Quantcast
Channel: Myanmar Daily Star
Viewing all 4837 articles
Browse latest View live

ပြည်သူနှင့် အတူ ကင်တားနားအား လက်မခံသော သမ္မတကြီးဦးသိန်းစိန်အပေါ် ပြည်သူတွေယုံကြည်မှုပိုလာ

$
0
0
ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခြင်းဖြင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို အလေးထားခဲ့သော သမ္မတကြီး ဦးသိန်းစိန်သည် ယခုအခါတွင်လည်း  ကုလအရေခြုံ ဘင်္ဂါလီကိုယ်စားလှယ် ကင်တားနားကို လုံးဝ လက်ခံတွေ့ဆုံခြင်းမပြုပါလို့ ထုတ်ဖော်ပြောကြားလိုက်ကြောင်း ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ပါသည်။ကင်တားနားသည် ဘင်္ဂါလီတွေကို တစ်ဖက်သတ်ဘက်လိုက်သောကြောင့် မြန်မာပြည်သူလူထုမှ မကျေမနပ်ဖြစ်နေရာ ၎င်းရောက်လာရာ အရပ်တွင် မြန်မာပြည်သူလူထု၏ ဆန္ဒပြခြင်းများဖြင့် ကြုံတွေ့နေရသည်။

ထိုကဲ့သို့ ပြည်သူမှလက်မခံသောကုလအရေခြုံ ဘင်္ဂါလီကိုယ်စားလှယ် ကင်တားနားကို လက်ခံတွေ့ဆုံဖို့ အစီအစဉ်လုံးဝ လုံးဝမရှိဟု ဆိုကာ ပြတ်ပြတ်သားသားငြင်းပယ်ခဲ့သည့် သမ္မတကြီး ဦးသိန်းစိန်၏ စိတ်ဓါတ်အပေါ် ပြည်သူလူထုမှ တခဲနက်ထောက်ခံအားပေးခဲ့ကြသည်။အတည်မပြုနိုင်သော သတင်းအရ ကင်တားနားသည် သမ္မတကြီးနှင့်မတွေ့ရသောကြောင့် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂါလီအရေးဆွေးနွေးရန် တွေ့ဆုံဖို့စီစဉ်ခဲ့သေးကြောင်း သိရှိရသည်။ 

From: နိုင်ငံသစ်

www.mmdailystar.com


ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေးတင်ဒါရရှိသွားသော ကာတာနိုင်ငံ Ooredoo မှ ဒေါ်လာ ၁၀ သန်း လှူမည်ဟုဆို

$
0
0


 2015 ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် NLD ပါတီအား ဆက်သွယ်ရေးတင်ဒါ အနိုင်ရရှိသွားသော ooredoo company မှ အလှူ ငွေ ဒေါ်လာ ၁၀ သန်း လှူဒါန်းမည်။


လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် NLD ပါတီအား ဆက်သွယ်ရေးတင်ဒါ အနိုင်ရရှိသွားသော ကာတာနိုင်ငံ Ooredoo မှ အလှူ ငွေ ဒေါ်လာ ၁၀ သန်း လှူဒါန်းမည်ဟု သတင်း
များထွက်ပေါ်လျက်ရှိသည်။ မကြာသေးခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၆၈)နှစ်ပြည့်
မွေးနေ့မှ ရရှိခဲ့သော အလှူငွေများအနက်မှ သိန်း ၂၀၀ အား ပျက်ဆီးသွားသော ဗလီများပြုပြင်ရေးအတွက် လှူဒါန်းမည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် NLD အား ကုလားအားပေးပါတီဟု ပြည်သူလူထုမှ ဝေဖန်သံများဆူညံလာခဲ့သော်လည်း ထိုသတင်းများ မှန်မမှန်ကို NLD မှတရားဝင်ပြန်လည်ပြောဆိုထားခြင်း မရှိကြောင်း သိရှိရသည်။
From:http://newmyanmarpyi.blogspot.com/2013/08/ooredoo.html

www.mmdailystar.com

ကော့သောင်းတွင် ဖောက်ခွဲရေးသမားများ ရောက်ရှိလာနိုင်သည်ဆိုသော သတင်းများကြောင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်

$
0
0
M-21-8

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း၊ ဘုတ်ပြင်းမှတစ်ဆင့် ရေလမ်းခရီးကို အသုံးပြု၍ ဖောက်ခွဲရေးသမားများ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာနိုင်သည်ဟု သြဂုတ်လလယ်မှစ၍ သတင်းများ ထွက်ပေါ်နေသောကြောင့် ၎င်းတို့အသုံးပြုနိုင်သော လမ်းကြောင်းများတွင် လုံခြုံရေး တိုးမြှင့်ချထားလျက်ရှိကြောင်း သိရသည်။ကော့သောင်းမြို့မှတစ်ဆင့် ဖောက်ခွဲရေးသမားများ ၀င်ရောက်လာနိုင်ခြင်း မရှိစေရန် ရေလမ်းကြောင်း ၀င်ပေါက်များတွင် ပင်လယ်ပြင် စိုးမိုးရေးတပ်ရင်း၊ ရေတပ်အဖွဲ့များနှင့် ကုန်းတွင်းပိုင်းတွင် ဒေသခံ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းလက်တွဲ၍ လုံခြုံရေးကို နေ့၊ ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။"ဖောက်ခွဲရေးသမားတွေ ၀င်နိုင်တယ်လို့ သတင်းရလို့ လုံခြုံရေးအရ စစ်ဆေးမှုတွေ လုပ်နေတာပါ။ ၀င်ပေါက်/ထွက်ပေါက် နေရာတွေမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။

ပူးပေါင်းအဖွဲ့က ဧည့်စာရင်းတွေကို အလှည့်ကျ စစ်ဆေးနေပါတယ်။ ပြည်သူတွေနဲ့ လက်တွဲပြီး ပူးပေါင်းအဖွဲ့က လူစိမ်းဝင်မ၀င်ကို နေ့ညမပြတ် စောင့်ကြည့်စစ်ဆေး နေပါတယ်"ဟု ကော့သောင်းမြို့မ ရဲစခန်းမှ အဖွဲ့ခေါင်းဆောင် တစ်ဦးက ပြောကြားသည်။ထိုင်းနိုင်ငံမှ တစ်ဆင့် ကော့သောင်းခရိုင်အတွင်းသို့ ဖောက်ခွဲရေးသမားများ ၀င်ရောက်လာနိုင်ခြင်း မရှိစေရန် ရနောင်းခရိုင်မှ ဒေသခံ အာဏာပိုင်များနှင့် ကော့သောင်းခရိုင်မှ ဒေသခံ အာဏာပိုင်များသည် သတင်းအချက်အလက်များကို ချိတ်ဆက်၍ ကုန်လမ်းခရီးကြောင်း၊ လေကြောင်းခရီးနှင့် နယ်စပ်ဂိတ်များတွင် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။

 From:Eleven

www.mmdailystar.com

တစ်ဦးတစ်ယောက်တည်း အတွက် အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် မှားယွင်းကြောင်း ဥပဒေပညာရှင် ပြောကြား

$
0
0

၂၀၁၃  ခုနှစ် မေလအတွင်းက ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရေစီ
အလုပ်ရုံဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်စောင်နှင့်
ပတ်သက်ပြီး ဆစ်ဒနီတက္ကသိုလ်မှ ဥပဒေပညာရှင် Andrew McLeod အား ၂၀၁၅ ခုနှစ်
မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မည့် အခြေအနေ ရှိ ၊ မရှိ
သတင်းထောက်များက မေးမြန်းခဲ့ ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင် ရေးသည်  အချိန်အနည်းငယ်ဖြင့်သာ ပြင်ဆင်နေ၍ မရဘဲ ခေတ်ကာလ
အခြေအနေနှင့် မလျော်ညီသည့် အခါတိုင်း အစဉ်အမြဲ ပြုလုပ်နေရမည့်
ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။“ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်မလဲ ဆိုတာကိုပဲ ကျွန်တော် စဉ်းစားပါတယ်။


ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တယ်ဆိုတာ အချိန်နည်းနည်းနဲ့ ပြင်ဆင်လို့
မရပါဘူး။ ခေတ်ကာလနှင့် မလျော်ညီတိုင်း တောက်လျှောက် အမြဲတမ်း ပြင်နေရတဲ့
ကိစ္စပါ။ ဒါကြောင့် ၂၀၁၅ ခုနှစ် မတိုင်မီ ဘယ်လောက်အတိုင်းအတာ အထိ
ပြုပြင်နိုင်မလဲဆိုတာ ကိုပဲ ကျွန်တော်သိချင်ပါတယ်။ အမြဲလုပ်နေရမယ့်
ကိစ္စဖြစ်ပါတယ်” ဟု ပြောကြားသည်။ယခုလက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတဖြစ်ခွင့်နှင့် ပတ်သက်၍  တစ်ဦးတစ်ယောက်တည်း
အတွက် အခြေခံဥပဒေကို ပြင်ဆင် ပါက ယင်းရွေးချယ်မှုသည် မှားယွင်းနေကြောင်း၊
ထို့အပြင် လက်ရှိ နိုင်ငံရေး အကျပ်အတည်းပေါ် မူတည်၍ ပြန်လည် ရေးဆွဲပါကလည်း
အလွန် အန္တရာယ်များကြောင်း နှင့်တကယ်တမ်း ပြင်ဆင်သင့်သည်မှာ မြန်မာ
ပြည်သူလူထု အများစု၏ အကျိုးစီးပွားကို ရှေးရှု၍ ရေးဆွဲသင့်ကြောင်း ဥပဒေ
ပညာရှင် Andrew Mcleod က သုံးသပ် ပြောကြားသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍
စစ်ဘက်ဆိုင်ရာအနေဖြင့် တည်ငြိမ် အေးချမ်းမှုကို လိုချင်ကြောင်း၊
ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး
ကော်မတီတွင် တပ်မတော်သားများ ပါဝင်သည့်အတွက် ဆွေးနွေးပြောဆိုမှုများ
လုပ်ကိုင်လာမည် ဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်သည့်အခါ တပ်မတော် အနေဖြင့်
အတိုင်းအတာတစ်ခုထိ ပါဝင်လာမည်ဟု ယုံကြည်ကြောင်း၊ မည်သို့သော ပုံစံဖြင့်
ပါဝင်လာမည်ကို မိမိအနေဖြင့် မသိရှိသော်လည်း တစ်နိုင်ငံလုံးရှိ ပြည်သူများ
အားလုံး ပါဝင်ခွင့် ပေးရမည်ဖြစ်ကာ ၎င်းတို့အတွက် တရားမျှတမှုဖြစ်စေရန်
အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်များ
ပေးရမည်ဖြစ်ကြောင်း အစီရင်ခံစာနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ အပြင်
တပ်မတော် အရာရှိကြီးများနှင့် သွားရောက်တွေ့ဆုံခဲ့မှုအား ပြန်လည်
ရှင်းလင်းပြောကြားသည်။

 ဆစ်ဒနီတက္ကသိုလ်မှ ဥပဒေပညာရှင် Andrew Mcleod သည် မြန်မာနိုင်ငံရှိ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ပရောဂျက်တစ်ခုတွင်
ဒုတိယညွှန်ကြားရေးမှူး တာဝန်ရယူကာ ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပြီး
အစီရင်ခံစာနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲအပြင် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊
တပ်မတော် ထိပ်ပိုင်း အရာရှိကြီးများ၊ လွှတ်တော် တာဝန်ရှိသူများ ၊
ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် အခြား
နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။


From:  Yangon chronicle

www.mmdailystar.com

သံတွဲတွင် လူ ငါးရာကျော် ရေဘေးသင့်

$
0
0
သံတွဲတွင် လူ ငါးရာကျော် ရေဘေးသင့် 














ငပလီကမ်းခြေ တည်ရှိခြင်းကြောင့် နာမည်ကျော်သည့် ရခိုင်ပြည်နယ်သံတွဲမြို့တွင် သုံးရက် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူဦးရေ ၅၀၀ ကျော်ကို စခန်း ခြောက်ခု ဖွင့်ကာ ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ပေး ထားရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဦးဝင်းမြိုင်က ပြောကြားသည်။

မိုး သုံးရက် ဆက်တိုက် ရွာသွန်းပြီးနောက် သြဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ သံတွဲမြို့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၇ တို့တွင် ရေကြီးခြင်းဖြစ်ပြီး အိမ်ထောင်စု ၆၀ ကျော်၊ လူဦးရေအားဖြင့် ၅၀၀ ကျော်ကို ဘေးလွှတ်ရာ သို့ ပြောင်းရွှေ့ပေးရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သံတွဲမြို့ရှိ နေရာ အများအပြားတွင် ငါးပေခန့် ရေကြီးခဲ့ပြီး ဈေး၊ ဆေးရုံ၊ လူနေအိမ်များ နစ်မြုပ်ခဲ့ ကြောင်း၊ သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်း တွင် ရေပြန် လျော့ကျနေပြီ ဖြစ်ကြောင်း သံတွဲ မြို့ခံများက ပြောကြားကြ သည်။

