Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လိင်တူချစ်သူ တို့၏ ညနေခင်း

$
0
0


စကပ်တိုတို အင်္ကျီအကျပ် ဖိနပ်ဒေါက်မြင့် ကိုယ်စီဖြင့် အုပ်စုလိုက် လမ်းလျှောက်ပုံက ခရေပွင့်များ လေလွင့် လာသည့်နှယ်။ပြင်ဆင်လိမ်းခြယ်ထား သည်မှာ မော်ဒယ်လ်ရှုံးလောက်သည်။ သို့သော် သူတို့သည် မိန်းကလေးစစ်စစ်တော့ မဟုတ်ပေ။ မိန်းကလေးစိတ်ပေါက်နေသည့် အမျိုးသားများပင် ဖြစ်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ Excel Tower ၏ ၁၀ လွှာတွင် မိန်းကလေး စိတ်ပေါက်နေသည့် ယောက်ျားလေးများ ပျားပန်း ခပ်နေကြသည်။ အရွယ်စုံဂိုက်စုံဖြင့် အခန်းတွင်းသို့ ဝင်လာမစဲ တသဲသဲပင် ဖြစ်သည်။ ထိုမြင်ကွင်းမှာ အပြည်ပြည်ဆိုင်ရာ
လိင်တူချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှုများ ပပျောက်ရေးနေ့ အဖြစ် မတ်လ ၁၇ ရက်နေ့ ညနေ ၆နာရီတွင် Excel Tower တွင် ကျင်းပသော မြင်ကွင်းဖြစ်သည်။

ယခင်က ထိုပွဲမျိုးကို ကျင်းပခွင့် ပိတ်ပင်ထားခဲ့ရာမှ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် တွင် စတင်ကျင်းပခွင့် ရရှိခဲ့ပြီး ယခုပွဲသည် ဒုတိယအကြိမ် ဖြစ်သည်။ မိန်းကလေးစိတ် ဝင်နေသည့် အမျိုးသားများ နှစ်ရာကျော် တက်ရောက်ခဲ့ကာ နိုင်ငံခြားသံတမန်များ အပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ကလည်း တက်ရောက်ခဲ့သည်။
ထိုပွဲသည် မိန်းကလေးစိတ် ပေါက်နေသော အမျိုးသားများအတွက် တစ်နှစ်တစ်ကြိမ် ပျော်ရသော တောင်ပြုန်းပွဲကဲ့သို့ လွတ်လွတ်လပ်လပ် ရှိကြသည်ကို တွေ့ရသည်။

"ဒီပွဲရောက်လာတဲ့ အချိန်မှာ လုံးဝ သီးခြားကမ္ဘာလေးလို ခံစားရတယ်။ ကိုယ်တွေလို ဘဝတူတွေပဲ ဆုံရလို့" ဟု ယင်းပွဲ သို့ ပခုက္ကူမြို့မှ လာရောက်သူ အလှပြင်ဆိုင် ဖွင့်ထားသူတစ်ဦးက ဆိုသည်။

မိန်းကလေးစိတ်ဝင်နေသော ယောက်ျားလေးများတွင် အမျိုးအစား သုံးမျိုးရှိပြီး အပုန်း၊ အပွင့်၊ ဂေး (Gay) ဟူ၍ ဖြစ်သည်။

အပုန်းများမှာ ယောက်ျားလေးကဲ့သို့ ဝတ်ဆင်ပြီး မိန်းကလေးကဲ့သို့
နေထိုင်ပြုမူသည်။ အပွင့်မှာ မိန်းကလေးကဲ့သို့ ဝတ်စားဆင်ယင်
ပြုမူနေထိုင်သည်။ ဂေးဟူသည်မှာ သန်သန်မာမာ ယောက်ျားကဲ့သို့
နေထိုင်ပြီး မိန်းကလေးစိတ် ဖြစ်နေသည်ကို ဆိုလိုသည်။

လိင်တူချစ်သူ (LGBT) များတွင်တော့ လေးမျိုးရှိသည်။ အမျိုးသမီးချင်း ချစ်ခင်စုံမက်သူများ (Lesbian)၊ အမျိုးသားချင်း ချစ်ခင်စုံမက်သူများ (Gay)၊ အမျိုးသား အမျိုးသမီး နှစ်မျိုးစလုံးကို ချစ်ခင် စုံမက်သူများ (Bisexual) နှင့် ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲဝတ်စား နေထိုင်သူများ (Transgender) တို့ဖြစ်သည်။

"ကျွန်တော်တို့ လိင်တူချစ်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ အမြဲ ကြုံနေရပါတယ်၊ ပြီးတော့ ခွဲခြားဆက်ဆံ ခံရပါတယ်" ဟု Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ခံစားချက်ဖြင့် ပြောပြသည်။

လိင်တူချစ်သူများတွင် အများစုမှာ မိန်းကလေးစိတ်ပေါက်နေသော
ယောက်ျားလေးများ ဖြစ်ပြီး ၄င်းတို့မှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် အများစု၏ တစ်ခုတည်းသော အလုပ်အကိုင်မှာ အလှဖန်တီးရှင် အလုပ်သာဖြစ်သည်။

