ခုတလော ဖြစ်ပျက်နေတဲ့ မီဒီယာလောကရဲ့ ဆူညံပွက်သံတွေကို နားထောင်ကြည့်မိတော့ ဒီစာကို မရေး ချင် ဘဲနဲ့ ရေးဖြစ် သွားတယ်ဆို တာကို ဦးစွာ ၀န်ခံ ရမှာပါ။ ဟိုးအရင် တုန်းက ဆောင်းပါး တစ်ပုဒ်ရေး ဖူးပါ တယ်။ ခေါင်း စဉ်က ဘူဇွာ မီဒီယာ ထူထောင်လိုသူများ ပါ။
အဲဒီဆောင်းပါးကို ဧရာဝတီဘလော့ဂ်က ကူးယူဖော်ပြခဲ့ပါတယ်။ သူတို့ကတော့ မီဒီယာကို အသေအချာ စောင့် ကြည့် တဲ့ သဘောရှိပါတယ်။ အခုလည်း ၂၇-၂-၂၀၁၃ ရက်နေ့မှာ သတင်းစာတွေမှာ ဖော်ပြလာတဲ့ ပုံနှိ ပ်ခြင်းနှ င့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း ကို အွန်လိုင်းေ ပ်ါမှာ ELEVEN မီဒီယာက ခါးခါး သီးသီး ကန့် ကွက် လာတော့ ဘာကြောင့်လဲ လို့ ဒီဥပဒေကြမ်းကို အသေ အချာ သွားဖတ်မိ ပါတယ်။ ELEVEN ကပြော သလို ၁၉၆၂ ဥပဒေကို ပြန်အသက်သွင်း ထားသလားပေါ့။ လားလား ဖတ်ကြည့်တော့မှ အတော် ကို ရှင်း သွားတယ် လို့ ပြောရမယ်ဗျို့။ အခု ထုတ်ပြန်လိုက်တဲ့ ဥပဒေကြမ်းဟာ တကယ့်ကို လျော့ပေါ့ပြီး ပုံနှိပ် သူတွေနဲ့ ထုတ်ဝေသူတွေ အတွက် ဦးတည်ပြီး စေတနာဗလဗွ ရှေ့ရှုရေးထားတယ်ဆိုတာ အောက် မှာ ဖော်ပြမယ့် အချက်တွေအရ အထင် အရှား သိနိုင်မြင်နိုင်ပါတယ်-
(၁) အခုဥပဒေကြမ်းဟာ ၁၉၆၂ က ဥပဒေလို ရဲအရေးမပိုင်တော့ခြင်း။
(၂) ငွေဒဏ်တွေ ကိုသာ အဓိကထားပြီး ငွေဒဏ် မဆောင်မှသာ ထောင်ဒဏ်အဖြစ် သတ်မှတ်ပေး ထားခြင်း။
(၃) ပထမတန်း အာဏာရ ရာဇတ်တရားသူကြီးဆီမှာ ၀န်ခံချက် လက်မှတ် ထိုးရမယ် ဆိုတဲ့ အချက် မပါ ရှိတော့ခြင်း။
(၄) လျှောက်ထားသူ အပေါ် စုံးစမ်း စစ်ဆေးမှုပြုရန် မပါရှိတော့ဘဲ ယာယီ/မြဲ ခွဲခြား သတ်မှတ်ခြင်း မရှိေ တာ့ လို့ One Stop Service ဆောင်ရွက်နိုင်ခြင်း။
(၅) နိုင်ငံတော် လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရား ဆိုင်ရာ ကိစ္စတွေကို ကာကွယ်မှု ပေးထားခြင်း။
(၆) ရဲက ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း ဆိုတဲ့ ကိစ္စရပ်တွေ မပါဝင်တော့ခြင်း။
(၇) ပြည်ပမှ ထုတ်ဝေစာများ တင်သွင်းခြင်း၊ ပြည်တွင်းမှ ထုတ်ဝေစာတွေကို တင်ပို့ခြင်းကို တည်ဆဲ ဥပဒေဖြင့် ဆောင်ရွက်နိုင်ခြင်း။
