Quantcast
Channel: Myanmar Daily Star
Viewing all 4837 articles
Browse latest View live

ကန့်ဘလူတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော မီးရှို့မှုများကြောင့် အိမ်ခြေ၄၀ကျော်ခန့် မီးလောင်ပျက်စဲီး

$
0
0

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော မီးရှို့မှုများကြောင့် အိမ်ခြေ၄၀ကျော်ခန့် မီးလောင်ပျက်စဲီး သွားကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးကပြောသည်။

ည၁ချက်ထိုးလောက်ထဲက အခြေအနေကို ထိန်းသိမ်းသွား နိင်ပါပြီ.။ အဲ့ချိန်မတိုင်ခင်က လူစုခွဲခိုင်းတာမရလို့ လူ၁၀ဦးထက် မနည်း ထိန်းသိမ်းထားတယ် ။ပုဒ်မ၁၈၈တော့လတ်တလော အထိမထုတ်သေးပါဘူး။လုံခြုံရေးတော့ တင်းကြပ်ထားတယ်ဟု ၄င်းကပြောသည်။

From: Popular

www.mmdailystar.com

ကန့်ဘလူ၊ ထန်းကုန်း မြန်မာ-ကုလား အဓိကရုဏ်း နှင့်ပတ်သက်၍ အစိုးရသတင်းထုတ်ပြန်ချက်

$
0
0


ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကန်းကျေးရွာအုပ်စု၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၂၄( ၁၈:၃၅) နာရီ အချိန်၊ ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာအကြား ရေပြာလှျိုကန်နှင့် မန်ကျီးပင် အနီးတွင်
( ဘ-ဦးပြူးကျော်၊ အမိ ဒေါ်ဌေးတင် ဆံပင်အလုပ်သမား လုပ်ကိုင်သူ မလှပြည့် (၂၅)နှစ် အား ထန်းကုန်းကျေးရွာမှ အလုပ်သိမ်းအပြန် အစ္စလာမ်ဘာသာဝင် လူမျိုးတစ်ဦးက လက်ဆွဲပြီး မုဒိမ်းကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်။ ထိုစဉ် မလှပြည့်သည် ရုန်းထွက်ပြေးပြီး အနီးရှိ တောင်သူ လုပ်ကိုင်နေသော အောင်ဇော်မြင့်(ဇီပင်သာ)ထံသို့ သွားရောက်အကူအညီ တောင်းခံခဲ့ သည်။ ယခု အခါ အဆိုပါ အမည်မသိ အစ္စလာမ်ဘာသာဝင်ကို ထန်းကုန်းရဲစခန်းသို့ ( ၁၈:၅၀) အချိန် တွင် အပ်နှံခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၁၉နာရီ ၁၀ မိနစ် အချိန်တွင် ဇီးပင်သာ ကျေးရွာ၊ ထန်ကုန်း ကျေးရွာသား (၁၅၀)ဦးခန့်၊ သံဃာတော်(၃)ပါးတို့သည် ထန်ကုန်းရဲစခန်းရှေ့တွင် တရားခံ ထုတ် ပေးရန် ၁၉ နာရီ ၃၀ မိနစ် အချိန်ထိ တောင်းခံခဲ့သည်။ တရားခံထုတ်မပေးသဖြင့် ၁၉ နာရီ ၄၀ မိနစ်အချိန်တွင် ဦးသန်းမြင့် ၇၈၆ နေအိမ်အား စတင်ရိုက်ဖျက်ခြင်း၊ စည်ပင်ဈေးရှိ မူဆလင် ဆိုင်(၄)ခန်း၊ ဘူးတာဈေးရှိ ဒေါ်ခင်သန်းဆိုင်၊ အမှတ်(၄)ရပ်ကွက်၊ ဦးသောင်းပါင့် ကုန်မာဆိုင်၊ အမှတ်(၃)ရပ်ကွက် ဦးမောင်မောင်နီ ကုန်စုံဆိုင်၊ သံလမ်းဘေးရှိ ဦးအလီဘာ ရေဒီယိုက်ဆက်ဆိုင်၊ အမှတ်(၇)ရပ်ကွက် ဦးဆွေညွန်၊ ဦးမောင်ဝင်း အိမ်တို့အား ရိုက်ဖျက်ခြင်း အမည်မပေါ် ဆိုင်(၅) ခန်းအား ဆက်လက်ရိုက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူစုအဖွဲ့သည် ၂၁ နာရီ ၁၀ မိနစ် အချိန် OMC မူးဘောင် အနောက်ဘက်ရှိ ဦးကျော်မြင့် ကြက်ခြံအား စတင်မီးရှို့ဖျက်စီးခဲ့ကြကြောင်း သိရှိရသည်။ အမှတ် (၁)ရပ်ကွက် ဦးတင်ဝင်း လဘက်ရည်ဆိုင်၊ ဦးမောင်ကျော်နေအိမ်၊ ဒေါ်မူသန်း ဆန်ပွဲရုံ၊ မောင်ကင်း ကွမ်းယာဆိုင်တို့ကို မီးရှို့ခဲ့ကြောင်း သိရှိရသည်။ ၂၂ နာရီ ၅၀ မိနစ် အချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်မြသွေး ပန်းမြိုင်လယ် လဘက်ရည်ဆိုင်အား ဆက်လက်မီးရှို့ခဲ့ရာ နေအိမ်အလုံး(၂၀)ခန့် (စိစစ်ဆဲ) လောင်ကျွမ်း ခဲ့ကြောင်း သိရှိရသည်။

၎င်းလူစုအား ဩဂုတ်လ ၂၅ ရက်၊ ၁နာရီ အချိန်တွင် အင်အား(၁၀၀၀)ခန့်ရှိ လူအုပ်သည် ဒေါ်ခင်သန်း၊ အမှတ်(၃)ရပ်ကွက် နေအိမ်ကို မီးရှို့ရန် ရောက်ရှိလာစဉ် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ( ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးအုန်းလှိုင်)က ဆက်လက်မီးမရှို့ရန်၊ ရှေ့ဆက်မတက်ရန် တားမြစ်ခဲ့သည်။ သို့သော် လေးဂွများဖြင့် အဆက်မပြတ် ပစ်ခတ်ရာ ထိန်းသိမ်းမရနိုင်သည့် ရုန်းရင်း ဆန်ခတ်မှု အခြေအနေမျိုး ဖြစ်လာ၍ ၁ နာရီ ၁၅ မိနစ်တွင် လူထုကွဲစေရန် ခြောက်လှန့်ပြီး သေနတ်(၃)ချက်အား မိုးပေါ်သို့ ထောင်ဖောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တားမြစ်နေစဉ် ကာလအတွင်း မီးငြိမ်းသတ်နေသော မီးသတ်ကားများ OMC မူးဘောင်မှ ရေဖြည့်ခြင်းကို လက်မခံဘဲ မီးသတ်ကားအား ဓါးဖြင့် ဝိုင်းဝန်းခုတ်ဖြတ်ခြင်းတို့ကြောင် ၁ နာရီ ၃၀ မိနစ် အချိန်တွင် ဒုတိယအကြိမ် သေနတ် (၃)ချက် မိုးပေါ်ထောင် ဖေါက်၍ ခြောက်လှန့်ရာ လူစု လူဝေးအနည်းငယ်ကွဲသွားမှ မီးသတ်ကားများ ရေဖြည့်ပြီး မီးငြိမ်းသတ်ခြင်းများ ထပ်မံ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မီးငြိမ်းသတ်ခြင်း လုပ်ငန်းကို မီးသတ်ကား (၁၀)စီး၊ မီးသတ် တပ်ဖွဲ့ဝင် (၇၀)ဦးက ငြိမ်းသတ်ရာ ၃ နာရီ ၃၀ မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း၊ မီးလောင်မှု့ကြောင့် ဦးထွန်းသင်း၏ အောင်ဇဗ္မူ ဆန်စက် အပါအဝင် နေအိမ်(၂၀)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရှိရသည်။

ဖြစ်ပွားနေသော အခြေအနေများအား ဆက်လက်ထိမ်းသိမ်း ဆောင်ရွက်ရာတွင် နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ဖွဲ့ဝင် (၈၀) ဦးတို့က ဆောင်ရွက်လျှက် ရှိပြီး ၃ နာရီ ၁၅ မိနစ်အချိန်တွင် ရဲတပ်ရင်း (၁၁၆)မှ ဒုရဲမှူးကြီး တင်မိုးပါ (၇၀)ဦးတို့သည် ထန်ကုန်း ကျေးရွာသို့ ရောက်ရှိလာပြီး အတွင်းစည်းလုံခြုံရေး တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း တည်ငြိမ်အေးချမ်းအောင် ထိမ်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ကနဦးသတင်း အနေဖြင့် တင်ပြအပ်ပါသည်။
From:ပြန်ကြားရေး Website

www.mmdailystar.com

အနှိပ်ခန်းမရောက်ကြစေဖို့ မိန်းကလေးများ အတုယူကြပါစို့

$
0
0

 သမိုင်းအစဉ်အလာ ကောင်းခဲ့သည့် မြန်မာ အမျိုးသမီးများသည် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ထိန်းသိမ်း မြှင့်တင်ရာတွင် စံနမူနာ ယူဖွယ်ဖြစ်သည့် အမျိုးကို ချစ်ခင်စောင့် ရှောက်ခြင်းသည် အမျိုးသမီးတို့၏ သိက္ခာ၊ အမျိုးသမီးတို့၏ အင်အား၊ အမျိုးသမီးတို့၏ တန်ဖိုး နှင့် ဆက်စပ်ယှက်နွှယ်မှု ရှိသည်။ ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည် ဟူသည့် စကားနှင့်အညီ အမျိုးသမီးတို့၏ မိခင်မေတ္တာ စိတ်ကို အံ့သြဖွယ် ဂုဏ်ပြုရင်း အဖြစ်မှန် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။

အချိန်ကား ၂၀၀၉ ခုနှစ် ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့ (၉)ရပ်ကွက်ရှိ မြေးမလေး ချစ်သဲ အကြောင်းကို ပြောပြချင်သည်။ ချစ်သဲ အသက်က (၁၆)နှစ် မပြည့်သေး။ ဆယ်တန်းကျောင်းသူ ဖြစ်သည်။ တစ်နေ့ မျက်ရည် စက်လက်ဖြင့် ကျွန်မ၏ တူမဖြစ်သူ ချစ်သဲ၏ အမေ ကျွန်မအိမ်သို့ ရောက်လာသည်။ ကျွန်မက ဘာများဖြစ်လာ ပါလိမ့်လို့ စိုးရိမ် စိတ်နဲ့ တူမဖြစ်သူကို ““ဟဲ့ မိဦးမျက်နှာလည်း မကောင်း ဘာဖြစ်လာတာလဲ”” ဟု မေးရာ တူမ ဖြစ်သူက ငိုသံပါကြီးနှင့် ““ကျွန်မ သမီးလေး ချစ်သဲ ကျောင်းကနေ ပြန်ရောက်မလာလို့  လိုက်ရှာတာပါ၊ သတင်းကြားတာ ကတော့ ကောင်လေး တစ်ယောက်နဲ့ လိုက်သွားတယ် လို့ကြားမိတယ်။ ခုချိန်ထိ ပြန်မလာသေးဘူး၊ အဲဒါ ဒေါ်ဒေါ့်ဆီကို ရောက်လာရင် ကျွန်မကို လှမ်းအကြောင်း ကြားပေးပါနော်””ပြောပြောဆိုဆို သမီးဇောနဲ့ ထွက်သွားသည့် မိဦးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။  အချစ်နှင့် တွေ့လျှင် မိဘ၏ရင်ကို ခြေစုံကန်ထွက်သွား သူ သား၊ သမီးတွေ လက်ညှိုးထိုး ရေတွက်လို့တောင် မရနိုင်ပါဘူး။
တစ်ချိန်တုန်းက မိဦးလည်း သူ့အမေကို ဒီလိုပဲ ထားခဲ့သူ ဆိုတော့ ကလေးတွေကိုလည်း အပြစ်ပြောလို့ မဖြစ်ပြန်ဘူး။ ခက်တာက ကလေးတွေက အသက် မပြည့်သေးဘူး။  နှစ်ဦးလုံး အလုပ်အကိုင် မရှိ၊  ကျောင်းနေတဲ့ အချိန်ဆိုတော့ ယောက္ခမ အိမ်မှာနေရင်း၊  ယောက္ခမ ကျွေးတာကို စားရင်း၊ ယောက္ခမ အလုပ်အကိုင်ကို ကူလုပ်ရင်း သူတို့ရဲ့ဘ၀ကို စခဲ့ကြသည်။  မိဦးတို့က စားရုံသောက်ရုံ တစ်နေ့လုပ် တစ်နေ့စားတွေ၊ သူ့သမီး အမျိုးသားရဲ့ အမေကလည်း အသင့်အတင့် ဆန်ဆိုင်လေး ဖွင့်နေတော့ နေရေး၊ စားရေး အဆင်မပြေဘူး ဆိုပါတော့။ ဒီလိုနဲ့ ကလေးတွေလည်း ပညာဆက် မသင်နိုင်၊ အမျိုးသား ဖြစ်သူကရတဲ့ ကျပန်းအလုပ်ကို လုပ်ရင်း ဘ၀ကို ရုန်းကန်ခဲ့ကြသည်။ ဒီလိုနဲ့ တစ်နေ့မှာ မြေးမလေး ကံကောင်းစွာဖြင့် အလုပ်တစ်ခု ရခဲ့သည်။ ခံ့ခံ့ညားညား အမျိုးသမီး တစ်ယောက်က မြေးမလေးနဲ့ တွေ့၍ အလုပ်လုပ် မလား မေးသည်။ မြေးမလေးက ဆယ်တန်းဆိုတော့ အင်္ဂလိပ်စာလည်း ကျွမ်းကျင်၊ အိမ်မှာ  စီးပွား ရေး ကလည်း အဆင်မပြေ ဆိုတော့ ““ရေငတ်နေတဲ့သူ၊ ရေတွင်းထဲကျ””ဆိုသလိုပါပဲ မြေးမလေးက ၀မ်းသာအားရ လုပ်မယ် ပြောလိုက်သည်။ ခံ့ခံ့ညားညား အမျိုးသမီးကြီးက လိုအပ်တာ အားလုံးကို ပြုလုပ်ပေးသည်။ အလုပ် ကတော့ ဆေးကုမ္ပ ဏီ ဆေးဆိုင်မှာ လုပ်ရမယ်လို့ ပြောပါသည်။ လစာက တစ်လကို နှစ်သိန်းကျော် ပေးမည်ပြောသည်။

ဒီလိုနဲ့ မြေးမလေးလည်း လိုအပ်သည့် ဆေးဝါးပစ္စည်း များကိုထည့် ဘ၀၏ စားဝတ်နေရေး အတွက် ချစ်တဲ့ ယောက်ျားနှင့် မိဘများကို ခွဲခွာကာ ခံ့ခံ့ညားညား အန်တီခေါ်ရာသို့ လိုက်ပါ သွားခဲ့လေသည်။  ဒီနောက်ပိုင်း မြေးမလေးနှင့် မတွေ့ဖြစ်ခဲ့ပါ။ ရက် ၂၀ လောက်နေတော့  မြေးမလေး အိမ်ရောက်လာ၍ ကျွန်မ အံ့သြမိသည်။ ““ဟယ် မြေးလေး တရုတ်ပြည် အလုပ် သွားလုပ်တယ်ဆို အလုပ်ကိစ္စနဲ့ လာတာလား””ကျွန်မအံ့သြစွာ မေးမိသည်။ ““သမီးရဲ့ အကြောင်းတွေ ပြောချင်လို့ ဖွားဖွားဆီကို တမင်လာခဲ့တာ။ သမီးကို ခုလိုကျန်းကျန်း မာမာ တွေ့ရတာကိုက ဖွားဖွားအတွက် ကံကောင်းတယ်မှတ်””““ဟေ့ ဟုတ်လား ဘယ်လိုဖြစ်ခဲ့ လို့လဲ””““ဘာတွေ ဖြစ်ခဲ့လို့လဲ၊ ဖွားကို ပြောပြပါဦး””ပြောရမှာတော့ အရှည်ကြီးပဲ နောက်ဆုံး သမီးကို သမီးဗိုက်ထဲက သားလေးလား၊ သမီးလေးလား မသိရသေးတဲ့ ကလေးက ကယ်လိုက်တာပဲ ဖွားဖွားရေ””မြေးမလေး ပြောတော့ ကျွန်မ အံ့သြမိသည်။ ဗိုက်ထဲက ကလေးက ကယ်လိုက်သည်တဲ့။ အဖြစ်က ဒီလိုသမီးတို့ကို ခေါ်သွားတဲ့ အန်တီနောက်ကို  သမီးတို့ လိုက်သွားတယ်။ ရန်ကုန်ဘူတာကြီး ကနေ ရထားစီးပြီး မန်္တလေးက တစ်ဆင့် လိုင်းကား စီးရပါသည်။

