မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲမှု လမ်းကြောင်းတွင် မီဒီယာလောကသားများ သည် အရေးကြီးသော် ခောတ် တနေရာတွင် ပါရှိနေပါသည် ။ သိသာမြင်သာသော် ဖွင့်လှစ်မှု များနှင့် မီဒီယာတို့  ရဲ့ လုပ်ဆောင်မှုများကို ပြန်လည် ကြည့်သော် အခါ အတိုက်အခံ စိတ်ဓါတ်သာ အားကောင်းနေပြီးဖွမီး ရှို့ မီး အဆင့်နှင့် အမျိုးသားရေး ပြိုကွဲနိုင်မှု များအပေါ် အကောက်ကြံသည့် အနေထား ဒို့ တာဝန် အရေး (၃) ပါးမစောက်ရှောက်သည်များကိုတွေ့ ရှိရပါသည် ။
မြန်မာ မီဒီယာ အိမ်ကြက်ခြင်း ခွပ်ဖို့ စာစီရာတွင်တော်သလောက် ဘင်္ဂလီ ရေပိုင်နက် ကိစ္စ အချင်းများရာ တွင် ဘင်္ဂလီ မှ အကြီးအကဲမှဖုန်းဆက် အကြောင်းကြားရာမှ ယင်းတို့ မီဒီယာများမြန်မာအားနိုင်လေပြီ ဟု အော် ရာတွင် သတင်းကိုတွေ့ သော်လည်းပြန်လည်ချေပခြင်း ဘာကြောင့် ရှုံးတယ် လို့ အော်ရခြင်း အစရှိသည် သို့ မလုပ်ဘဲ သတင်းအဖြင့်သာ မီဒီယာတခုမှ သာလျင် ပြင်လည်ရေးသား မြန်မာ ရှုံးပြီ ဟုရေးသားခဲ့ပါသည်။
ထိုဖြစ်စဉ် အတွင်း ဘင်္ဂလီ ဇိုက်မှ တင်ပြီး မြန်မာမီဒီယာ မှဘယ်လို ပြန်တင်မလဲ ကို ရှရှားရောက်နေသော် တပ်မတော်မှအရာရှိငယ် တဦးမှ ရောက်ကြည့်နေခဲ့ပြီး မည်သူမှ မတင်ဘဲငြိမ်သက်နေသော် အခါ မီဒီယာများအား ထောက်ပြခြင်း ဒီကိစ္စအတွက် မည်သူက တာဝန်ယူဖြေရှင်းပေး မည်နည်း မြန်မာ တမျိုးသား လုံး အရှုံးလို ပြောဆိုနေသော် ဘင်္ဂလီ သတင်းဇိုက်များကိုမည်သို့ ပြန်လည် ရှင်းပြမည်နည်း အစိုးရအနေ နှင့်လည်းတမျိုးသားလုံးဆိုင်ရာ ပါတ်သတ်မှုကြောင့် တင်းစာရှင်းလင်းပွဲလုပ်သင့်ကြောင်းကို
ပြောဆိုခဲ့ပါသည် ။
မီဒီယာများမှ ဂျာနယ်လစ်များသည် အွန်လိုင်းအတွင်းမှ သတင်းများစွာ နိုက်ယူ စုယူလာကြသည်များ ကို တွေ့ ရှိရသော်လည်းအဆိုပါ ကိစ္စ ရပ်များတွင်မှု အဘယ်သော်ကြောင့် မသိရှိသလိုနေနေ ကြသနည်း စဉ်စားမရ ခဲ့ပါ ။ ထိုဖြစ်စဉ် အတွင်း တရားမျှတမှု ရှိခြင်း မရှိခြင်း ကျွန်းများ မှ ပါသွားလျင် ဘာတွေ ဆက်ဖြစ်နိုင် သည် များကို ဖိုး သားလေး ဟူသော် အကောင့်မှ ဝေဖန်သုံးသပ်ချက်များ အမြဲဆက်လက် ထွက်ရှိခဲ့ပြီး လူအများပြားလည်း ဒီကိစ္စမဟုတ်မှန်ကြောင်း သိရှိခဲ့ ကြရသည် ။ အစိုးရမှ လည်း သတင်းစာရှင်းလင်း ပွဲနောက်ရက်တွင် ပြုလုပ်ပေးခဲ့သည် ။
အဆိုးဆုံးမှာ မီဒီယာ မှ မြန်မာ တမျိုးသားလုံး ရှုံးပြီဟု ရေးသားခဲ့သော် သတင်းကို သာမာန် ဘာသာပြန် ဆိုမှုသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။ တခါတလေ တွေးတောကြည့်ရင်း ဒီလိုမျိုးမဟုတ်မ မှန်ဖြန့် တာ ကိုကျတော့ ဘာကြောင့်များ တုန့် ပြန်ဖို့ မစဉ်စားတာလည်းဟု အချင်းချင်း တို့ မီး ရှို့ မီး ကောင်းသော် လေးထောက်တိုင်ကြီးများအား စိတ်နာ မိလေသည် ။
