Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ယနေ့အထူး ဖမ်းဆီးမှု့တွင် မြန်မာ 300 ကျော်အား စစ်ဆေးဖမ်းဆီးခဲ့ကြောင်း တရားဝင်ကြော်ငြာ

$
0
0

ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အထူးစီမံချက်တစ်ရပ် အနေဖြင့် မြန်မာနိုင်ငံသား 300 ကျော်အား ရှာဖွေထိမ်းသိမ်းနိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံ နာမည်ကြီးသတင်းဌာနဖြစ်သော The Star သတင်းဌာနရဲ့အင်တာနက် စာမျက်နှာမှာ တရားဝင်ကြော်ငြာသွားခဲ့ပါတယ်။

ယနေ့ 5.6.2013 အတွက် အထူးအဖွဲ့ဝင် များဖြင့်ဖွဲ့စည်းထားသော အဖွဲ့ များစွာဖွဲ့ကာ စတင်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း။

ထိုသို့ဖမ်းဆီးရသည့်အကြောင်းရင်းမှာ မေလ 30 ရက်နေ့မှ ဇွန်လ 4 ရက်နေ့အတွင်း ဖြစ်ပွားနေသည့် ဘာသာရေး ပဋိပက္ခ များကြောင့် ထိရောက်စွာကိုင်တွယ်ရန် စတင်ခြင်းဖြစ်ကြောင်း ။

မြန်မာနိုင်ငံသား 2 ဦးသေဆုံးပြီး အချို့မှာ လက်ရှိဆေးရုံတွင်ပင် ဆက်လက်ကူသနေရဆဲဖြစ်ကြောင်း ၊ ပြဿနာ 7 ကြိမ်တိတိဖြစ်ပွားခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ။

မလေးရှားတွင် သွေးထွက်သံယို ပြဿနာများ မပေါ်ပေါက်ရန် နှင့် တရားမဝင်နေထိုင် သူများအား မြန်မာပြည်သို့ပြန်ပို့ပြီးကာကွယ်ရာရောက်ကြောင်း ဖော်ပြသွားပါတယ် ။

နိုင်ငံပိုင်သတင်းစာကဲ့သို့လက်ရှိ အစိုးရထုတ်သတင်းစာဖြစ်တာကြောင့် သူတို့ ဘာလုပ်ခဲ့တယ်ဆိုတာကို ဖော်ပြတဲ့သတင်းလောက်ပဲ ရေးသားတင်ဆက်ထားတာကိုတွေ့ရပါတယ် ။ ထိုသတင်းတွင်ပဲအောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသော အသုံးနှုန်းအားသုံးစွဲထားပြီး ထိုသို့ ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရှိ တာဝန်ရှိ အုပ်စုကြီး 2 စုနှင့် တွေ့ဆုံးထားပြီးဖြစ်ကြောင်းကိုပါ The Star သတင်းဌာနက ဖော်ပြသွားပါတယ် ။

မည်၍ မည်မျှ အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု မဖော်ပြထားပဲ Task Force ဟုသုံးစွဲထားပြီး ယနေ့အများဆုံးဖမ်းဆီးသည့်နေရာအဖြစ် Brickfield (မြန်မာဆိုင်များနေရာအား မဖော်ပြ) နှင့် Sentul တို့တွင် အများဆုံးဖမ်းဆီးခဲ့ကြောင်းကို သာဖော်ပြသွားခဲ့ပါသည်ကို ..။

မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာက ဘာသာပြန်တင်ဆက်ပေးရပါသည် ။

ဆက်လက်ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး မိမိတို့ပတ်ဝန်ကျင်တွင် ထူးခြားဖြစ်စဉ် ၊မှု့ခင်းဖြစ်စဉ်များရှိလာပါက ဤစာမျက်နှာတွင် လာရောက် ရေးသားနိုင်ပါသည် ။

From: မလေးရှားရောက်မြန်မာများ (facebook)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