“တချို့ အိမ်တွေဆို ခေါင်မိုးထိ မြုပ်တယ်။ တချို့နေရာတွေမှာ လှေစီးလို့ပဲ သွားလို့ ရတယ်” ဟု သံတွဲမြို့ အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးမြင့်မိုးက ဆိုသည်။ ရေကြီးမှုကြောင့် ကယ်ဆယ်ရေး စခန်းများအပြင် ဘုန်းတော်ကြီး ကျောင်း များနှင့် ကုန်းမြင့်တွင်ရှိသည့် လူနေအိမ်များကိုလည်း ပြောင်းရွှေ့နေ ကြကြောင်း၊ အဆိုပါ ဘေးဒုက္ခရောက်သူများကို ထမင်းထုပ်များ ဝေနေ ရကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

From:The Voice

www.mmdailystar.com

စင်္ကာပူရောက် မြန်မာမလေးတစ်ယောက် Facebook မှာ မဖွယ်မရာပုံတွေ တင်၍ အိမ်ပြန်ပို့ခံရ

$
0
0




စင်္ကာပူနိုင်ငံတွင် အိမ်ဖော်အဖြစ် လုပ် ကိုင်နေသူ အသက် (၂၂) နှစ်အရွယ် မြန်မာ မိန်းကလေး တစ်ဦးသည် ကိုယ့်ကိုယ်ကို လက်ကိုင်ဖုန်းဖြင့် မဖွယ်မရာ ဓါတ်ပုံများရိုက်ကာ ဖေ့(စ်) ဘွတ်(စ်)တွင် တင်ခဲ့ကြောင်း ချိုင်းနားပရက်(စ်) သတင်းစာတွင် ဖော်ပြခဲ့သည်။
အိမ်ဖော်မလေးသည် အလုပ်ရှင် အိမ် တွင်မရှိခိုက် အလုပ်ရှင်၏ အိပ်ခန်းအတွင်းဝင်ကာ ဘရာစီယာမျှသာ ၀တ်ထားသော ပုံများနှင့် လိင်စိတ်နိုးကြွစေသော ပုံများ ရိုက်ကူးခဲ့သည်ဟု ဆိုသည်။

“သူ့ရဲ့ အပြုအမူကို ကျွန်တော့်ရဲ့ အွန် လိုင်းမိတ်ဆွေတစ်ဦးထံက သိရတော့ ကျွန်တော် အံ့သြတုန်လှုပ်သွားတယ်။ သူဟာ ကျွန်တော့်သား (၁၀ နှစ်) ရဲ့ လက်ကိုင်ဖုန်းနဲ့ ကွန်ပျူတာကို ခွင့်ပြု ချက်မယူဘဲ သုံးခဲ့ရုံသာမက ကျွန်တော်တို့ မိသား စုရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အိမ်ဖော်မိန်းကလေးက “သူမသည် တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်ပြီး ယခုလို ပွဲဆူအောင် လုပ်ရသည့်ကိစ္စကို ၀ါသနာပါ ကြောင်း” ၀က်(ဘ်)ဆိုဒ်တွင် တင်ထားခဲ့သည်။
သူမ၏ အလုပ်ရှင်လီသည် အဆိုပါကိစ္စ ဖြစ်ပွား ပြီးနောက် မြန်မာအိမ်ဖော် မလေးအား အေးဂျင့်ထံ ပြန်ပို့ခဲ့ကြောင်း သတင်းစာတွင် ရေး သား ဖော်ပြခဲ့သည်။
From:MEG

www.mmdailystar.com

Miss Supranational ပြိုင်ပွဲဝင် ခင်ဝင့်ဝါ ၏ ပုံရိပ်များ

လွတ်လပ်စွာ ဆန္ဒဖော်ထုတ်သူများကို မတားဆီးသည့် အတွက် အစိုးရကို ကင်တားနား ဒေါသထွက်

$
0
0





သြဂုတ်လ ၁၉ရက်နေ့ ည၁၀နာရီခွဲက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာနား မိတ္ထီလာမြို့ အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်တဲ့လမ်းမှာ သူ့ရဲ့ကားကို လူအယောက်၂၀၀ လောက်က ကန်ကြောက်ပြီး ဆဲဆိုမှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး သြဂုတ်လ ၂၁ရက်နေ့ ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ “ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူဖြစ်တဲ့ ကျနော်လိုလူမျိုးကို အကာအကွယ်ဖို့ အစိုးရမှာတာဝန်ရှိတယ်။ အဲဒီဟာကဖြစ်မလာခဲ့ဘူး။ ကျနော်ကို အစိုးရက ကာကွယ်မပေးနိုင်ခဲ့ဘူး” လို့ မစ္စတာကင်တာနား ထည့်သွင်းပြောကြားသွားပါတယ်
From:DVB

www.mmdailystar.com

တားဆေးမသောက်ချင်သော အမျိုးသမီးများအတွက်

$
0
0
 
ချစ်သူနှစ်ဦးပေါင်းဖက်လို.အိမ်ထောင်တစ်ခုထူထောင်ကြရာမှာကလေးယူမယ်.အချိန်ဟာနှစ်ယောက်လုံးသဘောတူထားတဲ.အချိန်ဖြစ်သင်.သလိုကြိုတင်ပြင်ဆင်ပြီးမှရတဲ.ကိုယ်ဝန်ဖြစ်ဖို.လဲလိုပါတယ်။သမီးရည်းစားဘ၀မှာဘယ်လိုပဲတစ်ယောက်အကြောင်းတစ်ယောက်သိစေကာမူ အတူနေလင်မယား ဘ၀လောက်ထဲထဲဝင်ဝင်သိမှာမဟုတ်ပါဘူး။ဒါကြောင်.လက်ထက်ပြီးကလေးမယူတာဟာ တစ်ယောက်အကြောင်းတစ်ယောက်လေ.လာဖို.တစ်ယောက်ရဲ.အားနည်းချက်ကိုတစ်ယောက်ကအလိုက်သိဖြည်.ဆည်းပေးနိုင်ဖို.၊ တစ်ယောက်ရဲ.အားသာချက်ကိုတစ်ယောက်ကဖော်ထုတ်ချီးကျူးပေး
နိုင်ဖို. အချိန်ကာလတစ်ခုကိုရစေပါတယ်။

၁။လူကြိုက်များလာတဲ.နည်းလမ်းသစ်

ဒါကြောင်.ကိုယ်ဝန်တားနည်းတွေထဲကတစ်ခုခုသုံးဖို.လိုအပ်လာပါပြီ။လက်မောင်းထဲကိုယ်ဝန်တားတဲ.ပစ္စည်း(အပ်)ထည်.တာဟာအခုနောက်ပိုင်းခောတ်စားလာသလိုမြန်မာပြည်မှာတောင်လုပ်လို.ရနေပါပြီ။အရင်ကနည်းတွေထက်စာရင်သူ.မှာအားသာချက်တွေရှိပါတယ်။ဥပမာ-ထိုးဆေးလို(၃)လတစ်ခါ ဆရာဝန်ဆီသွားပြီးထိုးစရာမလိုပါဘူး။သားအိမ် ထဲပစ္စည်းထည်.သလို(IUCD, Intrauterine Contraceptive Device)မိန်းမကိုယ်ကိုအပေါက်ချဲ.ပြီးမှထည်.စရာမလိုပါ ဘူး။သားအိမ်ထဲပစ္စည်း ထည်.တာမျိုးကို ကလေးတစ်ယောက်မှမမွေးဘူးတဲ. အိမ်ထောင်ကျခါစအမျိုးသမီးတွေမလုပ်ချင်ကြ ပါဘူး

၁-၁။ဘာကိုလက်မောင်းထဲထည်.ရမှာလဲ
ကိုယ်ဝန်တားအချောင်းလေး

ပရိုဂျက်စတင်(progestin) ဆိုတဲ.အမျိုးသမီးဟော်မုန်းပါတဲ.မီးချစ်ဆံအရွယ်လောက်ရှိတဲ.အေ ချာင်းေ လး (Implanon) ကိုလက်မောင်းအရေပြားအောက်ထည်.သွင်းတာဖြစ်ပါတယ်။တစ်ခါထည်.ထားရင် သုံးနှစ်လောက်ကိုယ်ဝန်တားနိုင်ပါတယ်။အီစထရိုဂျင် (Estrogen)ဟော်မုန်းပါတဲ.ကိုယ်ဝန်တားဆေး
(သောက်ဆေး)တွေနဲ.မတည်.တဲ.သူတွေအတွက် အထူးသင်.တော်ပါတယ်။

၁-၂။ထည်.ပြီးရင်ဘယ်လိုနေမှာလဲ

လက်မောင်းထဲထည်.ပြီးတာကိုကြည်.ရုံနဲ.မသိနိုင်ပါဘူး။ဒါပေမယ်.စမ်းကြည်.လို.တော.ရပါတယ်။သတိပြုဖို.ကတော. လေ.ကျင်.သင်ကြားထားတဲ.ကျွမ်းကျင်သူတွေနဲ.သာထည်.သင်.၊ထုတ်သင်. ပါတယ်။ထည်.ဖို.လက်မောင်းကိုဓားနဲ.လှီးစရာမလိုပဲတစ်မိနစ်အတွင်းအပြီးထည်.နိုင်သလိုနာကျင်မှုလဲမရှိပါဘူး။ပြန်ထုတ်မယ်ဆိုရင်လဲ သုံးမိနစ်လောက်ပဲကြာပါတယ်။

၁-၃။ဘယ်လောက်စိတ်ချရလဲ

ဒီနည်းကထိရောက်မှုအလွန်ရှိပါတယ်။ထည်.ပြီးကိုယ်ဝန်ရှိသူ ၀.၀၅% ပဲရှိ
ပါတယ်။

၁-၄။ဘယ်လိုအန္တရာယ်တွေရှိနိုင်သလဲ

သုံးလခံထိုးဆေးနဲ.ပါဝင်တဲ.ဟော်မုန်းတူပေမယ်. ဒီနည်းကိုရေရှည်သုံးစွဲလို.သွေးပြန်ကြောတွင်း သွေး ခဲခြင်း၊အရိုးသိပ်သည်းဆလျော.နည်းသွားခြင်းတွေမဖြစ်နိုင်ဘူးလို. သုတေသန တွေကဆိုပါတယ်။

၁-၅။ဘေးထွက်ဆိုးကျိုးဘာတွေရှိနိုင်မလဲ

တခြားပရိုဂျက်စတင် ပါတဲ.ကိုယ်ဝန်တားဆေးတွေလိုပဲ ဒီနည်းသုံးရင် မီးယပ်ငုပ်တာ၊မီးယပ် မမှန် တာဖြစ်တတ်ပါတယ်။

-မီးယပ်အများကြီးဆင်းတာမဟုတ်ပဲ တစ်စက်၊နှစ်စက်နဲ.ပြတယ်ဆိုရုံပဲပြတတ်ပါ တယ်။ထည်.ခါစ မှာအမျိုးသမီးတစ်ဝက်လောက်ဖြစ်တတ်ပေမယ်. ခြောက်လအကြာမှာတော.သုံးပုံတစ်ပုံလောက်ပဲ
ဖြစ်ပါတော.တယ်။

-အမျိုးသမီး ၂၀%လောက်ကတော.မီးယပ်လုံးဝငုတ်သွားတတ်ပါတယ်။

-မီးယပ်ဆင်းတဲ.ရက်တွေများလာတတ်ပါတယ်။(၂၀% လောက်မှာဖြစ်လေ.ရှိပြီး ၃လ အကြာမှာတော. ၁၀% လောက် ပဲဖြစ်ပါတော.တယ်။)

-မီးယပ်လာမယ်.ရက်ကိုတွက်လို.မရပဲဖြစ်တတ်ပါတယ်။

-အထက်ပါမီးယပ်သွေးဆင်းမှုမမှန်တာတွေဖြစ်လို. ဗိုက်ထဲမှာသွေးခဲ၊သွေးလုံးဖြစ်တာ စပျစ်သီးသန္ဒေ တည်.မှာတို.ကိုတော.စိုးရိမ်စရာမလိုပါဘူး။

