ကျွန်တော်လေးစားမှု့ဖြင့် စာရေးလိုက်ပါတယ်။၂၀၁၅ရွေး
ကောက်ပွဲနီးလာသည်နှင့်အမျှ မေမေတစ်ယောက် အပျို
လေးတစ်ဦး လိုရင်တွေခုန်နေမယ်လို့ ကျွန်တော်ခန့်မှန်းမိ
ပါတယ်။အဘယ့်ကြောင်ဆိုသော် မေမေကြောက်တဲ့ ဖွဲ့
စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ ( ဃ ) ၊ ၅၉ ( စ ) ၊ ပုဒ်မ
၄၃၆ တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ထဲမှာ မိန့်မိန့်
ကြီး ဝင်ထိုင်နေတုန်းမို့လို့ပေါ့ဗျာ။မေမေ့ကိုကျွန်တော်
၅၉ ( စ ) နဲ့ပက်သက်ပြီး နည်းနည်း ရှင်းပြချင်ပါတယ်။
ပုဒ်မ ၅၉ ( စ ) ဟာ ကိုယ့်အမျိုးသားထီးနန်း၊အမျိုးသား
အုပ်ချူပ်ခွင့်ကိုပေးနိုင်တဲ့ အမျိုးသားရေးပုဒ်မတစ်ခုပါမေ
မေ။အမျိုးသားရေးဆိုလို့ပြောရဦးမယ်မေမေ၊အမျိုးသား
ရေးဆိုတာကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ၊
ကိုယ့်သာသနာကိုကာကွယ်လိုတဲ့စိတ်ဓါတ်၊တနည်းအမျိုး
သားရေးစိတ်ဓါတ်လို့ခေါ်တယ်မေမေ။မေမေ့ရဲ့ ဖေဖေ
ဗိုလ်ချူပ်အောင်ဆန်း၊ဘဘကြီးဗိုလ်မင်းရောင်တို့ဟာ
အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သူတွေပါမေမေ။မေမေ့
ရဲ့ ဘဘကြီးဗိုလ်မင်းရောင်ဟာ နယ်ချဲ့ မျက်နှာဖြူတွေဆီ
သူ့ကျွန်မခံချင်လို့ နယ်ချဲ့ ဆန့်ကျင်ရေးတွေပြု့ လုပ်ခဲ့တဲ့
အမျိုးသားရေးခေါင်းဆောင်ကြီးတစ်ဦးပါ။ဘဘကြီးဟာ
နယ်ချဲ့ ရန်ကိုတွန်းလှန်ရင်း မြင်းကတ္တီပါစခန်းမှာ အမျိုး
သားရေးစိတ်ဓါတ်မရှိတဲ့ သူလှိုလောက်ကောင်အောက်
လက်အောက်ငယ်သားတွေကြောင့်နယ်ချဲ့ တွေရဲ့ ဖမ်းဆီး
တာခံခဲ့ရပါတယ်။ဖမ်းမိသွားတော့နယ်ချဲ့ တွေကမသတ်
သေးပဲဘဘကြီးဦးမင်းရောင်ကိုနက်မောက်မြို့ ဝန်ဘွဲ့ပေး
ခဲ့ပါတယ်။ဘဘကြီးကအမျိုးသားရေးစိတ်အပြည့်အဝနဲ့
နယ်ချဲ့ လက်အောက်အမှု့မထမ်းဘူးဆိုပြီးတွင်တွင်ငြင်းခဲ့
လို့ခေါင်းဖြတ်အသတ်ခံရပြီး၊ဘဘကြီးဦးမင်းရောင်ခေါင်း
ကိုနက်မောက်မြို့ အဝင်ကသစ်ပင်မှာချိတ်ဆွဲထားခဲ့ပါ
တယ်။
ဘဘကြီးဦးမင်းရောင်ရဲ့ အမျိုးသားရေးစိတ်ဓါတ်က
အရမ်းကိုလေးစားအတုယူထိုက်ပါတယ်။မေမေ့ရဲ့ ဖေဖေ
ဗိုလ်ချူပ်အောင်ဆန်းကလည်းအမျိုးသားရေးစိတ်ဓါတ်
အပြည့်နဲ့ ၁၉၃၄ မှာပေါ်ပေါက်လာတဲ့တို့ဗမာအစည်းအရုံး
မှာ သခင်အောင်ဆန်းအမည်နဲ့ အတွင်ရေးမှူးနေရာကနေ
တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။ဘဘကြီးဦးမင်းရောင်
ရဲ့ သွေးပီပီအမျိုးသားရေးစိတ်ဓါတ်ပြင်းထန်လို့ တိုင်းရင်း