Gay Rights နှင့်ပတ်သက်ပြီး ပညာပေးမှုနှင့် သုတေသနများ
ပြုလုပ်နေ သော Color Rainbow ၏ ယခုနှစ်အတွင်း မြန်မာနိုင်ငံက လိင်တူချစ်သူ (LGBT) ၂၅ ဦးကို လေ့လာမှုတစ်ခု ပြုလုပ်ခဲ့သည့် အချက်အလက်များအရ လိင်တူ ချစ်သူများသည် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးတို့တွင် ခွဲခြား ဆက်ဆံခံရပြီး မိသားစု၊ လူမှုပတ်ဝန်းကျင် နှင့် ဥပဒေဆိုင်ရာ နယ်ပယ်အသီးသီးတွင်
နှုတ်အားဖြင့်လည်းကောင်း၊ ကိုယ်ထိလက်ရောက် အားဖြင့်လည်းကောင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများ ရှိခဲ့ကြောင်း Color Rainbow အဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ကြူးကြူးအမည်ရှိသူက "မိသားစုကို ဆန့်ကျင်ရတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ယောက်ျားလေး တစ်ယောက်က ဒီလိုမျိုး ပြုမူတယ်ဆိုတော့ ကဲ့ရဲ့တာပေါ့၊ ငါတို့အမျိုးထဲမှာ ဒါမျိုးမရှိဘူးဆိုပြီး ပြောခံရ တယ်" ဟု ရင်ဖွင့်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လိင်တူ ချစ်သူများကို စိတ်ရောဂါသည်များ အဖြစ် သတ်မှတ်ထားခဲ့သည်။ ယင်းနောက် ၁၉၉၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင် လိင်တူချစ်သူ များကို စိတ်ရောဂါသည်များအဖြစ် သတ်မှတ် ထားမှုကို ပယ်ဖျက်ခဲ့သည့် အတွက် ယင်းနေ့ကို အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှု များအား ဆန့်ကျင်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ လိင်တူချစ်သူဟူသော
ဝေါဟာရကို အများစုက လက်ခံနိုင်ခြင်း မရှိသေးပေ။

"လိင်တူချစ်သူ ဆိုတာကို အားမပေး သင့်ဘူး" ဟု အသက် ၂၉ အရွယ် ကျောင်းဆရာမ တစ်ဦးက ၄င်း၏အမြင်ကို မှတ်ချက် ပေးသည်။

လက်ရှိမြန်မာနိုင်ငံသည် နိုင်ငံတည်ဆောက်ရေး ဆောင်ရွက်နေချိန် ဖြစ်ပြီး ဦးစားပေး ပြဋ္ဌာန်းပြုပြင်ရမည့် ဥပဒေ များစွာရှိနေသည့်အပြင် ကိုးကွယ်သည့် ဘာသာ၊ ယဉ်ကျေးမှုအရ မသင့်တော်ကြောင်း ၄င်းကဆိုသည်။

မြန်မာနိုင်ငံတွင်းရှိ လိင်တူချစ်သူများ ကလည်း လူမှုနယ်ပယ်တွင်
တွေ့ကြုံခံစားရ၊ ခွဲခြားဆက်ဆံ ခံရမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတို့ကို ဖော်ထုတ်မှတ်တမ်း တင်ကြပြီး လက်ရှိ ပြဋ္ဌာန်းထား သည့် ဥပဒေ ထဲမှ ဓမ္မတာနှင့် ဆန့်ကျင်၍ ကာမစပ်ယှက် ခြင်း ပုဒ်မ (၃၇၇) ကို ပယ်ဖျက်ရန် လှုပ်ရှားမှုများကို ပြုလုပ်နေကြသည်။

ယင်းဥပဒေပုဒ်မသည် အခြေခံအားဖြင့် ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမစပ်ယှက်ခြင်းကို တားမြစ်သည့် ဥပဒေဖြစ်သော်လည်း လိင်တူချင်း သံဝါသပြုခြင်းကိုပါ အရေးယူသည်ဟု ယူဆနိုင်သောကြောင့် လိင်တူ ချစ်သူတို့က ကန့်ကွက်ကြသည်။

ယင်းနှင့်ပတ်သက်ပြီး Myanmar LGBT Rights Network မှ ကျော်မင်းထွန်း ကမူ "လူသားတစ်ယောက်ဖြစ်လို့ လူ့အခွင့်အရေးနဲ့ အညီ ခံစားခွင့်ရဖို့
တောင်းဆိုချင်တယ်" ဟု ဆိုသည်။ လိင်တူချစ်သူများ အပေါ် ခွဲခြားဆက်ဆံခြင်း အပေါ် ကြောက်ရွံ့မုန်းတီးမှု ပပျောက်ရေးသည် လိင်တူချစ်သူများ အနေနှင့် လူ့အခွင့်အရေး ရှုထောင့်မှ တောင်းဆိုခြင်းကို ဖွံ့ဖြိုးပြီးနိုင်ငံတွင် လက်ခံနိုင်ဖွယ် ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ကိုးကွယ်ရာ ဘာသာနှင့် ယဉ်ကျေးမှုများ တို့ကြောင့် ခက်ခဲဖွယ်ရှိလိမ့်ဦးမည်။

သို့သော် Excel Tower ၏ အပေါ်ဆုံး ထပ်တွင်မူ လိင်တူချစ်သူတို့ အဖို့ သာယာစိုပြည်နေသည်။ စတိုင်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးဖြင့် ပျော်ပါးနေသည်။ စင်မြင့်ထက်တွင်လည်း စည်းလုံးခြင်းအင်အား သီချင်းဖြင့် မိန်းကလေးစိတ် ဝင်နေသော အမျိုးသားများက တိုင်းရင်းသားအမျိုးမျိုး ပုံစံ ဝတ်စားလျက် ကပြ ဖျော်ဖြေနေသည်။

သီးခြားကမ္ဘာကဲ့သို့ပင်အချင်းချင်း ပွေ့ဖက်ကြသည်၊ အော်ဟစ်ကြသည်၊ ပျော်ပါးကြသည်၊ ဤသည်မှာ မြင်ရခဲသည့် လိင်တူချစ်သူများ၏ ညနေခင်းပင်
ဖြစ်သည်။

From: The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>