၂။ ကိုယ်ဝန်တားပလာစတာ

ကိုယ်ဝန်တားပလာစတာဆိုတာ အမျိုးသမီးရဲ.ဗိုက်၊တင်ပါး၊လက်မောင်းရဲ.ပေါ်ပိုင်းအပြင်ဖက် ၊ရင်သား အပါအ၀င် ရင်သားအပေါ်ပိုင်းတို.ရဲ.အရေပြားပေါ်မှာကပ်ပြီးသုံးရတာပါ။သူ. မှာဟော်မုန်းနှစ်မျိုးပေါင်း စပ်ပါဝင်ပါတယ်။ပလာစတာကို ခုနှစ်ရက်တစ်ခါအသစ်လဲကပ်ရပါမယ်။သုံးပတ်ဆက်တိုက်ကပ်ရပြီး
တစ်ပတ်တိတိမကပ်ပဲနေရပါမယ်။

၂-၁။ဘယ်လိုသုံးရမလဲ

ကပ်ထားတုန်းကွာကျသွားရင်ချက်ချင်းပြန်ကပ်နိုင်အောင်ကိုယ်ဝန်တားပလာစတာအသစ်တစ်ခုကိုအမြဲဆောင်ထားသင်.ပါတယ်။လေ.ကျင်.ခန်းလုပ်နေချိန်၊ရေချိုးချိန်၊ရေကူးချိန်တွေမှာလဲ ကပ်ထားလို.ရပါ တယ်။ပူနေလို.၊စိုထိုင်းနေလို.၊လေ.ကျင်.ခန်းလုပ်လို. ပလာစတာကွာကျတာမျိုးမရှိပါဘူး။

၂-၂။ထိရောက်မှုကဘယ်လောက်ရှိလဲ

အလွန်ထိရောက်မှုရှိပါတယ်။တစ်ရက်တစ်လုံးသောက်ရတဲ.ဟော်မုန်းနှစ်မျိုးပေါင်းကိုယ်ဝန်တားဆေးနဲ.တန်းတူလိုက်ပါတယ်။သေချာသုံးမယ်ဆိုရင်လွဲချော်မှုနှုန်းက ၀.၃% ပဲရှိပါတယ်။ကိုယ်အလေးချိန် ၁၉၈ ပေါင်အထက်ရှိသူအမျိုးသမီးတွေသုံးရင်ထိရောက်မှုအနည်းငယ်ကျတယ်ဆိုပေမယ်.ပြောပ
လောက်အောင်မဟုတ်ပါဘူး။သူတို.တွေသုံးမယ်ဆိုရင်တော.အခြားနည်းတွေနဲ.အကျိုးအပြစ်တွေနှိုင်းယှဉ်ပြီးရွေးချယ်နိုင်ပါတယ်။

၂-၃။ဘေးထွက်ဆိုးကျိုး

တစ်ခြားဟ်ာမုန်းနှစ်မျိုးပေါင်းကိုယ်ဝန်တားဆေးတွေလိုပဲ ဒီပလာစတာကြောင်.သွေးအနည်းငယ်ဆင်း တာ၊ကိုယ်အလေးချိန်အတက်အကျဖြစ်တာ၊အသားအရည်ပြောင်းလဲတာ၊ရင်သားနာကျင်ကိုက်ခဲတာတွေဖြစ်တတ်ပါတယ်ပလာစတာကပ်ထားတဲ.အရေပြားတစ်ဝိုက်မှာယားယံတာမျိုးကြုံတဲ.သူလဲရှိပါ
တယ်။

၂-၄။ကောင်းကွက်များ

ပလာစတာကို ခုနှစ်ရက်တစ်ခါအသစ်လဲပေးဖို.လိုတယ်ဆိုပေမယ်.သူ.ရဲ.အာနိသင်က ကိုးရက် လောက်အထိခံလို. မေ.ပြီးအသစ်မလဲမိလဲနှစ်ရက်လောက်အပိုဆောင်းပြီး ကိုယ်ဝန်တားပေးနိုင်ပါ တယ်။တစ်လမှာပလာစတာသုံးခုလောက်ပဲကပ်ပေးဖို.လိုတဲ.အတွက် အချိန်မှန်သုံးပေးဖို. မခဲယဉ်း ပါဘူး။

၂-၅။ချို.ယွင်းချက်များ

ကိုယ်ပလာစတာကပ်ထားတာကို အမျိုးသားအဖော်ကသိနိုင်ပါတယ်။လက်မောင်းမှာကပ်ထား ရင်တစ်ခြားသူစိမ်းတွေပါသိနိုင်ပါတယ်။အရေပြားနဲ.ဓာတ်မတည်.တာ၊ကပ်ထားရင်းကွာကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။နှစ်မျိုးပေါင်းကိုယ်ဝန်တားဆေးလိုပဲ သွေးခဲစေမှုဖြစ်နိုင်ခြေကိုအနည်းငယ်မြှင်.တတ်စေ
ပါတယ်။

၂-၆။သတိပြုစရာများ

-ပလာစတာကို သန်.ရှင်းပြီးခြောက်သွေ.တဲ. ဗိုက်၊တင်ပါး၊လက်မောင်းအပေါ်အပြင်ဘက်၊ရင်ဘတ် အပေါ်ပိုင်းကအရေပြားပေါ်မှာပဲကပ်သင်.ပါတယ်။ပွတ်တိုက်မှုများတဲ.နေရာမျိုးမှာတော.မကပ်သင်.ပါဘူး။ဥပမာ-ဘရာစီရာကြိုးရဲ.အောက်မှာပေါ.။

-ပလာစတာကို ခုနှစ်ရက်တစ်ခါပြောင်းကပ်ရပါမယ်။

-ပလာစတာကိုခုနှစ်ရက်ပြည်.လို.ခွာပြီးရင် ဟော်မုန်းတွေတစ်ခြားပြန်.မသွားအောင် ခေါက်ပြီးမှ အမှိုက်ပုန်းထဲထည်.ရပါမယ်။မြေကြီးထဲနဲ. ရေမြောင်းရေတွင်းတွေဆီ ဟော်မုန်းပျံနှံ.မသွားအောင် အိမ်သာထဲကို မစွန်.ပစ်သင်.ပါဘူး။

-ရာသီသွေးစလာတဲ.ပထမဆုံးရက်မှာ ပလာစတာစကပ်ရင် ကွန်ဒုံးပါတွဲသုံးစရာမလိုပါဘူး။

-ပလာစတာကွာသွားရင်ချက်ချင်းကပ်ပေးဖို.လိုပါတယ်။ ၂၄ နာရီကျော်မှပြန်ကပ်နိုင်ရင်တော.တစ်ခြား တားဆေးတစ်နည်းနည်း ဥပမာ-ကွန်းဒုံးကိုခုနှစ်ရက်လောက်တွဲသုံးဖို.လိုပါတယ်။

-ဒီပလာစတာသုံးတာကကိုယ်ဝန်တားနိုင်ပေမယ်.ကာလသားရောဂါတွေကိုတော့မကာကွယ်နိုင်ပါဘူး။

ကိုယ်ဝန်တားဆေးသောက်စရာမလိုတဲ.တစ်ခြားနည်းလမ်းတွေကိုဆက်လက်ဖော်ပြပေးပါမယ်။
 
From:ဒေါက်တာ တင့်ဆွေ

www.mmdailystar.com

မလေးရှားတွင် မုဒိမ်းကျင့်ခံရသူနှင့် အတူနေသည့် မြန်မာ အမျိုးသမီးများအတွက် လုံခြုံရေး ချထား

$
0
0
မလေးရှားနိုင်ငံရှိ အမျိုးသမီး အလုပ်သမား အချို့ကို နေအိမ် ( ပောာလ်စတယ်လ်) အတွင်းတွေ့ရစဉ်

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့်ခံခဲ့ရသည့် မြန်မာ အမျိုးသမီးနှင့် အတူ နေထိုင်သည့် အမျိုးသမီး အလုပ်သမား၂၀၀ ကျော်ကို လုံခြုံသော နေရာသို့ ပြောင်းရွှေ့ပေးရန် အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိထားပြီး လက်ရှိ နေထိုင်နေသည့် အဆောင်တွင်လည်း လုံခြုံရေးများ ချပေးထား ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြား သည်။
 ဂျိုဟိုးပြည်နယ်ရှိ Panasonic ဖုန်း ထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံ တွင် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအမျိုးသမီး လုပ်သားများ နေထိုင် သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီး တစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခဲ့ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။ အဆိုပါ ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း၊ ယင်းကိစ္စကို အရေးယူပေးရန် အမူဖွင့် ဆောင်ရွက်နေပြီး အမျိုးသမီးများ လုံခြုံရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား အရာရှိက ဆောင်ရွက်ပေးနေကြောင်း ဦးမျိုးအောင်က ဆိုသည်။
 မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း မြန်မာ အလုပ်သမားများထံမှ သိရှိရသည်။ မလေးရှားနိုင်ငံတွင် ယခုနှစ် မေလကုန်နှင့် ဇွန် လဆန်းတို့တွင် မြန်မာ လုပ်သားများကို အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် မြန်မာ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး အလုပ်သမား စေလွှတ်မှုကိုလည်း ယာယီ ရပ်ဆိုင်းခဲ့သည်။
 
From:The Voice

www.mmdailystar.com

ကျောင်းဆရာမတဦးကို အနားပေးမှု ၈၈ အခမ်းအနားနှင့်မဆိုင်ဟုဆို

$
0
0
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းဆရာမတဦးကို မယူ မနေရ ပင်စင်ပေးလိုက်တာဟာ ၈၈ အခမ်းအနားတက်တာနဲ့ မဆိုင်ဘဲ တာဝန်ချိန် ပျက်ကွက်တာကြောင့်လို့ ပညာရေးဝန်ကြီးဌာန က ပြောပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းက အလယ်တန်းပြဆရာမ   ဒေါ်စိုးစိုးခိုင်ကို ပညာရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၇ ၇က်မှာ ပင်စင်ပေးလိုက်တာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ပညာရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးအဖွဲ့မှူး ဦးဝေလွင်ဦးက အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

“အဲဒါနဲ့ မဆိုင်ပါဘူး။ ရုံးချိန်မှာ မလိမ့်တပတ်နဲ့ ခွင့်မဲ့ပျက်ကွက်တဲ့ ကိစ္စပါ။ ပြောရလို့ရှိရင်တော့ ၀န်ထမ်းတယောက် တာဝန်ချိန်မှာ ဘယ်ပျောက်နေလဲ၊ ဘာလဲ၊ ပျောက်နေလို့ရှိရင် ခွင့်မဲ့ပျက်ကွက်၊ ဘာကြောင့်၊ ကျောင်းမှာ ကျောင်းအုပ်ကြီး မသိအောင် ခွင့်ကို ညာတင်တယ်၊ တာဝန်ချိန်မှာ ပျက်ကွက်တယ်၊ အဲဒါတွေနဲ့ပဲ ဆိုင်တာ ဟိုဟာတွေနဲ့ မဆိုင်ပါဘူး။”

ကာယကံရှင် ဆရာမဒေါ်စိုးစိုးခိုင်ကတော့ သူ့ကို စွဲချက် ၃ ခုနဲ့ စွပ်စွဲပြစ်တင်ပြီး ပင်စင်ပေးခဲ့တာ လို့ ပြောပါတယ်။“ဒေါ်စိုးစိုးခိုင်သည် နိုင်ငံရေး အဖွဲ့အစည်းနှင့် ပါဝင်ပတ်သက်ဆောင်ရွက်ခြင်းပေါ့နော်။ သူတို့ စွဲချက် သုံးပေါ့နော်။ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သော ၈၈ ကျောင်းသား လှုပ်ရှားမှု ငွေရတု အစီအစဉ်တွင် စာနယ်ဇင် များနှင့် တွေ့ဆုံရှင်းလင်းတက်ရောက်ခဲ့ခြင်း၊ အဓိက အဲဒီအတွက်ကြောင့်ပဲ။ စွဲချက် ၁ က အမှတ် ၅ အခြေခံ ပညာ အထက်တန်ကျောင်း နေပြည်တော်မှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်နှင့် ပတ်သက် ၍ အောက်ပါအတိုင်း စွဲချက်တင်လိုက်သည်ဆိုပြီး သူက ရေးပြီးတော့ စွဲချက် ၁ ဒေါ်စိုးစိုးခိုင်သည် ၁၀ ရက်၊ ၆ လ၊ ၂၀၁၃ တနင်္လာနေ့မှ ၁၄ ရက်၊ ၆ လ၊ ၂၀၁၃ သောကြာနေ့ အထိ ကျောင်းမဲ့ ပျက်ကွက်ခဲ့ သည်။ နောက် နံပါတ် ၂ က ဒေါ်စိုးစိုးခိုင်သည် ကျောင်းအုပ်ကြီးထံတွင် ကြိုတင်ခွင့်တိုင်ကြားခြင်း မရှိဘဲ ခရီးဝေး ရန်ကုန်သို့ ထွက်ခွာခြင်း။ နံပါတ် ၃ ကတော့ ခုနက ပြောပြီပြီး။”
ဒေါ်စိုးစိုးခိုင်ဟာ ၈၈ အရေးတော်ပုံကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသူတဦးဖြစ်ပြီး ဆရာမ လုပ်သက် ၁၈ နှစ် ရှိသူလည်း ဖြစ်ပါတယ်။

