မဟာဆန် မုန်တိုင်းက လမ်းကြောင်းပြောင်းသွားပြီး ဘင်္ဂလားဒေ့ရှ် အတွင်း ရောက်နေချိန်တွင် အစ်ကိုရေ စစ်တွေ မှာ အိမ်တွေ၊ဆိုင်တွေ ပျက်စီးကုန်ပြီ ဆိုပြီး စိုးရိမ်တကြီး လာပြောသည်။ ဘယ်မှာလဲ မေးတော့ Eleven မှာ တဲ့။
သွားကြည့်လိုက်တော့ အမှန်ပျက်စီးနေသည့် ပုံများ တွေ့ရသည်။ မုန်တိုင်း ၀င် မည်ဟု ပြောထားပြီး လူများ ကိုပင် ရွေ့ပြောင်းထားသည့် မြစ်ကမ်းစပ်မှ ၀ါးဖြင့် ဆောက်လုပ်ထားသော အိမ်လိုလို ဆိုင်လိုလို တဲလိုလို များ သာ။ သို့သော် ခေါင်းစဉ်တပ်ထားသည့်က ထိတ်လန့်စရာ။ မုန်တိုင်း မပြောနှင့် သာမန်လေတိုက်လျှင် ပင် လဲနိုင်သည့် ကမ်းအစပ်မှ တဲများ ပျက်စီးခြင်းကို လေပြင်းတိုက်ခတ်၍ ပျက်စီး ဟူသော ခေါင်းစဉ်ဖြင့် တင်ခဲ့သည်။ လူအများလည်း တကယ်ပြိုကုန်ပြီ၊ လဲကုန်ပြီလား ဆိုသည့် စိုးရိမ်စိတ်တွေ ဖြစ်ကုန်သည်။
ပြည်သူလူထုကို အထိတ်တလန့် ဆူပူမှု မဖြစ်စေလျှင် သတင်းလုပ် မရေး တတ်တော့ဘူးလားဟုသာ မေး လိုက်ချင်ပါတော့သည်။
အဆိုပါသတင်းနှင့် ပတ်သက်ပြီး မှတ်ချက်ပေးသူ တစ်ဦးက ဒီလိုပြောထားပါတယ်။
Saw Annderအပြည့်အစုံမသိသေးသူများအတွက် စိတ်သောကရောက်စရာအချက်ပါဘဲ၊ စစ်တွေမြို့တွင် ရှိနေသာ သူများတွင် အခြားသောတိုင်းဒေသကြီး/ပြည်နယ်များတွင် မိတ်ဆွေများ၊ ဆွေမျိုးများရှိကြပါတယ်၊ အခုလို သတင်းမှားမျိုးကို ဖတ်မိခဲ့ရင် သူတို့တတွေ လောလောဆယ် သောကမီးလောင်ကြမှာပါ၊ ခဏတာ စိုးရိမ် ပူပန်မှုဖြစ်စေတာလဲ ခဏတာထိရောက်ပါတယ်၊ အချို့ကြတော့လည်း အမှန်ကို ငြင်းပြီး သတင်းေ မှာင် ချထားတာပါလို့ ပြောကြအုံးမယ်၊ `` စစ်တွေမြို့တွင် လေပြင်းတိုက်ခိုက်ပြီး ပျက်ဆီးမှုများ ´´ ဆိုတဲ့ ဓါတ်ပုံ သတင်းလုံးဝမှားပါတယ်၊ လေပြင်းလည်း မတိုက်ခိုက်ခဲ့ဘူးပါ၊ နံနက်ပိုင်းက လေအနည်းငယ်ပြင်းပြီး မိုး ရွာ တာလောက်ဘဲရှိပြီး၊ နေ့လည် ၁၂ နာရီလောက်ကစပြီး ယခု( 5း07pm)ထိ နေသာပြီး၊ ရာသီဥတု သာ ယာနေပါကြောင်း မိတ်ဆွေများကို သိစေလိုက်ပါတယ်၊ စိုးရိမ်ပေးသော သူအပေါင်းကိုလည်း အ ထူးကျေး ဇူး တင်ရှိပါတယ်။
www.mmdailystar.com