ပေါပင်လိုက်ခြင်း မိုးသီးဇွန် တို့ ပြန်လာသည် အတိုက်အခံများ ပြန်ရောက်ခြင်း အခြားသော် နိုင်ငံရေး အတိုက် အခံများ ပြန်လည်ဝင်ရောက်လာသော် အခါ များတွင်မှု သဲသဲလှုပ် ကြိုဆိုခဲ့ခြင်း များဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟိုသွား ဒီသွား အိမ်ထဲ ဝင် အိမ်ပေါ်တက်များ ကိုသာ ပြုလုပ်နေပြီး တကယ့် အမျိုးသားရေး စိတ်ဓါတ်များထည့်ပေးဖို့  အကျိုးအကြောင်းကို အပြုသဘော ဝေဖန်ထောက် ရူမှုများ အလွန် နည်းပါးခဲ့ပါသည် ။
ယခု သမ္မတကြီး အစိုးရ ရဲ့ ဒီမိုကရေစီ လျောက်လမ်းချက်များကိုမယုံကြည်ဖူးလို့  ဆိုတဲ့ အနေထားကို လက်ခံလို့ ရပါသေးတယ်စစ် အစိုးရ ရဲ့ အကွက် ရွေ့ မှု ဘာညာ ပေါ့ ခင်များတို့ ပြောနေကြအတိုင်းဘဲ ဒါမဲ့ဗျာ ဒီအစိုးရက ဘဲ ခင်များတို့ ကို လွတ်လပ်စွာရေးသား ဝေဖန်နိုင်ခွင့်တွေ ပေးခဲ့ပြီး ခင်များတို့ ရဲ့ တချို့ ပေါ်ပင်လိုက်ပြီး စော်ကားမှုတွေ အကြောင်းတရားတွေ ဘယ်သူကမျှပြန်လည် တာဝန်ယူ ပေးပါ တရားစွဲဆိုတာများ ရှိခဲ့ဖူးပါသလား။
ခုချိန် သမ္မတကြီး သက်တမ်း ဖြစ်ခဲ့သည့် နှစ်နှစ်ကျော် အတွင်းချမှတ်နေသော် လမ်းကြောင်းများ ဒီမိုကရေစီ ရဲ့ အနှစ်သာရများလိုက်နာကျင့်သုံးသင့်သော် လူမှုရေးဆိုင်ရာ များကို ထောက်ပြ
ပြောဆိုမှု အလွန်နည်းပါးခဲ့သည် ။ အစိုးရမှ တွဲခေါ်နေသော်လည်းအတိုက်အခံ နောက်ကို လိုက်ရင်း ငါနဲ့ မတူ ငါ့ရန်သူဟု ပင်သတ်မှတ်ရင်း အပြုသဘောဆောင်မှု များ ဝေးကွာခဲ့လေသလား
စဉ်စားမိနေပါသည် ။
ရခိုင် အရေး ဖြစ်စဉ်များ အတွင်း တမျိုးသားလုံး အုံးအုံးကြွပ်ကြွပ်မခံစားနိုင်ဖြစ်ခဲ့ကြရသည် ။ မီဒီယာ များမှ ပြည်ပအတွင်း အားကိုးမရ အာရပ်ကမ္ဘာ အတွင်း ပြန့် နှံနေသော် သတင်းအမှား များအပေါ်
ပြန်လည် ထောက်ရူဝေဖန်ရာတွင် ပြည်ပရောက် မြန်မာများ ရှိခြင်းကို သာ ကျေးဇူးတင် ရမလို ဖြစ်နေ သည်။ အမျိုးသားရေး စိတ်ဓါတ် နဲ့  မဟုတ်တင်သော် ဇိုက်များကို ရှရှား စင်္ကာပူ တရုတ် မြန်မာ အစရှိသည့် အင်တာနက် သုံး မြန်မာနိုင်ငံသားများမှ ပြန်လည်ဖြေရှင်းခြင်း ဟက်ကာများမှ ကူညီခဲ့ကြခြင်း ကြောင့် သာ ခံသာခဲ့ကြရသည် ။