သားစည်းလုံးညီညွှတ်ရေးအတွက်ပင်လုံစာချူပ်ချူပ်ဆိုနိုင်
ငံသလို၊လွတ်လပ်ရေးကိုတစ်နှစ်အတွင်းရရမယ်လို့အာမခံ
ခဲ့ပါတယ်။ဗိုလ်ချူပ်အောင်ဆန်းရဲ့ အမျိုးသားရေးစိတ်ဓါတ်
ဟာဘယ်လောက်ထိပြင်းထန်သလဲဆို ဗြိတိသျှနေမဝင်
အင်ပါယာကြီးတောင်ဗိုလ်ချူပ်ရှေ့ မှာဒူးထောက်ခဲ့ရပါ
တယ်။၁၉၃၀ပြည့်နှစ်တွေမှာဆရာစံဦးဆောင်တဲ့တောင်
သူလယ်သမားအရေးတော်ပုံကိုမေမေမှတ်မိဦးမှာပါ။
နယ်ချဲ့ မျက်နှာဖြူကိုအမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့
တော်လှန်ခဲ့တဲ့မျိုးချစ်ပုဂ္ဂိုလ်ကြီးပါ။ဆရာစံကိုဖမ်းမိပြီးရုံး
တင်စစ်ဆေးတော့ တရားသူကြီးကမေးပါတယ်။ဘာဖြစ်
လို့သူပုန်ထပါသလဲဆိုပြီးပါ။ဆရာစံဘာတွေပြန်ဖြေတယ်
ဆိုတာမေမေသိပါတယ်။လယ်သမားတွေကိုဖိနှိပ်လို့၊
ဘုရားဆင်းတုတော်တွေကိုသေနတ်ဒင်နဲ့ရိုက်၊သေးနဲ့ပန်း
မင်းတို့ဘုရားတောင်ငါတို့လက်ထဲမှာအပြစ်ပေးခံရတယ်
ပြောလို့၊မြန်မာမိန်းကလေးတွေကိုအဓမ္မကျင့်လို့ စသည်
ဖြင့် ပြန်ပြောခဲ့ တာတွေကို ပြန်တွေးကြည့်ရင်ဆရာစံရဲ့ 
အမျိုးသားရေးစိတ်ဓါတ်ကိုမေမေခန့်မှန်းမိမှာပါ။
ဆရာစံ
တင်မကပါဘူးမေမေ၊ပုပ္ပါးနယ်မှဗိုလ်နက်ကျော်၊ပုဂံနယ်မှ
ဗိုလ်ချို ၊ဝဲလောင်နယ်မှဗိုလ်ရာညွှန့်၊ကျောက်ဆည်နယ်မှ
ဗိုလ်တုတ်ကျော် ၊ ကယားပြည်နယ်မှစော်လဖော်၊ရှမ်းပြည်
နယ်မှ မြင်းစိုင်းမင်းသား၊လင်းပင်မင်သား၊စောရန်ပိုင် ၊
စောရန်နိုင်၊ ညောင်ရွှေစော်ဘွား ၊ချင်းပြည်နယ်မှကြွန်ဘိခ်
နဲ့ ရွှေဂျိုးဖြူမင်းသား၊ဝနယ်မှစောမဟာနဲ့နော်ခမ်းဦး၊ရွှေဘို
နယ်ကထိပ်တင်မှတ်နဲ့ထိပ်တင်သိန်း၊ကသာနဲ့ဝန်သိုနယ်မှ
စော်ဘွားကြီးဦးအောင်မြတ်၊ရှိုမ္မကားနယ်မှဗိုလ်ရိုင်း ၊
ကချင်ပြည်နယ်မှ ဖုံကန်ဒူဝါ၊ဗိုလ်ဖိုးစော၊ဆင်ဖြူကျွန်းက
ဗိုလ်ဥတ္တမ၊မိုးနဲနယ်မှစောခွန်ကြည်၊မိုင်းပွန်နယ်မှစောခွန်
တီ၊ယောနယ်မှဗိုလ်ရွှဲ၊အလုပ်သမားခေါင်းဆောင်ဖိုးလှကြီး၊
ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်အပါအဝင်
ရဟန်းတော်တွေဖြစ်တဲ့ဆရာတော်ဦးဥတ္တမ ၊ဦးဝီစာရ
စတဲ့ သူတွေအားလုံးဟာအမျိုးသားရေးစိတ်ဓါတ်နဲ့နယ်ချဲ့
ကိုဆန့်ကျင်ခဲ့ကြတာပါမေမေ။ကျွန်တော်တို့နိုင်ငံလွတ်
လပ်ရေးအတွက်အသက်ပေးခဲ့တဲ့ဘိုးဘွားတွေရဲ့ ခန္ဓာ
ကိုယ်တွေကို ပုံထပ်လိုက်ရင် ဧဝရတ်တောင်ထက်ပိုမြင့်
ပါတယ်မေမေ၊လွတ်လပ်ရေးအတွက်အသက်ပေးခဲ့တဲ့
ကျွန်တော်တို့ဘိုးဘွားတွေရဲ့ သွေးတွေကိုမြင်ကြည့်လိုက်