““ကဲ အားလုံးပဲ ဂိတ်ဆုံးပြီ””ကားသမား၏ အသံကို ကြားမှ ချစ်သဲ လန့်နိုးပြီး မျက်လုံး ဖွင့်ကြည့်မိသည်။ ““ကဲ သမီးချစ်သဲ ရောက်ပြီကွယ့်၊ သွားရအောင်””အန်တီလက်ဆွဲ ခေါ်သည့် နောက်ကို  လိုက်လာမိသည်။  မြန်မာပြည်နှင့် တရုတ်ပြည် နယ်စပ်လို့ ကျွန်မသိ လိုက်ရသည်။ ခိုးဝင်ပေါက် ဆိုလား၊ တရားမ၀င် ၀င်တဲ့အပေါက် ဆိုလား၊ အဲဒီကနေ ချစ်သဲကို ခေါ်သွားသည်။ အန်တီကြီး အလုပ်ပေးမယ့် နေရာကို ရောက်ခဲ့ပြီ။

တွေ့တွေ့ချင်း ဆောက်နဲ့ ထွင်းဆိုသလို အန်တီကြီး၏ အခန်းရှေ့က ဆိုင်းဘုတ်ကို ဖတ်ကြည့် မိရင်း ငါတော့ အလိမ်ခံရပြီနဲ့ တူတယ်။  ဒုက္ခပဲလို့ တွေးရင်း ခြေဖျားလက်ဖျားတွေ အေးလာပြီး အန်တီကြီးကို လှမ်းကြည့်မိသည်။ အန်တီကြီးကတော့ ပြုံးပြုံးနဲ့ပေါ့။ ““ဆေးဆိုင်မှာ ဆေးရောင်း ရမယ်ဆိုပြီး ခေါ်လာတဲ့ အန်တီကြီးရဲ့ ဆေးဆိုင်ဆိုတဲ့ နေရာမှာ အမှန်တကယ် တော့ ““အနှိပ်ခန်း””ဆိုပြီး ဆိုင်းဘုတ်တင် ထားတာ တွေ့လိုက်ရသည့် အတွက် ချစ်သဲ ရင်မှာ ဗလောင် ဆူခဲ့သည်။

““အန်တီသမီးကို ပြောတော့ ဆေးဆိုင်မှာ ဆေးရောင်းဖို့ဆို အခု ဟာက ဘယ်လို ဖြစ်တာလဲ””

“အော် ချစ်သဲရယ်  စမ်းလုပ်ကြည့်ပါ ဦးကွယ်၊ စီးပွားရေး အဆင်မပြေတဲ့ အတွက် ဒီမှာ လုပ်လို့ အဆင်ပြေသွားရင် အိမ်ကိုငွေပို့လို့ ရတာပေါ့ကွယ်””““ချစ်သဲ မလုပ်နိုင်ဘူး အန်တီ။ ချစ်သဲမှာ ယောက်ျားနဲ့၊ ချစ်သဲ ယောက်ျားကို  သစ္စာ မဖောက်နိုင်လို့  ယဉ်ကျေး သိမ်မွေ့စွာ  မွေးဖွားလာတဲ့ မိဘတွေရဲ့ ဂုဏ်သိက္ခာတွေကို အညှိုးနွမ်းခံပြီး ဒီအလုပ်ကို မလုပ်ပါရစေနဲ့ အန်တီ”” ““ချစ်သဲ မလုပ်ရင် ခုကုန်လာတဲ့ ပိုက်ဆံတွေကို ဘယ်လို ပြန်ပေးမလဲ စဉ်းစား ပါဦး၊”” ““ရန်ကုန် ပြန်ရောက်ရင်  ပြန်ရှာပေးပါ့မယ်၊ ချစ်သဲ မကြိုက်နှစ်သက်တဲ့ အတွက်  ဒီအလုပ် ကိုတော့ မလုပ်ပါရစေနဲ့””““ခဏလေးတော့ ဆက်လုပ် ကြည့်ပါကွယ်၊ လောလော ဆယ် ပြန်ပို့ဖို့က မလွယ်လို့ပါ””သည်လိုနဲ့ ချစ်သဲလည်း မနေချင်ပေမဲ့ အန်တီကြီးရဲ့ တောင်းပန်မှုကြောင့် လောလောဆယ် အခြေအနေ ကြည့်ပြီး မီးစင်ကြည့်က ရပေတော့မည်။
ဗဟုသုတ ရစရာတွေတော့ အများကြီး တွေ့ခဲ့ရသည်။ ပထမဦးဆုံး အန်တီကြီးတို့ဆီ စရောက်တဲ့ မိန်းကလေးတွေကို သင်တန်းပေးသည်။ နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးပေါ့။

 ဧည့်သည်လာရင် ဧည့်သည်တွေကို ဘယ်လိုပြုစု လုပ်ကိုင်ပေးရမယ် ဆိုတဲ့ အကြောင်း တွေပေါ့၊ ချစ်သဲတို့  မိန်းကလေးတွေ အကြောင်းကို  တွေးရင်း စိတ်မကောင်း ဖြစ်မိတယ်။ ကိုယ့်မိန်းကလေး အချင်းချင်း၊ ကိုယ့်လူမျိုး အချင်းချင်းတောင် ခုလိုမျိုးဖြစ်အောင် ပြုလုပ် ရက်ကြတဲ့ လူပွဲစားလို့ပဲ ခေါ်မလား၊ လူမှောင်ခိုလို့ ခေါ်မလား လုပ်ရက်လေခြင်းလို့ အပြစ်မြင် မိသလို တစ်ဖက်ကလည်း စားသောက် နေထိုင်ရေး အဆင်မပြေလို့  လုပ်ကိုင်စားသောက် နေရပါလားလို့ တွေးရင်း စိတ်မကောင်း ဖြစ်မိသည်။ 'မိန်းကလေးတို့ အိနြေ္ဒ ရွှေပေးလို့မရ'' '' ခြေတစ်လှမ်း  ကုဋေတစ်သန်း ''  ''ခြောက်ပြစ်ကင်း သဲလဲစင်'' ''တော်ဝင်စံထား၊ မြန်မာ့အမျိုး သမီးများ''ဆိုတဲ့ ချစ်စရာ ကောင်းတဲ့ ချစ်သဲတို့လို မိန်းကလေးတွေ ရှားပါးသလောက် ဖြစ်နေပြီ လားလို့ စိုးရိမ်မိသည်။ ချစ်သဲကတော့ အန်တီကြီးကို အမြဲဘုကလန့် လုပ်သည်။ ဖောက်သည် ဧည့်သည်ဆိုတဲ့ လူတွေကိုလည်း အလိမ္မာနည်းနဲ့ မချေမငံ ဆက်ဆံပြသည်။  ဒီနည်းနဲ့ ချစ်သဲ ကိုယ့်ကိုယ်ကိုယ် အန္တရာယ် မရှိအာင် နေထိုင်သည်။ ဗဟုသုတ ရစရာ ပြောရဦးမယ်၊ အဲဒီ ဖောက်သည်ဆိုတဲ့ လူတွေက ဟိုင်းဝေးမောင်းတဲ့ ကားသမား အများစု ဖြစ်ကြသည်။  လူမျိုးစုံ ပါပဲ။ တစ် Section ကို ပိုင်ရှင်က ဘယ်လောက်ရသည် မသိ။ အဲဒီမှာ ခိုင်းစားခံရတဲ့ မိန်းကလေးတွေအတွက်  တစ် Section ကို ငွေ ၆ဝဝ ပဲပေးသည်။ ပြီးလျှင် ၆ဝဝ ထဲမှ ထမင်းဖိုး ထပ်ဖြတ်သည်။

 Section များများရတဲ့ သူကတော့ အဆင်ပြေပြီး Section မရတဲ့ သူက အဆင်မပြေ နိုင်ပါဘူး။ ဒါကြောင့် အလုပ်ရှင် အန်တီကြီးက ဖောက်သည်များများ ရှာခိုင်းသည်။ များများရလေ သူတို့သူဌေး ဖြစ်လေပါပဲ။ ခိုင်းအစားခံ မိန်းကလေးတွေရဲ့  ဘဝ ကတော့ ဧည့်သည်များဆီက မုန့်ဖိုး ပေးခဲ့တာကို ရမှအဆင်ပြေ နိုင်သည်။  ခုလိုမိန်းကလေး ထဲမှာ ဘဝအစုံ ရှိလေသည်။ ဝါသနာပါ၍ လုပ်စားသူ၊ မထူးတော့ဘူး ဆိုပြီး ရေစုန်မှာ မျှောလိုက်သူ၊ ပြန်လို့မရတဲ့ အခက်အခဲကြောင့် ပြန်ခွင့်မရတဲ့သူ စသည့် အကြောင်း ကြောင်းတွေနဲ့ လုပ်ကိုင်စားသောက် နေထိုင်ရသည်ဟု သိရသည်။ ဘာပဲဖြစ်ဖြစ် ချစ်သဲ ကတော့ ချစ်သဲဘဝကို တန်ဖိုးထားသည်။ ထမင်းငတ် သေချင်သေပါစေ၊ သည်လို အလုပ်များတော့ တစ်သက်လုံး မလုပ်နိုင်ဘူး။  ဒါကြောင့် ချစ်သဲကတော့ မလုပ်နိုင်ဘူးလို့ဘဲ ငြင်းခဲ့သည်။ သည်လိုနဲ့ ဆယ်ရက်လောက် ကြာလာတဲ့အခါ ချစ်သဲရင်ထဲ မကောင်းဘူး။ အစား ပျက်လာသည်။

ပျို့အန်ချင်လာသည်။ ကိုယ့်ဘာသာကိုယ် စိတ်ထဲ မရှင်းတာနဲ့ ဆီးစစ် ကြည့်သည်။ ဘာမှ မတွေ့ရ။ အန်တီကြီးကို ပြောပြတော့ အန်တီကြီးက သူကိုယ်တိုင် ဆေးစစ် ပေးသည်။ ကံကောင်းချင်တော့ ချစ်သဲမှာ ကိုယ်ဝန်ရှိသည်ဟု အတိအကျ သိခဲ့ရသည်။  ချစ်သဲ အရမ်းဝမ်းသာ မိတယ်။  ကြိတ်ပြီး ဝမ်းသာမိ နေတုန်း အန်တီကြီးဆီက စကားသံ ထွက်လာသည်။ ''ချစ်သဲ ကိုယ်ဝန်ရှိနေပြီ ဖျက်ချမှ ဖြစ်မယ်'' ''အိုအန်တီရယ် ပြောရက် လိုက်တာ၊ မဖျက်ချ နိုင်ပါဘူး။ ချစ်သဲကလေးကို ချစ်သဲ မွေးမှာနော်'' ''ရန်ကုန်သာ ပြန်ပို့ ပေးပါနော်'' ''အေး နင်ပြန်ရင် လွယ်လွယ်နဲ့ ပြန်လို့ရတာ မဟုတ်ဘူး၊ ခိုးဝင်ပေါက်က နေပြန်ရမှာ''  ''ရတယ် အန်တီ ကျွန်မ မှတ်ပုံတင်နဲ့ ကျောင်းသားကတ်သာ ပြန်ပေးပါ။'' ''နယ်စပ် ခိုးဝင်ပေါက်ကနေ ပြန်ရမှာနော်၊ အန္တရာယ် အရမ်းများတယ်။'' အန်တီကြီးက ချစ်သဲ ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေသည်။ နောက်ဆုံး ချစ်သဲကို မျက်နှာလွှဲ ခဲပစ်ပြန်လွှတ် လိုက်သည်။  ရထားခ၊ ကားခမှ လွဲ၍ ငွေပို တစ်ပြားမှ ထည့်မပေး လိုက်ပါဘူး။

ချစ်သဲမှာ အိမ်ကို ပြန်ချင်တဲ့ စိတ်နဲ့ ကြောက်ရကောင်းမှန်း မသိ၊ သူတို့ပြောတဲ့ နယ်စပ် ခိုးဝင်ပေါက် ကနေ ထွက်လာပြီး ကားစီး၍ မန္တလေး ဘူတာမှာ ရထားစီးပြီး ရန်ကုန်ကို ပြန်ရောက် ခဲ့လေသည်။ အိမ်ရောက်တော့ ချစ်သဲ အမေ့ရင်ခွင်ထဲ ပြေးဝင်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြကာ  အားပါးတရ ငိုချလိုက်မိသည်။ ခလုတ်မထိ ဆူးမငြိဘဲ  မိခင်ကောင်း တစ်ယောက် ပီသတဲ့  စိတ်နဲ့အားမာန် အပြည့်နဲ့ အန္တရာယ်တွေ ကြားကနေ ကြိုးစားပြီး ပြန်လာခဲ့တဲ့ မြေးမ လေးချစ်သဲရဲ့ မိခင်စိတ်၊ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ တန်ဖိုးထားတဲ့ စိတ်တွေကို ဂုဏ်ယူမိတယ်။ မြန်မာမလေးတွေ မြန်မာ မလေးတွေလို လှစေချင်သည်ဆိုတဲ့ အတိုင်း ပြင်းထန်တဲ့ အမျိုးသမီးတွေရဲ့ အေးမြတဲ့ မိခင်မေတ္တာ အစွမ်းကို ဖော်ပြနိုင်ခဲ့တာ ချီးကျူး အံ့သြဖွယ်၊ မှတ်တမ်းတင်ဖွယ် ကောင်းလှပေသည်။ ''ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည်'' ဆိုသည့် အတိုင်း မိခင်တိုင်းရဲ့ သတ္တိကို ဖော်ကျူးပြသ ခဲ့သည်မှာ ဂုဏ်ယူ ဖွယ်ဖြစ်သည်။

အရွယ်ရောက်နေတဲ့ မြန်မာ အမျိုးသမီးလေးတွေ အကြောင်းအမျိုးမျိုး၊ ဘဝ အမျိုးမျိုး၊ မိဘ ညီအစ်ကို မောင်နှမတွေနဲ့ ခွဲခွာပြီး ဝေးလံတဲ့ အရပ်တွေမှာ အလုပ်လုပ်မယ် ဆိုပြီး ထွက်သွား ကြတဲ့ မြန်မာ အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေတယ် ဆိုတာ သိရတော့ စိတ်မကောင်း များစွာ ဖြစ်မိသည်။ အကြောင်း အမျိုးမျိုးကြောင့် ဘဝကို ရေစုန်မျှော နေရသော မိန်းကလေး များလည်း ရှိကြောင်းကို သိရတော့ ပိုပြီး စိတ်မကောင်း ဖြစ်မိသည်။ ကျွန်မတို့ အနေနဲ့ ဘာများ လုပ်ပေးနိုင်မလဲ၊ ဘာပဲဖြစ်ဖြစ် ခုဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးများ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ အနေနဲ့ ၁၉၉၂ ခုနှစ်ခန့်က စပြီး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး လုပ်ငန်း များကို စတင် ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ''မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီနဲ့ ၂ဝဝ၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ''မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်''တို့ဟာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို နိုင်ငံတော် အစိုးရနဲ့ စဉ်ဆက်မပြတ် အတူပူးပေါင်း ပါဝင် ဆောင်ရွက်နေသည်။ လူကုန်ကူးသူ တွေရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ အမျိုးသမီးများထံ လူကုန်ကူးမှုရဲ့ သဘော သဘာဝ၊ နောက်ဆက်တွဲ ဆိုးကျိုး များနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်များ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။


မြေးမလေးရဲ့ မိခင်စိတ်ကိုလည်း ချီးကျူးမိသည်။ ကိုယ်ဝန်ရှိပြီ ဆိုတာ သိလိုက်တာနဲ့  မမြင် ရသေးတဲ့ ကလေးအတွက် အားတွေအပြည့် ရှိလာပြီး ကြောက်စိတ်တွေ ပျောက်ပြီး သူ့ကို ခေါ်လာတဲ့ အန်တီရှေ့မှာ သောင်းကျန်းပြ၊ မကြောက်မရွံ့ အတိုက်အခံလုပ်ပြီး ရန်ကုန်ကို  တစ်ယောက်တည်း ရောက်အောင် ပြန်လာနိုင်ခဲ့သည်။ မြေးမလေးရဲ့ သိက္ခာ၊ အင်အား၊  မဟုတ်မခံတဲ့ စိတ်နဲ့ မမြင်ရသေးတဲ့ ရင်သွေးအပေါ်မှာ  ဖြစ်ပေါ်သည့် မွန်မြတ်တဲ့ မိခင် စိတ်တွေ၊ တန်ဖိုးတွေကို ဂုဏ်ယူမိသည်။ မြန်မာ အမျိုးသမီးတို့၏ တိုင်းချစ်ပြည် ချစ်စိတ်ဓာတ်၊ အမျိုးစောင့်တရားနှင့် ကြံ့ခိုင်သည့် အစဉ်အလာ၊ စွမ်းပကားနှင့် ဂုဏ်ရည်များကို တင့်တယ် ဝင့်ထည်စေခဲ့သည်။ မြန်မာ အမျိုးသမီးတို့ စွမ်းရည်သည် သာသနာမှာ အထင်အရှား တော်လေးဝဝင်ပမာ တင်စား ခံခဲ့ရခြင်း၏ ဂုဏ်ကို မြေးမလေး ချစ်သဲက ယုံကြည်မှု အပြည့်နဲ့ စွမ်းဆောင်နိုင်ခဲ့ ပေသည်။ ချစ်သဲလိုပဲ မြန်မာ အမျိုးသမီး ပေါင်းများစွာလည်း နွေးထွေးတဲ့ မိသားစု ရင်ခွင်သို့ ယုံကြည်မှု အပြည့်နဲ့ မြေးလေးလို အသိစိတ်တွေ ရပြီး မိသားစု ရင်ခွင်သို့ အမြန်ဆုံး ပြန်လာနိုင် ပါစေလို့ ဆုတောင်း လိုက်ပါ တယ်။  


