထိပ်တိုက်ရင် ဆိုင်မယ့်နေရာ ဘယ်ကလာမလဲ...ဒါကို အဖြေရှာကြည့်တာ ဖြစ်တယ်...

-ဟန်တင်ဟန်ရဲ့ သုံးသပ်ချက်ကတော့ အနောက်အုပ်စု အရင်းရှင်အယူအဆ ကို ထိပ်တိုက်ရင်ဆိုင်မှာက အစ္စလာမ္မစ်ကမ္ဘာ ဆိုပြီး ကောက်ချက်ဆွဲတယ်...ဒါကိုပဲ clash of civilization ယဉ်ကျေးမှုချင်း တိုးတိုက်ခြင်း အမည်ပေးတယ်....

-ဟန်တင်ဟန်ရဲ့ အဆိုအရ အစ္စလာမ်ဟာ လောကုတ္တရာကို သီးသန့် မခွဲဘဲ လောကီရေးရာတွေမှာ ဆွဲထည့်တယ်...ဒီတော့ လူမှုရေးပဋိပက္ခတွေဟာ ဘာသာရေးဘက်ကိုပဲ ဆွဲဆွဲချသွားတယ်...ဒါမျိုးကအစ္စလာမ်မှာပဲ အဓိက ဖြစ်နေတယ်...

-ဘာလို့ ဖြစ်နေသလဲ ဆိုတာကို ဆက်လေ့လာတဲ့အခါမှာ အစ္စလာမ်ဘာသာ မကိုးကွယ်တဲ့သူတွေဟာ အစ္စလာမ်ရဲ့ ရန်သူဆိုတဲ့ တရားတော်ဟာ ကိုရမ်မှာ ပါနေလို့ ဆိုပြီး အဖြေထွက်တယ်...ဒီနေရာမှာ လစ်ဘ ရယ်သမားတွေ တံဆိပ်ကပ်ခံနေရတဲ့ နေမျိုးဝေ မမှားဘူး...သူ့တရားတော်မှာကိုက ဒီလို ဖြစ်နေ တာ...

-ပြဿနာက ဒါကို ဘယ်လိုလုပ် ပယ်ဖျက်မလဲ...ဘာသာရေးယုံကြည်မှုကြီး ဖြစ်နေတယ်...အစဉ်အဆက် တည်တံ့လာတဲ့ ဒီဟောကြားချက်ကို အခုမှ ဖျောက်ဖျက်ပစ်လို့ မရတော့ဘူး.. ဒါကို အမေရိကန်ကြီးလည်း သိတယ်...သူတောင် ဘာမှ လုပ်မရတော့ အစ္စလာမ်ကမ္ဘာ ပွင့်လင်းရေးကို ပုံဖော်ယူတယ်....မွန်းကျပ်နေတဲ့ မူဆလင်လူ့အဖွဲ့အစည်းကို လင်းချင်းသွားအောင် လုပ်တယ်..

-အကျိုးဆက်က အာရပ်နွေဦး ဖြစ်လာတယ်...ဆိုးချက်ကတော့ အစွန်းရောက်တွေ အာဏာ ရလာ တယ်....နောက်ပြန်ဆွဲသွားတဲ့ တော်လှန်ရေး...ဒီမှာပဲ အမေရိကန် အကျပ်ဆိုက်နေတယ်....

-လူ့အခွင့်အရေးခေါင်းစဉ်တပ်ပြီး ဖိနှိပ်နေတဲ့ အာဏာရှင်နိုင်ငံတွေ၊ အရင်တုန်းက ကွန်မြူနစ်နိုင်ငံတွေကို ဖိအားပေးခဲ့တဲ့ အကျိုးဆက်ကို မရှင်းနိုင်တော့ဘူး...ရှင်းဖို့လည်း မလွယ်တော့ဘူး....အခုဆိုရင် UN နဲ့ လူ့အခွင့် အရေးအဖွဲ့အစည်းတွေမှာ အစ္စလာမ်တွေ စီးမိထားပြီ...လူ့အခွင့်အရေး issue တွေမှာ အစ္စလာမ် အခွင့် အရေးတွေပဲ ဖြစ်နေတယ်...ရိုဟင်ဂျာဆိုတဲ့ issue က အရင် အစိုးရ လက်ထက် နှစ်(၂၀)ကျော်မှာ လူ့အခွင့်အရေးအာဂျင်ဒါ ဖြစ်နေခဲ့တယ်..

