Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လူသတ်၊ မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်

$
0
0
ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်သူ ဘင်္ဂါလီ လူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် ပြည်တွင်းတွင် နေ ထိုင်နေ သည့် ၎င်းတို့၏ အိမ်ထောင်စု စာရင်းများမှ ပယ်ဖျက်ပြီး အရေးယူထားကြောင်း နယ်စပ်ဒေသ လူ ၀င် မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက မေ ၁၈ ရက်က ပြောကြားသည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ၁၀၀၀ ကျော်ကို အရေး ယူမှုနှင့် ပတ်သက်၍ "ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ဘင်္ဂါလီ ၁၀၀၀ ကျော်ဟာ တစ် ဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ထွက်ပြေးသွားတယ်။ သူတို့တွေဟာ အခုထိ ပြန်မ လာသေး ဘူး။ သူတို့ ပြန်ဝင်လာ မလာကိုလည်း အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံ မှတ် တမ်းတွေ လည်း ရှိပါတယ်။ အခု ထွက်သွားတဲ့သူတွေကို အိမ်ထောင်စု စာရင်းကနေ ထုတ်ပယ်လိုက်တယ်။ သူတို့ပြန် လာရင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူမှာ ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေး ယူသွားမယ်" ဟု နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူး ကြီးအောင်နိုင်ဦးက ပြောကြားသည်။ 
မြန်မာနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့အတွင်းသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နှစ်စဉ် တရားမ၀င် ခိုးဝင် လာသူဦးရေ ၅၀ ၀န်းကျင်ခန့်ရှိပြီး ယင်းသို့ ခိုးဝင်လာသူများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေး ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ဗိုလ်မှူးကြီး အောင်နိုင်ဦးက "နယ်မြေစခန်းတွေမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ကျေး ရွာတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မကဖလို့ခေါ်တဲ့ မှုခင်းကြိုတင် တားဆီးကာကွယ်ရေး အဖွဲ့တွေ ရှိ တယ်။ နောက် အရန်မီးသတ်တွေကလည်း သူစိမ်းတစ်ယောက် နယ်မြေထဲ ရွာထဲ ၀င်လာရင် သူတို့ သိ တယ်။ ဘင်္ဂလားဒေ့ရှ်က တစ်ယောက်ဝင်လာရင်လည်း လာသတင်းပို့ပြီး ဖမ်းခိုင်းတယ်။
ဒီက လူတွေလည်း ဟိုဘက်ကလူတွေ ဒီဘက်ကို အစုလိုက် အပြုံလိုက် ၀င်လာမှာကို မလိုလားဘူး။ သူ တို့တွေ ၀င်လာရင် စားကျက်လုမှာကို စိုးရိမ်တယ်။ လူဝင်မှုကို စစ်ဆေးတဲ့အခါမှာ ကောက်ထားတဲ့ အိမ်ေ ထာင် စုအလိုက် စာရင်းဇယားတွေ ရှိတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ထုတ်ပေးထားတဲ့ ၀ှိုက် ကတ်ေ တွ ရှိတယ်။ အဲဒါတွေနဲ့ စစ်တယ်။ နစကအနေနဲ့ တရားမ၀င် ၀င်ရောက်လာမှာကို အမြဲစောင့်ကြည့် အရေး ယူမှုတွေ လုပ်နေပါတယ်" ဟု ပြောကြားသည်။
ထို့ပြင် ယခုနှစ်အတွင်း ငါးဖမ်းရင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျော်လွန်ဝင်လာသည့် ဘင်္ဂလားဒေ့ရှ် ရှစ် ဦးနှင့် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေ အတွင်းရှိ ကမ်းခြေတွင် သံသယဖြစ်စရာ အမူအရာဖြင့် တွေ့ရှိ ရ သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးပြီးနောက် ပြန်ဝင်လာသူများကိုလည်း ဖမ်းဆီးကာ လ၀က ဥ ပဒေနှင့် အရေးယူခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နေထိုင်သူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရား ၀င် ခြောက်ညအိပ် ခုနစ်ရက် သွားလာခွင့် ပြုထားကြောင်း သိရသည်။
credit: EMG
ZinYawNews
(ဓာတ်ပုံ - ၂၀၁၂ ဇွန်လနောက်ပိုင်းတွင် စစ်တွေမြို့ ပဋိပက္ခ ဖြစ်ပွားအပြီး ဘင်္ဂါလီ ဒုက္ခသည်များကို တွေ့ရစဉ်)
 


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>