Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြောင်းလဲမှုကို သက်သေပြဖို့ MEG တိုက်တွန်း

$
0
0
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်နေတာ သတ်တမ်း ၃ နှစ် ပြည့်တော့မှာဖြစ်ပေမယ့် သိသာထင်ရှားတဲ့ လုပ်ဆောင်နိုင်မှု တစ်ခုမှ မရှိသေးတာကြောင့် သက်သေပြဖို့ MEG အယ်ဒီတာ က တိုက်တွန်းလိုက်ပါတယ်။

၃ နှစ်အတွင်း ပြည်ပနိုင်ငံ အများအပြားကို သွားရောက်ခဲ့ပေမယ့် လူထုအတွက် ဘာမှ မရရှိခဲ့ပါဘူး။ ပြည်တွင်း နှင့် နယ်အချို့ကို သွားရောက်ခဲ့ပေမယ့်လည်း အရေးပေါ် လိုအပ်နေတဲ့ ရခိုင်ဒေသ နဲ့ မိတ္ထီလာဒေသတွေကိုတော့ မသွားခဲ့ပြန်ပါဘူး။
 
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ညံ့ဖျင်းမှုကြောင့် အနှစ်အနှစ် အလလ စွဲကိုင်ခဲ့ရတဲ့ ရွှေဂုံ တိုင်ကျေညာ ချက်ကို ဖျက်သိမ်းလိုက်ရ တဲ့အပြင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အလိုကျ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာခဲ့ရပါတယ်။

လွှတ်တော်ထဲရောက်လာသော်လည်း ၃ နှစ် အတွင်း ၃ ခုလောက်သာ ထဆွေးနွေးနိုင်ခဲ့ပြီး ဦးရွှေမန်း နှင့် ဦးခင်အောင်မြင့် ဝင်လာတိုင်း မက်တက်ရပ် ပေးနေခဲ့ရပါတယ်။

ဖွဲ့စည်းပုံကို NLD မှ ဦးဆောင်ပြင်မယ်ဟု ပြောခဲ့သော်လည်း ပြည်ခိုင်ဖြိုးမှ အဆိုတင်သွင်းပြီး ဦးဆောင်ပြင်နေပြန် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အားပေး ထောက်ခံခဲ့သည့် စီးပွားပိတ်ဆို့မှုများကလည်း သမ္မတကြီးဦးသိန်းစိန် အစိုးရအဖွဲ့၏ တောင်းဆိုမှုကြောင့် ဆက်တိုက် ပွင့်လာပါတယ်။
ပထမ ဆုံး အရည်အချင်း စစ် စာမေးပွဲဖြစ်တဲ့ လက်ပံတောင်းတောင် စာမေးပွဲမှာလည်း လုံးဝ ပြီးပြတ်အောင်မြင်အောင် မုလုပ်နိုင်တဲ့အပြင် ဆန္ဒပြခံခဲ့ရပြီး ယခုထိလည်း ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

 အခြား အသုံးမကျတာတွေကိုလည်း လွန်ခဲ့တဲ့ ၂ နှစ် အတွင်းမှာ တွေ့ခဲ့ရပါတယ်။


  အဆိုးဆုံးကတော့ မျက်စိစုံလုံးကန်းကာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မမြင်ခြင်းဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် မျက်စိကန်းနေသည့် အစိုးရရဲ့ ပြုပြင်ပြောင်း လဲမှုများကတော့

လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသဘောတူနိုင်ခဲ့သဖြင့် တိုက်ပွဲ ထိတွေ့မှု အရေအတွက် သိသိသာသာ လျှော့နည်းလာခြင်း (ဒေါ်စု အသံသာပစ်နေပြီး လက်တွေ့လောက်ဆောင်မှု မပါခဲ့) ၊

IMF မှ မြန်မာ့စီးပွားရေး သိသိသာသာ တိုးတက်နေကြောင်း၊ နောက်နှစ်တွေမှာ ပိုမိုတိုးတက် မည်ဖြစ်ကြောင်း ရာခိုင်နှုန်းအတိအကျဖြင့် အမြဲဖော်ပြလာခြင်း (ဒေါ်စု လုပ်ဆောင်မှု တစ်စက်မှ မပါ) ၊