အဲဒီလို အချက်တွေကို ကြည့်မယ်ဆိုရင် အမျိုးသား အကျိုးစီးပွား အတွက် တကယ်ကို သိသာထင်ရှားစွာ ရှေ့ ရှု ဦးတည် ရေးသား ထားတဲ့ ဥပဒေကြမ်း တစ်ခုလို့ မြင်မိပါတယ်။ ဒီအချက်အလက်တွေကို အသေ အ ချာ မဖတ်ပဲ ဘာကြောင့် ဇွတ်အတင်း ကန့်ကွက်ေ နတာလဲလို့ ပြန်စဉ်းစား သုံးသပ်မိပါတယ်။ နောက်တစ် ချက် က ဒီဥပဒေကို ရေးဆွဲ ရာမှာ ပုံနှိပ်လုပ်ငန်းရှင်အသင်း၊ ထုတ်ဝေသူများ အသင်း စတဲ့ အသင်းအဖွဲ့ အသီး သီးက ဥက္ကဋ္ဌတွေ အသင်းသူ အသင်းသားတွေနဲ့ တိုင်ပင်ပြီးမှ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ အကြံပေး မှုတွေကို ရယူပြီး ရေးဆွဲ ထားတယ်လို့ သိရပါတယ်။
တကယ်တမ်း ဥပဒေခေါင်း စဉ်နဲ့ လိုက်လျော ညီထွေတဲ့ နယ်ပယ်က ပုဂ္ဂိုလ်များ တိုင်ပင်ညှိနှိုင်းပြီးမှ ပြည် သူတွေ အတွက် အဓိက ဦးတည်စဉ်းစားပေါ်ထွက်လာတဲ့ ဒီ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပေ ဒကြမ်း ဟာ ကျွန်တော်တို့ ပြည်သူတွေအတွက် အမှန်တကယ် လိုအပ်နေတဲ့ အကာအကွယ်ဥပဒေတစ်ခုလို့ ဆိုရ မှာ ဖြစ်ပါတယ်။
ဒါကို အတင်းကြီး မျက်လုံးစုံ မှိတ်ကန့် ကွက်နေတဲ့ ELEVEN ရဲ့ ဦးတည် ချက်က ဘာလဲ။ ၁၉၆၂ ဥပဒေ ကိုပဲ ဆက် လက်ကျင့် သုံးစေလိုတာလား။ အခုဥပဒေက ၁၉၆၂ ဥပဒေထက် နိမ့်ကျနေ လို့လား။ ဒါမှ မဟုတ် မီဒီယာနဲ့ ဆက်နွယ်တဲ့ သတ်မှတ်ချက်၊ ပြဋ္ဌာန်း ချက် အားလုံး ELEVEN လုပ်မှ မျှတမယ် တရား မယ် လို့ ဆိုချင် တာလား။ မြန်မာနိုင်ငံမှာ ELEVEN သာလျှင် မီဒီယာ လုပ်ငန်း အားလုံးရဲ့ ဧကရာစ် ဘုရင် တ ဆူ ဖြစ်ချင် လို့ ဒီလို အကွက်ထွင် ဂွင်ဆင်နေတာလား ဆိုတဲ့ မေးခွန်းပေါင်း များစွာ ခေါင်းထဲကို တစ်သီ တစ် တန်းကြီး ၀င်လာပါတယ်။ ပြည်သူ့ မျက်နှာနဲ့ ပြည်သူ့ အကျိုး စီးပွားကို ကြည့်ကြပါဗျာ။ ပြည်သူကို ခု တုံး လုပ်ပြီးကိုယ်ကျိုးစီးပွားကို ဇွတ်ကျုံးသွင်းပြီး မတည်ဆောက် မထူထောင်ကြပါနဲ့။ ဒီအချက်လေးေ တွ ကိုေ တာ့ ELEVEN သတိမူ မိစေချင်ပါတယ်။
ဖက်ဖူးရောင်
From:Moe Thet Naing