မြင်းခြံမြို့မှ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်လာသည့် ငြိမ်း ချမ်းရေး လိုလားသူ အဖွဲ့သည် လိုင်ဇာနှင့် လဂျန်းယန်အကြားတွင် မိုင်းအန္တရာယ်ရှိသဖြင့် တပ်မတော် မှ ဆက်မသွားရန် မေတ္တာရပ်ခံခဲ့ခြင်းကြောင့် ခရီးစဉ် ရပ်နားထားရကြောင်း သိရသည်။
ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ဗန်းမော်မြို့မှ တစ်ဆင့် ဒေါ်ဖုန်းယန်ရွာသို့ မတ်လ ၈ ရက်နေ့ညတွင် ရောက် ရှိခဲ့ပြီး ယင်းရွာမှ နံနက် ၇ နာရီခွဲခန့်တွင် မြန်မာတပ်မတော် စစ်စခန်းရှိရာ လဂျားယန် စခန်းနှင့် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ကြားရှိ မိုးပုလဲချောင်းနေရာ သို့ ရောက်ရှိ ခဲ့ရာ မြန်မာစစ် သည်များမှ အဆိုပါတံတား၏ မြောက်ဘက်ခြမ်းတွင် တိုက်ပွဲများ ဖြစ်စဉ် ကာလအတွင်း ထောင် ထားသည့် မိုင်းများ ရှိနေသေးသည့်အတွက် လဂျားယန်စခန်းမှ တာဝန်ရှိသည့် တပ်မတော် အရာရှိများမှ အခြေအနေ ကို ရှင်းပြပြီး ဆက်လက်မသွားရန် မေတ္တာရပ်ခံ ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲထွဋ် ကိုယ်ပိုင်ဖေ့ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက “အဲ့ဒီနေရာတွေက ငြိမ်းချမ်းရေး မရသေးတဲ့အတွက် မိုင်းကတော့ နေရာတိုင်းမှာ ရှိမှာပါပဲ။
တပ်မတော်ကလဲ ပြည်သူတွေကို မထိခိုက်စေချင်လို့ တားတာပါ။ ကချင်ပြည်နယ်ရဲ့ အန္တရာယ်မရှိ တဲ့ နေရာတွေဆိုရင် လွတ်လွတ်လပ်လပ် သွားခိုင်းနေတာပဲလေ။ ဒီလို ရှေ့တန်း လို နေရာမျိုးမှာ အန္တရာယ်တကယ် ရှိ မရှိဆိုတာ စစ်သားတွေပဲ သိနိုင်မယ်။ ဒီလမ်းက ကျားကိုက်တယ်လို့ သိတဲ့လူတွေ က ပြောရင် ငါတို့သွားရင်တော့ အကိုက်ခံရမှာ မဟုတ်ဘူးဆိုပြီး သွားရင် ကံကောင်းရင်တော့ အကိုက်မခံရ ဘူးပေါ့။ ကံမကောင်းရင်တော့ ကျားကိုက်ခံရမှာပေါ့”ဟု ပြောသည်။
ကချင်ပြည်နယ် မိုးပုလဲချောင်း အကျော်တွင် မိုင်းတကယ်ရှိခြင်း၊ မရှိခြင်းဆိုသည်မှာ ယင်းတံတားနားတွင် တာဝန်ယူ စောင့်ကြည့်နေသည့် တပ်မတော်သားများသာလျှင် အသိဆုံးဖြစ်ကြောင်း၊ ယင်းအန္တရာယ်ရှိ မိုင်းများကို တပ်မတော်သားများကပင် မြုပ်ထားကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာ့ တပ်မတော် သည် ပြည်သူ လူထု၏ စိတ်သဘောထားနှင့် တသားတည်း ကျရောက်သည်ဆိုပါက ငြိမ်းချမ်းရေးကို လိုလားတောင်း တသည့် ပြည် သူများ အား အန္တရာယ်ကင်းရှင်းအောင် လုပ်ဆောင်ပေးပြီး ခရီးဆက်လက် သွားနိုင်အောင် ပြုလုပ်ပေးသင့်ကြောင်း ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူက ပြောသည်။
ငြိမ်းချမ်းရေး လမ်းလျှောက်သည့် အဖွဲ့သည် ယခုအချိန်တွင် ပထမခြံစည်းရိုးနှင့် ဒုတိယခြံစည်းရိုးကြားတွင် တည်ရှိနေဆဲ ဖြစ်ပြီး ဒုတိယခြံစည်းရိုးကို ကျော်ပြီး ဆက်လက်သွားလျှင် အန္တရာယ်ရှိသည့်အတွက် တပ်မတော်မှ တာဝန်ရှိသူများမှ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် လိုအပ်ကြောင်း ကို နိုင်ငံတော် သမ္မတကြီးကလည်း ပြောကြားပြီးဖြစ်ကြောင်း၊ လက်နက် ကိုင် နှစ်ဖက်လုံးသည်လည်း လက်ခံသည့် အတွက် ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများ မရှိသလောက် နည်းပါးနေပြီ ဖြစ်ကြောင်း၊ ဒုက္ခသည်များ ကို အကူအညီ ပေးဖို့အတွက်လည်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆော င် ရွက်နေပြီ ဖြစ်ကြောင်း သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ၏ ဆန္ဒများပြည့်ဝနေပြီ ဖြစ်ပါ၍ မလိုအ ပ်ဘဲ စွန့်စားရန် မသင့်ကြောင်း မြန်မာတပ်မတော်မှ သတိပေး တားမြစ်မှုများ ဆက် လက်ပြု လုပ်နေကြောင်း သိရသည်။
မြင်းခြံဒေသမှ ဦးသန့်ဇင် ဦးဆောင်သည့် ငြိမ်းချမ်းရေး လိုလားသူ လူငယ်အဖွဲ့သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြင်းခြံ၊ ပလိပ်မြို့မှ စတင်ထွက်ခွာပြီး ယခုအချိန်တွင် ငြိမ်းချမ်းရေး လိုလား၍ လိုက်ပါလာသူ သံဃာတော် ကိုးပါးနှင့် အရပ်သား ၄၄ ဦး ပါဝင်လာကြောင်းသိရှိရပါသည်။
From:Khit Lu Nge