ရင်နိုင်းမြစ်ထက်ပိုရှည်ပါတယ်မေမေ။မေမေ … ဒီနေ့ခေတ်
ကြီးမှာ နိုင်ငံတစ်နိုင်ငံကိုကျူးကျော်ချင်ရင် စစ်ပွဲတွေမဆင်
နွှဲတော့ပဲ လူမျိုးရေးဗျူဟာ၊စီးပွားရေးဗျူဟာတွေသုံးပြီး
ကျူးကျော်ကြသလို နိုင်ငံရဲ့ သမ္မတကိုမိမိလက်အောက်ခံ
ဖြစ်အောင်ကြိုးစားကြတယ်မေမေ။
တိုင်းတပါးသားခံယူ
ထားတဲ့သူရဲ့ မျိုးနွယ်တစ်ယောက်ယောက်သာမိမိနိုင်ငံ
သမ္မတနေရာကိုရောက်လာခဲ့ရင် ကျွန်တော်တို့နိုင်ငံဟာ
အလိုအလျှောက်တိုင်းတပါးသြဇာခံဖြစ်သွားပြီမေမေ။
ဒီလိုဆို ကျွန်တော်တို့နိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းအုပ်
ချူပ်တဲ့နိုင်ငံလို့ အမည်ပဲရှိပြီး တိုင်းတပါးလက်အောက်
ပြန်လည်ကျရောက်သွားတာနဲ့တူတူပါပဲမေမေ။တိုင်းတပါး
သြဇာခံပြန်ဖြစ်သွားရင်ဗိုလ်ချူပ်အောင်ဆန်းယူပေးခဲ့တဲ့
လွတ်လပ်ရေးဟာ ဆားမပါတဲ့ဟင်းလိုပဲဖြစ်သွားမယ်
မေမေ၊ပြီးတော့လွတ်လပ်ရေးတိုက်ပွဲမှာကျဆုံးသွားတဲ့
ဘိုးဘွားတွေရဲ့ အသက်တွေလည်းအလကားဖြစ်သွားပြီ
မေမေ။ပြီးတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ ( စ )
ဟာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာမှစတင်ပါဝင်လာ
တာမဟုတ်ပဲ ဗိုလ်ချူပ်အောင်ဆန်းဦးစီးပြီးရေးဆွဲခဲ့တဲ့
၁၉၄၇ ဖွဲ့ စည်းပုံအခြေခံဥပဒေ၊၁၉၇၄ ဖွဲ့ စည်းပုံအခြေခံ
ဥပဒေ ( မြန်မာနိုင်ငံမှာရေးဆွဲခဲ့တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ
တိုင်းမှာပါပါတယ် ) တို့မှာလည်းပါပါတယ်မေမေ။
လွတ်လပ်ရေးရဲ့ အနှစ်အရသာဖြစ်တဲ့၊အမျိုးသားရေးစိတ်ဓါတ်
နဲ့ ပေါ်ပေါက်လာတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ ( စ )
ကို လုံးဝမပြင်သင့်ပါဘူးလို့ထင်ပါတယ်မေမေ။မြန်မာနိုင်ငံ
ထဲမှာဖြစ်နေတဲ့ ၅၉ ( စ ) ပြင်ဆင်ရေးကိုတိုင်းတပါးသား
တွေ သိရင်သူတို့ရယ်ပါလိမ့်မယ်။ပြီးတော့ဒီလိုတွေးပါလိမ့်
မယ် "မြန်မာတွေဆောက်ရူးပါလား၊ ဒီပုဒ်မ ကိုပြင်လိုက်
ရင် သူတို့နိုင်ငံဘာဖြစ်သွားမလဲ မသိဘူး ဟ "ဆိုပြီးပေါ့
မေမေ။တိုင်းတပါးသားကိုမေမေက ၅၉ ( စ ) ကိုပြင်စေ
ချင်လားမေးလိုက်ရင် သူက တော့ပြင်သင့်တာပေါ့လို့
ဖြေမှာပဲမေမေ။မေမေစဉ်းစားကြည့်လေ ဒီပုဒ်မကိုပြင်
လိုက်မှ မြန်မာနိုင်ငံကိုသူတို့စိတ်တိုင်းကျချယ်လှယ်နိုင်မှာ
ပေါ့မေမေရာ။သူတိုနဲ့ကျွန်တော်တို့နဲ့ကသွေးမတော်သား
မစပ်တွေပါမေမေ။ကျွန်တော်တို့အကျိုးကိုမတွက်ပဲသူတို့
