Quantcast
Viewing all articles
Browse latest Browse all 4837

၂၀၁၅ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖွယ်ရှိကြောင်း အာဏာရပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား


လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖွယ်ရှိကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန် ၁၃ ရက်တွင် ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သည့် သူရဦးရွှေမန်းက အမေရိကန်ပြည်ထောင်စု လေ့လာရေး ခရီးစဉ်အတွင်း အေပီသတင်းဌာနအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ သူရဦးရွှေမန်းက ၎င်း၏ ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်းလည်း ပြောကြားသည်။

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ညွန့်ပေါင်းဖွဲ့စည်းနိုင်မှု အလားအလာနှင့် ပတ်သက်သည့် မေးမြန်းမှုအပေါ် ဖြစ်နိုင်မဖြစ်နိုင်နှင့် ပတ်သက်၍ပြောရန် စောပါသေးကြောင်း၊ သို့ရာတွင် ဖြစ်နိုင်ဖွယ်ရှိကြောင်း ဖြေကြားသည်။

''ဒါနဲ့ပတ်သက်လို့ရှိရင် အချိန်က ဆုံးဖြတ်ပေးသွားပါလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ကြားမှာ ယုံကြည်မှုရှိဖို့ပါပဲ'' ဟု သူရဦးရွှေမန်းက စကားပြန်မှတစ်ဆင့် ပြောကြားသည်။

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က နိုင်ငံနှင့်ပြည်သူအတွက် သမ္မတဖြစ်လိုသည့် ဆန္ဒရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းများက မီဒီယာများသို့ ထုတ်ဖော် ပြောကြားထားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တည်ဆဲဥပဒေများကို ချိုးဖောက်သည့် မည်သူ့ကိုမဆို အရေးယူသွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ The Woodrow Wilson Center for International Scholars တွင် ပြောကြားသည်။

''ရိုဟင်ဂျာလို့ပဲ ခေါ်ခေါ်၊ ဘင်္ဂါလီလို့ပဲ ခေါ်ခေါ်၊ ဘာသာရေးမှာတောင်မှ ကျွန်တော်တို့ရဲ့ ဥပဒေအရ ခွဲခြားဆက်ဆံမှု မရှိပါဘူး'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံတွင် ဘင်္ဂါလီ မွတ်စလင်များအား ကာကွယ်ရန် လွှတ်တော်အနေဖြင့် ပိုမိုလုပ်ဆောင်ရန် လိုမလိုနှင့် ပတ်သက်သည့် မေးခွန်းအပေါ် ပြန်လည်ဖြေကြားသည်။

''တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့ရှိရင် အားနည်းချက်တချို့ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ တရားဥပဒေစိုးမိုးမှု လွှမ်းမိုးတည်ရှိဖို့အတွက် ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေပါတယ်''ဟု ၎င်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ အမေရိကန် ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူများ၊ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန်၊ ထင်ရှားသည့် လွှတ်တော်အမတ်များဖြစ်သည့် နန်စီပီလိုစီ၊ ဂျိုးခရော်လီ၊ မစ်ခ်ျမကော်နယ်၊ ဂျွန်မတ်ကိန်းတို့နှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ပြီး အမေရိကန်ရောက် မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံသွားရန် ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရေး တားဆီးထားသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မှတ်ချက်တစ်စုံတစ်ရာ မပေးလိုကြောင်း၊ မိမိ၏ မှတ်ချက်က အခြားသူများအပေါ် လွှမ်းမိုးသက်ရောက် နိုင်သလို အခြားသူတစ်ဦး၏ အကျိုးစီးပွားကို ထိခိုက်နိုင်သည့် အတွက်ကြောင့် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယခုကိစ္စသည် ပြည်သူအများစုနှင့် သက်ဆိုင်နေပါကြောင်း ပြောကြားသည်။

From: Eleven Media Group

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>