သူကတော့ ၈၈ ကျောင်းသားတွေကို အာဃာတထား လုပ်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
“အပြုသဘောဆောင်ပြီးတော့ ဆွေးနွေးတာပါ။ နောက်နောင် ကျန်တဲ့ ၀န်ထမ်းတွေ၊ ဆရာမလို့ မဖြစ်အောင်၊ မဖြစ်သင့်တာတွေ မဖြစ်အောင်ပေါ့။ အာဃာတတွေ ကြည့်ပြီး မှားတဲ့ဟာမျိုးတွေ ဆရာမတွေကို မထားသင့်ဘူးလေ။ မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်ပေါက်ဘူးလား။ သူတို့ အာဃာတနဲ့ လုပ်သလို ဖြစ်နေတယ်။”

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက ၀န်ကြီးဌာနရဲ့ လုပ်ရပ်ဟာ အရုပ်ဆိုးတယ်လို့ မှတ်ချက်ပေး ပြောပါတယ်။“ရှစ်လေးလုံးနဲ့ပတ် သက် ဆက်နွှယ်နေတဲ့ သတင်းစာရှင်းလင်းပွဲ တခုကို တက်လို့ ကျောင်းဆရာမတယောက်ကို ကျောင်းကနေ ပင်စင်ပေးရတယ်ဆိုတဲ့ဖြစ်ရပ်မျိုးက အရမ်း အလွန် အရုပ်ဆိုးတယ်၊ အကျည်းတန်တယ်၊ ဖြစ်လည်းမဖြစ်သင့်ဘူးလို့ ကျနော် မြင်တယ်။

 နောက်တခုက ရှစ်လေးလုံးအရေးတော်ပုံကြီးဆိုတာ တပါတီ တအုပ်စု တဖွဲ့ရဲ့နိုင်ငံရေး ဖြစ်စဉ်တခုမဟုတ်ဘူး၊ မြန်မာ့နိုင်ငံရေး သမိုင်း၊ ပြည်သူတရပ်လုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကြီး တခုဖြစ်တယ်။ အဲဒါကြောင့်မို့ ဆရာမတွေ အနေနဲ့ရော ဖြစ်ဖြစ်၊ ၀န်ထမ်းတွေ အနေနဲ့ရော ဖြစ်ဖြစ် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ သူတို့ပါခဲ့ကြတာ ဖြစ်သလို အခု ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားတွေမှာ သူတို့ ပါဝင်ဆောင်ရွက်ခြင်းဟာ တပါတီ တဖွဲ့ တစည်းရဲ့ နိုင်ငံရေးကို လုပ်တာ မဟုတ်ဘူး၊ တမျိုးသားလုံးနဲ့သက်ဆိုင်တဲ့ နိုင်ငံရေးဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်ရှိတယ်၊ ဒါကိုပဲ ကျနော်ပြောချင်တယ်။” 


From:DVB

www.mmdailystar.com

ရှစ်လေးလုံး ဘာလဲ၊ ဘယ်လဲ

$
0
0


(စိုးအောင်)

သို့
ကိုမြတ်လှိုင်း

နေကောင်းရဲ့လားဗျ။ ပြည်ပရောက်နေတဲ့ ခင်ဗျားဆီကို ကျွန်တော့် ခံစားချက်လေးတွေ   ရေးလိုက်တယ်။ ပြောချင်တာရှိမှ စာရေးတယ်လို့တော့ မအောက်မေ့ပါနဲ့။ ရှစ်လေးလုံးပွဲ ကတော့ ပြီးသွားပြီ။ ဘာတွေရလိုက်သလဲ။ ပြန်သုံးသပ်ဖို့ လိုတယ်။ ပြီးတော့ ဘာဆက်လုပ်မှာလဲ။ စဉ်းစားဖို့လိုတယ်။ ကိုယ်မြင်သလောက်ပြောရရင် နိုင်ငံရေးအင်အားစုတွေ စုံညီတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်။ အလွန်အားရကျေနပ်ဖွယ်ကောင်းတဲ့ ရလဒ်ပါပဲ။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် စတာတွေကို ဆွေးနွေး ခဲ့ကြတယ်။ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အစိုးရနဲ့ ပါတီတွေက အဓိကလုပ်ရမယ့် အလုပ်လို့ ကိုယ်မြင်တယ်။ အဓိကရလိုက်တဲ့ အမြတ်ကတော့ ခေတ်အဆက်ဆက် နိုင်ငံရေးအင်အားစုတွေ စုစည်းစုံညီခွင့် ရလိုက်တာပဲ။ အားရှိလိုက်တာတော့ ပြောမနေနဲ့တော့။ ဒါပေမဲ့ ခက်နေတာတစ်ခုက အားလုံးမှာ နိုင်ငံရေးလမ်းစဉ် ပျောက်နေတာပဲ။ ပိုဆိုးတာက ငါတကော ကောနေကြတာပဲ။ ဒီပုံစံနဲ့တော့ ဒီမိုကရေစီနိုင်ငံ စစ်စစ် တစ်နိုင်ငံဖြစ်လာဖို့ဆိုတာ ဝေးသေးတယ်။
 

 ဘယ်လောက်နှမြောဖို့ကောင်းသလဲ။ တကယ်တမ်းဖြစ်သင့်တာက အဲဒီပုဂ္ဂိုလ်တွေ အကုန်စုစည်းပြီး နိုင်ငံကိုတည်ဆောက်ရမှာ။ ဒီရှစ်လေးလုံး ပွဲကြီးပြီးလို့ မကြာခင်မှာ ရှစ်ပူးအဖွဲ့ထဲက ပါတီထောင်လိမ့်မယ်ဆိုတာလည်း ကြားလိုက်ရတယ်။ စိတ်မကောင်းဘူး။ ရှစ်ပူးအဖွဲ့တွေပါ ပါတီထောင်ရင် မှားမယ်။ ပါတီထောင်တယ်ဆိုတာ ရှင်းရှင်းပြောရရင် အာဏာရဖို့ပဲ။ သူတို့ အာဏာရနိုင်မလား၊ မဖြစ်နိုင်ပါဘူး။ အာဏာရတော့ရော တစ်နိုင်ငံလုံးရဲ့ စိတ်ဓာတ်တွေကို လိုသလိုတည်ဆောက်နိုင်မယ် ထင်လို့လား။ အကန့် အသတ်တွေ အများကြီးရှိတယ်။

မြန်မာနိုင်ငံက ပြည်သူတွေက ပါတီဟေ့လို့ ဆိုလိုက်ရင် တစ်မျိုးမြင်ကြတယ်။NLD ဆိုတာတောင်မှ ဒေါ်စုရှိနေလို့ NLD ဖြစ်နေတာ။ ဒေါ်စုမရှိ တော့တဲ့နောက်ပိုင်း NLD ကို လူထုက ဘယ်လို သဘောထားကြမလဲဆိုတာ ကြိုတွေးကြည့်လို့ ရပါတယ်။ အဲသလိုပြောလိုက်တော့ ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့ကို စော်ကားသလိုဖြစ်ဦးမယ်။ အထင်ကရ ပုဂ္ဂိုလ်တွေက အသက် ၈၀ ကျော် ၉၀ တွေဖြစ်ကုန်ကြပြီ။ အဲဒါကို သတိထားဖို့လိုတယ်။ ဒေါ်စုတောင်မှ ကောင်းကောင်းအလုပ်လုပ်နိုင်ရင် ၂၀၁၅ ကနေ ၂၀၂၀ အထိပဲ။ ဒေါ်စုတောင်မှ အခုလောလောဆယ်မှာ ပါတီတစ်ခြမ်း၊ အဖွဲ့ချုပ် တစ်ခြမ်း ရောသမမွှေထားရတယ်။ ကျန်းမာရေး၊ ပညာရေးအတွက် အလှူ ငွေတွေကိုတော့ လက်ခံနေရတယ်။NLD ကို တစ်ဖက်ကနေ ကျန်း/ပညာ နဲ့ ရန်ထားရတယ်။ နိုင်ငံခြားငွေဆိုရင် ပါတီက လက်ခံလို့မရဘူး။ ဒါလည်း ကန့်သတ်ချက်တစ်ခုပဲ။ အဲဒီအတွက် ရောသမမွှေထားရတာ မဆန်းပါဘူး။ ဒါကို အစိုးရကလည်း သိထားမှာပါ။ လာမယ့် ၂၀၁၅ မတိုင်မီ အဲဒီကိစ္စကို လည်း ရှင်းရလိမ့်မယ်။ မဟုတ်ရင် ရွေးကောက်ပွဲဥပဒေနဲ့ ထိပ်တိုက် တွေ့သွားလိမ့်မယ်။ ငါ့ကိုထောက်ခံတဲ့သူတွေ အများကြီးရှိတယ်။ ငါ့စိတ်က သိပ်ကြီး တယ်ဆိုပြီး အရာရာကို လျှော့တွက်ရင် အမှားကြီးမှားသွားလိမ့်မယ်။

ရှစ်လေးလုံးပွဲမှာ လူစုံတယ်။ ဖြစ်စဉ်က ပူပူနွေးနွေးပဲ ရှိသေးတယ်။ ရှစ်လေးလုံး အင်အားစုတွေကို Institution တစ်ခုထောင်စေချင်တယ်။ Political Institution တစ်ခုပေါ့။ ရှစ်ပူးတွေ ပါတီခွဲထောင်ရင် ဗျူဟာမြောက်အမှားဖြစ်မယ်။ တိုက်ပွဲကမပြီးသေးဘူး။ ပါးစပ်က ပြောနေရုံနဲ့ မပြီးဘူး။ လက်တွေ့ရပ်တည် လုပ်ဆောင်မှုက စကားပြောတယ်။ တိုက်ပွဲ မပြီးသေးတာ သေချာရင် ဆက်တိုက်ရမယ်။ ဆက်တိုက်ဖို့ ပြင်ဆင်ရမယ်။ ပါတီထောင်တာ တိုက်ပွဲဝင်တာမဟုတ်ဘူး။ ကောင်းပြီ။ ဘာကိုတိုက်မှာလဲ။ တိုက်ပွဲအခြေအနေက ပြောင်းသွားပြီ။ အခုတိုက်ရမယ့် တိုက်ပွဲက လူတွေ၊ အဖွဲ့အစည်းတွေကို မဟုတ်ဘူး။ အခြေအနေတွေကို တိုက်ရမယ့်တိုက်ပွဲ ဖြစ်သွားပြီ။ တစ်နိုင်ငံလုံးက လူတွေရဲ့စိတ်ဓာတ်တွေကို ဒီမိုကရက်တိုက် ဇေးရှင်းလုပ်ပစ်ရမယ့် တိုက်ပွဲဖြစ်သွားပြီ။ နိုင်ငံသားတွေကို တာဝန်ယူမှု ရှိပြီး ပညာရေချိန်မြင့်တဲ့သူတွေဖြစ်အောင် လုပ်ရမယ့်တိုက်ပွဲ ဖြစ်သွားပြီ။ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်တွေကို ဓမ္မဘက်ကရပ်တည်ပြီး ဘယ်အဓမ္မတွေ ကိုမဆို ဆန့်ကျင်တိုက်ထုတ်ပစ်ရဲတဲ့ သတ္တိရှိတဲ့ သူတွေဖြစ်အောင် တိုက်ရမယ့် တိုက်ပွဲဖြစ်သွားပြီ။ စိန်ခေါ်မှုကတော့ သိပ်ကြီးမားတယ်။ အဲဒီလုပ်ငန်းတွေကို ပါတီနဲ့ တိုက်လို့မရဘူး။ Institution ကြီးတစ်ခုနဲ့ပဲ တိုက်လို့ရမယ်။ နောက်ထပ် ၂၅ နှစ်ကြာအောင် တိုက်ချင်လည်း တိုက်ရလိမ့်မယ်။ ဒီကြားထဲမှာ ဘယ်သူမှ အာဏာမလိုချင်ပါနဲ့။

