Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၅ နှစ် သမီးကို အမှိုက်ပုံးထဲက အစားအစာ များအား စားခိုင်းသည့် ဆရာမအား အရေးယူခိုင်း

$
0
0







ဆရာမတစ်ဦးက ၅ နှစ်သမီးလေးကို အမှိုက်ပုံးထဲရှိ အစားအစာများ ကောက်စားခိုင်း သည့် ဖြစ်ရပ်တ စ်ခု ဖြစ် ပွား ခဲ့သည်။မူကြိုကျောင်းမှအိမ်သို့ပြန်လာသော သမီးဖြစ်သူ ဟဲရစ်က မိခင်ကို ဆရာမသည် အမှိုက်ပုံးထဲမှ အစားအစာ များကို ကောက်စားခိုင်းခဲ့သည်ဟု တိုင်ကြားခဲ့သည်။

မိခင်ဖြစ်သူ ကင်းဒိုက်စ် ဟဲရစ်က ရဲစခန်းသို့လာပြီး ဤသို့အရှက်ရစေသည့် အပြူအမူမျိုးကို ကျူးလွန်သည့် ဆရာမအား အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။ မိမိ၏သမီးဖြစ်သူသည် ပေါင်မုန့်မကြိုက်သဖြင့် မစားဘဲ အမှိုက်ပုံးထဲ သို့ လွှင့်ပစ်ခဲ့ကြောင်း၊ ဆရာမက သမီးဖြစ်သူထံ အမှိုက်ပုံးကို ဆွဲယူလာပြီး ပုံးထဲမှ ပေါင် မုန့်ကို ပြန်ပြီး ကောက်စားခိုင်းကြောင်း၊ ကျောင်းသားအများရှေ့တွင် ဤသို့အရှက်ရစေမည့် အပြုအမူကို လုပ်ခိုင်းခြင်း ကြောင့် အရေးယူပေးပါရန် မိခင်ကတိုင်ကြားခဲ့သည်။

ကင်းဒိုက်စ်က ကျောင်းသို့ ပထမဦးဆုံး ရောက်လာပြီး အာဏာပိုင်များကို အရေးယူပေးပါ ရန် တောင်းဆိုခဲ့သည်။ သက်ဆိုင်ရာ ဆရာမက မိဘများကို မတောင်း ပန်နိုင်ကြောင်း   ပြောကြား သည့်အပြင် မချေမငံပြောဆိုသောကြောင့် ရဲစခန်းသို့ လာရောက်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။ရဲ စခန်းက လည်း ကျောင်း ပြဿနာဖြစ်နေသဖြင့် ကျောင်းတွင်ပြေလည်စွာ ဖြေရှင်းကြ ရန် တိုက်တွန်းခဲ့သည်။

မိခင်ဖြစ်သူက မကျေနပ်ဖြင့် ရှေ့နေငှားကာ တရားရုံးတွင် အမှုကိုရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။ မိမိတို့သည် ဆင်းရဲသည့် လူမည်းများဖြစ်ကြောင်း၊ ထိုကျောင်းတွင် တက်နေသူအများစုမှာ လူဖြူများဖြစ်ကြကြောင်း၊ ယခုလို ဆင်းရဲသည့်အတွက်ရော၊ လူမည်းဖြစ်သည့်အတွက်ပါ နှိမ်ခြင်းကို ကန့်ကွက်ကြောင်း မိခင်ကပြော ကြားခဲ့သည်။သမီးဖြစ်သူသည်မိဘအခြေအနေအရ နေ့လည်စာကို ကျောင်းတွင်စားစေသည့် ထောက်ပံ့မှုကို ရရှိထားသည်။ ကျောင်းကကျွေးသည့်ပေါင်မုန့်ကို ကလေးက မကြိုက်သဖြင့် လွှင့်ပစ်လိုက်သည်ကို ဆရာမက ရိုင်းစိုင်းစွာ ပြန်ကောက်စားခိုင်းသည့်အပေါ် လူဖြူလူမည်းခွဲခြားသည့် အသွင်ဆောင်လာ သဖြင့် ကျောင်း အာဏာပိုင်များ အနေဖြင့် ခေါင်းခဲစရာ ကိစ္စတစ်ရပ်ဖြစ်လာခဲ့သည်။


From:မောက္ခ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>