-us strategy မှာ အကြမ်းဘက်နှိမ်နင်းရေးစစ်ပွဲ ကို ကြေညာခဲ့တယ်...အဓိက ရည်ရွယ်ချက်က အစ္စလာမ် ကို..ဒါပေမယ့် နာမည် ဒီလိုတပ်လို့ မရဘူး...ဘာသာရေးဖြစ်နေတာကို...ပြီးတော့ အစွန်းရောက်တွေကိုပဲ ပစ်မှတ် ထားတယ်...ရည်ရွယ်ချက်က အစွန်းရောက်တွေ ချေမှုန်းနိုင်ရင် အစွန်းရောက်အယူအဆ နည်းသွား မယ် ဆိုတဲ့ အယူအဆ..လက်တွေ့မှာ ဖြစ်လာတာက အစွန်းရောက်တွေ ပိုများလာတာပဲ...

-ဒီနေရာမှာ ဟန်တင်ဟန်ရဲ့ clash of civilization ကို ပြန်ကြည့်လိုက်ရင်...ဂျပန်ဟာ အနောက်ပုံစံ ဖမ်းတယ်..ဒါပေ မယ့် ဖြစ်လာတာ အာရှပုံစံ အာရှဟန် ပဲ ...အနောက်နဲ့ ထပ်တူမကျ ဘူး...ဒီလို ပဲ တောင်ကိုရီးယား....ထိုင်း..စင်္ကာပူ...အာရှတန်ဖိုးတွေ ဖျောက်လို့ကို မရဘူး...ဒါကို ဟန်တင်ဟန် က ယဉ်ကျေးမှုတူရာချင်း စုစည်းလာမယ် ဆိုပြီး ကောက်ချက်ချထားတယ်...

-ဥရောပမှာ ဆိုရင် တူရကီ ဘယ်လိုပဲ အနောက်ပုံစံ ဖမ်းဖမ်း အစ္စလာမ်က အစ္စလာမ် ပဲ ဖြစ်နေတယ်...အီးယူနဲ့ တစ်သားတည်း ဖြစ်ဖို့ မလွယ်ဘူး...

-ဆိုဗီယက်က ကွဲထွက်လာတဲ့ မူဆလင်နိုင်ငံတွေဟာ ဥရာပရဲ့ fault line ဖြစ်လာမယ် ဆိုတာကို ဟန်တင် ဟန်က ခန့်မှန်းထားတယ်...ပြီးရင် တရုတ်မှာရှိတဲ့ တူရကီမူဆလင်တွေ...ဘင်္ဂလား..ပါကစ္စ တန်..ပြီးရင် အရှေ့ အလယ်ပိုင်း...ဒါတွေဟာ OIC အောက်မှာ ညီညွတ်လာကြပြီ..ဒီအနေအထားဟာဟန်တင်ဟန်  ပြောခဲ့တဲ့အတိုင်း ထပ်တူ ဖြစ်လာတာ တွေ့နိုင်တယ်...

-ဘာသာရေးဟာ နိုင်ငံရေးအယူအဆ အိုင်ဒီယိုလော်ဂျီနဲ့ မတူဘူး..
အိုင်ဒီယိုလော်ဂျီမှာ "မင်း ဘယ်ဘက်က ရပ်တည်သလဲ" ပဲ..
ဘာသာရေးမှာတော့ "မင်း ဘာလဲ" ဆိုတာကိုပဲ ကြည့်တယ်..
မင်း ဘာလဲ (ဘယ်ဘာသာဝင်လဲ) ဆိုတာကို ကြည့်ဖို့ ကိုရမ်မှာ အတိအလင်း ပြောထားတယ်...

ဒီသက်ရောက်မှုက ရခိုင်ဖြစ်စဉ်မှာ ပြန်ကြည့် အထင်အရှား ရှိတယ်..ဘင်္ဂလီတွေနဲ့ ဖြစ်တာဟာ အစ္စလာမ်နဲ့ ဖြစ်တာ မဟုတ်ဘူး...
ဒါပေမယ့် .... ပြည် တွင်းနေ အစ္စလာမ်တွေက "မင်းဘာလဲ" ဆိုတာနဲ့ ဆုံးဖြတ်တယ်..."မင်းဘာလဲ" ဆိုတာနဲ့ပဲ ရပ်တည်တယ်...သူတို့က နိုင်ငံသားဘက်က နိုင်ငံဘက်က ရပ်တည်တာ မဟုတ်ဘူး.. ဘာဖြစ်လို့လဲ ကိုရမ်မှာကိုက ရန်နဲ့ ငါ ခွဲခြားထားတာ...ငါ့ဘက် မဟုတ်ရင် ရန်သူ့ဘက် ဆိုတာ ဖြစ်နေတယ်...