ဒီ Institution ကြီးကနေ လုပ်စရာအလုပ်တွေ အများကြီးရှိတယ်။ ရှစ်လေးလုံးသမိုင်းကို ပြုစုရမယ်။ ကျောင်းပြဋ္ဌာန်းစာအုပ် တွေထဲမှာ အဆင့်လိုက် ထည့်သွင်းနိုင်အောင် လုပ်ရမယ်။ R&D အဖွဲ့ကြီးတစ်ဖွဲ့လည်း ဖွဲ့ရမယ်။ အစိုးရရဲ့လုပ်ဆောင်ချက်၊ လွှတ်တော်တွေရဲ့ လုပ်ဆောင်ချက်၊ တပ်မတော်ရဲ့ လုပ်ဆောင်ချက်၊ တရားရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်၊ ပြည်ထဲရေး/ထွေအုပ်ရဲ့ လုပ်ဆောင်ချက် အစရှိတာတွေကို မှတ်တမ်းပြု လစဉ်သုံးသပ်၊ ကြေညာချက်ထုတ် စတာတွေလုပ်ရမယ်။ ဟောပြောပွဲတွေ၊ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ Workshop တွေ လုပ်ရမယ်။ တစ်နိုင်ငံလုံးအနှံ့ စဉ်ဆက်မပြတ် နှစ်ပေါင်းများစွာ လုပ်ရမယ်။ စာအုပ်တွေ ထုတ်ရမယ်။ ကွန်ရက်တွေ ဖွဲ့ရမယ်။ နိုင်ငံတကာ Institution တွေနဲ့လည်း လက်တွဲလုပ်ရလိမ့်မယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေကို အစိုးရက လုပ်လိမ့်မယ်။ ဘယ်အစိုးရတက်တက် ကျကျနန မလုပ်ရင် အဲဒီ Institution ကနေ ပြောမယ်။

လူတွေရဲ့ပညာရေချိန် မမြင့်ရင် ဒီမိုကရေစီစစ်စစ် တည်ဆောက်လို့ မရဘူး။ လမ်းပေါ်မှာ ဆန္ဒပြခွင့်ရတာ ဒီမိုကရေစီရဲ့အကာပဲ ရှိသေးတယ်။ တကယ့်အနှစ်က ပြည်သူတွေဟာ တရားဥပဒေနဲ့အညီ ကျင့်ကြံနေထိုင် နိုင်ရမယ်။ ဓမ္မကိုပဲ လက်ခံရမယ်။ အဓမ္မကို ငြင်းပယ်ရမယ်။ မှန်ကန်တဲ့ ဥပဒေတွေနဲ့ မှန်ကန်တဲ့တရားစီရင်ရေး ရှိရမယ်။ အဲဒါကို Institution က တည်ဆောက်နိုင်ရမယ်။ အဲဒီ Institution ကို နာမည်ပေးချင်တယ်။ ‘Tetra Eight Generation Political Institution ။ အဲဒီအမည်ကို ဝေလေလေ ကောင်တွေကို ယူမသုံးစေချင်ဘူး။ အခုဟာက အချိန်ကောင်း၊ အခါကောင်း၊ အခွင့်အရေးကောင်းကို ရောက်နေပြီ။ ကွဲမထွက်စေချင်ဘူး။ ညီညီညွတ်ညွတ် လုပ်ဆောင်စေချင်တယ်။ မျိုးဆက်ဟောင်းတွေနဲ့ မျိုးဆက်သစ်တွေ အကုန် ပါစေချင်တယ်။

ကဲ ကိုမြတ်လှိုင်းရေ
ကျွန်တော့် စိတ်ကူးတွေ၊ ပြောချင်တာတွေ တောက်လျှောက် ရေးချလိုက်လို့ ဖတ်ရတာ အာရုံနောက်သွားပြီလား။ ခင်ဗျားလည်း စဉ်းစားပြီး စာပြန်ပါဦး။ စာလည်း အတော်ရှည်သွားပြီမို့ နားဦးမယ်ဗျာ။ ကျန်းမာရေးဂရုစိုက်ပါ။

From:The Voice

www.mmdailystar.com

စင်္ကာပူမှ ကျောင်းသူတစ်ဦး သူမ၀တ်ပြီးသား အတွင်းခံများရောင်းချ ၂ ထည်ဝယ်လျှင် ဘောင်းဘီချွတ်သည့် ဗီဒီယိုပါပြ

$
0
0
 
စင်္ကာပူနိုင်ငံရှိ ကောလိပ် ကျောင်းသူ တစ်ဦးသည် သူမ အသုံးပြုပြီးသား အတွင်းခံများကို စင်္ကာပူ ၄၅ ဒေါ်လာ (၁၀၄ ရင်းဂစ်) ဖြင့် ရောင်း ချနေကြောင်း စင်ချုးနေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြပါရှိသည်။
အတွင်းခံဘောင်းဘီ (၂) ထည် ၀ယ်ယူသူအတွက် အပိုဆု အဖြစ် အသက် ၁၉ နှစ်အရွယ် မိန်းကလေးမှ အတွင်းခံ ဘောင်းဘီအား ချွတ်ပြသည့် ဗီဒီယိုဖိုင်အား အခမဲ့ကြည့်ရမည်ဖြစ်ပြီး သူမ၏ မျက်နှာကို မူ ပြသထားခြင်း မရှိပေ။

Felicia ဆိုသူ ကျောင်းသူသည် သူမ၏ ဘလော့(ဂ်)မှတဆင့် ယခုကဲ့သို့ လိင်စိတ်နိုးကြွစေသည့် အတွင်းခံရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည် မှာ တစ်လခန့် ကြာခဲ့ပြီဖြစ်သည်။ပထမပိုင်းတွင်ဘောင်းဘီတစ် ထည် လျှင် စင်္ကာပူဒေါ်လာ ၃၀ ဖြင့် ရောင်းခဲ့ပြီး ယခုလမှ စတင်ကာ ဈေးနှုန်းမြှင့် တင် ရောင်း ချခဲ့ကာ စုစုပေါင်း အတွင်း ခံ (၁၆) ထည် ရောင်း ထားပြီး ဖြစ်ကြောင်း သိရ သည်။

သူမနှင့် အင်တာဗျူးလုပ်ရန် ကမ်းလှမ်းမှုများကိုလည်း ငြင်း ဆိုခဲ့ပြီး အခမဲ့ ကြည့်ရှုခွင့်ပေးသည့် ဗီဒီယိုဖိုင်ကိုလည်း ပိတ်သိမ်းခဲ့သည်။သူမသည် ဘောင်းဘီများကို မရောင်းချခင် ၁၂ နာရီကြာ ၀တ်ဆင်ခဲ့ သည်ဟု သိရပြီး ယခုကဲ့သို့ စွန့်စားလုပ်ကိုင်ရခြင်းမှာ ကျောင်းလခ ပေးရန် အတွက် ဖြစ်သည်ဟု ဆိုသည်။သူမက "ကျွန်မ ဘယ်သူဘယ်ဝါဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး" ဟုလည်း ပြောဆို ထားခဲ့သည်။

From:ရာ ဝဏ

www.mmdailystar.com

ကင်တားနား မိတ္ထီလာက ဘာဖြစ်လို့ ကြောက်ချီးပန်း ထွက်ပြေးရသလဲ

$
0
0

ကင်တားနား မိတ္ထီလာမှာ ကြောက်ချီးပန်းပြီး ပြေးရတာကို သတင်းစာရှင်းလင်းပွဲမှ ထည့်ပြောတဲ့ အခုတော့ “ကမ္ဘာကသိပြီ” “မှတ်ပြီလား အစိုးရမင်းတို့” ဆိုတဲ့အသံတွေ ထွက်လာတဲ့သူတွေကို ကြည့်လိုက်ရင် ဘင်္ဂါလီ နေသန်မောင်(ကမာရွတ်မီဒီယာ)….ဒေါ်စုရဲ့ အွန်လိုင်းတာဝန်ခံ ဒီမိုဖက်တီး (ခွန်ဒီးယမ်)…NLD ထဲက ဘင်္ဂါလီလော်ဘီ ငရဲသား ဒီလူတွေပဲ ဖြစ်တယ်…ငရဲသားဆိုရင် ကင်တားနားဘက်က အခမဲ့ရှေ့နေလိုက်ပြီး ရှင်းလင်းချက်တွေ ဘာတွေ ထုတ်လို့….တရားကျစရာ..ရယ်စရာ သိပ်ကောင်းနေ ပါရော…

အဓိက အချက်က ဘာလဲ…မိတ္ထီလာက camp တွေကို ကင်းတားနား မကြည့်နိုင်ခဲ့တာပဲ..မကြည့်နိုင်တော့ ဘာဖြစ်လဲ…ရခိုင်စွပ်စွဲချက်တွေကို မိတ္ထီလာအထိ ဆွဲခေါ်ဖို့ ကြံစည်ထားတဲ့ OIC အကြံတွေ မပြည့်ဝတော့ဘူး…အဲဒီcamp တွေမှာ နေနေကြတာက ပြည်တွင်းနေ ထောင်ကျော်…ဒီနောက်ကွယ်က ကွန်ရက်တွေထဲမှာ OIC-NLD-ဘင်္ဂါလီတွေ အချိတ်အဆက်မိမိ လှုပ်ရှားနေသလား….

ကဲ … မိတ္ထီလာ ကြောက်ချီးပန်းရတဲ့ အဖြစ်ကို ပြန်စဉ်းစားကြည့်ရအောင်…

၁-ကင်တားနား ရခိုင်မှာလည်း ဒီလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာ ခံခဲ့ရတယ်..ဒါပေမယ့် အခုလို မဖြစ်ဘူး…ဘာဖြစ်လို့လဲ..

၂-ရခိုင်မှာကတည်းက ကင်တားနားကို မြန်မာပြည်သူတွေ မုန်းတီးနေကြပြီ…သံဃာတွေနဲ့ တွေ့တော့ မရိုမသေ ဆက်ဆံတယ်…ဘင်္ဂါလီတွေနဲ့တွေ့တော့ ရိုရိုသေသေ ကျုံ့ကျုံ့လေးနေတယ်..ဒီဓါတ်ပုံတွေ မီဒီယာတွေမှာ မွထနေပြီ..ပြည်သူတွေက ဒီပုံတွေကြည့်ပြီး ကင်တားနားကို မုန်းနေကြပြီ…စော်ကားလိုက်တဲ့ကောင်..မိုက်ရိုင်းလိုက်တဲ့ကောင်…ဘာညာပေါ့

၃-ရခိုင်မှာ ၀င်တာက နံနက်ပိုင်း..မိတ္ထီလာ ၀င်သွားတာက ညပိုင်း….နဲနဲလင်းနေမယ်ဆိုရင် ထောင်ကျော်ရှိတဲ့ ကြိုဆိုဧည့်ခံသူတွေကို ကင်တားနားတွေ့ရမှာ…အခုတော့ ရာကျော်ပဲ ရှိတယ်… ဒါပေမယ့် ညမှောင်ချိန်ကို သတိပြုဖို့ လိုတယ်…ရှေးလူကြီးသူမတွေ ပြောတဲ့ အပုပ်ချိန်ဆိုတာ …အမှောင်ထုရဲ့ တွန်းအားပေးမှုက ကြာရှည်စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကို အခုလို စိတ်ရိုင်းဝင်လာစေတာပဲ…

၎-ဒါမျိုးက နိုင်ငံတကာက ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေမှာ အမြဲကြုံတွေ့နေရတာပဲ…လူအုပ်များပြီး အရှိန်ကောင်းလာပြီ ဆိုရင် ဟိုဟာဖျက် ဒီဟာဖျက် ဒါ လူ့သဘောသဘာဝပဲ…ကင်တားနားကို ကားတံခါး ထုရိုက်တာ ဒီလောက် မဟုတ်ဘူး…ကင်တားနားရဲ့ ကြောက်စိတ်က အဓိကပဲ..နိုင်ငံတကာက UN ၀န်ထမ်းတွေ အသတ်ခံရတာ…အများကြီးပဲ..ဒီကြားက လုပ်နေကြရတာ..

၅-အဓိက အချက်က ကင်တားနားရဲ့ ဆိုက်ကို ပဲ..ကင်တားနားဟာ ငယ်ငယ်ကတည်းက သူ့မိဘတွေကို အကြမ်းဘက်သတ်ဖြတ်ခဲ့တာကို ကြုံတွေ့ခဲ့ရတဲ့ အာဂျင်တိုင်းတစ်ယောက်ပဲ..သူ့ကို us နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကျွေးမွေးစောင့်ရှောက်ပြီး အခုလို ပညာတွေတတ်လာ..လူတစ်လုံး ဖြစ်လာတာပဲ..ဒါပေမယ့် ကလေးအရွယ်ကတည်းက ကြုံခဲ့ရတဲ့ အကြမ်းဘက်မှုဟာ ကင်တားနားစိတ်ထဲမှာ ဆိုက်ကိုဝင်နေတယ်…အမှန်တော့ ဒီလို စိတ်အခြေအနေ ပုံမှန် မဟုတ်ဘဲ ဆိုက်ကိုဝင်နေတဲ့သူတွေကို un ၀န်ထမ်း မခန့်သင့်ဘူး….