သမ္မတကြီး ပြတ်သားသော် အမိန့်  တပ်မတော်ရဲ့ အကာအကွယ်များ ပြည်သူ့ ရဲ များ စောက်ရှောက် ကင်းလှည့် မှု များ ကြောင့်သာအခြေအနေ ချက်ချင်း ပြန် လည်ငြိမ်သက်ခဲ့ရ ပါသည်။မီဒီယာရဲ့ တိုက်ခိုက်မှုများ ကို လွတ်တော်အတွင်း ထိ နာမည်ကြီးခဲ့သော် ဒေါက်တာဆိတ်ဖွား နှင့် ဘာသာများပြန် ဆိုခြင်း ကွန်မန့် များ ပေးခြင်း အွန်လိုင်းAttack အဖြင့် လူငယ်အကောင့် များ ဖြစ်သော် သွေးသစ္စာ၊ဘွရှင် ၊ ငှက်ခါး ၊ဖိုးသားလေး ၊ ရှရှားရောက် အရာရှိ ငယ်များ ၊နော်ဝေး ၊ ဂျပန် ၊စင်္ကာပူ ၊ အမေရိကား ၊ အင်္ဂလန် အစရှိသော် နိုင်ငံ အသီးသီး မှ မျိုးချစ်စိတ်လူငယ်များ နှင့် မြန်မာ အွန်လိုင်းသုံး လူငယ်များ
ကြောင့် အွန်လိုင်းလောကဝါသအမှားများ အတွင်းသက်သာရာရခဲ့သည်။
ယင်း အချိန်က တဦးသော် ရခိုင်အရေး ပါးစပ်ပိတ်နေသော်သူအား အနည်းငယ်ပြောဖို့ တိုက်တွန်း ဖို့ ထက် အစိုးရကကိုင် တွယ်တာ ညံ့တယ် သမ္မတကြီး မပြတ်သားဖူး စစ်တပ်ဘာစစ်တပ် လည်း အထာကို သာ ပြောဆိုခဲ့ကြသူများရှိနေခဲ့တာကိုလည်း ဝမ်းနည်းဖွယ်ရာ တွေ့ ရှိခဲ့ကြသည်။
ယခု အတွင်း အစိုးရ ငြိမ်းချမ်းရေး ဆောင်ရွက်စဉ်ကချင်ပြည်နယ် အတွင်း ကေအိုင်အေ နဲ့ တိုက်ပွဲများ စစ်သည် ကျဆုံး မှု တိုက်ပွဲ ဖြစ်စဉ်များတွင်လည်းတဖတ်သတ် သုံးသပ်ချက်များ သာ ပေး ခဲ့ကြပြီး ငြိမ်းချမ်းရေးလုပ်ဆောင်မှု ပင် အနှောက်ယှက်ဖြစ်ခဲ့ပြီး စစ်သားများဘဝကိုမစာမနာ တဘတ် ပိတ်နဲ့  ပါရမီဖြည့်ဘက်များ အသဲနာအောင် ထိ ရေးသားခဲ့ကြသည် ။
လယ်သမား အရေး လက်ပန်းတောင်း အရေး ကိစ္စ ရပ်များအစိုးရ ဝန်ကြီး အပြောင်း အရွေ့ များ ရဲများရဲ့ တာဝန်ဝတ္တရားများကို လျစ်လျူရူခဲ့ပြီး ဆူပူမှု များကို အုံကြွအောင်လုပ်ချင်ကြပြီး နော်ခမ်း ကိစ္စ တရုတ်မုန်းတီးမှု နဲ့ ပြသာနာ ကြီးအောင်လုပ်နေသကဲ့သို့ ဖြစ်နေခဲ့ကြသည် ။
ထို့ ကြောင့် မီဒီယာ သည် အတိုက်အခံ စိတ်ဓါတ်နဲ့ ဘက်လိုက်ပေါ်ပင်များ စွာ တွေ့ ရှိရပြီး တကယ် အမျိုးသားရေး ကိစ္စ ဆော်သြမှု များတွင် အားနည်နေကြောင်း ယခု အစိုးရ နှစ် သက်တမ်း
တဝက်ထိ ပြုလုပ်ခဲ့သည်များကို တွေ့ ရှိခဲ့ရပါသည်။ ပြည်သူလိုလားသော်ထက် အမျိုးသားရေး ကို စောင့်ထိန်းကြပြီး စည်းလုံးအောင်ရိုင်းပင်းအောင် နှိုးဆော်မှုများ ကို ပိုမိုပြုလုပ်သင့်ပါသည်။
တကယ်တော့ မီဒီယာ ဆိုတာ နိုင်ငံတိုင်းရဲ့ ရွက်တိုင်ပါဘဲသူက လေကို ပြောင်းယူလို့ ရတယ် လိုရာခရီးကို အရောက်မောင်း ရတယ် အဲ့တော့ မီဒီယာသည် အမျိုးသားအကျိုးစီးပွားကို သာ ဦးတည်သင့်သော် တပ်မတော် ကဲ့သို့ ဘက်မလိုက်ကြားနေ အဖွဲ့ အစည်းအများအဖြင့် ရှိနေသင့်ကြောင်းအမျိုး သားရေး ရေရှည်တွေးလို့ မီဒီယာ ဂရုများအား လေးစားစွာအကြံပေး တင်ပြအပ်ပါသည်။
From:Nay Min