Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံတော်သမ္မတ အား အိမ်ဖြူတော်၌ ကြိုဆိုလက်ခံမည်

$
0
0


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည့်ကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူးရုံးက မေ ၁၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ထုတ်ပြန်ချက်တွင် သမ္မတအိုဘားမားသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ၂ဝ၁၃ ခုနှစ် မေ ၂ဝ ရက်တွင် အိမ်ဖြူတော်၌ ကြိုဆိုလက်ခံမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလက ရန်ကုန်မြို့သို့ သွားရောက်ခဲ့သည့် သမ္မတအိုဘားမား၏  သမိုင်းဝင် ခရီးစဉ်နောက်ပိုင်း သမ္မတ ဦးသိန်းစိန် အစိုးရ ဖော်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကို ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက် လူ့အဖွဲ့အစည်း ခေါင်းဆောင်များနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုးတက်မှုများ ဆက်လက် ဖြစ်ပေါ်စေရန်အတွက် အမေရိကန် ပြည်ထောင်စုအနေဖြင့် ထောက်ခံအားပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖွံ့ဖြိုးရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားရေးရာများ ဖြေရှင်းနိုင်ရေး၊ ပြည်သူများအတွက် စီးပွားရေး အခွင့်အလမ်းများ ဆောင်ကြဉ်းနိုင်ရေးတို့အတွက် ကျန်ရှိနေသေးသော စိန်ခေါ်မှုများစွာနှင့် စပ်လျဉ်း၍ သမ္မတ ဦးသိန်းစိန်နှင့် ဆွေးနွေးနိုင်ရန်၊ အမေရိကန် ပြည်ထောင်စု အနေဖြင့် မည်သို့ကူညီနိုင်မည်ကို ညှိနှိုင်းရှာဖွေရန် သမ္မတအိုဘားမားက မျှော်လင့်ထားကြောင်း။ 

သမ္မတဦးသိန်းစိန်၏ အိမ်ဖြူတော် ခရီးစဉ်သည် ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လျက်ရှိသော အစိုးရများကို အားပေးထောက်ခံရန်နှင့် ကူညီပံ့ပိုးပေးရန် သမ္မတအိုဘားမား၏ ကတိကဝတ်ပြုထားမှုအပေါ် အထင်အရှား ပြဆိုလျက်ရှိကြောင်း၊ မြန်မာပြည်သူများ အနေဖြင့် ၄င်းတို့နိုင်ငံ၏ ထူးခြားမှုများရှိသော အလားအလာကောင်းများကို အပြည့်အဝ ရရှိခံစားနိုင်စေရေး အတွက် ပံ့ပိုးကူညီပေးရန် အမေရိကန်အစိုးရ၏ သန္နိဋ္ဌာန်ချထားမှုကို မီးမောင်းထိုးပြနေကြောင်းဖြင့် ဖော်ပြပါရှိသည်ဟု ၂၀၁၃ ခုနှစ်မေလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>