၆-ဖြစ်တာက နဲနဲ …ဒါပေမယ့် ကင်တားနား ကြောက်တာက များများ…သူ့စိတ်ထဲက ဆိုက်ကိုရယ်..မိတ္ထီလာ ဖြစ်စဉ်က ပုံရိပ်တွေရယ်..စုပေါင်းပြီး ကြောက်ချီးပန်းသွားတာ…ပြီးတော့ ချက်ချင်းပဲ ပြန်တော့မယ် ဖြစ်လာတာ…တစ်ကယ်တမ်းက သူ့မစ်ရှင်ကိုသူ ပြီးအောင်လုပ်ဖို့ အရေးကြီးတယ်…မိတ္ထီလာကို သူ ဘာလုပ်ဖို့ လာတာလဲ…IDP Camp တွေကို ကြည့်ဖို့ ဆိုရင် ရောက်အောင်သွား မြင်အောင်ကြည့်ဖို့ပဲ လိုတယ်…အခုဟာက ကြောက်လို့ ပြန်လာတာပါ ဆိုတဲ့ စကားက UN ၀န်ထမ်း မပီသဘူး..သူ့ကို ပေးထားတဲ့ mandate ကို မကျေဘူး…

၇-ကင်တားနား ဒီလို မသွားဖြစ်တော့ ဒီ camp တွေကို အကြောင်းပြုပြီး အစဆွဲထုတ်မယ့် အဖွဲ့တွေ ငုတ်တုပ်မေ့သွားတယ်..OIC-ဘင်္ဂါလီ ကျိန်းသေ အကြံပျက်သွားတယ်..ဒီကြားထဲမှာ ဒီအစကို ပြည်တွင်းမှာ ဆွဲထုတ်လာတာက NLD ထောက်ခံသူတွေ အမာခံတွေ ဖြစ်နေလေတော့ OIC-ဘင်္ဂါလီ ကွန်ရက်မှာ NLD ဘယ်လိုပါနေသလဲ စဉ်းစားစရာ ဖြစ်လာတယ်..

-ပြန်သုံးသပ်ကြည့်ရင် ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ..မိတ္ထီလာက ဆန္ဒပြတဲ့သူတွေဟာ ကားမှန်ကွဲအောင်…ကားတံခါးတွေ ပျက်စီးသွားအောင် လုပ်ခဲ့တာ မဟုတ်ဘူး..လူအုပ်စုနဲ့ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုအရ တဒင်္ဂ လှုံ့ဆော်မှု ဖြစ်ခဲ့ရတာပဲ…ဒီဆန္ဒပြမှုကို ဦးဆောင်ခဲ့တာ မိတ္ထီလာ ရှစ်ပူးတွေကလည်း အကြမ်းမဘက်တဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ လုပ်ခဲ့ကြတာ..

-ကင်တားနား မလာခင် အခြေအနေ..ရခိုင်က သံဃာတွေနဲ့ တွေ့တဲ့ ဓါတ်ပုံတွေ..ကင်တားနားရဲ့ လုပ်ရပ်တွေ..ဒါတွေကို မူတည်ပြီး အမှတ်မထင် ဖြစ်သွားတာပဲ…ဒါကို အခွင့်ကောင်းပဲ ဆိုပြီး အပုပ်ချနေတဲ့ မီဒီယာတွေ NLD တာဝန်ခံတွေအနေနဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို လျစ်လျူရှုရာ ရောက်နေတယ်..ဒီကိစ္စက နိုင်ငံရေး အမြတ်ထုတ်စရာ ကိစ္စ မဟုတ်ဘူး…မြန်မာပြည်သူအားလုံးနဲ့ သက်ဆိုင်နေတဲ့ ယဉ်ကျေးမှုကိစ္စသာ ဖြစ်တယ်..

-ပြည်သူတွေဘက်ကို ကြည့်ရင် လူကို ကန့်ကွက်နေတာပဲ ဖြစ်တယ်…UN ကို ဆန့်ကျင်နေတာ မဟုတ်ဘူး..UN ရဲ့ လုပ်ဆောင်ချက်တွေကို ပယ်ချနေတာ မဟုတ်ဘူး…
မြန်မာပြည်မှာရှိတဲ့ UN အဖွဲ့အစည်းတွေ UN ၀န်ထမ်းတွေကို ဒီလို ဆက်ဆံတာ မဟုတ်ဘူး…

မြန်မာပြည်မှာလုပ်ကိုင်နေတဲ့ UN Project တွေကို ဖျက်ဆီးနေတာ မဟုတ်ဘူး…
ဘာဖြစ်လို့လဲ..မြန်မာပြည်သူတွေဟာ UN ကို အလေးထားတယ်..လေးစားတယ်..စော်ကားဖို့ ဘယ်တော့မှ မရည်ရွယ်ဘူး..အကြောင်းရင်း ခိုင်ခိုင်မာမာ ရှိတယ်..

ဘာဖြစ်လို့လဲ UN အတွင်းရေးမှူး လုပ်ခဲ့တဲ့ ဦးသန့်ကြောင့်ပဲ..ဦးသန့်နဲ့ဆက်စပ်ပြီး UN ကို အလိုအလျောက် ထောက်ခံကြတာ ဒါ မြန်မာတွေပဲ သိတယ်..
ဆန့်ကျင်တာ..ကန့်ကွက်တာက..ကင်တားနား တစ်ယောက်တည်းကိုပဲ…မြန်မာတွေ ဘန်ကီမွန်းကို မဆဲဘူး..မဆန့်ကျင်ဘူး…UN ကို ထွက်သွားကြ မပြောဘူး….ကင်တားနားရဲ့ တစ်ဦးချင်းလုပ်ဆောင် ချက်ကို ကြည့်ပြီး ဆန့်ကျင်ကန့်ကွက်မှုတွေ ဖြစ်လာတာပဲ..ကင်တားနားကို မယုံဘူး..ကင်တားနားဟာ ဘက်လိုက်တယ်…ကင်တားနားဟာ မြန်မာပြည်ကို ဒုက္ခပေးမယ် ဒါတွေကြောင့်ပဲ အခုလို ဖြစ်လာတာပါ…

အချုပ် သုံးသပ်ကြည့်ရင် ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်တယ်…သူ့မစ်ရှင်ကို ပြီးမြောက်အောင် မလုပ်ခဲ့တာကတော့ ကင်တားနားရဲ့ ဆိုက်ကိုနဲ့သာ သက်ဆိုင်တယ်…မြန်မာတွေက UN ကို မဆန့်ကျင်ဘူး….
နောက်ဆုံးအချက်က ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ ဘင်္ဂါလီတွေ..ဘင်္ဂါလီလော်ဘီ NLD အမာခံတွေ နိုင်ငံအကျိုးကို ကြည့်ကြဖို့ပဲ သတိပေးချင်တယ်.


From:ပလေတို ဒီမို

www.mmdailystar.com

*** ကင်တားနား ဘာလဲ၊ ဘယ်လိုမွှေဦးမလဲ နှင့် ...... ***

$
0
0

မနေ့ည ၆နာရီခွဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ကင်တားနားက မိတ္ထီလာ ခရီးစဉ်မှာ သူ့ကားကို လူ၂၀၀လောက် ဝိုင်းဝန်းကန်ကျောက် ထုရိုက်ခဲ့ကြတယ်လို့ ပြောသွားပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကြောင့် အမြင်ကို ပြောချင်ပါတယ်။

အရင်ဆုံး ပြောချင်တာကတော့ -

နိုင်ငံတော်သမ္မတနဲ့ ပါတ်သက်တဲ့ ကြေငြာချက်၊ အမိန့်၊ သဘောထား တစုံတရာကို နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကသာ နိုင်ငံတော်သမ္မတရုံး websiteလို နေရာမျိုးကသော်လည်းကောင်း၊ သတင်းစာများမှ တဆင့်သော်လည်းကောင်း၊ သတင်းစာရှင်းလင်းပွဲ လုပ်ခြင်းဖြင့်သော်လည်းကောင်း ထုတ်ပြန်သင့်ပါတယ်။ အချို့ ကိစ္စတွေမှာ အခြေအနေပေါ်မှာ မူတည်ပြီး သတင်းမထုတ်ပြန်တာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။

သံတမန်ရေးရာဆိုတာ ကိုယ်မမြင်နိုင်တဲ့ အသေးစိတ်တွေ ပြည့်နှက်ပြီး အမှားမခံတဲ့ အရေးအရာပါ။ ယုတ်စွအဆုံး ဝတ်တဲ့အဝတ်အစား၊ လူနေရာချထားပုံနဲ့ အခမ်းအနား အပြင်အဆင်တွေကအစ သာမာန်ထက်ပိုပြီး လိုက်နာရမယ့် protocolတွေ အပြည့်နဲ့ပါ။ သံခင်းတမန်ခင်း ကိစ္စတွေကို အစဉ်အလာအရ သမ္မတရုံးနဲ့ MOFAကသာ စီစဉ်တာတွေ သတင်းထုတ်ပြန်တာတွေ လုပ်လေ့ရှိတာပါ။

"သမ္မတကြီးအနေနဲ့ ကင်တားနားကို လက်ခံတွေ့ဆုံဖို့ အစီအစဉ် လုံးဝ ( လုံးဝ) မရှိကြောင်း အသိပေး တင်ပြအပ်ပါတယ်။" ဆိုတဲ့ ဝန်မင်းရဲ့  စကားဟာ "သမ္မတကြီး ငါတို့ဖက်မှာရှိတယ်ကွ၊ ဒီလူကို ဆော်မယ်ကွ၊" ဆိုတဲ့ စိတ်တွေ ဖြစ်လာစေဖို့ တွန်းအားတစ်ရပ် ဖြစ်သွားတယ်လို့ မြင်ပါတယ်။

နောက်ပြီး သံခင်းတမန်ခင်းအရ လာတဲ့ကိုယ်စားလှယ်ရဲ့ လုံခြုံရေးကို သက်ဆိုင်ရာ နိုင်ငံတွေက အပြည့်အဝ တာဝန်ယူရပါတယ်။
ကိုယ်မနှစ်သက်သည်ထားဦး လုံလောက်တဲ့ လုံခြုံရေး ပေးရမှာက ကိုယ့်တာဝန်ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ အစိုးရအနေနဲ့ ပြည်တွင်းမှာ သုံးနေကျ ဆေးမြီးတို နည်းလမ်းတွေအရ "ကြောက်" အောင် "ခြောက်" လိုက်တယ်လို့ ထင်မိပါတယ်။

ကြောင်ကတော့ ကင်တားနားကို personally မကြိုက်ပါ။
မမျှတတဲ့ အစီရင်ခံစာတွေကို တင်ပြီး ပြဿနာကို ပိုပြီးကြီးထွားအောင် လုပ်တဲ့လူလို့ မြင်ပါတယ်။

ကိုယ်က ဒီကိုယ်စားလှယ်ကို မကြိုက်ရင် ကုလ (UN) ကို တရားဝင် ကန့်ကွက်ပြီး တရားနည်းလမ်းကျကျ ဥပဒေကြောင်းအရ ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ နိုင်ငံတော်အစိုးရကို ကြောင့်အနေနဲ့ တိုက်တွန်းလိုပါတယ်။

ကုလအနေနဲ့လည်း ဒီလောက် သက်ဆိုင်ရာနိုင်ငံက ပြည်သူတွေ မထောက်ခံတဲ့ ကိုယ်စားလှယ်ကို ဆက်လွှတ်နေတယ်ဆိုတာ မိမိဝန်ထမ်းရဲ့ လုံခြုံရေးကို ဂရုမစိုက်လို့ပဲလား အခြား လွှမ်းမိုးမှု တစုံတရာကြောင့်လားဆိုတာ သံသယဖြစ်စရာပါ။
From:မဟာ ကြောင်

www.mmdailystar.com

မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်

$
0
0


Z-22-8
         
  မာမက် (ခ) သိန်းအောင်                              အာဇတ်                                     ယူနွတ် (ခ) လှမြင့်


မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖောက်ခွဲရေးသမားများ သတင်းကြောင့် မြို့အ၀င်အထွက် လမ်းကြောင်းများ အပါအ၀င် ပင်လယ်ပိုင်းရှိ ကျွန်းများနှင့် ကျေးရွာများအထိ စနစ်တကျ စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယခုလလယ်ပိုင်းမှ စတင်ပြီး မြိတ်မြို့သို့ ဖောက်ခွဲရေးသမားသုံးဦး ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ၀င်ရောက်လာနိုင်ကြောင်း သတင်းများ ရရှိခဲ့ရာ လုံခြုံရေး တိုးမြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖောက်ခွဲရေးသမားသုံးဦး ရောက်ရှိနေသည့် သတင်းမှာ ဓာတ်ပုံများနှင့်အတူ အာဏာပိုင်များထံသို့ ရောက်ရှိနေပြီး ရပ်ကွက်အလိုက်၊ ကျေးရွာများအလိုက် လုံခြုံရေး တိုးမြှင့်ခဲ့သလို လူဝင်လူထွက်များ သိရှိနိုင်ရန် ဧည့်စာရင်းများစစ်ခြင်း၊ မြို့အ၀င်ထွက်များတွင် စောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