From: လှလေးစိန်(ရွှေလုံမြေ)

www.mmdailystar.com

လုံခြုံရေးတိုးမြှင့်ပြီးနောက် မြိတ်၌ အကြမ်းဖက်သမား ၃ဦး ဖမ်းမိ

$
0
0

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအားအကြောင်းပြု၍
ပြည်ပနိုင်ငံများရှိ အကြမ်းဖက်အဖွဲ့ အစည်းများမှ နိုင်ငံတွင်းအဖျက်
အမှောက်လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက်သမားများ
စေလွှတ်ထားသည့်သတင်းများရရှိ၍ နိုင်ငံတစ်ဝှမ်းလုံခြုံရေးအထူးမြှင့်
တင်ဆောင်ရွက်ထားရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌
အကြမ်းဖက်သမား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှ
တဆင့်အကြမ်းဖက်သမားများ ၀င်ရောက်လာမည့် သတင်းကိုကြိုတင်
သိရှိထား၍ ဖောက်ခွဲရေးသမားများ၏ အမည်နှင့် ဓါတ်ပုံများအား
တိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးအဖွဲ့များထံပေးပို့ထားရာသြဂုတ်လ၂၂
ရက်နေ့က မြိတ်ကျွန်းစုရှိ တံငါရွာတစ်ရွာနေရာ၌ ထိုလူများအား
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှာ ထိုင်းနိုင်ငံတွင် တရားမ၀င်အလုပ်သွားလုပ်ပြီး
မိမိနိုင်ငံသို့ ပြန်လာသည့် မြန်မာလူမျိုးများနှင့် ရော၍ ရေလမ်းကြောင်း
မှတဆင့်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။အဆိုပါသုံးဦးအနက်နှစ်ဦးမှာ
မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာအင်ဒိုနီးရှား
နိုင်ငံဖွား ထိုင်းနိုင်ငံသားဖြစ်သည်။အဆိုပါအကြမ်းဖက်သမား(၃)ဦး
စလုံးမှာမြန်မာလူမျိုးများကဲ့သို့ မြန်မာစကားကိုကျွမ်းကျင်စွာပြောဆိုနိုင်
သူများဖြစ်သည်။

“အကြမ်းဖက်သမား သုံးယောက် ဖမ်းမိထားတယ်လို့တော့ ကြားတယ်။
ဘယ်ရွာမှာ မိလဲတော့ အတိအကျ မသိဘူးဗျ၊ ကျွန်တော်တို့တနသာင်္ရီ
တိုင်းက ထိုင်းနိုင်ငံနဲ့ နယ်မြေ ဆက်စပ်နေတော့ ကုန်းကြောင်းရော
ရေကြောင်းကပါဝင်လာနိုင်တယ်။လုံခြုံရေးကိုတော့ အရင်ကထက်တိုးပြီး
ချထားတာ တွေ့ရတယ်။ ပြည်သူတွေအနေနဲ့လည်းကိုယ့်ပတ်ဝန်းကျင်မှာ
သတင်းရရချင်းသက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေကို ချက်ချင်း
သတင်းပို့သင့်တယ်”ဟု ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သားတစ်ဦးက
ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ဖောက်ခွဲရေးသမားများ ၀င်ရောက်လာမည့်
သတင်းများကြိုတင်ရရှိထားသဖြင့် နိုင်ငံတစ်ဝှမ်း လုံခြုံရေး တိုးမြှင့်
ချထားရာ မြိတ်မြို့နယ်တွင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိခြင်းမှာ
ပထမဦးဆုံးအကြိမ်ဖြစ်သည်။


From: မြစ်မခ

www.mmdailystar.com

မယားကောင်းဆိုတာ အိပ်ယာထဲမှာ သစ်တုံးလို၊ ကျောက်ရုပ်လို မနေရဘူး.. ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်

$
0
0
ဆရာရှင့် ကျွန်မရဲ့စိတ်အကြောင်းမေးချင်လို့ပါ။ ကျွန်မနဲ့ကျွန်မအမျိုသား အတူနေတဲ့အခါ ကျွန်မယောက်ျား ကပြောပါတယ် ကျွန်မကို ကျောက်ရုပ်ကြီးကျနေတာပဲတဲ့။ သူ့ကိုစိတ်ပါသေးရဲ့ လားလို့လဲ မေးပါတယ်။ ကျွန်မဘာလို့အဲဒီ့လိုဖြစ်နေရတာလဲ။ အမှန်တိုင်းပြောရရင် ကျွန်မတို့အိမ်ထောင်သက် ၂ နှစ်ပြည့်ခါနီးပေ မယ့် ကျွန်မရှက်တုန်းပဲ။ ကလေးတစ်ယောက် ရသွားပေမယ့် ရှက်နေတုန်းပဲ။ အဲဒါဘာဖြစ်လို့ပါလည်းရှင်။ သူ့အပေါ်တာဝန်မကျေသလို ခံစားရပါတယ်။ သူ့အပေါ် တာဝန်ကျေချင်ပါတယ်ရှင့်။ ပြောပြပေးပါဦး။

မေးတဲ့သူဟာ အခုလိုမေးသင့်တယ်လို့ထင်တဲ့၊ စိတ်ဆန္ဒရှိနေတာဟာ အလားအလာအတော်ကြီး ကောင်းပါ တယ်။ ရှက်စိတ်ရှိတာ ပုံမှန်ပါ၊ လူဆန်ပါတယ်။ အကြံတခုပေးချင်တာက ဒီလိုရှက်စိတ်ဟာ “ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်" ဆိုတာ လူတိုင်းအသိပါ။ ပြောဘို့ မယဉ်ကျေးတဲ့ မရှက်တရား နောက် တပါးကတော့ “တရားဝင် အကြင်လင်မယား နှစ်ဦးသားဟာ ဆက်ဆံရာမှာ
ရှက်နေစရာ မလိုဘူး”။ ဒါဖြင့်ရင်“အရှက်ကိုမရှိရတော့မှာလား”ဆိုတာတော့လဲမဟုတ်ပါ။ လင်မယားတွေ ပေါင်းလာကြတာ နှစ်တွေ အများကြီးကြာပေမဲ့လဲ ဘယ်အရေးကိစ္စမှာမဆို သူသူကိုယ်ကိုယ် ရှက်နေကြရသေးတာပါ။ အဖိုးကြီး၊ အဖွါးကြီးဖြစ်တဲ့အထိပါ။

ဒါပေမဲ့ အခုမေးလာသူလို လိုအပ်ချက်ရယ်လို့ရှိလာပြီဆိုရင်တော့ ပြင်ယူရပါလိမ့်မယ်။ တနှစ်က သတင်းစာမှာ ဖတ်ရတယ်။ ကမ္ဘာ့နံပါတ်တစ် အားကစားမယ်တယောက် ရုပ်ရည်ကလဲ အင်မတန်ချော ပါတယ်။ သူ့ (ဘွိုင်း-ဖရင်း) က ပြောတယ် “အိပ်ယာထဲမှာဆို ဒီမိန်းကလေးဟာ သစ်တုံးလိုဘဲ” တဲ့။ သူတို့ဆီကတော့ အကြင်လင်မယားမဖြစ်သေးလဲ အဲလို နေကြတာကထုံးစံပါ။ နာမည်ကြီးသူဆိုရင် သတင်းလိုက်သူတွေကလဲ ရှောင်လို့မရဘူး။ ပြန်ပြောပေါ့ “ကျမတယောက်တည်း မဟုတ်ဘူး (ဆယ်လီဘရက်တီ) အပျိုမလဲ ကျမလိုပါဘဲ” လို့။

မြန်မာအရပ်စကားတခုလဲ ရှိသေးတယ်။ “မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်” တဲ့။ ဒီအကြံပေးချက်ဟာ လက်တွေ့ဘဝတွေကနေ လာပုံရတယ်။ တခုရှိတာက ကိုယ်ခန္ဓာ ရောင်းစားသူတွေ၊ ငွေယူပြီး လိင်ဇာတ်ကား ရိုက်ပေးသူတွေဟာ ကြည့်တဲ့သူတွေပို သဘောကျ၊ အားကျစေအောင် တမင်တကာ သရုပ်ဆောင်ကြရတယ်။ ဥပမာ အမျိုးသမီးတွေက ခံစားမှုရှိနေသယောင်၊ သာယာနေသယောင် သရုပ်ဆောင်ကြတယ်။ ဒါတင်မကဘူး လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာကိုပါ အတုလုပ်လေ့ရှိတယ်။ ဒါကို Women Fake Orgasm လို့ခေါ်တယ်။

ဒီလိုအတုလုပ်ကြတာက ကြေးစာမိန်းမတွေမှ မဟုတ်သေးဘူး။ အနောက်နိုင်ငံတွေမှာ (မြန်မာနိုင်ငံမျာတော့ လေ့လာမှု မရှိလို့ မပြောနိုင်ပါ။) အတွဲထားတဲ့ အမျိုးသမီးများကလဲ ပြီးစီးမှု အတုလုပ်တတ်ကြတယ်။ AskMen.com ကနေ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ မှာ ယောက်ျား-မိန်မပေါင်း ငါးသောင်းကို လေ့လာမှုလုပ်တော့ ၃ ပုံ ၁ ပုံသော အမျိုးသမီးတွေက (အော်ဂဇင်) ရသယောင်ဆောင်ပါသတဲ့။ (ကိုလန်ဘီယာ) က Farnaz Kaighobadi ကနေလုပ်တဲ့ သုတေသနအရ ၄ဝ-၆ဝ% အမျိုးသမီးတွေက အဲလိုအတုလုပ်ကြရတာဟာ Mate retention tactic သူတို့ ယောက်ျားဖေါ်တွေ သူတို့ဆီကနေ ခွါမသွားစေအောင်လုပ်ရတဲ့ ဗျူဟာလို့ ဆိုပါတယ်။

နောက်တခုလဲ ကြားဘူးကြမှာပါ။ “ယောက်ျားသား ဖေါက်ပြားတာဟာ သူ့မိန်းမက အလိုကို လိုသလို မဖြည့်နိုင် လို့” ဆိုတာ။ ဒီအချက်က တဝက်တပျက်သာ မှန်ပါမယ်။ ဖေါက်ပြားချင်သူ ဆိုတာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စ (ဇ) ရှိသူတွေက ဇနီးမယား၊ ယောက်ျား ခင်ပွန်းဘက် က ပြောစရာမလိုပေမဲ့ ဖေါက်ပြန်ကြပါတယ်။

လင်မယားနေကြရာမှာ အချိန်ကာလအရ တိုးတက်လာကြရတယ်။ မေးတဲ့သူလဲ တိုးတက်လာအောင် လုပ်သင့်ပါတယ်။ ပိုပြီး နားလည်လာရမယ်။ သာယာမှုရှာတဲ့နေရာမျိုးမှာ ပိုပြီးသာယာမှုကိုဖြစ်လာစေ သင့်တယ်။ ခွင့်လွှတ်စရာမျိုးကို ပိုပြီး ခွင့်လွတ်လာကြတာမျိုးလိုပါဘဲ။ အပြန်အလှန်ပါဘဲ။ ယောက်ျား လုပ်သူကလဲ နားလည်မှု ပြန်ပေးဘို့လိုတယ်။ မိန်းမသဘာဝဟာ တမျိုးဆိုတာ သိသင့်တယ်။ ပိုးပြီးရှက် တတ်တယ်။ လိင်စိတ်ဖြစ်လာတာ အချိန်ပိုယူတယ်။ အခါတိုင်း အပြီးမသတ်ပေမဲ့ သိပ်ကိစ္စမရှိတတ်ဘူး။ လစဉ်ဓမ္မတာနဲ့အတူ ဟော်မုန်းသတ္ကိကြောင့် လိင်စိတ် အတက်အကျ ရှိတတ်တယ်။ အိမ်ထောင်မကျ ခင်ဘဝ၊ နောက်ခံ (လိင်) ကျန်းမာရေးသုတ ဆိုတာမျိုးကို တမင်တကာ လိုက်ရှာနေတတ်သူမျိုး ဆိုတာ ယောက်ျားတွေနဲ့ယှဉ်ရင် အရေအတွက်နည်းပါးတယ်။ ဒီတော့ လိုနေတယ်ထင်ရင် ပြင် လာစေအောင် ကူညီရမယ်။ သုတအရလိုနေရင် သုတဖြည့်ပေးပါ။ ကျန်းမာရေးကြောင့်ဆိုရင် ခွင့်လွတ်ပေးပါ။ တိုးတက်လာတိုင်း အသိအမှတ်ပြုပေးပါ။

လိင်မှုကိစ္စဟာ တခြားအရေးအရာတွေလိုဘဲ။ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်ရတယ်။ လက်လုပ်တီးတာ လက်နှစ်ဖက် ပါရသလိုမျိုး။ လက်နှစ်ဖက်တော့ ဟုတ်ပါရဲ့ တဖက်လက်ဝါးက ဖြန့်ကော့ထားရင် မည်တဲ့ လက်ခုပ်သံက မပြီသဘူး။ တက်ညီ-လက်ညီ ရှိကြတာ ကောင်းတဲ့ဂုဏ်တရပ်ပါ။ ရှေ့သွား၊ နောက်လိုက် ညီကြတယ်ဆိုတာ အများအမြင်သာ ဖြစ်တယ်။ ဘက်ညီတယ်ဆိုတာမှာ အတူနေတဲ့ကိစ္စလဲ ပါသင့်တယ်။

စိတ်မပျက်ပါနဲ့။ အားငယ်စရာမဟုတ်ပါ။ အိမ်ထောင်ရေး ပိုသာယာတာ အခုမေးတဲ့သူမှာ သေခြာပေါက်ဖြစ် လာမယ်လို့ ယူဆပါတယ်။ ဖတ်ပါ၊ လိုက်နာပါ။ မေးမြန်းပါ၊ လိုက်လုပ်ပါ။ ကိုယ့်က ကျောက်ရုပ် (သစ်တုံး) လိုဖြစ်မနေအောင် လိုသေးရင် ဆရာဝန်ကိုမေးပါ။
 
 
From: ဒေါက်တာတင့်ဆွေ

www.mmdailystar.com

ကမ္ဘာ့ထိပ်တန်းအမျိုးသမီးဟက်ကာငါးယောက်

$
0
0
Adeanna Cooke

 1.Adeanna Cooke
 သူမက တော့ playboy Model တစ်ယောက်ဖြစ်ပါသည် ။ အသက် 24 နှစ်ပါ ။

Ying Cracker

 2.Ying Cracker 
သူမက တော့ တရုတ်ပြည် ရှန်ဟဲဖြစ်ပါသည် ။ software တွေကို crack လုပ်ခြင်း ။ hacking ပညာများကို သင်ကြားပို့ချပေးသော ချောမောလှပသော မိန်းကလေးတစ်ယောက်ဖြစ်ပါသည် ။

Kristina Svechinskaya 
3.Kristina Svechinskaya
သူမက တော့ ရုရှားသူလေးဖြစ်ပါသည် ။။ အမေရိကန်နှင့် ဗြိတိန် ဘဏ်တွေက အကောင့်တွေကို ခိုးသူလည်းဖြစ်ပါသည် ။။။

Raven Adler
 4.Raven Adler
သူမကတော့ တော့ အမေ၇ိကန်သူဖြစ်ပါသည် ..သူမသည် .. Security consultant တစ်ယောက်ဖြစ်သလို့ ၊ whitehacker တစ်ယောက်လည်း ဖြစ်ပါသည် ။

Rutkowska
 5.Rutkowska 
သူမကတော့ poland သူဖြစ်ပါသည် ။Polish Computer Security အဖွဲ့၏ Security researcher တစ်ယောက်ဖြစ်ပါသည် ။
 
