Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မဟာဆန်မုန်တိုင်း ကြာသပတေးမှာ အားအကောင်းဆုံး ဖြစ်နိုင်

$
0
0

မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ နောက်ဆုံး ခန့်မှန်းထားမှုတွေ.....
၁၅-၅-၂၀၁၃ ရက်နံနက် ၀၅း၃၃ နာရီအချိန်။

(၁) 01B MAHASEN မဟာဆန်မုန်တိုင်းဟာ (၁၅-၅-၂၀၁၂၂)ရက် နံနက် ၃း၃၀ နာရီအချိန်မှာ အိန္ဒိယနိုင်ငံ KOLKATA မြို့ရဲ့အနောက်တောင်ဖက် 443 NM (530 MILES) ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

(၂) လွန်ခဲ့တဲ့(၆)နာရီ (၁၄-၅-၂၀၁၃ ၁၀း၃၀ နာရီမှ ၁၅-၅-၂၀၁၃ နံနက် ၀၃း၃၀ နာရီ အတွင်း)
အရှေ့မြောက်ဖက်အရပ်ကို 08 KNOTS(10 MPH) နှုန်းဖြင့်
ဆက်လက် ရွေ့လျားနေခဲ့ပါတယ်။

(၃) မုန်တိုင်းဗဟိုအနီးလက်ရှိလေတိုက်နှုန်းမှာ 45 KNOTS(55 MPH) နှုန်း ရှိနေပါတယ်။

(၄) မုန်တိုင်းဟာ အရှေ့မြောက်ဖက်အရပ်ကိုပဲ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းပါတယ်။

(၅) နောက်(၄၈)နာရီအကြာ (၁၇-၅-၂၀၁၃ နံနက် ၃း၃၀ နာရီ)တွင်
မုန်တိုင်း၏ အရွယ်မှာ အကျယ်(အချင်း)မှာ 150 NM (180 miles) ရှိနိုင်ပါတယ်။

(၆) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ
မုန်တိုင်းဟာ အားအကောင်းဆုံးဖြစ်လာနိုင်ပါတယ်။
 အဲဒီအချိန်မှာ မုန်တိုင်းဟာ အနောက်လေစီးကြောင်းများအတွင်း မျောပါရွေ့လျားနေနိုင်ပါတယ်။

(၇) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ
အများဆုံးလေတိုက်နှုန်း 65 KNOT 78 MPH) ခန့် နဲ့
လေပုန်း(Gust) 80 KNOT(96 mph) ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။

(၈) နောက်(၇၂)နာရီအကြာ(၁၇-၅-၂၀၁၃ ရက် နံနက် ၃း၃၀ နာရီအချိန်)မှာ
ကုန်းပေါ်တွင် အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းပါတယ်။

(၉) မုန်တိုင်းရဲ့အရှိန်ကြောင့် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၅ ပေခန့်ရှိနိုင်ပါတယ်။

(၁၀) မုန်တိုငးဟာ (၁၆-၅-၂၀၁၃)ရက် ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ပြီး ကုန်းတွင်းကို ၀င်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)

မှတ်ချက်။ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာရှိရာ ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့မြောက်ပိုင်း ပင်လယ်ပြင်ထဲတိုးဝင်လာတဲ့အခါ
ပိုမို ပူနွေးနေတဲ့ ရေပြင်ကြောင့် ပိုအားကောင်းလာနိုင်ပါတယ်။


www.tunlwin.com

မဟာဆန်မုန်တိုင်းနဲ့ ပတ်သက်ပြီး မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ ဒီမနက်ခန့်မှန်းချက်တွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်

From: ဧရာဝတီblog

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


နိုင်ငံခြားမှာ အလုပ်အဆင်ပြေပြီး ငွေအမြန်ပေးပို့စေသောယတြာ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာ့တပ်မတော်(ရေ)၏ စစ်ရေယာဉ်-773 အား ရေချ


ကျွန်တော်နဲ့ ထောင်နီးနားချင်းတစ်ဦး (သို့မဟုတ်) စောက်ရူးခြောက်ခါ ပြောတဲ့သူ -...


♪ မြန်မာနိုင်ငံတစ်ဝန်း မြန်နှုန်းမြင့် Broadband အင်တာနက်...


ကျေးဇူးပြုဤဖြေကြားပေးပါ


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>