"ဖောက်ခွဲရေးသမား သုံးဦးကတော့ အခုထိ မမိသေးပါဘူး။ သတင်းတွေ အမျိုးမျိုး ထွက်နေပေမယ့် လုံခြုံရေးကိုတော့ စနစ်တကျ လုပ်ဆောင်နေပါတယ်။ ကျေးရွာနဲ့ ရပ်ကွက်တွေအလိုက် ဆယ်အိမ်စု၊ ရာအိမ်စုမှူးတွေအထိ အဆင့်ဆင့် စောင့်ကြည့်တဲ့ စနစ်နဲ့ လုပ်ဆောင်နေသလို ပင်လယ်ထဲက ကျွန်းတွေ၊ ဆိပ်ကမ်းအ၀င်အထွက်ကိုလည်း စောင့်ကြည့်စစ်ဆေးနေတယ်။ သတင်းရပြီးတာနဲ့ လုံခြုံရေးကို ယခင်ကထက် ထပ်တိုးထားပါတယ်။ သြဂုတ် ၁၇ နေ့ကစပြီး နေ့ရောညပါ လူတစ်ဦးချင်းအလိုက် ရှာပါတယ်။ ဆိုက်ကားတွေ ဆိုင်ကယ်တွေကို တစ်စီးချင်း ရှာပါတယ်။ ညပိုင်းဆိုရင် မြစ်ထဲမှာ လှေတွေနဲ့ ကင်းလှည့်စောင့်ကြည့် ပါတယ်။ ရွာတွေက လှေဆိပ်လေးတွေအထိ လိုက်စစ်နေပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး ထပ်တိုးထားတာပဲ ရှိပါတယ်။ ဘယ်နေ့ဘယ်ရက်အထိ ချမယ်ဆိုတာမျိုး မရှိပါဘူး။ ရက်အကန့်အသတ်မရှိ ဆောင်ရွက်မှာပါ" ဟု ကျွဲကူးတံတားတွင် တာဝန်ကျနေသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။


သြဂုတ်လလယ်ပိုင်းတွင် ဖောက်ခွဲရေးသမားသုံးဦး ထိုင်းနိုင်ငံမှတစ်ဆင့် ပင်လယ်ရေကြောင်း ခရီးဖြင့် ၀င်ရောက်လာကြောင်း၊ ကော့သောင်-ဘုတ်ပြင်းဘက်မှ ရေလမ်းခရီးကို အသုံးပြုကာ ၀င်ရောက်လာခြင်းဖြစ်ကြောင်း သတင်းများ ရရှိပြီးနောက်ပိုင်း မြိတ်မြို့တွင် လုံခြုံရေး တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာမှ ထုတ်ပြန်သည့် ဖောက်ခွဲရေးသမား သုံးဦးမှာ မာမက် (ခ) သိန်းအောင်၊ အာဇတ်နှင့် ယူနွတ်တို့ဖြစ်ပြီး မာမက် (ခ) သိန်းအောင်မှာ ယခင် မြန်မာနိုင်ငံသားဖြစ်ပြီး ယခု ထိုင်းနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ကာ မြန်မာနိုင်ငံ၌ အသက် (၁၂) အထိ နေထိုင်ခဲ့ကြောင်း၊ အာဇတ်မှာ အင်ဒိုနီးရှားတွင် နေထိုင်ကာ နိုင်ငံသား စိစစ်ဆဲဖြစ်ကြောင်းနှင့် ယူနွတ် (ခ) လှမြင့်မှာ ရခိုင်ပြည်နယ် ဇာတိဖြစ်ကာ ယခုထိုင်းနိုင်ငံသား ခံယူထားကြောင်း သိရပြီး ၎င်းတို့ သုံးဦးစလုံးမှာ မြန်မာစကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ကြောင်းလည်း သိရသည်။

ယင်းတို့နှင့် ပတ်သက်၍ ပြင်ပတွင် သတင်းမျိုးစုံ ထွက်ပေါ်နေသော်လည်း ၎င်းတို့အား ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
From:Eleven

www.mmdailystar.com

ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးအား မွတ်ဆလင် မုဒိမ်းကျင့်သည့် ကိစ္စ အေဂျင်စီများအသင်းချုပ် သွားရောက် ညှိနှိုင်းမည်

$
0
0


မလေးရှားနိုင်ငံ ဂျိုဟိုးတွင် မုဒိမ်းကျင့်ခံရသူ မြန်မာအမျိုးသမီး အလုပ်သမားကိစ္စ ဆွေးနွေးညှိနှိုင်း ရန် အေဂျင် စီများ အသင်းချုပ်သည် သြဂုတ်လ ၂၆ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ သွားရောက် မည် ဖြစ်ကြောင်း ယင်းအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။

ယင်းအမျိုးသမီးသည် လတ်တလောတွင် ဂျိုဟိုး ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လျက်ရှိပြီး ၎င်းမှာမြန်မာနိုင်ငံ သို့ ပြန်လာရန် ဆန္ဒမရှိသည့်အတွက် သူ၏သဘောအတိုင်း အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“အလုပ်ပြောင်းမယ်ဆိုလည်း ပြောင်းပေးမယ်။ ကိုယ့်အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးအ တွက် ကူညီဆောင်ရွက်ပေးသွားမှာပါ” ဟု အေဂျင်စီများအသင်းချုပ် ဥက္ကဋ္ဌက ပြောဆိုသည်။

ဂျိုဟိုးပြည်နယ်၊ Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd B hd စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး အလုပ်သမားများ နေထိုင်သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများထံမှ သိရသည်။

အဆိုပါပြစ်မှု ကျူးလွန်သူကို စုံစမ်းသိရှိပြီးဖြစ်ပြီး အရေးယူရန် ဆောင်ရွက်နေကြောင်း၊   မြန်မာအလုပ် သမား များ လုံခြုံရေးနှင့် အခွင့်ရေးကာကွယ် စောင့်ရှောက်ရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ သံအရာရှိ က ဆောင်ရွက်ပေးနေကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြားသည်။
 
From:The Voice

www.mmdailystar.com

ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများကို လူမိုက်တွေဖြစ်အောင် လီဆယ်ပြောဆိုရသည့် ကင်းတားနား စကား အစိုးရ ပယ်ချ

$
0
0


မိတ္ထီလာမြို့ ခရီးစဉ်အတွင်း ဆန္ဒပြအကြမ်းဖက်မှုတွေကို အစိုးရက အကာကွယ်မပေး ခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ဟာ တကယ့်အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

မိတ္ထီလာမြို့မှာ ည ၁၀ နာရီကျော် မထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အသွားလမ်းမှာ လူ ၂၀၀ လောက်က စောင့်ကြို ဆန္ဒပြပြီး ကားကို ကန်ကြောက်ဆဲဆိုကြတာကို အစိုးရဘက်က မကာကွယ်ပေးဘူးလို့ မနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက ပြောကြားလိုက်တာပါ။
မစ္စတာ ကင်တားနားက “မိတ္တီလာမြို့က ဖြစ်ရပ်ဟာ ကျနော်အတွက် အနီးအနားမှာ ရဲတွေ ရှိပေမယ့် အကာအကွယ်မဲ့နေပြီလို့ ခံစားရပါတယ်။ အဲဒီအချိန်မှာ ကျနော်တွေးမိတာက ပြီးခဲ့တဲ့ မတ်လတုန်းက ဖြစ်ခဲ့ မိတ္ထီလာ ပဋိပက္ခမှာ လူ ၄၃ ဦး အသတ်ခံနေရတုန်းက ရဲတွေဟာ ဒီလိုပဲ ကာကွယ်မှု မပေးဘဲ ရပ်ကြည့်နေမယ်ဆိုတာကို တွေးမိပါတယ်” လို့ ပြောပါတယ်။

ဒီအပေါ်သမ္မတပြောခွင့်ရသူ ဦးရဲထွတ်က “မစ္စတာ ကင်တားနားရဲ့ ပြောကြားချက်ဟာ တကယ်ဖြစ်တဲ့ အဖြစ်မှန်နဲ့ ကွယ်လွဲမှုတွေ ရှိနေတယ်။ တကယ်တော့ အဲဒီနေ့က ကင်တားနားရဲ့ ယာဉ်တန်းနဲ့အတူ ရဲတပ်ဖွဲ့က ကားတစီး၊ လုံးခြုံရေး ယာဉ်တစီးလည်း အတူတူလိုက်ပါလာတယ်။ နောက် မစ္စတာ ကင်တားနားကို ဆန္ဒပြမယ် ဆိုတဲ့ လူတွေ ရှိနေတဲ့အတွက်ကြောင့် အဲဒီလူတွေကို ထိန်းဖို့အတွက် ရဲအင်အား ၃၀ ကျော်ကိုလည်း အဲဒီလူတွေ စောင့်ဆိုင်းတဲ့နေရာမှာ ကျနော်တို့ ချထားခဲ့တယ်။ ယာဉ်ထိန်းတပ်ဖွဲ့တွေကိုလည်းချထားခဲ့တယ်။

“ည ၁၀ နာရီရောက်တဲ့အချိန်မှာတော့ ကာဖျူး အချိန်ရောက်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီလူအုပ်စုတွေကို လူစုခွဲဖို့ ရဲက ပြောတယ်။ အဲဒီအချိန်မှာ လူက ကျနော်တို့ သတင်းအရ ၃၀၀၊ ၄၀၀ လောက်ရှိတယ်။ အဲဒီလို လူစု တဖြည်းဖြည်းနဲ့ ခွဲနေတဲ့အချိန်မှာ မစ္စတာ ကင်တားနားရဲ့ ကားယာဉ်တန်းက အဲဒီနေရာကို ည ၁၀ နာရီခွဲလောက်မှာ ရောက်လာတယ်။ ရောက်လာတဲ့အချိန် အဲဒီပတ်ဝန်းကျင်မှာ လူ ၁၀၀ လောက် ဆက်ပြီးတော့ ကျန်နေသေးတယ်။ အဲဒီလူတွေက မစ္စတာ ကင်တားနားကို ဆိုင်းဘုတ် ၁၆ ခုလောက် ထောင်ပြပြီးတော့မှ မစ္စတာ ကင်တားနားကို အလိုမရှိကြောင်း အော်တာတော့ ရှိတယ်။ နောက်တချို့လူ အနည်းငယ်တော့ သူကားတခါးမှန်ကို သွားခေါက်ပြီးတော့ စာတစောင်နဲ့ ကင်တားနားပုံ ရိုက်ထားတဲ့ တီရှပ်တထည်ပေးဖို့ ကြိုးစားခဲ့တယ်။ ကင်တားနား ကားတံခါးကို ဖွင့်မပေးတဲ့ အတွက်ကြောင့်မို့ အဲဒီစာပေးဖို့ ကြိုးစားတဲ့လူတွေကို ရဲကဖယ်ရှားပြီးတော့မှ ယာဉ်တန်းဆက်သွားနိုင်အောင် လမ်းရှင်းပေးခဲ့တယ်။

