Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေသည်ဆိုသောသတင်းများကိုတပ်မတော်ဘက်မှ ငြင်းဆို

$
0
0
 ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်

ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့် မတ်လ လဆန်းပိုင်းများမှ စတင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေသည် ဆိုသော သတင်းများကို ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ငြင်းဆို လိုက်ပါသည်။

မတ်လ၁၁ရက်နေ့တရုတ်နိုင်ငံ၊ ရွှေလီမြို့၌သတင်းထောက်များနှင့် တွေ့ဆုံစဉ်ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က ထိုကဲ့သို့ ငြင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။

"အဲတာကတော့ မဟုတ်ပါဘူး။ မဟုတ်ပါဘူး ဆိုတာ အားလုံးလည်း သိတာပဲ။ ဒီဘက်က ကိုယ်တို့ကတော့ တပ်တွေက ကိုယ့် အလုပ်ကို ပုံမှန် လုပ်နေတာပေါ့။

အထူးသဖြင့်ကတော့တပ်တွေ ပြန်နားတာတို့။ နောက်တစ်ခုက အသစ် တက်တာတို့။ ဒါလေးတွေက ရှိတာပေါ့။ အဲဒီ အပေါ်မှာတော့ တစ်ချို့က Fcaebook တွေပေါ်မှာလည်း ပြောတာလေးတွေ ရှိတာပေါ့။ ဒါပါပဲ။ ထူးပြီးတော့ အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့တော့ မရှိပါဘူး။ တပ်မတော် ဆိုတာ ကတော့ ပြော တဲ့အတိုင်းပဲလုပ်ရတာပဲ”ဟုဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

ထို့အတူကချင်ပြည်နယ်အတွင်းစစ်ရေးတာဝန်များကိုရယူထားသည့်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကလည်း ကချင်ပြည်နယ်အတွင်း စစ်အင်အား တိုးချဲ့မှုများ မရှိကြောင်း ပြောပါသည်။

"အင်အားတိုးတဲ့ဟာတော့ မရှိပါဘူး။ ဒါလည်း ဘယ်အခြေမအမြစ်က လာတယ်လို့တော့ မသိဘူးပေါ့။ ကျွန်တော်တို့ အပိုင်းကတော့ အင်အားတိုးမြှင့်တဲ့ဟာ မရှိဘူး။ လောလောဆယ် တပ်လှုပ်ရှားမှုတွေ ရှိတယ်။ တပ် လှုပ်ရှား မှုတွေကလည်း ကျွန်တော်တို့ ပွင့်လင်းရာသီ ဖြစ်တဲ့ အတွက်ကြောင့် မလို့ ရိက္ခာ ပို့ရတာတွေ ရှိတယ်။ တပ်တွေ အချိန်း အပြောင်း ကိစ္စလေးတွေ ရှိတယ်။ တပ်တွေ အလှည့်ကျ အနားပေးတာလေးတွေ ရှိတယ်။ဒါတွေအတက်အဆင်းတွေရှိတဲ့အခါကျတော့ ဝေဖန်ချက်ပေါ့ဗျာ။ ဝေဖန် ချက်ပဲ ဖြစ် ပါလိမ့်မယ်။ တိတိကျကျ မပြောနိုင်တဲ့ဆီက လာတာပဲ ဖြစ်ပါလိမ့်မယ်"ဟု ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က Eleven Media Group သို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပန်ဝါနှင့် ချီဗွေဒေသ များတွင် လေကြောင်း အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍လည်း ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ရှင်းလင်းခဲ့ပါသည်။

“အဓိက ကတော့ ချီဗွေ၊ ပန်ဝါဘက်မှာ သုံးတယ်ဆိုတာက ကိုယ်တို့က စာမေးပွဲ မေးခွန်းတွေ အတွက်   အောက်က သွားလို့ မရတဲ့ အခါကျတော့ ရဟတ်ယာဉ်နဲ့ ပို့ပေးရတာ ရှိတယ်။ အဲဒီအပေါ်မှာ ပန်ဝါသွားတယ်။ ချီဗွေသွားတယ်။ ဒီဟာလေးတွေမှာတော့ တပ်အင်အားတွေ ဖြည့်ဖို့အတွက် သွားတယ် ဆိုပြီး စွပ်စွဲတာပေါ့။ အမှန်ကတော့ စာမေးပွဲ မေးခွန်းတွေ ပို့တာပါ”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က ပြောပါသည်။

KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကမူ တပ်လှုပ်ရှားမှုများအတွက် အတိအကျ ပြောရန် ခက်ခဲကြောင်းနှင့် ရိက္ခာဖြည့်တင်းရန် လှုပ်ရှားခြင်း တစ်ခုတည်းကို ကြည့်၍ ကောက်ချက်ချရန် ခက်ခဲကြောင်း ပြောပါသည်။

"တပ်တွေရဲ့ လှုပ်ရှားမှုကတော့ အတိအကျ ပြောဖို့ ခက်တယ်။ ဥပမာ တပ်တွေ သွားနေတယ်။ တပ်တွေ လှုပ်ရှားနေတယ်။ တစ်ချို့ကတော့ အင်အား ဖြည့်တာ ဖြစ်ကောင်း ဖြစ်မယ်။ တစ်ချို့ကတော့ အလဲအလှယ် လုပ်တာလည်း ဖြစ်မယ်။ နောက် ရိက္ခာပို့တာတို့ ဘာတို့ ဖြစ်နိုင်တယ်။ ဒီဟာလေး တစ်ခုကိုပဲ သွားပြီး ပြောရင် ခက်တယ်။ ဒါကြောင့်မလို့ တပ်လှုပ်ရှားတဲ့ အပေါ်မှာတော့   ကောက်ချက် ချဖို့အတွက် ကျွန်တော်တို့က မှတ်ချက် ပေးဖို့ ခက်ပါတယ်"ဟု ဗိုလ်ချုပ် ဂွမ်မော် က ပြောပါသည်။

ကချင်ပြည်နယ်အတွင်း စစ်ရေး အရှိန်မြင့်တက်ခဲ့ပြီးနောက် ပြန်လည် စတင်ခဲ့သော ဖေဖော်ဝါရီ လ၄ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နောက်ပိုင်းနှစ်ဖက်တပ်များ အပြန်အလှန်ပစ်ခတ်မှုမရှိ သလောက်   လျော့ပါးသွားခဲ့ကြောင်း သိရပါသည်။

From:Eleven


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>