Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တစ်မိသားစုလုံးကို မီးရှို့သတ်ခဲ့သည့် အမျိုးသမီးအား ထောင်ဒဏ်နှစ် ၃၀ ချမှတ်

$
0
0

အိမ်ရှေ့တွင် ကလေး တွန်းလှည်း ပိတ်လျက် ထားခဲ့သည်မှ စတင်၍ ချင်းများပြီး တစ်မိသား စုလုံးကို မီးရှို့ သတ်ခဲ့သည့် တရားခံ အမျိုးသမီးကို ဗြိတိန် နိုင်ငံ ဝေလနယ် မြောက်ပိုင်း ဒန်ဘရစ် ရှိုင်းယား ဒေသ ပရီစတာ တန်မြို့ မိုဒ်ခရောင်း တရားရုံးမှ ထောင်ဒဏ် နှစ် ၃၀ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အသက် ၄၃ နှစ်အရွယ်ရှိ မီလာနီစမစ် အမည်ရှိ အမျိုးသမီးသည် ပြီးခဲ့သည့်နှစ် အောက်တို ဘာလ ၁၉ ရက်တွင် အိမ်ရှေ့၌ ကလေးတွန်းလှည်း ပိတ်လျက် ထားရှိမှုနှင့် ပတ်သက်၍ အိမ်နီးချင်း ဖြစ်သူ လီအန်နာရှီးယားနှင့် ၎င်း၏ ချစ်သူ လမ်တင်ဘရယ် တို့နှင့် အချင်းများ ခဲ့ပြီး ည လူခြေတိတ် ချိန်တွင် လီအန်နာရှီးယား နေထိုင်သော အိမ်အား မီးရှို့ ခဲ့သည်။

ထိုသို့ မီးလောင် ကျွမ်းမှုကြောင့် အသက် ၂၀ အရွယ်ရှိ လီအန်နာရှီးယား၊ ၂၃ နှစ်အရွယ်ရှိ ၎င်း၏ချစ်သူ လမ်တန်ပရယ်၊ ၎င်းတို့၏ ၁၅ လသား အရွယ် ရင်သွေးချာလီ အပါအဝင် လီအန်နာရှီးယား၏ တူနှင့်တူမတို့ စုစုပေါင်း ငါးဦး သေဆုံး ခဲ့သည်။ မီလာနီစမစ်၏ လုပ်ရပ်ကြောင့် စည်ကား သိုက်မြိုက်သော မိသားစု အသိုက်အဝန်း လေးတစ်ခုပြိုကွဲ ပျက်စီး ခဲ့ရကြောင်း လီအန်နာရှီးယား၏ မိခင် ဖြစ်သူက ပြောကြား သွားခဲ့သည်။

သမီးဖြစ်သူ၏ အဆင်အခြင်မဲ့ သောလုပ်ရပ်အပေါ် အံ့ဩ တုန်လှုပ် ခဲ့ကြောင်းနှင့် ကျန်ရစ်သူ မိသားစု အနေဖြင့် ၎င်းအပေါ် ခွင့်လွှတ် ပေးစေ လိုကြောင်း မီလာနီစမစ်၏ ဖခင်က ပြောကြား သွားခဲ့သည်။

From:ရိုးရာလေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>