“နံပါတ် ၁ ရဲလုံခြုံရေး အစောင့်ရှောက် မရှိဘူးဆိုတာ မဟုတ်ဘူး။ ရဲက အတူတူပါတဲ့အပြင် သွားနိုင်ဖို့အတွက် လမ်းရှင်းပေးခဲ့တယ်။ ဆန္ဒပြနေတဲ့ လူတွေက သူကို အန္တရာယ်ပြုဖို့ အကြမ်းဖက်ဖို့အတွက် ကားကြီးကို ၀ိုင်းအုံပြီးတော့မှ ထုနှက်တယ်ဆိုတာ မဟုတ်ပါဘူး။ စာပေဖို့အတွက် မှန်တံခါးကို ခေါက်ပြီးတော့မှ တီရှပ်နဲ့ စာထောင်ပြတာပဲ ရှိတယ်လို့ ကျနော်တို့ ရဲတပ်ဖွဲ့တွေရဲ့ အစီအရင်ခံစာတွေအရ သိရပါတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ ခရီးစဉ် ၁၁ ရက်တာအတွင်း ရခိုင်၊ ကချင် ၊ ချင်း နဲ့ ရှမ်း ပြည်နယ်တွေက လူ့အခွင့်အရေးအခြေ အနေတွေ သွားရောက် လေ့လာခဲ့ရာမှာ ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာမြို့မှာ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ်ခရီးစဉ်အတွင်းဒေသခံတွေ ဆန္ဒပြမယ်လို့ သူ့အနေနဲ့ မမျှော်မှန်းထားကြောင်း၊ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရတာကို ကြိုဆိုတယ်လို့ ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အသိုက်အဝန်း ၂ ခုကို ခွဲခြားပြီး နေစေခြင်းဟာ ပုံမှန် အလေ့အထတခု ဖြစ်သွားမှာကို စိုးရိမ်ပြီး ယုံကြည်မှုပြန်လည် တည်ဆောက်ခြင်းကို အခက်အခဲတွေ့စေလိမ့်မယ်လို့ မစ္စတာကင်တားနားက သတိပေးပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေတိုးတက်မှုတွေ ရှိလာပေမယ့် တိုင်းရင်းသားတွေနဲ့ ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရေး ကိစ္စရပ်တွေမှာတော့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“မြန်မာနိုင်ငံဟာ ကဏ္ဍတော်တော်များများမှာ အပေါင်းလက္ခဏာ နဲ့ တိုးတက်လာနေတာ တွေ့ရပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေဟာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲနေပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ဆောင်တဲ့ နေရာမှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ အစိုးရ ထိပ်ပိုင်းကနေ အပစ်အခတ် ရပ်စဲဖို့ လုပ်ဆောင်ဖို့ လိုတယ်။”

မစ္စတာကင်တားနားက နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရေးကိစ္စ၊ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါ ဝင်နေမှု ကိစ္စတွေ ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုရလဒ်တွေအပေါ် အနည်းငယ်ကျေနပ်အားရတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဆိုင်ရာ အစီရင်ခံစာအပြည့်အစုံကိုလည်း ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာ တင်သွင်းတဲ့အချိန်မှာ အခုအကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ အခြေအနေကို မစ္စတာ ကင်တားနားက ထည့်သွင်းရေးသားမယ်ဆိုရင် အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်က အခုလိုပြောပါတယ်။

“ကျနော်တို့ဘက်ကလည်း ဒါကို မဖြစ်ခဲ့တဲ့အကြောင်း ပြန်ရှင်းပြရမှာပေါ့။ သူနဲ့အတူ အဲတုန်းက မန္တလေးတိုင်း ဒေသကြီးအစိုးရ တာဝန်ရှိသူတချို့လည်း ပါလာသေးတယ်။ ရဲကားလည်း ပါတယ်။ ဒါတွေကို သူက ထုတ်ဖော်မပြောဘဲနဲ့ ရုတ်တရက် နားထောင်လိုက်ရင် မိတ္ထီလာမြို့က ပြည်သူတွေက သူ့ကို ၀ိုင်းအုံပြီး အသက်အန္တရာယ် ပြုတဲ့ ပုံမျိုးထိဖြစ်အောင် ပြောတာမျိုး ကျနော်တို့လည်း စိတ်မကောင်းဘူး။ ဒါက အဖြစ်မှန်နဲ့ လွဲနေတဲ့အတွက်ကြောင့်မို့။”

From: DVB

www.mmdailystar.com

စတုတ္ထမဏ္ဍိုင် ဆိုတဲ့ ကြက်သတုံးတွေ ကျင့်ဝတ်ဆိုတာ ဘာမှန်းမသိကြဘူး

$
0
0




Htoo Tay Zar ရဲ့ FB မှာ ကင်တားနားပြောတယ်ဆိုပြီး အခုလို တင်ထားတာတွေ့ရပါတယ်။ ဒါကို အွန်လိုင်းပေါ်မှာ ဆက်ဖြန့်ပြီး အစိုးရကို အပြစ်တင်နေတာလည်း သတိပြုမိပါတယ်။

×××× တစ်နေ့က အကို တစ်ယောက်တင်ထားတဲ့ Status လေးပါ share မရလို့ ဒီမှာ ကူးပြီးတင်လိုက်ပါတယ်... သေချာတာကတော့ ပွဲဖြစ်မြောက်ရေးအတွက် စပွန်ဆာလဲ ရှိတယ် အော်ဂနိုက်ဇာ လဲရှိတယ်ဆိုတာပါပဲ....

စတုတ္ထမဏ္ဍိုင် ဆိုတဲ့ ကြက်သတုံးတွေ ကျင့်ဝတ်ဆိုတာ ဘာမှန်းမသိကြဘူး။ ဟိုတစ်နေ့က လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနဲ့ တွေ့ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်က ပြန်ပြောပြတယ်။ ကင်တားနား ဘုန်းကြီးနဲ့ တွေ့တာ အဝင်မှာရှိခိုး အထွက်မှာ ရှိခိုးပြီး ဘုန်းကြီးနဲ့ အတူတူ ရှိနေတဲ့ အချိန် တလျောက်လုံး မြန်မာတွေ ထိုင်သလို ထိုင်နေပေမယ့် ခြေထောက် ဟိုဘက် ဒီဘက် ပြောင်းတဲ့ အချိန်ကို အမိအရ ဓာတ်ပုံရိုက်ပြီး ဘုန်းကြီးရှေ့ မရိုမသေ ထိုင်သလို ပုံဖြစ်အောင် ဂျာနယ်ထဲထည့်တယ်။ အဲဒီပွဲကို အပြင်မီဒီယာတွေ တစ်ယောက်မှ ဝင်ခွင့်မရဘူး။ အစိုးရ မီဒီယာတွေပဲ ရှိတယ်။ အဲဒီတော့ ဒီဓာတ်ပုံကို အပြင်မီဒီယာတွေကို ပြန်ဖွတာ အစိုးရ မီဒီယာက ဓာတ်ပုံဆရာဆိုတာ သေချာတယ် တဲ့။ ×××

ဒီစကားကို ကင်တားနားက အမှန်တကယ်ပြော၊ မပြော မသိပါဘူး။ ဒါပေမယ့် အစိုးရ မီဒီယာက ဖွတယ်၊ အဲဒီပွဲကို အစိုးရမီဒီယာပဲ ၀င်ခွင့်ရတယ်ဆိုတဲ့ စကားကြောင့် ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ကို အဲဒီပွဲမှာ ဘယ်မီဒီယာတွေလိုက်လာသလဲ လို့ စုံစမ်း ခဲ့ပါတယ်။

သူတို့ဆီက ရတဲ့သတင်းအရ အဲဒီအခမ်းအနားကို ပြန်ကြားရေး မီဒီယာသမားနှစ်ယောက်အပါအ၀င် ဌာနဆိုင်ရာက ဓာတ်ပုံ၊ ဗီဒီယိုသမား ၆ ဦး၊ ပြင်ပ မီဒီယာ သမား ၄ ဦး ၀င်ရောက်သတင်းယူခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် အခြားသူများကလည်း မိုဘိုင်း ဖုန်းများကတဆင့် ဓာတ်ပုံရိုက်နိုင်ပါသေးတယ်။

ဒါ့ကြောင့် အထက်က စကားကို ကင်တားနားပြောတယ်ဆိုရင်တော့ အစိုးရမီဒီယာပဲ ၀င်ခွင့်ရှိ တယ်၊ အစိုးရမီဒီယာ က ပြန်ဖွတယ်ဆိုတဲ့ သူ့စကားက လုံးဝမှားယွင်းတယ်လို့ ပြောလိုပါတယ်။

ဒီတစ်နေ့လုံး မိတ္ထီလာကြောင်းပဲ မီဒီယာတွေကို ပြန်ရှင်းပြနေရပါတယ်။ ရှင်းပြချက်တွေက မီဒီယာတွေမှာ ပါပြီးနေလို့ အသေးစိတ်ပြန်မပြောလိုတော့ပါဘူး။ဒါပေမယ့် သူပြောသလို လူနှစ်ရာ လောက်က သူ့ကားကို ဝိုင်းပြီး ထုကြ၊ ကန်ကြ ( my car was descended upon by a crowd of around 200 people who proceeded to punch and kick the windows and doors of the car while shouting abuse) တယ်ဆိုရင် သူ့ကားမှာ ပိန်ချိုင့်သွားတာ၊ မှန်များ အက်သွားတာများရှိသလား၊ ရှိတယ်ဆိုရင် ပြပါလို့ ပဲ ပြောလိုပါတယ်။

အစိုးရနဲ့ ပတ်သက်ရင် ထစ်ကနဲရှိ ဆော်လိုက်မယ်ဆိုတဲ့ အွန်လိုင်း မီဒီယာများ ချင့်ချိန်နိုင်ဖို့ပါ။
From:Ye Htut ( ပြန်ကြားရေး ဒုဝန်ကြီး )

www.mmdailystar.com

မူဆလင် ဘရားသားဟုဒ်ခေါင်းဆောင် ဖမ်းဆီးခံရ

$
0
0

အီဂျစ်နိုင်ငံ၏မူဆလင်ညီအစ်ကိုတော်များအဖွဲ့ အဓိကခေါင်းဆောင်မိုဟာမက်ဘာဒီ၇၀နှစ်
အားအီဂျစ်အာဏာပိုင်များမှဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်းသိရသည်။ရဲများ၏ဖမ်းဆီးထိန်း
သိမ်းမှုအောက်တွင်ရှိသောမူဆလင်ညီအစ်ကိုတော်များအဖွဲ့ မှ အကျဉ်းသား၃၇ဦးသေဆုံး
ပြီးနောက် မတည်မငြိမ်ဇြစ်နေသော ဆိုင်းနိုင်းကျွန်းဆွယ်တွင် စစ်သွေးကြွများကရဲ၂၅ဦး
အားပစ်သတ်ခဲ့ ကြောင်းသိရသည်။

မော်စီဆန့်ကျင်သူများဆန္ဒပြစဉ် သေဆုံးမှုများအပေါ်ရာဇ၀တ်မှုဖြင့်စွဲဆိုကာမူဆလင်
ဘရားသားဟုဒ်များကိုဖမ်းဆီးခဲ့ရာအများအပြားဖမ်းဆီးထိန်းသိမ်းခံရပြီးအချို့ ထွက်ပြေး
လွတ်မြောက်သွားခဲ့ သည်ဟုဆိုသည်။ဘာဒီ၏ ရုပ်ပုံအားရုပ်သံမှ ထုတ်လွှင့်ပြသခဲ့ သည်
ဟုဆိုသည်။လုံခြုံရေးတပ်များနှင့် ဖြုတ်ချခံသမ္မတမော်စီထောက်ခံသူများအကြားရုန်းရင်း
ဆန်ခတ်ဖြစ်မှုကြောင့်ယနေ့ အထိလူပေါင်း၉၀၀နီးပါးသေဆုံးခဲ့ပြီးဖြစ်သည်။လောလော
လတ်လတ်အုံကြွမှုသည် အီဂျစ်စစ်ဘက်အကြီးအကဲဗိုလ်ချုပ်ကြီးအယ်လ်စီစီကအကြမ်းဖက်
ဆူပူအုံကြွသူများအပေါ်အင်အားသုံးဖြေရှင်းတော့မည်ဟုထုတ်ဖော်ပြောကြားအပြီးပေါ်ထွက်
လာခဲ့ ခြင်းဖြစ်သည်။

ထိုစဉ်အတွင်း ယခင်သမ္မတဟောင်း မူဘာရက်အပေါ်စွဲချက်တင်မှုလေးခုတွင် တတိယမြောက်
စွဲချက်မှခြွင်းချက်ဖြင့်လွတ်မြောက်ခဲ့သော်လည်းစတုတ္ထစွဲချက်တစ်ခုကျန်ရှိနေသေးကြောင်း
သိရသည်။အီဂျစ်နိုင်ငံခြားရေးဝန်ကြီးကအီဂျစ်နိုင်ငံသည်လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိ
နေကြောင်းဆူဒန်တွင်ပြောကြားခဲ့သည်။ဆန္ဒပြသူများအားကျည်ဆံအစစ်များရဲကအသုံးပြုနေ
မှုများအပေါ်အလျင်အမြန်ပယ်ဖျက်ပေးရန် Human Right Watch မှတောင်းဆိုခဲ့ သည်။
အီဂျစ်နိုင်ငံတွင် အဓိကအချက်မှာ ဒီမိုကရေစီမဟုတ်ဘဲအစိုးရယန္တရားလည်ပတ်ရန်သာ
ဖြစ်ကြောင်းအုပ်ချုပ်ရေးအရာရှိတစ်ဦးကပြောကြားခဲ့ပြီးအီဂျစ်စစ်တပ်အား ၀ါရှင်တန်မှထောက်ခံ
ရန်ဂျေရုဆလင်ပို့ စ်အားထုတ်ဖော်ပြောဆိုခဲ့ သည်။

From: Ref_AFP/ACSP

www.mmdailystar.com
Viewing all 4837 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>