Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘင်္ဂါလီစာရင်းကောက်စဉ် ဆူပူမှု ကြိုးကိုင်သူဟု ယူဆရသူများ တရားရုံးတင်မည်

$
0
0

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဘင်္ဂါလီလူမျိုး စာရင်းကောက်ခံ ရာတွင် စစ်ဆေးရေးအဖွဲ့ များကို ခဲများဖြင့်ပစ်ပေါက်ကာ ဆူပူမှု ဖန်တီးခဲ့ရာတွင် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားသူဟု ယူဆရသူ ၁၅ ဦးကို ဖမ်းဆီး စစ်ဆေးနေပြီး ရက်ပိုင်းအတွင်း တရားရုံးတင် စစ်ဆေးမည်ဖြစ်ကြောင်း စစ်တွေမြို့ အမှတ်(၁) ရဲတပ်ဖွဲ့စခန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းဆီးထားသူများ အနက် အုပ်စုနှစ်စုခွဲကာ ရုံးတင်စစ်ဆေး မည်ဖြစ်ရာ သက္ကယ်ပြင် ဒုက္ခသည်စခန်းတွင် ဆူပူမှုဖြစ်အောင် လုပ်ဆောင်သူ ခုနစ်ဦးကို ယခုရက်ပိုင်းအတွင်း ရုံးတင်စစ်ဆေး မည်ဖြစ်ပြီး ပလ္လင်ပြင် ဒုက္ခသည်စခန်းတွင် ဆူပူမှုဖြစ်အောင် လုပ်ဆောင်သူဟု ယူဆရသူများကို ဇွန်လဆန်းပိုင်းတွင် ရုံးတင်စစ်ဆေးမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
သို့သော်လည်း ရုံးတင်စစ်ဆေးမည့် ရက်အတိအကျကိုကား ပြောဆိုခြင်းမရှိပေ။

နိုင်ငံတော်အဆင့် စီမံချက်ဖြင့် ဧပြီလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံရာ စစ်တွေမြို့ရှိ သက္ကယ်ပြင်ဒုက္ခသည်စခန်းနှင့် ပလ္လင်ပြင် ဘင်္ဂါလီဒုက္ခသည်စခန်း တို့တွင် ဘင်္ဂါလီလူမျိုးအစား ရိုဟင်ဂျာလူမျိုးဟု ထည့်သွင်းခွင့် မရ၍ လူအုပ်စုဖြင့် ဆူပူမှု လုပ်ကာ စစ်ဆေးရေးအဖွဲ့ဝင် များကို ခဲများ၊ ဒုတ်များဖြင့် ပစ်ပေါက်ခဲ့သဖြင့် စစ်ဆေးရေး အဖွဲ့ဝင် အချို့ ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် (၁) ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

အဆိုပါ ဖမ်းဆီးထားသူများကို လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူအုံကြွမှု ဖြစ်ပွားအောင် လုပ်ဆောင်မှု (ပုဒ်မ ၅၀၆)၊ လူစု လူဝေးဖြင့် တုတ်၊ ဓားကိုင်ကာ အကြမ်းဖက် မှု (ပုဒ်မ ၁၄၈)၊ တာဝန်ထမ်းဆောင်စဉ် အပြင်းအထန် ဒဏ်ရာရစေမှု (ပုဒ်မ ၃၃၃) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောကြားသည်။

ဘင်္ဂါလီလူမျိုး လူဦးရေစာရင်း ကောက်ခြင်းသည် သန်းခေါင်စာရင်း ကောက်ခံခြင်းလုပ်ငန်းနှင့် မတူကြောင်း၊ ဘင်္ဂါလီလူမျိုးလူဦးရေ စာရင်းကောက်ခံ ခြင်းသည် ဒုက္ခသည် အရေအတွက် အတိ အကျရရန်၊ စာနပ်ရိက္ခာ ဖြန့်ဝေရေးအတွက် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ဆိုသည်။

ဘင်္ဂါလီစာရင်း ကောက်ရာတွင် ဆူပူမှုဖြစ်ပွားခဲ့သဖြင့် စာရင်းကောက်ခံမှုကို ယာယီရပ်နား ခဲ့ရပြီး ပြန်ကောက်ယူမည်ဟု အစိုးရက ထုတ်ပြန်နေသော်လည်း ရက်အတိအကျကို ပြောဆိုနိုင်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံမှုကို နိုင်ငံတော်အဆင့် စီမံချက်ချကာ ဆွဲ၊ တင်၊ စစ် (မြေပုံရေးဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း) စနစ်ဖြင့် ဧပြီလ ၂၆ ရက်နေ့မှ စတင်ကာ မေလ ၁၅ ရက်နေ့အထိ ကောက်ခံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
From: The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>