မန်း၃၅၊၃၆လမ်းရှိအထက(၃)စာသင်ကျောင်းအားယနေ့နံနက်၁၀
နာရီအချိန့်ခန့်ကလူတစ်စုမှအော်ဟစ်သွားသဖြင့်ရုတ်ရုတ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ကျောင်းသားတွေတချို့ကိုသာမိဘတွေအိမ်ပြန်ခေါ်သွားတာ
တချို့ကျောင်းထဲမှာပဲရှိပါသေးတယ်
ဟုအဆိုပါကျောင်းအနီးရပ်ကွက်တွင်နေထိုင်သူ
အမျိုးသမီးတစ်ဦးကပြောသည်။
လက်ရှိတွင်မြို့နယ်ရဲမှူး၊ခရိုင်ရဲမှူးသက်ဆိုင်ရာစခန်းမှူးများ
မှာကောလဟာလဖြစ်ပွားခဲ့သောနေရာများကို
လိုက်လံကြည့်ရှူခြင်းပြုလုပ်နေသည်ဟုမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှရဲမှူးကြီးဦးစိုးငြိမ်းကပြောသည်။

မနက်ကဆိုင်ကယ်၃၊၄စိးနဲ့လူ၎၊၅ယောက်ကအော်သွားတာဘာမှမဖြစ်ပါဘူး၊စုံစမ်းနေတယ်မိလို့သေချာ
ရင်တရားစွဲဆိုသွားမှာပါဟု၎င်းကပြောသည်။ကောလဟလများမဖြစ်ရန်အတွက်ရပ်ကွက်အသီးသီး
ရှိကော်မတီအသီးသီးနှင့်ပူပေါင်းကာထိန်းသိမ်းမှူများဖြပြုလုပ်ခြင်း၊ပြည်သူများကောလဟာလမယုံ
ရန်ပြောခြင်းများပြုလုပ်မည်ဟုရဲမှူးဦးစိုးငြိမ်းကပြောသည်။လက်ရှိတွင်အမှတ်
(၃)စာသင်ကျောင်းရှိကျောင်းသား၊ကျောင်းသူများအေးချမ်းမှူရှိရန်ကျောင်းတံခါးပေါက်နှစ်ခုလုံး
(၃)စာသင်ကျောင်းရှိကျောင်းသား၊ကျောင်းသူများအေးချမ်းမှူရှိရန်ကျောင်းတံခါးပေါက်နှစ်ခုလုံး
အားပိတ်ထားသည်ဟုအဆိုကျောင်းအနီးတွင်နေထိုင်သူများမှပြောသည်။ကောလဟာလကြောင့်
မန္တလေးနည်းပညာတက္ကသိုလ်မှကျောင်းသားအချို့အားမိဘများမှဖုန်းဆက်ခေါ်ယူမှူရှိကြောင်းသိရသည်။
www.mmdailystar.com