Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအားဆက်လက်ဆောင် ရွက်စေသင့်ကြောင်း ၊ ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ

$
0
0

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏စုံစမ်းစစ်ဆေးချက်များအရလက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အား နည်း ချက်များ ရှိသော်လည်းထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီး ပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေးရှုထောင့် မျိုးစုံကို ခြုံငုံစဉ်း စားပြီး ပြုပြင်ရန် အကြံပြုချက်များအား အကောင်အထည် ဖော်ဆောင်ရွက်စေလျက် လက် ပံတောင်းတောင်   ကြေး နီ စီ မံကိန်းကိုဆက်လက် ဆောင်ရွက်စေ သင့်ကြောင်းမတ် လ၁၂ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့ သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်ခဲ့သည့်ကိစ္စ ရပ်များမှာ ဒေသခံလူထုသည် မြေယာ သိမ်း ဆည်းမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေး မရရှိခြင်း ထိုက်သင့်သော အလုပ်အကိုင် အခွင့် အလမ်းများမရရှိခြင်းတို့ကြောင့်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း မြေယာသိမ်းဆည်းရာတွင် သက် ဆိုင် ရာ ၀န်ထမ်းများက ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းနှင့် ၀န်ထမ်းအချို့ က ပြေပြေ လည် လည် ပြောဆို ဆက် ဆံမှု မရှိခြင်းကြေင့် ပြဿနာ များပိုမိုကြီးထွားလာ ခဲ့ကြောင်း၊ထိုအခြေ အနေတွင် ဒေသပြင်ပ အဖွဲ့ အစည်း များ ရောက်ရှိလာကာ ဆန္ဒပြမှုများ အရှိန်မြင့်ခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာ တွင်ေ ဖ်ာပြထားသည်။
လက်ပံတောင်းတောင် စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့် ဖြစ်စဉ်တွင် ရဲတ ပ်ဖွဲ့ သည် ဖော့စဖောရပ် ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်င ရဲတပ်ဖွဲ့ အနေဖြင့် ယင်း မီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိသဖြင့် မီးခိုးဗုံး၏ အာနိ သင်ကို သိရှိခြင်း မရှိကြောင်း၊ ထိုသို့ သိရှိခြင်း မရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးေ လာင် ဒဏ်ရာများရဟန်းသံဃာနှင့်လူပုဂ္ဂိုလ်အချို့တွင်ရရှိခဲ့ခြင်းဖြစ်ကြောင်း အပြီးသတ် အစီရင် ခံစာတွင် ဖော်ပြ ထားသည်။
၂၀၁၂ခုနှစ် နိုဝင်ဘာလ၂၉ရက်နံနက်ကလက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန် မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့ရာ သံဃာတော်အပါး ၉၀ ကျော်နှင့် လူပုဂ္ဂိုလ်အချို့ မီးလောင်ဒ ဏ် ရာ များ ရရှိခဲ့ရာ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံ ထိုင်းအစိုးရ ဆေးရုံတွင် သံဃာတစ်ပါး၊ စစ်ကိုင်းတိုင်း ဒေ သကြီး ရှိ သီတဂူအာယုဒါန ဆေးရုံတွင်သံဃာတော် ခြောက်ပါးနှင့်မုံရွာ ဇောတိကရာမ ကျောင်းတိုက်တွင် ဆေး လိမ်း ဆေးသောက် ကုသမှု ခံယူလျက်ရှိသည့် သံဃာတော် ၈၇ ပါး ကျန်ရှိနေသေးကြောင်း ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သံဃာ ဆရာတော် ဦးဝိမလက မတ်လ ၁၁ ရက်ညပိုင်းက မိန့်ကြား ခဲ့သည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစားအား နိုင်ငံတော်သမ္မတထံ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက တင်သွင်းခဲ့ပြီးယင်းအစီရင်ခံစာအားအကောင်အထည်ဖော် ဆောင်ရွက် ရန် ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၈/၂၀၁၃ ဖြင့် ဖွဲ့စည်းပေး ခဲ့သ ည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို အကောင် အ ထည်ေ ဖာ် ဆောင်ရွက်မည့် ကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်တို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။
From:Eleven 
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>