Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သားဖြစ်သူနှင့် အိပ်ခဲ့သည့်ဆရာမထံက ဒေါ်လာ ၁၀ သန်းလျှော်ကြေးရလိုကြောင်း မိခင်တရားစွဲ

$
0
0




သားဖြစ်သူနှင့် အတူအိပ်စက်ခဲ့သည့် ဆရာမတစ်ဦးကို ဥပဒေကြောင်းအရ လျှော်ကြေးအဖြစ် ဒဏ်ငွေ ဒေါ်လာ ၁၀ သန်းရလိုကြောင်း တရားစွဲသည့်ဖြစ်ရပ်တစ်ခု အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်ရှိ ဘရွတ်ကလင်းမြို့ တွင် ဖြစ်ပွားခဲ့သည်။

အသက် ၁၆ နှစ်အရွယ် ကျောင်းသားလူငယ်ကို ဖျားယောင်းသိမ်းသွင်းပြီး အတူအိပ်စက်ခဲ့သည့် ဆရာမသည် ဘရွတ်ကလင်းအရပ်ရှိ ဂျိမ်းစ် မက်ဒီဆင် အထက်တန်းကျောင်းမှဖြစ်ပြီး အီရင် ဆေယာ ဆိုသူ ဖြစ်သည်။ မိခင် ဖြစ်သူ မော်ရင်း အန်းက မိမိသား ကီဗင်သည် ဆရာမကြောင့် ကလေးဘဝ ပျက်စီးသွားခဲ့ရသဖြင့် နစ်နာကြေး ဒေါ်လာ ၁၀ သန်း တောင်းခြင်းဖြစ်ကြောင်း ရုံးတော်သို့ ဦးတိုက်လျှောက်ထားခဲ့သည်။

အီရင်သည် အင်္ဂလိပ်စာပြသည့် ဆရာမဖြစ်ပြီး ကျောင်းသားဖြစ်သူ ကီဗင်သည် လာမည့် ဒီဇင်ဘာလတွင်မှ အသက် ၁၆ နှစ်ပြည့်မည်ဖြစ်သည်။ ရုံးတော်တွင် အစစ်ခံချက်များအရ ကီဗင်နှင့် အီရင်တို့သည် ကျောင်းခန်း အတွင်း၊ ကားအတွင်း ၈ ကြိမ်ထက်မနည်း အတူအိပ်ခဲ့ကြကြောင်း သိရသည်။
ဆရာမ အီရင် ဆေယာသည် ယခု အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ကျောင်းက သူမကို ၁၁ တန်းတွင် အင်္ဂလိပ်စာ သင်ပြရန် ငှားရမ်းထားခြင်းဖြစ်သည်။ အီရင်သည် ကျောင်းသားများကို မူးယစ်ဆေးဝါးများဖြင့်လည်း သိမ်းသွင်း စည်းရုံးကြောင်း ထွက်ဆိုချက်များအရ သိရှိရသည်။

From:မောက္ခ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>