From: Cyberworld 

www.mmdailystar.com

စစ်တွေမြို့တွင် နောက်ဆုံးကျန်သောဘင်္ဂါလီရပ်ကွက် စတင်ပြောင်းရွှေ့

$
0
0

Photo: စစ်တွေမြို့တွင် နောက်ဆုံးကျန်သောဘင်္ဂါလီရပ်ကွက် စတင်ပြောင်းရွှေ့ -----------------  ရန်ကုန်- စစ်တွေမြို့ပေါ်တွင် နောက်ဆုံးကျန်ရှိသော ဘင်္ဂါလီရပ်ကွက်ဖြစ်သည့် အင်ဗာလာရပ်ကွက်ကို သြဂုတ်လ ၂၄ ရက်မှစ၍ ရွှေ့ပြောင်းပေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။  ၎င်းတို့ကို သက္ကယ်ပြင်ကျေးရွာ အနောက်ဘက်တွင် ရခိုင်ပြည်နယ်အစိုးရက တည်ဆောက်ပေးထားသည့် ရှစ်ခန်းတွဲ တဲတန်းလျားများသို့ ရွှေ့ပြောင်းပေးနေခြင်း ဖြစ်သည်။  “အိမ်ထောင်စု ၈၅ စု လူဦးရေ တစ်ထောင်နီးပါး ပြောင်းပေးပြီးပြီ။ ပြောင်းဖို့စာရင်းပေးထားတဲ့ အိမ်ထောင်စု ၂၀၀ ကျော် ရှိပါတယ်”ဟု ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။     အင်ဗာလာရပ်ကွက်ရှိ အချို့သော ဘင်္ဂါလီမိသားစုများမှာ နေရာရွှေ့ပြောင်းရန် ဆန္ဒမရှိကြဟုလည်း သိရသည်။  “သူတို့ဆန္ဒအတိုင်း လုပ်ပေးမှာပါ။ ပြောင်းဖို့ ဆန္ဒမရှိရင်လည်း သူတို့သဘောအတိုင်း စီစဉ်ပေးမယ်။ ကျွန်တော်တို့ကတော့ နားလည်အောင် ရှင်းပြပေးပါတယ်” ဟု  ဦးလှဟန်က ဆက်လက်ပြောသည်။   ၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအပြီး မြို့ပေါ်ရှိ ဘင်္ဂါလီရပ်ကွက်များမှာ သဲချောင်းတစ်ဝိုက်သို့ ပြောင်းရွှေ့ သွားခဲ့ကြသည်။ အင်ဗာလာရပ်ကွက်တစ်ခုတည်းသာ စစ်တွေမြို့ပေါ်တွင် ကျန်ရှိနေခြင်းဖြစ်သည်။   ယင်းအင်ဗာလာရပ်ကွက် မြို့ပေါ်တွင် ကျန်ရှိနေခြင်းကြောင့် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟုလည်း စစ်တွေဒေသခံများက ပြောသည်။   အင်ဗာလာရပ်ကွက်နေသူတစ်ဦးကမူ “ကျွန်တော်တို့က မပြောင်းချင်ဘူး။ ဒီမှာနေလာတာကြာပြီလေ”ဟု ဆိုသည်။   အင်ဗာလာရပ်ကွက်တွင် ခန့်မှန်းခြေလူဦးရေ ၆၀၀၀ ခန့် ရှိကြောင်း သိရသည်။    ဓာတ်ပုံ  - ဂျေမောင်မောင်(အမရပူရ)
 
ရန်ကုန်- စစ်တွေမြို့ပေါ်တွင် နောက်ဆုံးကျန်ရှိသော ဘင်္ဂါလီရပ်ကွက်ဖြစ်သည့် အင်ဗာလာရပ်ကွက်ကို သြဂုတ်လ ၂၄ ရက်မှစ၍ ရွှေ့ပြောင်းပေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

၎င်းတို့ကို သက္ကယ်ပြင်ကျေးရွာ အနောက်ဘက်တွင် ရခိုင်ပြည်နယ်အစိုးရက တည်ဆောက်ပေးထားသည့် ရှစ်ခန်းတွဲ တဲတန်းလျားများသို့ ရွှေ့ပြောင်းပေးနေခြင်း ဖြစ်သည်။

“အိမ်ထောင်စု ၈၅ စု လူဦးရေ တစ်ထောင်နီးပါး ပြောင်းပေးပြီးပြီ။ ပြောင်းဖို့စာရင်းပေးထားတဲ့ အိမ်ထောင်စု ၂၀၀ ကျော် ရှိပါတယ်”ဟု ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။

အင်ဗာလာရပ်ကွက်ရှိ အချို့သော ဘင်္ဂါလီမိသားစုများမှာ နေရာရွှေ့ပြောင်းရန် ဆန္ဒမရှိကြဟုလည်း သိရသည်။

“သူတို့ဆန္ဒအတိုင်း လုပ်ပေးမှာပါ။ ပြောင်းဖို့ ဆန္ဒမရှိရင်လည်း သူတို့သဘောအတိုင်း စီစဉ်ပေးမယ်။ ကျွန်တော်တို့ကတော့ နားလည်အောင် ရှင်းပြပေးပါတယ်” ဟု ဦးလှဟန်က ဆက်လက်ပြောသည်။

၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအပြီး မြို့ပေါ်ရှိ ဘင်္ဂါလီရပ်ကွက်များမှာ သဲချောင်းတစ်ဝိုက်သို့ ပြောင်းရွှေ့ သွားခဲ့ကြသည်။ အင်ဗာလာရပ်ကွက် တစ်ခုတည်းသာ စစ်တွေမြို့ပေါ်တွင် ကျန်ရှိနေခြင်းဖြစ်သည်။

ယင်းအင်ဗာလာရပ်ကွက် မြို့ပေါ်တွင် ကျန်ရှိနေခြင်းကြောင့် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟုလည်း စစ်တွေဒေသခံများက ပြောသည်။

အင်ဗာလာရပ်ကွက်နေသူတစ်ဦးကမူ “ကျွန်တော်တို့က မပြောင်းချင်ဘူး။ ဒီမှာနေလာတာကြာပြီလေ”ဟု ဆိုသည်။

အင်ဗာလာရပ်ကွက်တွင် ခန့်မှန်းခြေလူဦးရေ ၆၀၀၀ ခန့် ရှိကြောင်း သိရသည်။


ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)


From:7day

www.mmdailystar.com

"ထန်းကုန်းမုဒိမ်းမှု အဓိကရုဏ်း ဝေဖန်မှုများအတွက် ဖြေရှင်းချက်"

$
0
0
ဝေဖန်မှု ( ၁ )

ထန်းကုန်းအဓိကရုဏ်းကိစ္စမှာ ကိုယ့်တူမ၊ ကိုယ့်နှမ အစော်ကားခံရလို့ တောသူတောင်သား ရွာသားတွေ ပြုမူခဲ့တဲ့ ကိစ္စတွေကို အကြမ်းဖက်တယ်၊ ဒီမိုကရေစီနှင့် မညီဘူး စသည်ဖြင့် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဝေဖန်မှု ( ၂ )

တစ်ခါ ဒီလို အကြမ်းဖက်တာတွေကို ရဲက ကိုင်တွယ်ပုံ ပျော့လွန်းတယ်လို့လည်း ဝေဖန်သံတွေ ရှိလာပါတ ယ်။

ဝေဖန်မှု ၁ အတွက် ပြောချင်တာက ဒီမိုကရေစီ အသွင်ပြောင်းစ နိုင်ငံတစ်ခုမှာ ဒီမိုကရေစီဆိုတာ ဘာမှန်းရေရေရာရာမသိသေးတဲ့ ရိုးသားလှတဲ့ တောသူတောင်သားတွေကို ဒီမိုကရေစီနှင့် မညီညွတ် တာတွေ ပြောလို့မရနိုင်သေးဘူး။ ဘာပဲပြောပြောပါ။ သည်းခံတယ်ဆိုတာ အတိုင်းအတာရှိ တယ်။ မြန်မာပြည် က တောသူတောင်သား မပြောနဲ့။ ဒီမိုကရေစီဘိုးအေ အမေရိကန်လည်း ကိုယ်ခံရ ရင်တော့ ပြန်ဆော်တာပါပဲ။ 9/11 တိုက်ခိုက်ခံရပြီးမှာ အမေရိကန်တွေ ကုလားတွေ ကို ပြန်ဆော်လိုက်ကြတာ မှတ်မိဦးမှာပါ။

တကယ်တမ်း ဝေဖန်ကြကြေးဆို တောင်သူတောင်သား ရွာသားတွေ ဒီမိုကရေစီ စိတ်ဓာတ်မရှိတာကျ ဝေဖန်ထိုးနှက်ကြပြီး ရိုးသားတဲ့ တောသူ မိန်းကလေးတစ်ယောက်ကို မုဒိမ်းကျင့်ဖို့ ဝိုင်းဝန်းကြံစည်ကြတဲ့ ယုတ်မာပက်စက်အောက်တန်းကျလှတဲ့ ကုလားတွေရဲ့ အပြုအမူကိုတော့ အပြစ်မပြောကြတာ ဘာသဘောပါလဲ။ ဘာလို့ ရွာသားတွေဘက်က ဒီအပြုအမူကြောင့် ဖြစ်ရတယ်လို့ ထည့်စဉ်းစား မပေးတာပါလဲ။ ဒီလို မုဒိမ်းကျင့်ဖို့ ပြုမူတာဟာ ဒီမိုကရေစီဆန်တယ်လို့များ ထင်နေကြလို့လား။

နံပါတ် ၂ ဝေဖန်မှုနှင့် ပတ်သက်လို့ ပြောရရင် ကျွန်တော်လည်း ရဲတွေရဲ့ အဓိကရုဏ်း ထိန်းသိမ်းပုံတွေကို မကြိုက်ပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက ရဲတွေက ဒီလိုပဲ ဝေဖန်ခံနေရပါတယ်။ အကြောင်းက ရဲက ဖြေရှင်းတာ ပြင်းထန်ရင် လူ့အခွင့်အရေးချိုးဖောက်တယ်၊ ရဲ စံနှုန်းနှင့် မကိုက်ညီဘူး ဖြစ်လာပါတယ်။ မဖြေရှင်းပြန်ရင်လည်း ကိုင်တွယ်ပုံ ညံဖျင်းတယ် ဘာညာ ဝေဖန်မှုက မလွတ်ပါဘူး။

နောက်ပိုင်းမှာ ရဲတွေက တတ်နိုင်သမျှ ပျော့ပျော့ပျောင်းပျောင်း ကိုင်တွယ်တယ်လို့ ယူဆပါတယ်။ ရခိုင် အုန်းတောကြီး ကုလားအကြမ်းမှုမှာ ကုလားတွေရဲ့ တိုက်ခိုက်မှုတွေကိုတောင် သည်းခံပြီး ညင်ညင်သာသာကိုင် တွယ်တာကို တွေ့နိုင်ပါတယ်။ ထန်းကုန်းကိစ္စမှာ ကိုင်တွယ်ပုံ ပျော့ပျောင်း တယ်ဆိုတာလည်း ပြည်သူကို မထိခိုက်စေလိုသော ဆန္ဒပဲ ဖြစ်မှာပါ။

ဒါဟာ ဒီမိုကရေစီ လမ်းစဉ်နှင့်လည်း ညီညွတ်တာမို့လို့ ကျွန်တော်ကတော့ ဒီလို ကိုင်တွယ်ပုံ ပျော့ပျောင်း တာကို ထောက်ခံကြိုဆိုပါတယ်။

From:Myo Min Thant

www.mmdailystar.com

၉၆၉အား အကြမ်းဖက်ဟုပြောသော မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်နှင့် တွေ့ဆုံခြင်း

$
0
0

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မိတ္ထီလာမြို့၌ လူအုပ်စုဖြင့် အကြမ်းဖက် ခံခဲ့ရကြောင်း ပြောဆိုမှုနှင့် ပတ်သက်ပြီး မိတ္ထီလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်) အား RFA သတင်းဌာနက ဆက်သွယ်ပြီး မေးမြန်းခဲ့ကာ သြဂုတ် ၂၃ ရက်တွင် သတင်းထုတ်လွှင့် ခဲ့ပါသည်။ အဆိုပါ ထုတ်လွှင့်မှုတွင် ကင်တားနား၏ ပြောကြားချက်များ မှန်ကန်ကြောင်း ဦးဝင်းထိန်က ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ထိုသို့ ပြောဆိုခဲ့မှုနှင့် ပတ်သက်ပြီး အပြည့်အစုံ သိရှိနိုင်ရန် အတွက် Eleven Media Group က ဦးဝင်းထိန်ထံသို့ သြဂုတ်၂၄ ရက်က ဆက်သွယ်ပြီး မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး ။ မနေ့က လွှင့်ခဲ့တဲ့ RFA သတင်းမှာ မိထ္ထီလာကိစ္စမှာ ကွင်တားနား ပြောတာတွေ မှန်တယ်လို့ အန်ကယ် ပြောခဲ့ပါတယ်။ အဲတာ အမှန်ပဲလား ခင်ဗျ။

ဖြေ ။ ဟုတ်တယ်၊ ဟုတ်တယ်။

မေး ။ အန်ကယ်ပြောတဲ့ အထဲမှာ ၉၆၉ နဲ့ ဆက်နွှယ်တဲ့သူတွေ ပါတယ်လို့ ပြောပါတယ်။ ဘယ်လို အချက်အလက် တွေအရ အန်ကယ်သိတာပါလဲ။

ဖြေ ။ အဲဒီမှာ ကားကိုဝိုင်းတဲ့ ကောင်တွေက ကြားဖြတ် ရွေးကောက်ပွဲတုန်းက NLD က ပါတဲ့ ကောင်တွေ။ နောက်ပိုင်းမှာ သူတို့က ဟိုဟာ ဆန္ဒပြချင်၊ ဒီဟာ ဆန္ဒပြချင်နဲ့ ကျွန်တော်တို့က မပြဘူး။ မပြဘူးဆိုတော့ သူတို့က မကျေနပ်လို့ ထွက်သွားပြီးတော့ ရှစ်လေးလုံးလိုလို၊ ၉၆၉ လိုလိုနဲ့ နေရာတကာ ပါတဲ့ကောင်တွေ၊ လူတွေကို ကျွန်တော် ကိုယ်တိုင်သိတယ်။ ဒါကြောင့်မို့ ကျွန်တော် ပြောရဲတာပေါ့။

မေး ။ ဘယ်နှယောက်လောက်များ ပါပါ သလဲ။

ဖြေ ။ ခေါင်းဆောင်တာကတော့ လူလေးငါးခြောက်ယောက် လောက်ပေါ့။ အဖွဲ့ဝင်ကတော့ လူက တစ်ရာကျော်လောက် ရှိတယ်လို့ ပြောတယ်။ ဒီလိုလေ မိတ္ထီလာမြို့မှာ အရေးပေါ် အခြေအနေ ရုပ်လိုက်ပြီ။ ရုပ်လိုက်တော့ ၁၄၄ ကျန်နေတယ်။ ကျန်တော့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ကြားထဲမှာ ညမထွက်ရဘူး။ အဲဒီအချိန်မှာ ဌာနဆိုင်ရာက လူစုခွဲဖို့ပြောတာ တော်တော်များများတော့ ပြန်သွားတယ်။ ဒါပေမဲ့ အမာခံ အဲဒီကောင်တွေ ကျန်တာပေါ့။ ကျန်တော့ ကျန်တဲ့ကောင်တွေနဲ့ လုပ်ကြတာ။ ဓာတ်ပုံတွေ တွေ့မှာပေါ့။ ကင်တားနားကား လာတဲ့အခါ စုပြုံတိုးဝှေ့ပြီးတော့ စာပေးတာတို့၊ တီရှပ်ပေးတာတို့လုပ်ဖို့ ကန့်ကွက်စကားပြောဖို့ ဥစ္စာ။

မေး ။ ကျွန်တော်တို့ သိတာကတော့ ကင်တားနားကို စာပေးဖို့ လုပ်တဲ့အခါ ဒေသခံတွေ အများအပြား ပါတယ်လို့ သိရတယ်။ အန်ကယ် ဆိုလိုချင်တာက အဲဒီလူတွေ အားလုံး ၉၆၉ နဲ့ ဆက်နွှယ်နေတယ်လို့ ပြောတာလား။

ဖြေ ။ မိတ္ထီလာ ၉၆၉ တွေကို ပြောချင်တာဗျ။ မြို့တိုင်းမှာ ရုတ်ရုတ်ဆို အမြဲတမ်း ပါနေကျကောင်တွေ ရှိတယ်။ အဲဒီကောင်တွေ လုပ်တာ။ (သူတို့ ဘယ်သူတွေလဲဆိုတာ) Daily Eleven သတင်းစာမှာပါတဲ့ ဓာတ်ပုံမှာ ကြည့်တော့ သိရတာပဲ။

မေး ။ မိတ္ထီလာ ပဋိပက္ခ ဖြစ်တုန်းက အန်ကယ် ဦးဝင်းထိန်က မွတ်စလင်တွေ အသတ်ခံရတာပဲ ပြောတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးသောဘိသ အသတ်ခံရတာကိုကျတော့ မပြောဘူးလို့ ဝေဖန်တာတွေ ရှိပါတယ်။

ဖြေ ။ အဲတာက သတင်းစာတွေ အကုန် ကျွန်တော်ပြောတယ်။ ဦးသောဘိသ အသတ်ခံရတဲ့ အကြောင်း ပြောတယ်။ ဒါပေမဲ့ အဲဒီသတင်းစာတွေက မရေးဘူးဗျ။ ဂျာနယ်တွေက မရေးဘူးဗျ။ ကျွန်တော့်ကို Eleven ရော၊ 7Day ရော၊ Voice ရော အကုန်လာကြတာပဲ။ ပြောသားပဲ။ ရွှေဝယ်တဲ့ ဥစ္စာ ပြီးသွားတဲ့အခါ ဘုန်းကြီး အသတ်ခံရလို့ ပြဿနာတက်တယ် ဆိုတာ အဲဒီအကြောင်းကို ဘယ်သူမှ ထည့်မရေးဘူး။

မေး ။ နောက်တစ်ခုက မိတ္ထီလာပဋိပက္ခ ဖြစ်တဲ့အချိန်တုန်း မဟာဇေယျုံ ရပ်ကွက်မှာနေတဲ့ မွတ်စလင်တွေက ဗမာလည်ချောင်းသွေးနဲ့ ခြေဆေးမယ်ဆိုပြီး တစ်ညလုံး အော်နေတာတွေ ရှိတယ်လို့ သိရတယ်။ အဲဒီဟာကို အန်ကယ်ရော ကြားမိသလား။

