Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဂျပန်အကူအညီ အားလုံး ဖွံ့ဖြိုးရေးအတွက် သုံးမည်ဟု သမ္မတ ကတိပြု

$
0
0

နှစ်ပေါင်း ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ်အဆင့် ပထမဆုံးမြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ လာရောက်စဉ် ပေးအပ်ခဲ့သည့် အကူအညီအားလုံးကို ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြန်လည် အသုံးပြုမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြည်သူလူထုသို့ ကတိပြု ပြောကြားသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇွန်လ ၄ ရက်နေ့တွင် နိုင်ငံပိုင်ရေဒီယိုနှင့် FM အသံလွှင့် ဌာနများမှ တစ်ဆင့် ထုတ်လွှင့်သည့် မိန့်ခွန်းတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ “ဂျပန်နိုင်ငံမှ ပေးအပ်လာမည့် အကူအညီများကို ကြိုဆိုလက်ခံပြီး ယင်းအကူအညီများ အားလုံးကို ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်များမှာသာ အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ယင်းမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။ 

 ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဇနီးတို့သည် မြန်မာနိုင်ငံသို့ မေလ ၂၄ ရက်နေ့ မှ ၂၆ ရက်နေ့အထိ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်း သုံးရပ်အတွက် ချေးငွေ ယန်း ၅၁ ဒသမ ၀၅၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၄၉၈ ဒသမ ၅ သန်း) ပေးအပ်ခဲ့ပြီး အခြားကျန်ရှိသည့် ကြွေးမြီယန်း ၁၈၈ ဒသမ ၆ ဘီလီယံကိုလည်း ကြွေးလျှော်ပေးခဲ့သည်။ ထို့ပြင် ၂ နှစ်တာ ကာလအတွင်း ပြည်သူများ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများအတွက် ထိုက်တန်သည့် နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိနေပြီ ဖြစ်ကြောင်း သမ္မတက သုံးသပ်ပြောကြားသည်။ နိုင်ငံရေးနှင့် တိုက်ရိုက် ချိတ်ဆက်နေသည့် အမျိုးသား စီးပွားရေးပုံစံ သတ်မှတ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ အသစ်ထူထောင် ပြောင်းလဲ ဖွဲ့စည်းခြင်းများ ပြုလုပ်နေပြီး တောင်သူလယ်သမားများ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် ချေးငွေများ ရရှိနိုင်ရန် လုပ်ဆောင်နေကြောင်း သမ္မတဦးသိန်းစိန်က ဆိုသည်။ နိုင်ငံရေး အကျဉ်းသားများကိစ္စ ဆောင်ရွက်ရာတွင်လည်း ပြန်လည်စိစစ်ရန် ရှိသည်များအတွက် အချိန်ကာလတစ်ခု ယူထားသည်မှလွဲလျှင် နိုင်ငံရေး အမြတ်ထုတ်လိုမှု မရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပြုထားသည့် နိုင်ငံရေး အကျဉ်းသားများအပေါ် ပုဒ်မ ၄၀၁ ဖြင့် အရေးယူမည် မဟုတ်ကြောင်း သမ္မတ၏ ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။ 

လွတ်ငြိမ်း ချမ်းသာခွင့်အရ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများမှာ မည်သည့်ပြစ်မှုမှ ထပ်မံကျူးလွန်ခြင်း မပြုဟု ခံဝန်ရှိထားသဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၃၀၁ (က) အရ ကြွင်းကျန်ထောင်ဒဏ် ချမှတ်နိုင်သဖြင့် နိုင်ငံရေးသမားများက ယင်းပုဒ်မနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ဖြေရှင်းပေးသင့်ကြောင်း ဝေဖန်ပြောကြားထားသည်။ ထို့ပြင် ကဏ္ဍစုံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဂျပန်ယန်း သန်း ၉၁,၀၀၀ ကိုလည်း ထပ်မံပေးအပ်မည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ကတိပြုပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>