ကားဈေးများ အဆမတန် ကျဆင်းအောင်လုပ်ပေးသဖြင့် နိုင်ငံတွင်း ကားစီးနိုင်သည့် ပြည်သူအရေအတွက် သိသိသာသာ တိုးလာခြင်း (ဒေါ်စု လုပ်ဆောင်မှု တစ်စက်မှ မပါ) ၊

ဖုန်းဈေးများ ၁၅၀၀၀၀၀ မှ ၁၅၀၀ ထိ ချပေးသဖြင့် နိုင်ငံတွင်း ဖုန်းကိုင်နိုင်သူအရေအတွက် သိသိ သာသာတိုးလားခြင်း (ဒေါ်စု လုပ်ဆောင်မှု တစ်စက်မှ မပါ) ၊

မီဒီယာလွတ်လပ်ခွင့်များ သိသိသာသာ တိုးတက်လာပြီး နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများတွင် အစိုးရ မကောင်းကြောင်း တွင်တွင်ကျယ်ကျယ် ရေးသားလာကြခြင်း (အစိုးရချပေးတဲ့ သတင်းစာ ထုတ်ဝေခွင့်ကို ဒေါ်စုကိုယ်တိုင်ခံစားနေရလို့ ကိုယ်တိုင်တောင် သတင်းစာထုတ်နေ)  ၊

အကျဉ်းသားအများအပြား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့်အပြင် အစိုးရလုပ်သမျှ အပြစ်မြင်သည့် သမဂ္ဂ များ၊ ကွန်ယက်များ၊ အသင်း အဖွဲ့များ သိသိသာသာ တိုးလာခြင်း (ကိုယ်တိုင်တောင် အလုပ်မဖြစ်တဲ့ ကွန်ယက်တွေဖွဲ့ပြီး ရံပုံငွေရှာ ပိုက်ဆံကောက်နေ) ၊


ကုလ အစည်းအဝေးအား သမ္မတကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောနိုင်သည့်အပြင်၊ ကုလသမဂ္ဂ၏ အစဉ်တစိုက် ချီးကျူးထောက်ခံမှုကို ရရှိလျှက်ရှိခြင်း (ကုလရုံးဆီ ဒေါ်စု အနားတောင် မကပ်နိုင်) ၊

အမေရိကန် နှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်နိုင်သည့်အပြင် မြန်မာသမ္မတအား အိမ်ဖြူတော်သို့ ဖိတ်ခေါ်တွေ့ဆုံနိုင်ခြင်း နှင့် စည်းပွားပိတ်ဆို့မှုများ ဖြေလျှော့အောင် ပြောဆိုဆွေးနွေးနိုင်ခဲ့ခြင်း (ဒေါ်စု အိုဘားမားနဲ့တွေ့ပေမယ့် အနမ်းခံတာကလွဲပြီး ဘာမှမတောင်းဆိုခဲ့) ၊


ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်ဆောင်လွန်းသဖြင့် ကမ္ဘာ့ပြုပြင်ပြောင်းလဲရေး သင်္ကေတ ပုဂ္ဂိုလ်ဟု CNN မှ သတ်မှတ်ခြင်းကို ခံခဲ့ရခြင်း (ဒေါ်စု မျက်စိကန်းနေသည်) ၊ 

 နောက်ထပ် ပြောလို့မကုန်တဲ့ ပြောင်းလဲခြင်းတွေ လည်း အများအပြား ရှိပါတယ်။ ကိုယ်တိုင်အပြောင်း အလဲကို ဘာတစ်ခုမှ သက်သေမပြနိုင်တဲ့အပြင် သူတပါးကို သက်သေပြဖို့ တောင်းဆိုနေတဲ့ ၆၇ နှစ်အရွယ် မိုက်ကယ်အဲရစ် မိန်းမ ဒေါ်စုကြည်အား ပြည်သူအများစုမှ စိတ်ပျက်လျက် ရှိကြောင်း သိရပါတယ်။
 
 
From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>