ဒါပေမဲ့ အများပြည် သူ အတိုင်းပဲ ပိုပြီးတော့မှ လမ်းရှင်းပေး တာတို့ မလုပ်ကြဘူး”ဟု ၄င်းက ပြော သည်။ယာဉ်တိုက်မှုအန္တရာယ် မဖြစ်ပွား စေရန်နှင့် ယာဉ်ကြောပိတ် ဆို့မှု မဖြစ် စေရန် ယာဉ်ထိန်းရဲက ၄င်း၏ တာဝန် အတိုင်း ဆောင်ရွက်နေပြီး အရေးကြီး ပုဂ္ဂိုလ်များမဟုတ်ဘဲ အခြားသူများက တာဝန် မဟုတ် သည့် ဈေးဝယ်ထွက် ခြင်း၊ အခြားကိစ္စများ ဆောင်ရွက်ခြင်း အပေါ် အထူးတလည် လမ်းရှင်းပေးမှုကို ဆောင်ရွက်ပေးခြင်း မပြုလုပ်နိုင်ဟု ရဲမှူးကြီး က ဆက်ပြောသည်။သို့သော် ယခင်စစ်အစိုးရ အကြီး အကဲဟောင်း၏ မြေးဖြစ်သူ အပါအဝင် ဒုတိယဝန်ကြီးတစ်ဦး၏ ဇနီးတို့က ၄င်းတို့ကားကို လမ်းမရှင်းပေးသဖြင့် တာဝန်ကျယာဉ်ထိန်းရဲတို့အပေါ် အနိုင်အထက်ပြောဆိုမှုတို့ ရှိခဲ့ကြောင်း အင်တာနက်ပေါ်တွင် သတင်းများ ပျံ့နှံ့ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မေး မြန်းမှုအပေါ် ရဲမှူးကြီးကျော်ထွေးက ”ကျွန်တော်ပြောပြီးပြီပဲ။ အထူးတလည် လမ်းရှင်းပေးရမယ့် ပုဂ္ဂိုလ်က ဘာေ တွ လဲဆိုတာကို”ဟု ပြောသည်။
www.mmdailystar.com