Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လန်ဒန်တွင် ဗလီ တစ်လုံး မီးရှို့တိုက်ခိုက်ခံရ

$
0
0


ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မွတ်ဆလင် ဘာသာဝင်များ ၀တ်ပြု ဆုတောင်းရာ ဗလီ တစ်လုံး မီးလောင်ကျွမ်းသွားခဲ့သည်။

Mosque

အဆိုပါ မီးလောင်မူကို လန်ဒန်ရဲက မီးရှို့တိုက်ခိုက်မူ အဖြစ် သံသယရှိနေသည်ဟု ယနေ့ထုတ် The Independent သတင်းစာက “Mosque under arson attack in London” ခေါင်းစဉ်ဖြင့် သတင်း ဖေါ်ပြသည်။

လွန်ခဲ့သောလက လန်ဒန် လမ်းမပေါ်တွင် ဗြိတိသျှ စစ်သား တစ်ဦး ဓါးထိုး အသတ်ခံရပြီးနောက်ပိုင်း မွတ်ဆလင်များ အပေါ် ရန်လို တုန့်ပြန်မူများ တိုးပွားနေချိန်တွင် ယခု အဖြစ်အပျက် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ အဆိုပါ မီးလောင်မူနှင့် ပတ်သက်ပြီး ရဲအဖွဲ့က စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေပြီး ဗလီထဲမှ အသော့ရေးထားသော စာတစ်စောင်ကို EDL အမည်ဖြင့် တွေ့ရသည်ဟု ဆိုသည်။ EDL ၏ အဓိပ္ပါယ်မှာ English Defense League ( EDL) ဖြစ်သည်။

သို့သော်လည်း ဗလီမီးလောင်မူမှာ သူတို့နှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိကြောင်း EDL က ငြင်းဆိုထားသည်ဟု ဆိုသည်။ အဆိုပါ အဖွဲ့သည် ဗြိတိန် စစ်သား အသတ်ခံရပြီးနောက် လန်ဒန်နှင့် တစ်ခြားနေရာ အများအပြားတွင် ဆန့်ကျင် ကန့်ကွက်မူများကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သော အဖွဲ့ ဖြစ်သည်။

ပေါက်ကွဲမူ တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ဗလီအား မီးသတ်ဌာနမှ ညလုံးပေါက် မီးငြိမ်းသတ်ခဲ့ရကြောင်း၊  တစ်စုံ တစ်ဦးမှ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သတင်းက ဆိုသည်။

အလားတူ လွန်ခဲ့သော အပတ်ကလည်း Grimsby မြို့ အရှေ့မြောက် အရပ်တွင် ဗလီ တစ်လုံး ဓါတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး မေလ ၂၂ ရက်နေ့ကလည်း  ဗြိတိန် စစ်သား Lee Rigby အသတ်ခံရပြီးနောက် လန်ဒန်မြို့ တောင်ပိုင်းတွင်လည်း အလားတူ တိုက်ခိုက်မူမျိုးရှိခဲ့သည်။
Rigby အသတ်ခံရပြီးနောက် နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ရဲတပ်ဖွဲ့မှ ဗြိတိန်လူထုကို တည်တည်ငြိမ်ငြိမ် ရှိကြရန် စည်းလုံးညီညွှတ်ကြရန် ဆော်သြခဲ့သည်။ အသတ်ခံခဲ့ရသူ Rigby  မိသားစုများကလည်း လက်စားချေ တိုက်ခိုက်မူများကို ရပ်တန့်ကြရန် မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။

ယခု ဗလီကို တိုက်ခိုက်မူသည် မွတ်ဆလင် အဖွဲ့အစည်းများကို ပစ်မှတ်ထား တိုက်ခိုက်မူ အများအပြား ထဲမှ နောက်ဆုံး ဖြစ်ပွားခဲ့သော တိုက်ခိုက်မူ ဖြစ်ကြောင်း ဗြိတိန် မူဆလင် ကောင်စီ အဖွဲ့ အတွင်းရေးမှူး Farooq Murad က ပြောသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။


From: နိရဉ္စရာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>