ဖြေ ။ ကြားရတာပေါ့။ တစ်ယောက်တည်းက မဟုတ်ဘူး။ လေးငါးနေရာ လောက်ကနေ confirm လုပ်ပြီးမှ ကျွန်တော်ပြောတာ။ ကိုယ်တိုင်တော့ မကြားဘူး။ ကြားတဲ့ လူတွေက၊ ကျွန်တော်က အဲဒီအချိန်မှာ အိပ်နေပြီ။ ကျွန်တော့်ဆီကို မနက် ၇ နာရီခွဲလောက်မှာ ရောက်တာ။ ကြားတဲ့ ရပ်ကွက်ကလူတွေ မေးကြည့်တော့ သုံးလေးနေရာ မေးကြည့်ရင် confirm ဖြစ်တာပဲ။ ရပ်ကွက်ထဲမှာ NLD အဖွဲ့တွေ ရှိတာကိုး။

မေး ။ လောလောဆယ်မှာတော့ ကင်တားနား ပြောတာကို မှန်တယ်လို့ အန်ကယ်က လက်ခံထားတယ်ပေါ့။

ဖြေ ။ မှန်တယ်ဆိုတာက အကြမ်းဖက်တာတော့ မဟုတ်ဘူးလေ။ ကားကို လက်နဲ့ရိုက်တာတို့၊ ခြေထောက်နဲ့ ကန်တာတို့တော့ မှန်တယ်။ အဲတာကို ကောက်ချက်ချတာက ကင်တားနားက သူ့ကို အကြမ်းဖက်ဖို့ လုပ်တယ်ပေါ့။ ဒါကတော့ mob နဲ့ ဆက်ဆံဖူးတဲ့ အခါကျတော့ လူအုပ်စုနဲ့ ဆိုတာက ဖြစ်မှာပဲ။ ဘာမှမဆန်းဘူး။

မေး ။ ကင်တားနားကိစ္စ ဖြစ်တဲ့အချိန်မှာ အန်ကယ်က နေပြည်တော်မှာပဲလား။

ဖြေ ။ နေပြည်တော်မှာပေါ့။ ကျွန်တော့် NLD အဖွဲ့တွေ ရှိတယ်လေ။

မေး ။ အန်ကယ့်ဆီကို ဘယ်အချိန် သတင်းရောက်ပါသလဲ။

ဖြေ ။ အဲဒီနေ့ည ရောက်တာပေါ့။ ကျွန်တော်က ၁၂ နာရီ တစ်ချက်မှ အိပ်တာကိုး။



From: Eleven Media Group

www.mmdailystar.com

“စု”ချင်းတူသော်ငြား စုဖုရားလတ်ကိုသာ လေးစားသည်

$
0
0

ကုန်းဘောင်နောက်ဆုံးမင်းဆက်၌“ စုဖျက်လို့ ပြည်ပျက်ခဲ့ရသည်”ဟု ဆိုသူတို့ဆိုကြသည်။

သီပေါမင်းသားနှင့် စုဖုရားကြီး စုလျားရစ်ပတ်နေစဉ် ပလ္လင်ပေါ်ဇွတ်တက်၊ ယင်းနှစ်ယောက်ကြားဇွတ်ဝင်
ထိုင်ကာ ကြင်ယာလုခဲ့သော တဇွတ်ထိုးဆန်သည့် မိဖုရား။

“မိဖုရား”ဟူသောဝေါဟာရမှ “ဖ”အက္ခရာကို “ဘ”အက္ခရာနှင့်ပြောင်းရန် ဇွတ်တရွတ်လုပ်ဆောင်ကြိုးပမ်းခဲ့ဖူးသောမိဖုရား။

မောင်ဖေငယ်နဲ့ ဒိုင်းခင်ခင်အပေါ် အမျက်တော်ရှကာ ရက်စက်စွာသုတ်သင်ခဲ့သော
အငြိုးစောင်မာန်ကြီးသည့် ဓားထက်သူမိဖုရား။

“မောင်းကောင်းကို ထမီထုပ်နဲ့ ကျောက်ပျဉ်ပေးသနားစေ”ဟု သမိုင်းတွင်မည့် သမိုင်းဝင် စကားပြောကြားခဲ့သော ရာဇမာန်ခက်ထန်သည့် မိဖုရား။

သီပေါဘုရင်အား အစစချုပ်ကိုင်လွှမ်းမိုးလျက်ဘမျိုးဘိုးတူ သွေးဆ၊ူအမျက်ထွက်လွယ်သော ရတနာဂီရိအကျဉ်းစံ တစ်ပါးတည်းသောမိဖုရား…

ထိုမိဖုရားကြောင့် တိုင်းပြည်ပျက်ရသည်ဟု ဆိုသူတို့ကဆိုကြသည်။(ကျွန်တော်ကတော့
ထိုသို့မမြင်၊ဘုန်းတော်ဘွဲ့တွေကြား၊ နွားခြေရာကြား နေသည့်ဖားလို ယစ်မူးပျော်မွေ့လာခဲ့ကြသော ပဒေသရာဇ်စနစ်နှင့်ကိုလိုနီစနစ်ထိပ်တိုက်တိုးခြင်းသည် လက်သည်တရားခံဖြစ်၍ ခေတ်မီတပ်မတော်မရှိခြင်းသည်စစ်ရှုံးရခြင်း၏အဖြေဖြစ်သည်။)

တိုင်းပြည်ကျွန်ဖြစ်ရခြင်းသည် ထိုမိဖုရားကြောင့်တစ်စိတ်တစ်ဒေသပါဝင်သည်ထားဦး။
သူမ၏စိတ်ဓာတ်သည် မြန်မာ့သွေး၊မြန်မာ့မာန်တို့နှင့် ဟူးဟူးထန်လျက်ရှိသည်။သူမ၏
မခံချင်စိတ်၊တဇွတ်ထိုးညာဉ်၊တစောက်ကန်းလုပ်ရပ်များတွင်မျိုးချစ်စိတ်ဓာတ်တို့စိမ့်ဝင်
နေကြောင်း ထင်လင်းစွာတွေ့နိုင်သည်။

“စု”သည် ရာဇ၀င်ဘီးကိုတစ်ပတ်လှည့်လျက် မြန်မာ့ နိုင်ငံရေးအခင်းအကျင်းထက် တစ်ကျော့တက် လာပြန်ပေ သည်။မှန်ပေသည်။ သူမအမည်က ဒေါ်အောင်ဆန်းစုကြည်။

ဗိုလ်ချုပ်သမီး အရှိန်ဝါကြီးသည်။

နိုင်ငံခြားတိုင်းပြည်မှ ဘွဲ့ရ၊ပညာတတ်၊နိုဘယ်လ်ဆုအပါအ၀င် လူတစ်ယောက်အတွက် တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးအောင်သော ဂုဏ်ထူးဆောင်လက်မှတ်များစွာရှိသည်။

အနောက်နိုင်ငံများအပေါ် သြဇာညောင်းသလို ပြည်တွင်းတွင်လည်း လူထုကြည်ညိုခြင်းကို ရယူပိုင်ဆိုင်ထားသူဖြစ်သည်။ဗိုလ်ချုပ်သမီးဟူသော အချက်တစ်ချက်ထဲနှင့်ပင် ပြည်သူအပေါင်းက သူမ၏နောက်ခံအထ္ထုပတ္တိအကြာင်းကို ပြည်ဖုံးကားချလျက် သူမအပေါ်အစစအရာရာ လေးစား တန်ဖိုးထားခြင်းခံရသည်ကိုက အလိုအလျှောက်ပဒေသာပင်ပေါက်သူဟုဆိုနိုင်သည်။



သူမသည် ရှစ်လေးလုံးအရေးအခင်း၌ ဦးဝင်တင်၊ဦးသော်က၊ဦးတင်ဦးစသော ဆရာ့ဆရာကြီးများ၏ မြေတောင်မြှောက် မန်းမှုတ်ပေးမှုဖြင့် ဒုတိယညောင်ရမ်းကိုယ်တော်လေးအဖြစ် နိုင်ငံရေးလှေဦးထိပ်တွင် ပြည်သူအများ၏ ဒူးတုပ်ခစားခြင်းခံခဲ့ရသူဖြစ်သည်။

သူမသည် နုနယ်သောနိုင်ငံရေးသက်တမ်းတလျှောက်စစ်အစိုးရနှင့်ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ကွန်မြူနစ်အခြေခံ အာဏာမှန်သမျှ ဖီဆန်ရေးဝါဒကို လက်ကိုင်ပြုခဲ့သည်။အနောက်နိုင်ငံများနှင့် လက်ဝါးချင်းရိုက်ကာ စီးပွားရေးပိတ်ဆို့မှုများဖြင့် ကိုယ့်နိုင်ငံလည်ပင်းကို ကိုယ့်ကြိုးကွင်းနှင့်ကိုယ်ပြန်စွပ်စေခဲ့သည်။ယင်းအတွက်စုန်ချည်တစ်ခါ ဆန်ချည်တစ်လှည့်ဖြင့် နိုင်ငံရေးဝဲဂယက်ထဲ၌ တိုင်းခန်းလှည့်လည် မဲဆွယ်ခဲ့ရသော နန်းစံရက်စွဲများရှိခဲ့သလိုအကျယ်ချုပ်ကျသော အကျဉ်းစံရက်စွဲများဖြင့်လည်း မျောပါခဲ့ရသည်။

အလုံးဆုံသော လွတ်ငြိမ်းချမ်းသာမှုဖြင့် သူမလွတ်လပ်လာပြီး
ကြားဖြတ်ရွေးကောက်ပွဲ ၌ အောင်မြင်မှုရခဲ့သောအခါ သူမအပေါ်တွင်ထားရှိခဲ့ကြသော ပြည်သူလူထု၏ မျှော်လင့်ချက်မှာ ထူးကဲဒီရေထက် မြင့်တက်ခဲ့သည်။သူမသည် ကနဦးအတိုက်ခံလမ်းစဉ်အတိုင်း လွှတ်တော်တွင် ကတိသစ္စာတည်မည့်အရေး
ငြင်းခုံကန့်ကွက်ခဲ့သေးသည်။သို့ရာတွင် အားလုံးမျှော်လင့်ထားသည့်အတိုင်း လွှတ်တော်ကိုယ်စားလှယ်အမတ်အဖြစ်မှတ်တမ်းသစ်တင်ခဲ့သည်။
သူမသည် ပြည်သူ့အသံကို နားဆင်ပါ ပြည်သူ့အသံကို နားဆင်ပါဟူ၍ ကြိမ်းဖန်များစွာပြောကြား ခဲ့ဖူးသလို လူ့အခွင့်အရေးဟူသော စကားလုံးကို ရေလဲသုံးစွဲခဲ့သူဖြစ်သည်။သို့ရာတွင် ပြည်သူ့အသံကို အမှန်နားဆင်၍ ပြည်သူကို အမှန်တကယ်အလုပ်ကျွေးပြုခဲ့သည်လော စစ်ကြောစရာရှိနေပေသည်။

သမ္မတကြီးက မတူသည်များကို ခဏဘေးဖယ်ထား၍ တူညီသည်များကို အတူတကွ ပူးတွဲဆောင်ရွက်ရန် လောဆော်သည်။ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တရစပ်လုပ်ဆောင်သည်။နောက်ပြန်ဆွဲ၊လက်တွဲမရသူများကို လက်တွဲဖြုတ်ချ ပြခဲ့သည်။နိုင်ငံတကာ၌မျက်နှာအောက်ကျခံကာ နိုင်ငံတွင်တင်ရှိသည့် ပြည်ပကြွေးမြီများပေးလျှော်ရေး၊စီးပွားရေးပိတ်ဆို့မှုများ အမြန်ဆုံးရုတ်သိမ်းပေးရေး အလေးထားတောင်းဆိုတိုက်တွန်းခဲ့သည်။ အနောက်နိုင်ငံများက သမ္မတကြီးဦးဆောင်သည့် အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုကာ စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ရုတ်သိမ်းပေးရန် ချီတုံချတုံဖြစ်နေချိန် သူမက “သိပ်မယုံကြပါနဲ့ဦး”ဟုဆိုခဲ့သည်။

စီးပွားရေးပိတ်ဆို့မှုဒဏ်ကိုကျောကော့အောင်ခံခဲ့ရသော၊သူမအပေါ် ယုံကြည်ကိုးစား မျှော်လင့်ချက်များစွာထားခဲ့သော ပြည်သူများအတွက် လွှတ်တော်အမတ်မင်း၏ ဒုတိယမြောက် လက်ဆောင်ပင်ဖြစ်သည်။ ပထမလက်ဆောင်မှာ “ကျွန်မတို့ အာဏာမရသမျှ စစ်အစိုးရကို စီးပွားရေးပိတ်ဆို့ထားကြပါ”ဟူသည့် သမိုင်းဝင်စကားလက်ဆောင်ဖြစ်သည်။

တကယ့်တကယ် စီးပွားရေးပိတ်ဆို့မှုဒဏ်ကိုအလူးအလဲခံရသည်က ပြည်သူများသာဖြစ်သည်ကို သူမ မသိရှိလေသလော။
သိသိချည်းနှင့် မစားရအမဲသဲပက်လေသည်လော မပြောတတ်။ ကျွန်တော် အမြင်ကတ်ခဲ့သည်။

နောက်တစ်ချက်မှာသူမလွှတ်တော်တွင်းမရောက်မီကာလက ၀န်ထမ်းများလစာငွေ တိုးမြှင့်ပေးရေးကိစ္စဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်နီးကပ်စဉ်အတွင်းက နိုင်ငံဝန်ထမ်းများ မလောက်မင၊မတောက်မပနှင့်နေခဲ့ရသည့် ဘ၀များကိုတိုးမြှင့်ပေးရန်
ကောဠာဟလများ ပွက်လောညံနေချိန်၊“ဒီလိုအချိန်မျိုးနဲ့တိုက်ပြီး ၀န်ထမ်းတွေလစာတိုးပေးမယ်ဆိုတာ မဖြစ်သင့်တာပဲ”ဆိုခဲ့သည်။အကယ်၍ ထိုအချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် လစာငွေတိုးမြှင့်ပေးခဲ့၍ ၀န်ထမ်းများ ၀မ်းခါးလှလှ နေရ၀တ်ရသည်ဆိုပါက (ပရဟိတ၊ဘွဲထူးနဂ္ဃမ ပိုင်ဆိုင်ထားသော) သူမ ကျေနပ်ဝမ်းသာ မုဒိတာပွားရမည်သာ ဖြစ်သည်။လွှတ်တော်အမတ် တစ်နေရာနှင့်တစ်နိုင်ငံလုံးရှိ ၀န်ထမ်းကုဋေကုဋာဝမ်းစာ၊ သူမချိန်စက်မလဲနိုင်ပါ ဆိုသည်ကို ပြဆိုနေသည့် စကားရပ်။ကျွန်တော်အမြင်ကတ်ခဲ့သည်။

ဒီကြားထဲ“ မြန်ကို မြန်မာလို့မခေါ်နိုင် ဘားမားလို့ပဲခေါ်နိုင်မည်” ၊“ကုလားကို ကုလားလို့
ခေါ်တာ ရိုင်းတာ” ၊“လူတွေသာ ကျွန်မခွေးလေးလောက်ရိုးသားကြရင်” စသော ကဏ္ဋကောဇ၊ ၀ိဝါဒဖြစ်စေမည့် စကားများကို ဆိုခဲ့သည်။ တချို့သော အနောက်တိုင်းအလိုကျ သူမ ဘယ်လိုဆိုဆို အမေရိကန် သမ္မတ အိုဘားမားပင် မြန်မာကို မြန်မာလို့ဆိုခဲ့သည်။လူတွေကို ခွေးနှင့်နှိုင်း၍ ပြည်သူတော်တော်များများ ဒေါပွခဲ့ကြသည်။ မြန်မာပြည်သူတွေ ပါးစပ်ဖျားမှာ ကုလားဟာ ကုလားသာဖြစ်သည်။

ပြန်ကောက်ရလျှင် လွှတ်တော်တွင် သူမပီပီပြင်ပြင် လုပ်ဆောင်ခဲ့မှု၊ပြည်သူ့အသံကို နားဆင်၍ ပြည်သူလိုအပ်ချက်မျာကို ထိထိမိမိတင်ပြနိုင်မှုမရှိခဲ့ပေ။
ဗောင်းတော်ညိတ်၊စိတ်တော်ကျ အရည်ချင်းမရှိသော လူတစ်ချို့၏ ၀န်းရံခစား ဖော်လံဖားမှုတွေကြားမှာ ယစ်မူးနေသလား ထင်မှတ်မှားခဲ့ရသည်။

သူမ၏ အဆိုးဝါးဆုံးအားနည်း၂ချက်မှာ ကြားဖြတ်ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးချိန်တွင်းပေါ်ပေါက်ခဲ့သည့် မြန်မာဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု ကိစ္စတွင် နိုင်ငံရပ်ခြားတိုင်းတစ်ပါးအပေါ်တွင် သြဇာညောင်းသည်ဆိုသော ဂုဏ်အရှိန်ဝါအရပ်ရပ်နှင့်မျိုးချစ်စိတ်ဓာတ်ကို တစ်ခွန်းတပဒမျှ ဖွင့်ဟခဲ့မှုမရှိခြင်းနှင့်ရခိုင်အရေးကိစ္စတွင် ဘင်္ဂလီဘက်ကမသိမသာရပ်တည်ကာ ကိုယ့်အမျိုးသားနှင့် ကိုယ့်တိုင်းရင်းသားအရေး နှာစေးနေခဲ့ခြင်းဖြစ်သည်။

