Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကွန်ပျူတာနှင့် မောင်းသူမဲ့ လေယာဉ်များကို ထိန်းချုပ်သွားမည့် လက်ပတ်

$
0
0

ကွန်ပျူတာနှင့် မောင်းသူမဲ့လေယာဉ်များကို ထိန်းချုပ်သွားမည့်လက်ပတ်ကွန်ပျူတာများမှ အစ မောင်းသူ မဲ့ လေယာဉ်အများဆုံး နည်းပညာ အဆင့်မြင့် ပစ္စည်းများကို ထိန်းချုပ်သွားနိုင် မည့် လက်ပတ်တစ်မျိုးကို Thalmic ဓာတ်ခွဲခန်းမှ စတင်တီထွင် လိုက်ပြီဖြစ်သည်။

MYO ဟု အမည်ပေးထားသော အဆိုပါလက်ပတ်ကို ၀တ်ဆင်ထားမည် ဆိုရင်လျှင် လက်များကို လိုသလို လှုပ်ရှားရုံဖြင့် ကွန်ပျူတာများကို အလွယ်တကူ ထိန်းချုပ်နိုင် တော့မည်ဖြစ်သည်။

အဆိုပါ လက်ပတ်သည် လက်လှုပ်ရှားမှု များသာမက ကြွက်သားလှုပ်ရှားမှုများကိုပါ အသေးစိတ် သိရှိတုံ့ပြန်နိုင် သောကြောင့် ကွန်ပျူတာများကိုလက်ဖြင့်အချက်ပြပြီး ကြိုးမဲ့ ကွန်ရက်ဖြင့် ချိတ်ဆက်ကာ ထိန်းချုပ်နိုင်သည်။

အဆိုပါ လက်ပက် Application ကို ဒန်းဒရွိုင်နှင့် အိုင်ဖုန်းများဖြင့် ချိတ်ဆက် အသုံးပြုနိုင်အောင် စီစဉ် ထားသောကြောင့် ဗီဒီယိုကြည့်ရှုခြင်း၊ အင်တာနက် ကြည့်ရှုခြင်း၊ ဂီတနှင့်ရုပ်ရှင် တည်းဖြတ်ဖြင်း၊ အစီစဉ် သစ်များ တင်ဆက်ခြင်း ထိုကဲ့သို့သော ကွန်ပျူတာ နည်းပညာမြင့် လုပ်ငန်းများကို အဆင်ပြေစွာ လုပ်ကိုင်နိုင်တော့ မည်ဖြစ်သည်။ ထို့ပြင် ယခုအခါ အဆိုပါလက်ပတ်ဖြင့်မောင်းသူမဲ့ လေယာဉ်ဖြင့် ထိန်းချုပ်မောင်းနှင် နိုင်ခဲ့ပြီဖြစ်သည်။

From:YoYarLay

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>