Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာများအပေါ် အကြမ်းဖက်မှု ထပ်မဖြစ်စေရန် မလေးရှား သံအမတ်အား သတိပေး

$
0
0


မလေးရှားနိုင်ငံ၊ ဆလာရန်းမြို့တွင် လူစုလူဝေးဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာ အလုပ်သမားများ သေဆုံးဒဏ်ရာရရှိမှုများ ရှိနေ၍ အလားတူမှုခင်းများ ထပ်မံမဖြစ် ပွားရန် မြန်မာနိုင် ငံဆိုင်ရာ မလေးရှားသံအမတ် အား နိုင်ငံခြားရေးဝန်ကြီးဌာ နက ခေါ်ယူ သတိပေးလိုက်သည်။

ဒုတိယဝန်ကြီး ဦးဇင်ယော် က ဇွန်လ ၄ ရက်နေ့လည်တွင် သံအမတ် Mr.Ahmad Faisal Bin Muhamad အား နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးသို့ ဖိတ်ခေါ်၍ သတိပေးစာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတိပေးစာတွင် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန် မလေးရှားအစိုး ရမှ ဆောင်ရွက်ပေး ရန်အပြင် ပြစ်မှု ကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူပေးရန်နှင့် မလေးရှားနိုင်ငံ ရှိ မြန်မာနိုင် ငံသားများ၏ လုံခြုံရေးအတွက် လိုအပ်သည့် ကာကွယ် စောင့်ရှောက် မှုများ ဆောင်ရွက်ပေးရန်တို့ ပါရှိသည်။

ဆလာရန်းမြို့အနီးတွင် လူတစု၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မြန်မာ တဦး   သေဆုံးပြီး   နှစ်ဦးမှာ ဆေးရုံတင်ထားရကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်လတ်နှင့် အင်တာဗျူး ကို နိုင်ငံပိုင်ရုပ်သံမှ ဇွန်လ ၂ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။

“မေ ၃ဝ မှာ ဆာလာရန်း ဟင်းသီးဟင်းရွက် အရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာ ကလေး တယောက် အလုပ်ခွင်က အပြန်လမ်းမှာ အမည်မသိ ဆိုင်ကယ်သမားတစုက ဝိုင်းပြီးတော့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဆလာရန်းဆေးရုံမှာ ဆေးကုသမှုခံယူနေတာ ရှိပါတယ်။ ၃၁ ရက် ည ဆယ်နာရီလောက်မှာလည်း ဆလာရန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတဦး အလုပ်ခွင်က အပြန်မှာ အမည်မသိလူတစုရဲ့ အကြမ်းဖက်တိုက်ခိုက် မှုကြောင့် ဆာလာရန်းမှာ ဆေးကုသမှု ခံယူနေပါတယ်။ ၃၁ ရက်မှာပဲ ဆာလာရမ်း အနောက်ဘက်မှာ နေထိုင်တဲ့ မြန်မာတဦးကို သတ်ဖြတ်သွားတာ ရှိပါတယ်” ဟု ဦးတင်လတ် က ပြောသည်။

ဇွန်လ ၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင်မူ လက်ရှိဆလာရန်းဆေးရုံတွင် မြန်မာ အလုပ်သမား များ ဖြစ်ကြ သည့် ထွန်းမော်သိန်း၊ ကိုကိုမောင်နှင့် စောဘာဘလူးဂေးတို့ ၃ ဦးမှာ အကြမ်းဖက်ခံရ မှုကြောင့် ဆေးကုသမှုခံနေရပြီး စိုးရိမ်ဖွယ်အခြေအနေ မရှိကြောင်း ဖော်ပြထားသည်။

From:mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>