လတ်တလောကာလတွင် ထို့ထက်ပို၍ အဆင်ခြင်မဲ့စွာ ပြုမူလုပ်ဆောင်နေသည့်
အကြောင်းအချက်များမှာ တစ်နိုင်လုံး သွေးဆူနေချိန်တွင် လူနည်းစုဘက်က ရပ်တည်ရမည်ဆိုသောစကားနှင့် ပဋိပက္ခဖြစ်ပွားရာ အရပ်များရှိ မွတ်ဆလင်ဗလီများ ပြန်လည်ဆောက်လုပ်ရန် ကျပ်ငွေသိန်း၂၀၀ကို သူမကလှူဒါန်းမည်ဟူသော အချက်များပင်ဖြစ်သည်။ထိုပြုမူပြောဆိုမှုများသည် သူမအပေါ်ယုံကြည်ကိုးစား တန်ဖိုးထားခဲ့ကြသည့် တိုင်းရင်းသားပြည်သူများ၏ ရင်ဝတည့်တည့်ကို ဓားစိုက်ထည့်ခဲ့သလို သူမအပေါ်ထားသည့် မျှော်လင့်ချက်များ သဲထဲရေသွန်ဖြစ်သွားခဲ့ရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားအချင်းချင်း နှိမ့်ချဆက်ဆံမှုမရှိပါ။ဘာသာအယူဝါဒအချင်းချင်း ကြီးနိုင်ငယ်ညှင်းမရှိပါ။ဤသည်ကို ဆူးလေဘုရားတ၀ိုက်က သက်သေအထင်ကရ ပြနေပါသည်။ပဋိပက္ခ ဖြစ်ပွားခဲ့ရမှုများတွင် တစ်ဘက်အမှားသာ မဟုတ်ပါ။

နောက်ကွယ်မှ စနစ်တကျ ကြိုးကိုင်ဆောင်ရွက်နေကြသည့် ပြည်တွင်း/ပြည်ပ အဖွဲ့စည်းများနှင့် ငွေကြေးထောက်ပံ့မှုများစွာရှိနေပါသည်။ကျားလို ၀ါးမြိုရန်အခွင့်ကောင်း ချောင်းသူများ ရှိနေပါသည်။လူမြို၍ လူမျိုးဖြုတ်ရန် တိုးလုပ်မှုများရှိနေပါသည်။ရခိုင်ပြည်နယ် မောင်းတောတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ၆.၅၉%ရှိ၍ အစ္စလာမ်ကိုးကွယ်သူ၉၂.၆၃%ရှိပါသည်။ဘူးသီးတောင်တွင်
ဗုဒ္ဓဘာသာကိုးကွယ်သူ ၁၇.၂၆%ရှိ၍ အစ္စလာမ်ကိုးကွယ်သူ ၈၁.၁၀%ရှိနေပါသည်။
ပဋိပက္ခ စတင်ဖြစ်ပွားရာ ထိုဒေသများတွင် ကိုးကွယ်သူအချိုးနှင့် နေထိုင်သူအချိုး ချင့်တွက်နိုင်ပါသည်။ထို အချိုးအရ အစ္စလာမ်ဘင်္ဂလီများသည် လူနည်းစုဖြစ်ပါသလော။အစ္စလာမ်ဘင်္ဂလီတို့သည် တရားဝင်နေထိုင်သူ တိုင်းရင်းသားများဖြစ်နိုင်ပါ၏လော စစ်ကြောနိုင်ပေသည်။

ထိုကိစ္စများကို မသိကျိုးကျွံပြု၍ ဒေါ်စုဤသို့ လုပ်ဆောင်နေသည်မှာ အဘယ့်ကြောင့်နည်း။နောက်ကွယ်က မဖော်ပြနိုင်သော အကြောင်းတရားများကြောင့်လော။ဆင်ခြင်တုံတရား နည်းပါး၍လောမပြောတတ်။
ကျွန်တော် လွန်စွာ အမြင်ကတ်ပါဘိ။

သူမ “သမ္မတဖြစ်ချင်သည်”ဟူသောစကားကိုလည်း မည်သို့မျှမခံစားရ၊ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဇွတ်အတင်း နှပ်ကြောင်းပေးနေသည်ကိုလည်း ကျွန်တော်စိတ်မ၀င်စား။


အထက်ပါ တင်ပြပါ အချက်အလက်များကြောင့်သာ “စုချင်းတူပေမယ့် မျိုးချစ်စိတ်ပြင်းပြခက်ထန်၍ တဇွတ်ထိုးဆန်သော ဒေါသူပုန်မိဖုရား စုဖုရားကိုသာ ကျွန်တော်လေးစားသည်။

(ကျွန်တော့်အမြင်သာ ဖြစ်ပါသည်။)

From: Aung Zay

www.mmdailystar.com

ပခုက္ကူမှာ ပြန့်နေတဲ့ NLD အကြောင်း လက်ကမ်းစာစောင်

$
0
0


ဗျို့
ME မကွေးတိုင်းဒေသကြီး ပခုက္ကူမှာမနေ့က““ဒေါ်အောင်ဆန်းစုကြည် nld နှင့် ကျွန်ုပ်တို့၏အနာဂတ်များ””
ခေါင်းစဉ်နဲ့ လက်ကမ်းစာစောင်တွေကို သံဃာတော်တွေနဲ့လူငယ်တစ်ချို့က လိုက်လံဖြန့်ဝေနေတဲ့သတင်း ရြ့ပီးပြီလား။ကျွန်တော့်ဆီမှာ အေဖိုးဆိုဒ်သုံးရွက် လက်ခံရရှိထားတယ်ဗျ။

အကျဉ်းချုပ်လေး နည်းနည်းပြောပြမယ်ဗျာ။စာစောင်မှာဖော်ပြထားတာက-““ ဒေါ်စု သမ္မတဖြစ်ချင်တယ်လို့ ပြောတဲ့အခါ အများနည်းတူသံဃာတွေကလည်း လိုလားထောက်ခံခဲ့ကြောင်း၊
ဒေါ်စုနဲ့ nld အပေါ် သံဃာတွေဘယ်လောက်ထောက်ခံခဲ့တယ်ဆိုတာကိုရွှေဝါရောင်တော်လှန်ရေးမှာ
သံဃာတော်တွေ အသက်စတေးခဲ့ရတာ သာဓကဖြစ်ကြောင်း၊ခုချိန်မှာတော့ဒေါ်စု ဦးဆောင်တဲ့ nld နဲ့ သံဃာတွေဟာပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေရကြောင်း၊ဒါဟာ ဒေါ်စုကြောင့်ဖြစ်ကြောင်း၊
ဆရာတော် ဦးဝီရသူက တရားပွဲမှာ ခွပ်ဒေါင်းကနေ မွတ်ဒေါင်းဖြစ်သွားပြီလို့ ဟောလိုက်တဲ့အခါ
အစ္စာလမ်နဲ့မူဆလင်တွေ လွှမ်းမိုးနေတဲ့မိမိပါတီကို မပြုပြင်ဘဲ ဦးဝီရသူကိုသာမက
သံဃာထုကိုပါ ရန်သူကြီးသဖွယ်nld ပါတီဝင်တွေက တိုက်ခိုက်ကြကြောင်း၊
မှော်ဘီသံဃာ့အစည်းအဝေးမှာ ဦးဝီရသူတင်သွင်းတဲ့အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြိး
အမျိုးသမီးထုရဲ့ထင်မြင်ယူဆချက်ကိုမီဒီယာတွေက မေးမြန်းတဲ့အခါဒေါ်ဇီးကွက်၊ ဒေါ်ဇင်မာအောင်နဲ့ ဒေါ်စု တို့ကလူ့အခွင့်အရေးချိုးဖောက်မှုလို့တညီတညွတ်တည်း ကန့်ကွက်ခဲ့မှု၊nld က ခွန်ဒီးယက် ခေါ် မေဇင်အေးရဲ့ဗုဒ္ဒဘာသာအပေါ် တိုက်ခိုက်မှုတွေကြောင့်တိုက်ပွဲအရှိန် ပိုမြင့်တက်လာခဲ့ကြောင်း။ဒေါ်စုအနေနဲ့ အခုထိသံဃာတော်တွေနဲ့ ဗုဒ္ဒဘာသာဝင်တွေအပေါ်
အကာအကွယ်ပေးတဲ့စကား လုံးဝမပြောပဲမူဆလင်နဲ့ အစ္စလာမ်ကိုသာ အကာအကွယ်ပေးနေကြောင်း၊
Time မဂ္ဂဇင်းမှာ ဖော်ပြတဲ့ The Face Of Buddhist Terrorဆောင်းပါးနဲ့ပတ်သက်ပြီး သမ္မတရုံး အပါအ၀င်
မြန်မာမီဒီယာများက မဂ္ဂဇင်းကို ကန့်ကွက်ချိန်မှာဒေါ်စုအနေနဲ့ ဗုဒ္ဒဘာသာဘက်က
ကာကွယ်ပေးဖို့ပျက်ကွက်ရုံမက သူ့ပါတီဝင်တွေကပါ Time မဂ္ဂဇင်းကိုကန့်ကွက်တဲ့Campain ကိုတောင် ရှုတ်ချခဲ့ကြကြောင်း၊ဒါ့အပြင်ဒေါ်စုနဲ့ OIC ဆက်သွယ်မှုရှိပြီးOIC ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့်ကို
သမ္မတဦးသိန်းစိန် လက်ထက်မှာ မရပေမယ့်2015 မှာ ဒေါ်စု က ကျိန်းသေပေါက် ခွင့်ပြုပေးမှာဖြစ်ကြောင်း၊
OIC ဟာ ဘင်္ဂါလီနဲ့ အစ္စလာမ်အကျိုးစီးပွားသက်သက်သာ ဖြစ်ပြီး မြန်မာလူမျိုးတွေအတွက်
လုံးဝမဟုတ်ကြောင်း၊1982 ခုနှစ် နိုင်ငံသားဥပဒေကို ပြင်မယ်ဆိုတာကလည်းဘင်္ဂါလီတွေ၊ အစ္စလာမ်တွေအတွက်သာဖြစ်ကြောင်း၊အမျိုးဘာသာသာသနာအကျိုးစီးပွားအာမခံချက်မပေးနိုင်ရင်
နိုဘယ်ဆုတွေဘယ်လောက်ရရဒေါ်စု သမ္မတ မဖြစ်သင့်ကြောင်း၊အစ္စလာမ်လွှမ်းမိုးမယ့် ဒီမိုကရေစီနိုင်ငံအစားဗုဒ္ဒဘာသာလွှမ်းမိုးတဲ့ အာဏာရှင်နိုင်ငံကိုပဲပြန်သွားမယ်လို့တောင်
 ပြောဆိုနေကြကြောင်း၊ပြည်သူတွေက တိုက်ရိုက်ရွေးချယ်ခွင့်ရှိတာမို့အရွေးမမှားဖို့ လိုကြောင်း၊
အရွေးမှားရင် ပြည်သူတွေသာမကပြည်သူတွေကိုးကွယ်တဲ့ ရဟန်းသံဃာတွေပါ
ဒီဆိုးကျိုးကို ခံစားရမှာဖြစ်ကြောင်း၊အမျိုးဘာသာသာသနာအကျိုးစီးပွားကိုအာမခံနိုင်မယ့် ခေါင်းဆောင်(သမ္မတ)ကို
ရွေးချယ်ပေးကြဖို့ တိုက်တွန်းလိုကြောင်း””
ဖော်ပြထားပါတယ်ခင်ဗျ။

အောက်နားမှာပါတော့2015 မှာ ဒေါ်စု သမ္မတဖြစ်လို့ OIC ရုံးခွဲခွင့်ပြုတာနဲ့နောက်ဆက်တွဲ
ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ၊မျိုးစောင့်ဥပဒေနဲ့ပတ်သက်တဲ့ အချက်အလက်များဖော်ပြထားပါတယ်။

( လုလင်- ပြောသည် )
မှတ်ချက်။ လိုအပ်သလို အသုံးပြုနိုင်ပါတယ်
 
From:MEG

www.mmdailystar.com

NLD လားရာ

$
0
0

NLD ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ အလွန် သူမအနိုင်ရရှိပါက သမ္မတလုပ်ချင်ကြောင်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမ သမ္မတလုပ်ချင်ကြောင်း တရားဝင်ဖွင့်ဟပြောဆိုလာခြင်းဟာ သူမပြောသလို ရိုးရိုးသားသား ပွင့်ပွင့် လင်းလင်းရှိလို့ ပြောဆိုလိုက်တာ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့်ဆိုရယင် လက်ရှိအစိုးရ ပြည်ခိုင်ဖြိုးပါတီ တပ်မတော်ကို စိန်ခေါ်လိုက်ခြင်းပဲဖြစ်တယ်လို့ယူဆရပါတယ်။ သူမအနေနဲ့ ၂၀၁၅ အလွန်မှာ သမ္မတ ဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်ချက်တွေခိုင်မာနေလို့ သတ္တိရှိရှိစိန်ခေါ်လိုက်တယ်လို့ ယူဆရပါတယ်။

သူမ အနေနဲ့ သမ္မတဖြစ်နိုင်လောက်တဲ့ အရည်အချင်းတွေရှိပါတယ်။ သူမကို ထောက်ခံမဲ့ပြည်သူတွေလဲ ရှိတယ်။ သမ္မတဖြစ်စေနိုင်မဲ့ လူသိမခံလိုတဲ့အစီအမံတွေကိုလည်း ချမှတ်ပြင်ဆင်ထားပြီးဖြစ်နေတဲ့အတွက် ယခုလို ထုတ်ဖော်ပြောဆိုရခြင်း ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၁၉၉၀   ရွေးကောက် ပွဲတုန်းကလည်း တစ်ခါခံခဲ့ရဖူးတော့ ယခုရွေးကောက်ပွဲ မှာတော့ သေချာပြင် ဆင်ထား မှာ ကတော့ အသေအချာပါပဲ။

 ၂၀၁၅ ရွေးကောက်ပွဲအလွန် အနိုင်ရခဲ့လို့ သမ္မတ မဖြစ်ခဲ့သော် မုန်ယိုနေသော ဆင်တစ်ကောင်လို ကြမ်းကြမ်း တမ်းတမ်း တုံ့ပြန်ဆောင်ရွက်သွားမဲ့ပုံပါပဲ။ တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည် ဆိုသလိုပဲ ယခု တစ်ကြိမ် မှာတော့ ငြိမ်ခံနေမှာမဟုတ်တော့ဘူးဆိုတာ အသေအချာပါပဲ။ သူမ အနေနဲ့တော့ သေချာတဲ့ အစီ အမံတွေတော့ ဆောင်ရွက်ထားပြီး ဖြစ်ပါလိမ့်မယ်။ NLD ပါတီအနေနဲ့ ၁၉၉၀   ပြည့်နှစ်   ရွေးကောက် ပွဲမတိုင်မီ စဖွဲ့စည်းစဉ်ကတည်းက NLD မှာ စစ်ဗိုလ်လူထွက်တွေနဲ့ ဖွဲ့စည်းထားတာပါ။ အခုလည်း   ဒေါ်စုကြည်အနေနဲ့ စစ်ဗိုလ်လူထွက်တွေကိုပဲ ၀ှက်ဖဲအဖြစ် စည်းရုံးထားဦးမှာပဲလို့ မျှော်လင့်ရ ပါတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးနဲ့ စီမံရေးအတွေ့အကြုံမှာ စစ်ဗိုလ်လူထွက်တွေ ကပဲ ဆောင်ရွက်နိုင် လို့ ဖြစ်ပါတယ်။ စစ်ဗိုလ်လူထွက်တွေရဲ့ အားကိုယူပြီး တိုင်းပြည်ရဲ့ အမာခံဖြစ်တဲ့ တပ်မတော်ကို ဖြိုခွဲဖျက်ဆီးဖို့ ကြံဆောင်လာမှာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကိုရောက်အောင် လုပ်လာနိုင် ရင်တော့ ဒေါ်စုကြည်အနေနဲ့ သမ္မတလုပ်ဖို့၊ အပေးအယူလုပ်ဖို့ လွယ်မယ်ထင်ထားခဲ့လို့ပဲ ဖြစ်နိုင်ပါတယ်။ သမ္မတ မဖြစ်လာခဲ့သည်ရှိသော် မြန်မာပြည်သူ ပြည်သားများ၏ အကျိုးစီးပွားကိုမကြည့်ဘဲ သူမ သမ္မတမဖြစ်သည့် နာကျည်းချက်များဖြင့် မြန်မာပြည် အလုံးစုံပျက်စီးရေးကို ဦးတည်ဆောင်ရွက် လာနိုင်ကြောင်း NLD ၏ လားရာအား သုံးသပ် ရေးသားလိုက်ရပါတယ်။
From:We Love True

www.mmdailystar.com

Facebook ပေါ်က ကျောင်းသားများကို မြှူဆွယ်သည့် ဆရာမအား ဖမ်းဆီး

$
0
0





နာမည်ကျော် လူမှုကွန်ရက် တစ်ခုဖြစ်သည့် Facebook ကွန်ရက်ပေါ်က တစ်ဆင့် ကျောင်းသား များအား လိင်ကိစ္စ မြှူဆွယ်သော ဆရာမ တစ်ဦးကို တာဝန်ရှိသူများက ဖမ်းဆီးလိုက်ကြောင်း USA Today သတင်းတွင် ဖော်ပြ ထားသည်။