-ဒါကြောင့် Identity ပြဿနာဟာ အမြဲကြုံတွေ့နေရဦးမှာပဲ..ဒီနေရာမှာ "ကိုးခြောက်ကိုး" ဆိုတဲ့ လှုပ်ရှားမှု အပေါ်မှာ နောက်ဆုံးထွက်ပေါ်လာတဲ့ ရပ်တည်ချက်တွေကိုကြည့်ရင် လစ်ဘရယ်သမားတွေ သတိထားဖို့ ကောင်းတယ်....ယူနီဗာဆယ် လစ်ဘရယ်တွေ ဒေါ်အောင်ဆန်းစုကြည်...ပြောတယ် ရပ်တည်တယ်...လစ်ဘရယ်ဘက်က....

-အခုနောက်ဆုံး ဦးရွှေမန်းက လစ်ဘရယ်သမား ဘက်က ရပ်တည်တယ်....ကိုးခြောက်ကိုးတွေ အရေးယူ မယ် ဆိုတာကို...

-ဆင်ခြင်းသင့်တာက အင်္ဂလန်မှာ ဖြစ်နေတာက လူမှုရေး မဟုတ်ဘူး...ယဉ်ကျေးမှုချင်း စပြီး တိုးတိုက် မိနေတာနော်..

-အခုနောက်ဆုံး သီတဂူကျောင်းတိုက်...ရှင်ဆေကိန္ဒတို့က အစ ကိုးခြောက်ကိုးဘက်က ရပ်တည် တယ်... ဒီဆရာတော်တွေဟာကမ္ဘာပတ်နေကြတာနော်....

-ပရိယတ္တိ-ပဋိပတ္တိကို ထဲထဲဝင်ဝင် လေ့လာထားကြတဲ့ ဆရာတော်တွေလည်း ဖြစ်နေတယ်...ဒီတော့ မြန်မာတွေ လစ်ဘရယ် သိပ်မဆန်ကြဖို့ လိုတယ်...

-ဒီနေရာမှာ ဦးသိန်းစိန် ဘာတွေ ဘယ်လိုလုပ်နေသလဲ ကြည့်ကြဖို့ လိုတယ်..ခက်ခဲတဲ့အခြေအနေမှာလိမ္မာပါးနပ်စွာနဲ့ ဖြတ်ကျော်နေတယ်...ကိုးခြောက်ကိုးကို တရားခံရှာလိုက်ရင် clash of civilization ရဲ့ ထောင်ချောက်ထဲ ရောက်သွားမယ်....

-အစိုးရ လုပ်နေတာတွေကို ၀ိုင်းကူကြဖို့ အရေးကြီးနေပြီ..အခု သံဃာတွေက စည်းစည်းလုံးလုံးနဲ့ အစိုးရဘက်က ရပ်တည်လိုက်ပြီ...
ပြည်သူတွေ အမြင်ကျယ်ကြဖို့ လိုနေပြီ...

-ဦးရွှေမန်းတို့ ဒေါ်အောင်ဆန်းစုကြည်တို့ လစ်ဘရယ်စံနှုန်းနဲ့ ချဉ်းကပ်တာ သတိထားမှ ရမယ်....clash of civilization ဆိုတာ ဖြေရှင်းဖို့ မလွယ်ဘူး...
ဖိအားပေးမှုတွေ ကို ရှောင်ရှားနိုင်ဖို့လည်း လိုတယ်...ဒီမှာ ဦးကျိုးသွားရင် civilization   ပျောက်သွားနိုင်တယ်....

-ဒါက ဟန်တင်ဟန်ရဲ့ clash of civilization ကို မြန်မာ့ပြည်တွင်းအခြေအနေပေါ်တင်ကြည့်လိုက်တာပါ....လူတိုင်း သတိပြုနိုင်စေဖို့ရည်ရွယ်ပါတယ်

From:ပလေ တို


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>