Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာနိုင်ငံသား အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိ

$
0
0

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက် ပင်လယ်ကမ်းခြေ တလျှောက် ရေထဲမှာ မျောပါလာတဲ့ လူသေ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
အလောင်းတွေကို ကြည့်နေကြတဲ့ ဒေသခံ ဘင်္ဂလီ အမျိုးသားတွေ ( ဓါတ်ပုံ-  The Daily Ittefaq)
အလောင်းတွေကို ကြည့်နေကြတဲ့ ဒေသခံ ဘင်္ဂလီ အမျိုးသားတွေ ( ဓါတ်ပုံ- The Daily Ittefaq)

သူတို့ရဲ့ ကိုယ်ပေါ်က မြန်မာကျပ်ငွေ (၄) သောင်းကို ရှာဖွေတွေ့ရှိတဲ့ အတွက် သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး  မြန်ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ ရေပြင်ထဲကို မျောပါလာတဲ့ အလောင်းတွေ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက ပြောပါတယ်။

အလောင်းတွေဟာ မနေ့က တက်ကနက်မြို့နယ် နတ်မြစ်ကမ်းခြေ ဘာဟာချရ ( Bahachara) နဲ့ ဆားပြင် ( Sabrang) အကြား မျောပါနေတာကို တွေ့တဲ့ အတွက် ရွာသားတွေက ဘင်္ဂလာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

တက်ကနက်ရဲအဖွဲ့က သွားရောက် ဆယ်ယူရာမှာ မနေ့က အလောင်း ၂၂ လောင်းကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ရှာဖွေရာမှာ အလောင်း (၂) လောင်းကို ထပ်မံ တွေ့ရှိခဲ့ အတွက် အခုအချိန်ထိ စုစုပေါင်း အလောင်း ၂၄ လောင်းကို ရှာဖွေ ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူတွေက သတင်းဌာနတွေကို ထုတ်ဖေါ် ပြောဆို ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းတွေထဲမှာ ကလေး ၁၁ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကျန်တာတွေကတော့ အမျိုးသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အခု ဆယ်ယူရရှိခဲ့တဲ့ အလောင်းတွေဟာ မေလ ၁၃ ရက်နေ့က ပေါက်တောမြို့နယ် ငှက်ချောင်း မူဆလင် ဒုက္ခသည် စခန်းကနေ ဖရုံကာကျွန်းမှာရှိတဲ့ အနောက်ရဲ မူဆလင်ရွာကို မဟာစင် မုန်တိုင်း အန္တရာယ်ကို ရှောင်ကွင်းဖို့ သွားရာကနေ စက်လှေနစ်ရာမှာ ပါဝင်သွားခဲ့တဲ့ သူတွေလို့ ခန့်မှန်း ရပါတယ်။
နစ်သွားတဲ့ စက်လှေမှာ မူဆလင် ဒုက္ခသည် ၁၃၈ ယောက်ပါဝင်ပြီး ၄၃ သာ အသက်ရှင် ကျန်ရစ်ကာ ၉၅ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒီအလောင်းတွေကို မြန်မာဘက်ကို လွှဲမှာလား၊ ဘင်္ဂလာဒေခ်ျ့မှာ သဂြိုလ်မှာလားဆိုတာကိုတော့ ခုလောလောဆယ်မှာ သဲကွဲစွာ မသိရသေးဘူးလို့ တက်ကနက် ဒေသခံ တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။
From: နိရဉ္စရာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>