အခွင့်အရေးကိုပဲကြည့်မှာပါမေမေ။ဒီတော့သူတို့ကိုယုံလို့
မရပါဘူးမေမေ။သား ၅၉ ( ဃ ) နဲ့ပက်သက်ပြီးနည်းနည်း
ပြောကြည့်မယ်မေမေ။ခေါင်းဆောင်တစ်ဦးရှိရမယ်အမြင်
ထဲမှာ စစ်ရေးအမြင်လည်းပါတယ်မေမေ။
ကျွန်တော်ပြော
ချင်တာက စစ်သားတွေပဲသမ္မတဖြစ်ရမယ်လို့ ဆိုလိုတာ
မဟုတ်ဘူးမေမေ။မေမေ မာဂရက်သက်ချာကိုမှတ်မိသေး
လားမသိဘူး၊သူမက စစ်ခေါင်းဆောင်တစ်ဦးမဟုတ်ပေ
မယ့်လည်း ဖောက်ကလန်ကျွန်းတိုက်ပွဲမှာ ဗြိတိသျှတပ်
တွေ အာဂျင်တီးနားကိုအနိုင်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့
တယ်မေမေ။ပြီးတော့ အိုစမာဘင်လာဒင်ကိုနှိမ်နင်းခဲ့တဲ့
စစ်ဆင်ရေးမှာ အမေရိကန်တွေကို ဦးဆောင်ပေးခဲ့တာက
စစ်ခေါင်းဆောင်မဟုတ်တဲ့အမေရိကန်သမ္မတဘားရက်
အိုဘားမားပါမေမေ။ကျွန်တော်ပြောချင်တာက ကျွန်တော်
တို့နိုင်ငံရဲ့ သမ္မတကလည်း သူတို့လို့အရည်အချင်းရှိတဲ့လူ
မျိုးဖြစ်စေချင်လို့ပါမေမေ။နောက်ထပ်ပုဒ်မတစ်ခုဖြစ်တဲ့
၄၃၆ ကိုမေမေပြင်ချင်တာလည်း ၅၉ ( ဃ , စ ) ကြောင့်
မှန်းသားသိပါတယ်မေမေ။ပုဒ်မ ၄၃၆ အဆိုအရ ပုဒ်မ
၅၉ ကိုပြင်ချင်ရင် ပြည်ထောင်စုလွှတ်တော်ရဲ့ ထောက်ခံမဲ
၇၅ % ကျော်ရမယ့်အပြင် ထောက်ခံမဲပေးနိုင်တဲ့ပြည်သူနဲ့
ထက်ဝက်မဲရာခိုင်နှုန်းရမှဖြစ်မယ်လို့ဆိုထားပါတယ်မေမေ
။မေမေအဓိထားနေတာက ပြည်ခိုင်ဖြိုးအမတ် ၃၄၄ ဦးနဲ့
တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး စီကထောက်ခံမဲ
ဆိုတာကျွန်တော်သိပါတယ်မေမေ။ပုဒ်မ ၄၃၆ ဆိုတာ
လည်း ပုဒ်မ ၅၉ နဲ့သက်ဆိုင်နေလို့မပြင်သင့်ဘူးလို့ထင်ပါ
တယ်မေမေ။မေမေ …… မေမေဟာ မျိုးချစ်သူရဲကောင်း
ဗိုလ်ချူပ်အောင်ဆန်းရဲ့ သမီး၊ဗိုလ်မင်းရောင်ရဲ့ မြစ်တော်
စပ်သူပါမေမေ။မေမေ့အသက်ကလည်းအရမ်းကြီးနေပါပြီ
မေမေ။ဒေါသ၊မောဘ၊လောဘတွေကိုလျှော့ပြီးတရားအား
ထုတ်သင့်တဲ့အရွယ်ရောက်ပါပြီမေမေ။မေမေ …… မေမေ
အနေနဲ့သမ္မတဖြစ်ရေးကိုဦးစားမပေးပဲ အမျိုးသားရေးစိတ်
နဲ့ ၅၉ ( စ ) ကိုကာကွယ်ပေးပါမေမေ။ဒါမှ ငါတို့အမေက
အာဏာမမက်ပဲ ပြည်သူ့အတွက်အနစ်အနာခံတဲ့ ခေါင်း
ဆောင်ကောင်းတစ်ယောက်ကွလို့ ဂုဏ်ယူချင်လို့ပါမေမေ။
မေမေ …ကျွန်တော့်စာလည်းအရမ်းရှည်သွားပြီ
ဒါကြောင့် ဒီမှာပဲနိဂုံးသတ်လိုက်ပါတယ်
မေမေအရမ်းချစ်တဲ့ မောင်မိုးထက်
From:Mg Moe Htetကောက်ပွဲနီးလာသည်နှင့်အမျှ မေမေတစ်ယောက် အပျို

www.mmdailystar.com