ဖလော်ရီဒါ တောင်ပိုင်း အထက်တန်းကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် အသက် ၃၁ နှစ် အရွယ်ရှိ စတီဗီဂလပ်စ်ပူး ဆိုသူသည် ဖလော်ရီဒါ ဘိုကာရေတန်ရှိ မိမိ နေအိမ်တွင် ကျောင်းသားများ မိမိနှင့်အတူ လာရောက် အိပ်စက်ရန် Facebook ပေါ်ကတစ်ဆင့် ဖိတ်ခေါ်ခဲ့သည့်အပြင် မိမိထံတွင် ဆေးခြောက်များကိုလည်း သုံးစွဲနိုင်ကြောင်း ရေးသားထားသဖြင့် ထိုသို့ ဖမ်းဆီး အရေးယူရခြင်း ဖြစ်ကြောင်း ဘရိုးဝပ် ရဲစခန်း တာဝန်ခံ အရာရှိက ပြောကြား သည်။

Facebook ပေါ်ရှိ သူမ၏ စာမျက်နှာပေါ်တွင် ဆရာမက အသက် ၁၅ နှစ်မှ ၁၇ နှစ် အတွင်းဖြစ်ရမည် ဟူသော ရေးသားထားချက်များကို တွေ့ရပြီး ရဲစခန်းက လာရောက် ထိန်းသိမ်းလိုက်ရခြင်း ဖြစ်သည်ဟု ရဲအရာရှိက ဆိုသည်။

သူမသည် ကလေးသူငယ်များကို ပြည့်တာဆာဆန်ဆန် မြှူဆွယ်မှုဖြင့် လည်းကောင်း၊ လိင်ကိစ္စ မြှူဆွယ်လိုစိတ်ဖြင့် ကွန်ပျူတာ အင်တာနက်ကို သုံးစွဲသည့်အတွက် လည်းကောင်း လက်ရှိဒေါ်လာ ၂၅,၀၀၀ အာမခံဖြင့် နေထိုင်ရမည် ဖြစ်သည်။

အသက် ၁၇ နှစ်အရွယ် ကျောင်းသား တစ်ယောက်က မိမိထံ ဆရာမက ပို့လိုက်သော လိင်အသားပေး အရေးအသားများကို မိဘများထံ သွားရောက် ပြသလိုက်ပြီး မိဘများက တစ်ဆင့် အာဏာပိုင်များထံ ဆက်လက် တိုင်ကြားရာမှ ယခုကဲ့သို့ ကျော်မကောင်း ကြားမကောင်း သတင်းများ ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် ကျောင်းသား တစ်ယောက်ထံသို့လည်း “မင်းငါ့ကို ပြန်ချစ်ဖို့ မမျှော်လင့်ပါဘူး။ ဒီလို ပြန်မချစ် လို့လည်း မင်းကို ရိုက်မှာ မဟုတ်ပါဘူး၊ စိတ်လည်း မဆိုးပါဘူး” ဟု ရေးသားထားသည့် စာများကိုပါ Facebook ကတစ်ဆင့် ပေးပို့ထားသည့် အထောက်အထားများ ရရှိခဲ့ကြသည်။

ဂလပ်စ်ပူးသည် မားဗရစ် အထက်တန်းကျောင်းက ဆရာမတစ်ဦး ဖြစ်ခဲ့ပြီး၊ လွန်ခဲ့သည့် မေလ ကတည်းက အလုပ်မှ အထုတ်ခံထားရသူ ဖြစ်သည်။ ယခုလက်ရှိ သူမသည် ဟောလီးဝုဒ် ဝိဇ္ဇာသိပ္ပံ အကယ်ဒမီ ကျောင်းတွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ယခုကိစ္စကို ကျောင်းဖွင့် သည့် စာသင်နှစ်အစ ကျောင်းလေးရက်သာ တက်ရသေးချိန်တွင် ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းက သတင်း ထုတ်ပြန်သည်။
 
From: the voice

www.mmdailystar.com

ဘယ်ရောက် နေကြသလဲ ၈၈

$
0
0
ခေတ်မှီဖွံ့ ဖြိုးတိုက်တက်သော ဒီမိုကရေစီနိုင်ငံတစ်ခု တည်ထောင်ရာတွင်
တစ်ဦးတစ်ယောက်ချင်းမှသည် အဖွဲ့  အစည်းအသီးသီး နှင့်အစိုးရအနေဖြင့်
တစ်တပ်တစ်အား ကြိုးစားနေကြသည်။မည်သည့်အရာ၊မည်သည့်ကိစ္စမဆို
အစိုးရကိုချည်း လက်ညှိုးထိုး၍မရနိုင်ပါ။ ထိုသို့ ပြောဆိုခြင်းကြောင့် အစိုးရ
ဘက်မှ ဘက်လိုက်ပြောဆိုခြင်းလဲမဟုတ်ပါ။ မည်သည့်အဖွဲ့ အစည်းမဆို
အားနဲချက်ကတော့ရှိစမြဲပါပဲ။အစိုးရအနေဖြင့်လည်းထိုအားနဲချက်များကို ပြုပြင်နေသည်မှာလဲထင်သာမြင်သာ ရှိလှပါသည်။



ထိုကဲ့သို့ ရှေ့ကသွားနေသလောက် နောက်မှနေပြီးအိပဲ့အိပဲ့ဖြင့် နောက်ကြောင်း
ပြန်လှည့်ချင်သောအဖွဲ့ အစည်းများလဲရှိကြသည်။မည်သည့်အဖွဲ့ လဲဟုဆိုလာ
လျှင်ကား နိုင်ငံကျော်၈၈မျိုးဆက်ကျောင်းသားဆိုသောအဖွဲ့ကိုဖော်ညွှန်းရမည်
ဖြစ်သည်။ ဒီမိုကရေစီဟုသာပါးစပ်မှတွင်တွင်အော်ဟစ်နေကာဒီမိုကရေစီစနစ်
ကိုနားမလည်သော်ငြားလဲ၎င်းတို့နားလည်သောထောက်ပံ့ကြေးယူဒီမိုကရေစီ
စနစ်ဖြင့် အာဝဇွန်းကောင်းကောင်းဖြင့် လုပ်စားနေကြသည်မှာလဲအားလုံးအသိပင်။
ယခုအချိန်အထိထောင်မှ လွတ်လာသော်လဲ မည်သည့်နေရာတွင်မှ ကောင်းမွန်
သောလုပ်ဆောင်ချက်များကိုပြသနိုင်သေးသည်မဟုတ်သည့်အတွက်တဖြည်းဖြည်း
နှင့်ပြည်သူလူထု၊ပြည်တွင်းပြည်ပအဖွဲ့ အစည်းများနှင့်၎င်းတို့ ကိုအားကိုးကြသော
နိုင်ငံခြားမီဒီယာများ စသည်တို့ ၏ငြိုငြင်မှုများကို ခံနေကြရပြီဖြစ်သည်။

မနေတစ်နေ့ကမှငွေရတုပွဲဆိုကာစည်စည်ကားကားကျင်းပပြီးမြန်မာနိုင်ငံအနှံ့ အပြား
ရေကြီး၊ ရေလျှံမှုများဖြစ်နေသည်ကို ၈၈မျိုးဆက်ကျောင်းသားများသွားရောက်ခြင်း၊
 ကူညီခြင်းများကိုယခုအချိန်ထိမတွေရသေးပေ။၈၈မျိုးဆက်ကျောင်းသားများ
ငွေရတုပွဲကျင်းပတဲ့ ထောက်ပံ့ကြေးတွေ၊ အလှူငွေတွေကဘယ်မှာသွားစုထားကြ
သလဲ။



မိမိတို့ အတွက်ပဲ စုဆောင်းထားကြတာလားဆိုတာစဉ်းစားစရာ။ပြည်သူတွေ
ဒုက္ခရောက်နေတဲ့ အချိန်မှာ တစ်ယောက်မျှ ပေါ်လာသည်ကိုမတွေ့ ရ။ငွေရတုပွဲပြီး
ကတည်းက ပွဲကိုက်နေသလားဟုပင် ယူဆရတော့မည်ကူညီနေသူများကိုတွေ့ရ
သလောက်ကတော့ပြင်ပအဖွဲ့ အစည်းများ၊၀န်ထမ်းများ၊တပ်မတော်သားများ...
သူတို့ တွေပဲကူညီနေကြသည်ကိုတွေ့ နေရပါသည်။


ဟိုးအရင်က၈၈မျိုးဆက်များကိုအားကျအထင်ကြီးခဲ့သလောက်ယခုအချိန်တွင်မှ
တိုင်းပြည်အတွက် သုံးမရကြောင်းသိလာရသည်။ ယခင်က အမြင်မကြည်လင်ခဲ့
ရသော တပ်မတော်သားများ၊ ၀န်ထမ်းများမှာ မိုးရွာရွာနေပူပူတစ်ခုခုဖြစ်ပြီဆိုတာ
နဲ့ အားသွန်ခွန်စိုက် စေတနာအပြည့်ဖြင့်လုပ်ဆောင်နေကြသည်ကိုတွေ့နေရသည့်
အတွက် စိတ်မကောင်းလဲဖြစ်မိပါသည်။






သူတို့ တွေအတွက်လစာဆိုတာကလွဲပြီးဘယ်ကထောက်ပံ့ကြေးရသလဲ။
ဘာမှမလုပ်ဘဲစားသောက်နေရသလားဆိုတာပါပဲ။စေတနာကိုအရင်းခံပြီး
ပြည်သူအတွက်၊တိုင်းပြည်အတွက်ဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။




နောက်ပြီး၈၈မျိုးဆက်များကိုပြောချင်တာကတော့ဘင်္ဂါလီများကို ထောက်ခံနေတဲ့
မြအေးတို့ သားအဖနှင့်ပေါင်းပြီး ဘင်္ဂလီကိစ္စကိုနှုတ်ဆိတ်နေကြဆဲပဲဖြစ်ပါတယ်။
၈၈မျိုးဆက်များအနေဖြင့်မိမိတို့ ကိုယ်မိမိပြန်လည်သုံးသပ်ကြည့်ပါ။တိုင်းပြည်နဲ့ 
လူမျိုးကိုခုတုံးလုပ်စားနေတဲ့ မိမိတို့ အဆင့်အတန်းဘယ်လောက်ရောက်နေပြီလဲ
ဆိုတာပါပဲ။လောလောဆယ်စဉ်းစားမိတာကတော့၈၈မျိုးဆက်ကိုထောက်ခံနေတယ်
ဆိုတဲ့ သူတွေ ဘယ်လိုလူတွေလဲ။မြင်တာတစ်ခုကတော့၈၈မျိုးဆက်ကျောင်းသား
အဖွဲ့ ဆိုပြီးဗန်းပြလုပ်နေတဲ့သူတွေဟာရေနစ်နေတဲ့သူတွေလိုပါပဲ၊ရရာဖမ်းဆွဲပြီး၊
ရရာတောင်းပြီး ရသမျှဖြင့်စားသောက်နေကြပြီး တိုင်းပြည်ကိုခုတုန်းလုပ်ကာ
လုပ်စားနေသူများဟုသာ မြင်မိပါသည်။

From: မျိုးချစ်သူ

www.mmdailystar.com

ဦးရဲထွဋ် နဲ့ ဦးဝင်းထိန် ဘယ်သူမှန်သလဲ?

$
0
0
ဒီနေ့ Eleven Media ပါ အင်တာဗျူး တစ်ခုကို ဖတ်လိုက်တယ်။ပြီးတော့ ဒီလိုလူတွေရှိသေးလား
လို့ ကောက်ချက် ချမိတယ်။ အင်တာဗျူး က ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းထိန်
ကို အင်တာဗျူးထားတာ ။ ကင်တားနား က မိတ္ထီလာ  လူအုပ်ကြီးနဲ့ အကြမ်းဖက် ခံရတယ်လို့
ကမ္ဘာအနှံသိအောင် လိမ်လည်ကြေငြာ နေတာ အားလုံးလဲ အသိပဲ ဖြစ်တယ်။ ဒါ ကို ပြည်သူ
တစ်ရပ်လုံး က လဲ သိတယ် ။ ကင်တားနား လူလိမ် ၊ဘင်္ဂလီ ကိုယ်စားလှယ်ဆိုတာလဲသိတယ်။
အင်တာဗျူးမှာ ဦးဝင်းထိန် က ဘာပြောသွားလဲဆိုတော့ "ကင်တားနား  ပြောတာတွေအမှန်ပဲ"လို့
ဆိုလိုက်တယ်။ဒါဟာ ဘာရည်ရွယ်ချက် လဲ ဆိုတာတော့ သူကိုယ်တိုင်မှပဲ သိနိုင်မယ်။


 ဦးဝင်းထိန်နှင့်တွေ့ ဆုံခြင်း

ဒီကိစ္စ နဲ့ ပတ်သတ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ကဦးရဲထွဋ်ကိုယ်တိုင်ဂျာနယ်အင်တာဗျူးတွေ
နဲ့ သတင်းတွေမှာ "ကင်တားနားအကြမ်းဖက်ခံရတယ်ဆိုတာမဟုတ်ပါဘူး"လို့ထွက်ဆိုခဲ့တယ်။
ပြီးတော့ တကယ်လို့ လူဦးရေ ၂၀၀ ကျော် လူအုပ်ကြီးက အကြမ်းဖက်တယ်၊ကားမှန်တွေကို
ထုတယ် ၊ ကားဘော်ဒီတွေကို ကန်တယ်လို့ဆိုရင်လည်းကားမှာအပျက်အစီးအပိန်အချိုင့်
ရှိမရှိစစ်ဆေးထွက်ဆိုနိုင်တယ်လို့ဆိုတယ်။ကင်တားနားကိုလုံခြုံရေးကိစ္စတာဝန်မဲ့တယ်ဆိုတဲ့
စွပ်စွဲချက်အပေါ်လဲရဲတပ်ဖွဲ့ဝင်(၃၀)နဲ့လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်းကိုလဲထုတ်ပြန်ကြေငြာ

ခဲ့တယ်။


ဦးရဲထွဋ်နှင့်တွေ့ ဆုံခြင်း 

နောက်တစ်ဖက်ကကင်တားနားခရီးစဉ်မှာလိုက်သတင်းယူတဲ့Eleven Mediaကသတင်းထောက်
ကိုဝဏ္ဍစိုးလည်းအဲ့အချိန်၊အဲ့ဒီနေရာမှာရှိနေခဲ့တယ်။ကိုဝဏ္ဍစိုးရဲ့ပြောဆိုချက်တွေအရလည်း
ပိုစတာတွေကိုင်ပြီးဆန္ဒပြကြသလိုသူ့လုပ်ရပ်တွေကိုကန့်ကွက်ကြောင်းကန့်ကွက်စာနဲ့တီရှပ်ပေး
တာပဲရှိပါတယ်။သူပြောသွားသလိုကားကိုထုရိုက်တာ၊တံခါးနဲ့ပြတင်းပေါက်ကိုကန်ကျောက်
တာမျိုးလုံးဝမလုပ်ကြပါဘူးလို့ပြောဆိုပါတယ်။

 

ဦးဝင်းထိန် ရဲ့ အင်တာဗျူး ဖြေကြားချက်တွေဟာ မိတ္ထီလာကိစ္စမှာကင်တားနားရဲ့ထွက်ဆိုချက်
တွေဟာအမှန်ပဲလို့ RFA သတင်းဌာနကို ဖြေကြားခဲ့တယ်။ပြီးတော့ဒီပြဿနာကို ၉၆၉ အဖွဲ့
ကပါအများဆုံး ပါဝင်လှုံဆော်တဲ့ သဘောမျိုးတွေ ဖြေထားတာတွေ့ရပါတယ်။

ကျွန်တော်အမြင်ကိုပြောရရင်တော့ ပြဿနာ တစ်ခုကို ချဉ်းကပ်ပုံရှု့ထောင့်တွေကွဲပြားသော်
ကွဲပြားညားလည်းပဲ အမှန်တရား နဲ့ အမျိုးသားအကျိုးစီးပွား သာပထမဖြစ်ပါတယ်။ဒါကြောင့်
ဦးဝင်းထိန်ရဲ့အင်တားဗျူး ဖြေဆိုချက်တွေဟာဘာလဲဘယ်လဲလို့ မေးစရာရှိလာပါတယ်။ဒါ့ပြင်
မိတ္ထီလာ ပဋိပက္ခ ဖြစ်တုန်းကလည်း  ဦးဝင်းထိန် ဟာမွတ်စလင်တွေအသတ်ခံရတာကိုပဲ
တွင်တွင်ပြောပြီး ဗုဒ္ဓဘာသာဘုန်းကြီးဦးသောဘိသအသတ်ခံရတာကိုကျတော့လုံးဝမပြောပဲ
နှုတ်ဆိတ်နေခဲ့တာဟာ လဲ စဉ်းစားစရာမေးခွန်း တစ်ခုပါပဲ ။


From:OE

www.mmdailystar.com

မြန်မာ့စိတ်ဓာတ်ကို ဖော်ကျူးမည့် ဇာတ်ကားကို၁၀ နှစ်အရွယ် အမေရိကန်နိုင်ငံသား ကလေးငယ်နှင့် ရိုက်ကူးမည်

$
0
0




မြန်မာ့စိတ်ဓာတ်ကို ဖော်ကျူး ပြသမည့် '' ကျွန်တော်နာမည် မောင်ကြည်လင် ''ဆိုသည့် ဇာတ်ကားအား အမေရိကန်နိုင်ငံသား ၁၀ နှစ်အရွယ် ကလေးငယ်နှင့် မြန်မာနိုင်ငံသား အင်္ဂလိပ်စကားပြော ကျွမ်းကျင်သူ ၉ နှစ်အရွယ်ကလေးငယ်တို့ အဓိကပါဝင် သရုပ်ဆောင်ကာ ရိုက်ကူးသွားမည် ဖြစ်ကြောင်း အဆိုပါ ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာ ဦးအောင်ကိုလတ်က ပြောကြားသည်။ ''ကျွန်တော်နဲ့ ဟတ်တာ ၁၉၉၇ ခုနှစ်ကတည်းက ရေးခဲ့တဲ့ ကျွန်တော်နာမည်မောင်ကြည်လင်ဆိုတဲ့ ဇာတ်ကလေးဟာ ပုဂံသား ၉ နှစ်သားနဲ့ နယူးယောက်က ဆယ်နှစ်သားလေး ပုဂံမှာဆုံတဲ့ ဇာတ်လေးပေါ့၊ အရမ်းချစ်ဖို့ ကောင်းတယ်။

ကြိုက်နေတာ ကြာပြီ။ ဇာတ်လမ်းစိစစ်ရေး အဖွဲ့ကလည်း ကြိုက်တယ်။ ပြောပြလိုက်ရင် လူတွေအားလုံး ကြိုက်မှာ မြန်မာ့နှလုံးသားကို ကလေးလေးက စပြတာ၊ မြန်မာတွေကဘယ်လောက် နှလုံးသားဖြူစင်တယ် ၊ မြန်မာတွေက ဘယ်လောက် ကြည်ဖြူတတ်တယ်။ ဧည့်သည်ကို ဘယ်လောက် ချစ်တတ်တယ် ဆိုတာကို ပြတာ။ အခုရိုက်ဖို့ တာစူနေပြီ။ ၂၀၁၄ မှာ အပြီး ရိုက်မယ်။ ဇာတ်ကောင်အတွက် ကလေးလေးကို စရွေးနေပြီ။ တခိျု့လည်း ဒီထဲကနေ ပြီးတော့ သရုပ်ဆောင်တော်တဲ့ ကလေးတွေ ရှိပါတယ်။ အဲဒီထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ မျက်နှာသစ်လည်း ဖြစ်ချင်ဖြစ်မယ်။ အရံတွေလည်း အများကြီး လိုတယ်။ အရံ ၄၀လောက် လိုတယ် '' ဟု ယင်းကပြောသည်။


ရိုက်ကွင်းကို ပုဂံနှင့် ပုပ္ပါးတွင် ရိုက်မည် ဖြစ်ကြောင်း ၊ အမေရိကန်သားလေး နေရာတွင် သရုပ်ဆောင်ရန် နယူးယောက်ဘက်မှ နေပြီး ရှာနေကြောင်း သိရသည်။ ယင်းက ဆက်လက်၍ '' ဇာတ်ကားက အင်္ဂလိပ်လို ပြောမယ် ဆိုပေမယ့် ဘာသာစကားပြော အခက်အခဲတော့ မရှိပါဘူး။ အင်္ဂလိပ်စကားပြော အရမ်းကျွမ်းတဲ့ သူကိုပဲ ရွေးထားတယ်။ ပုဂံသားလေးကတော့ ပုဂံစတိုင်နဲ့ ပြောမှာပေါ့။ ဟိုဘက်ကလေးကတော့ တကယ့် နယူးယောက်စတိုင်ပေါ့။ နှစ်ယောက်စကား ပြောတဲ့နေရာမှာ အချေအတင် ပြောတာလေးတွေက ဇာတ်ညွှန်း ရေးထားတာ အရမ်း ကောင်းတယ်''ဟု ပြောသည်။ အဆိုပါ ဇာတ်ကားသည် အင်္ဂလိပ်စကားပြောများ ပိုမို ပါဝင်မည် ဖြစ်ပြီး မြန်မာစာတန်းထိုးမည် ဖြစ်ကြောင်း၊အခိျု့နေရာတွင် မြန်မာစကားပြော အနည်းငယ် ပါဝင်မည် ဖြစ်ကြောင်း၊ ဇာတ်ကားအား လာမည့်နှစ် ဇန်န၀ါရီလတွင် စတင်ရိုက်ကူးရန် စီစဉ်ထားကြောင်း သိရသည်။

From: ပြည်မြန်မာ

www.mmdailystar.com

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် မျှော်မှန်းထားသည့် အောက်တိုဘာလ မတိုင်မီ ကေအိုင်အိုနှင့် အပြီးသတ် ဆွေးနွေးနိုင်မည်ဟုဆို

$
0
0
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် မျှော်မှန်းထားသည့် အောက်တိုဘာလ
မတိုင်မီ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် ငြိမ်းချမ်းရေး အပြီးသတ်
ဆွေးနွေးနိုင်မည်ဟု ယူဆကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

သြဂုတ် ၂၅ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် သတင်းထောက်များ၏
မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း
ဖြစ်သည်။လက်ရှိအချိန်တွင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့၏ Technical
Team နှင့် ကေအိုင်အို၏ Technical Team တို့အကြား တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်နေ
သည်ဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးက
အောက်တို ဘာလောက်မှန်းတယ်။ ကေအိုင်အို နဲ့ကလည်း အဲဒီမတိုင်ခင်ပြီးမယ်လို့
ထင်တာပေါ့။ ဒါကြောင့်မို့ အောက် တိုဘာလောက် မှန်းတာပေါ့'' ဟု ပြောကြားသည်။

"Technical Team တွေနဲ့ တောက်လျှောက် တွေ့နေတယ်။တွေ့ဖို့ချိန်းတော့ ချိန်းနေပါတယ်။
သူတို့ဆီက အဆင်သင့် ဖြစ်ရင်သွားမှာပါ။ သူတို့က ပြောမှရမှာပဲ။ ကိုယ့်ဆီက အဆင်သင့်ပဲ။
အခက်အခဲမရှိပါဘူး။ သူတို့ Technical Team တွေ ဖွဲ့လိုက်ပြီ။ သူတို့ဆွေးနွေး နေကြတာပေါ့။
အဲဒါတွေအားလုံး ဆွေးနွေးလို့ပြီးရင် လူကြီးတွေ လိုက်သွားမှာပေါ့။ အားလုံး လူငယ်တွေ
ဆွေးနွေးတာမပြီးသေးလို့ လူကြီးတွေက လိုကို့မရသေးတာ ပေါ့'' ဟု ၀န်ကြီးဦးအောင်မင်းက
ဆက်လက်ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်ပြည်လုံးအတိုင်းအတာအပစ်
အခတ် ရပ်စဲရေး သဘောတူညီမှုလက်မှတ် ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု
မရရှိသေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)အပါအ၀င် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ၏ သဘောဆန္ဒ ရယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

From: eleven

www.mmdailystar.com

ပြည့်တန်ဆာနှစ်ဦးကို အသွင်ယူ သက်သေဖြင့်ဖမ်းဆီး

$
0
0

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးအနီးမှ ပြည့်တန်ဆာ အမျိုးသမီးနှစ်ဦးကို သြဂုတ် ၂၄ ရက် နံနက်က ရဲဌာနက စေလွှတ်သော အသွင်ယူသက်သေများဖြင့် ဖမ်းဆီးလိုက်ကြောင်း ရန်ကုန် တိုင်း ရဲဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲများသည် မင်္ဂလာဈေးအနီးတွင် ပြည့်တန်ဆာများရှိနေကြောင်း သတင်းရရှိ ထားသည့် အတိုင်း ယင်းနေ့ည ၈ နာရီခန့်တွင် အသွင်ယူသက်သေ ဦးမောင်မောင်ဦးဆိုသူကို နံပါတ် ကြိုတင်မှတ်သားထားသည့် ပိုက်ဆံများပေးကာ စေလွှတ်ခဲ့သည်ဟု ရဲဌာနကဆိုထားသည်။

နံနက် ၂ နာရီတွင် ဦးမောင်မောင်ဦးသည် မင်္ဂလာဈေး ၀င်ပေါက်ထွက်ပေါက်အနီး ၌ သွေးဆောင်နေ သည့် ပြည့်တန်ဆာ နှစ်ဦးကို ၎င်းတို့ကို ကြီးကြပ်သူထံမှ ရဲများက ကြိုတင်နံပါတ်မှတ်ထားသော ပိုက်ဆံများဖြင့် ခေါ်ယူ ခဲ့သည်ဟု ဆိုသည်။

ပြည့်တန်ဆာနှစ်ဦးသည် လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများဖြစ်ကြပြီး ၎င်းတို့ကို ဟိုတယ် တစ်ခု ရှေ့တွင် ရဲများက ဖမ်းဆီးခဲ့ပြီး သူတို့လက်ထဲတွင်လည်း ကြိုတင်နံပါတ်မှတ်ထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူတစ်ရွက်စီ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ရဲမှတ်တမ်းတွင်တွေ့ရသည်။

ပြည့်တန်ဆာအဖြစ် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးပြီးနောက် သူတို့ကိုကြီးကြပ်သည့်သူကို ရဲများက သွားရောက် ဖမ်းဆီးခဲ့ရာ ၎င်းထံမှ ရဲများ ကြိုတင်နံပါတ်မှတ်ထားသည့် ငါးထောင်ကျပ်တန် ရှစ်ရွက်ကို လည်း လက်ပူးလက်ကြပ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ရဲများက မှတ်တမ်းတင်ထားသည်။

ထိုသူသုံးဦးကို မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အမှုအမှတ် (ပ)၅၉၃/၂၀၁၃ဖြင့် လည်းကောင်း၊ (ပ)၅၉၄/၂၀၁၃ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်ထားပြီး မိန်းကလေးငယ်နှစ်ဦးကို ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေပုဒ်မ ၃(က)(ခ)ဖြင့် တရားစွဲမည်ဖြစ်သလို၊ ၎င်းတို့ကိုကြီးကြပ်သူကိုမူ ထိုဥပဒေ ပုဒ်မ ၅(၁)ဖြင့် တရားစွဲမည်ဟု ရဲကသတင်းထုတ်ပြန်သည်။



From: Mizzima - News in Burmese

www.mmdailystar.com

အင်တာနက်မှတဆင့် ပြည့်တန်ဆာများ ဈေးကွက်ချဲ့ထွင်လာ

$
0
0

ယခင်က ပြည့်တန်ဆာများသည် တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ ကားမှတ်တိုင်များတွင် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြ ကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။

 ယခုအခါ အိုင်တီ နည်းပညာကို အသုံးပြုပြီး အင်တာနက် ၊ ချက်တင်၊ ဖေ့ဘွတ် စသည့်  ခေတ်မှီနည်းများဖြင့် ဈေးကွက် ချဲ့ထွင်လာသည်ကို တွေ့မြင် ကြားသိ နေရသည်။ ထိုကဲ့သို့ အမှန်တကယ် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီးများ အတွက် လိင်ကိစ္စကို နည်းလမ်းမျိုးစုံဖြင့် လုပ်ကိုင်နေသည်မှာ မဆန်းသော်လည်း အတုမြင် အတတ်သင်လာမည့် ဆယ်ကျော်သက်များ နှင့် အင်တာနက်ကို အမှန်တကယ် အသုံးပြုနေသည့် ငယ်ရွယ် နုပျိုသည့် မိန်းကလေးများ၏ အရှက်နှင့် သိက္ခာအတွက်မူ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနေသည်။

 လက်ရှိ ဖြစ်ပေါ်နေသော အင်တာနက်ကို အသုံးပြုပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာ အသက် ၁၈ နှစ် မှ အသက် ၃၀ ပတ်ဝန်းကျင် အထိ အမျိုးသမီးများ ပါဝင်နေပြီး အချို့မှာ ဂိုဏ်းဖွဲ့ပြီး ပြည့်တန်ဆာခေါင်းဆောင် များက Online အသုံးပြုကာ ဈေးကွက်ရှာဖွေပေးပြီး လိင်ဖျော်ဖြေမည့် အမျိုးသမီးငယ်များကို စုဆောင်း ထားသည်ဟုပင်သိရှိရသည်။

 မြန်မာအမျိုးကောင်းသမီးတို့အနေဖြင့် ထိုကဲ့သို့ ဘ၀မျိုးမရောက်ရန် အုပ်ထိန်းသူမိဘများတွင် တာဝန် ရှိပေသည်။ မိမိတို့ သားသမီးများ၏ အင်တာနက်အသုံးပြုမှုကို တင်းကြပ်ရမည်ဟု မဆိုသော်လည်း
 စောင့်ကြည့်စစ်ဆေးမှုတော့ ရှိသင့်ပေသည်။

From: Aureum Online Media

www.mmdailystar.com

ကန့်ဘလူမြို့နယ် ထန်းကုန်း နောက်ဆက်တွဲ သတင်း

$
0
0

မုဒိန်းကျင့်ရန် ကြိုးစားသူ အစ္စလမ်ဘာသာဝင် ၃ဦးမှ တစ်ဦးသာ ဖမ်းမိထားပြီး အကျမ်းဖက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲပြီး ဗုဒ္ဓဘာသာဝင် ၁၂ ဦးအား ရွှေဘိုတွင် ဖမ်းဆီခံထားရပါတယ်။ မည်သူမျှတွေ့ခွင့်မပေး ပါဘူး။ သံဃာတော်များနဲ့ ဗုဒ္ဓဘာသာ ၀င်အများစုက လွှတ်ပေးဖို့ တောင်းဆို သည့်အခါ မကြာမီ ပြန်လွှတ်ပေးမည်ဟု ချွေးသိပ်လွှတ်ပေမဲ့ အခုထိ မလွှတ်သေးပါဘူး။
 အခင်းဖြစ်သည့်ည အခြေအနေ ငြိမ်သက်စပြုချိန်တွင် ထိမ်းသိမ်းဆောင်ရွက်နေသော ဗိုလ်မှူးကြီးကြည်နိုင် ကို လေးခွဖြင့် ၂ချက်မှန်သဖြင့် ဒေါသထွက် သေနတ်ဖောက်ပြီး တွေ့သမျှလူကို ဖမ်းရန် ရဲများအား အမိန်ပေးစဉ် ဆွေမျိုးသားချင်း ဈေးဆိုင်များအား ၀ိုင်းဝန်းစောင့်ရှောက်နေသော ထန်းတောရွာမှ ရွာသား ၁ဦး၊ ရေကြည်ရွာမှ ရွာသား ၁ဦး၊ မိုးကြိုးရွာမှ ရွာသား ၁ဦး ၊ အုပ်ဖိုလ်ရွာမှ ရွာသား ၇ဦး၊ အင်ဖက်တောရွာမှ ရွာသား ၂ဦး ဖမ်းသွားပါတယ်။ ၀န်ထမ်း ၁ဦးနဲ့ ထွေအုပ်စာရေး ၁ဦးကိုတော့ ချက်ချင်း ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ရွာသားများဟာ တစ်ရွာတည်း သားဖြစ် တဲ့ ထွေအုပ်စာရေးပိုင်တဲ့ဆိုင်မှာ ဆိုင်လုံခြုံရေး လုပ်နေတယ်လို့ သိရပါတယ်။ ရွာခံဆရာတော်တွေ နဲ့ ရွာသားတွေကတော့ ပြန်လွှတ်ဖို့ သက်ဆိုင်ရာကို တောင်းဆို နေကြပါတယ်။ ဒါပေမဲ့ အကြောင်း မထူးသေးပါဘူး။
 NLD အမျိုးသားလွှတ်တော်အမတ် မွတ်စလင်ဘာသာဝင် ဒေါက်တာမြင့်နိုင်ကတော့ အခင်းဖြစ်နေစဉ်မှာ လွှတ်တော်တက်နေရလို့ မလာနိုင်ကြောင်း ထန်းကုန်းအစ္စလမ်းဘာသာဝင်တွေကို တောင်းပန်ထားပြီး ယနေ့မှာ မီးလောင်ခံထားရတဲ့ အစ္စလမ်းဘာသာဝင်တွေကို တိုင်းဒေသကြီး အစိုးရက ဘာမှ ကူညီထောက်ပံ့မှု မရှိဘူးလို့ အပြစ်တင်နေပါတယ်။ ည၉း၃၀ လောက်က ဒေါက်တာ မြင့်နိုင်ရဲ့ စကားကြောင့် တိုင်းအစိုးရက ကူညီရေးပစ္စည်းကားများ ထန်းကုန်းကို ပို့နေပါပြီ။ ဒေါက်တာမြင့်နိုင်အနေနဲ့ ဖမ်းဆီးခံထားရတဲ့ ရွာသားတွေအတွက် ဘာမှမပြောခဲ့ပါဘူး။ 
 
From: ဥက္ကာရွှေဝင်း

www.mmdailystar.com
Viewing all 4837 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>