Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အစိုးရ၏ ရွှေ့ပြောင်းမှု အကူအညီအား လက်မခံသော ဘင်္ဂလီများ ခိုးထွက်ရာတွင် စက်လှေမှောက်ကာ လူအနည်းဆုံး (၈၀)ခန့်ပျောက်ဆုံး

$
0
0

ကုလားတွေကို အစိုးရက  အတင်းအကျပ် ပြောင်းခိုင်းလို့ မြှပ်တယ်ဆိုပြီး မီဒီယာတွေက ပြောနေကြတယ်
တစ်ကယ်တော့ သနားလို့ အစိုးရက ကူညီပေးတာကိုလက်မခံရင်း ခိုးထွက်လို့ လှေနစ်တာပါ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အတွင်းရှိ မူဆလင်ဒုက္ခသည်စခန်း တစ်ခုမှ မုန်တိုင်း လွှတ်ရာ သို့ ရွှေ့ပြောင်းသော စက်လှေ တစ်စီး နစ်မြုပ်သွားရာ လူအနည်းဆုံး ၈၀ ခန့်ပျောက် ဆုံးနေကြောင်း  သတင်း ရရှိသည်။

အဆိုပါ စက်လှေသည် ပေါက်တောမြို့နယ် ငှက်ချောင်း (လင်ဘာတီယာ) ဒုက္ခသည် စခန်းမှ သူတို့ အစီအစဉ်ဖြင့် သူတို့ ပြောင်းရွှေ့စဉ် ယမန်နေ့ ညနေ ၉ နာရီခန့်တွင် ပွဲကြည့်စင်တောင်
အနီးတွင် ကျောက်ဆောင်နှင့် တိုက်ပြီး နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ စက်လှေသည် တစ်ခြား စက်လှေ (၇) စီခန့်နှင့် အတူ စခန်းမှ ည၈ နာရီခန့်တွင် ထွက်လာခဲ့ကြောင်း၊ စက်လှေပေါ်တွင် လူပေါင်း ၁၀၀ ခန့်ပါဝင်ကြောင်း၊ သူတို့ အနေဖြင့် ဆင်နမော်ဘက်သို့ ပြောင်းရွှေ့ခြင်း ဖြစ်နိုင်ကြောင်း  အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

ပေါက်တောမြို့နယ် အုပ်ချုပ်ရေး အဖွဲ့မှ အဆိုပါ ဒုက္ခသည်များအား နေ့လည်ကတည်း က ဘေးလွှတ်ရာ သို့ ပြောင်းရွှေ့ရန် သွားရောက် ပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း အာဏာပိုင်များက ခေါ်ဆိုစဉ် လိုက်ပါရန် ငြင်းဆန်ခဲ့ကြောင်း၊ ညနေပိုင်း အချိန်တွင် ကိုယ့် အစီစဉ်နှင့် ကိုယ် ပြောင်းရွှေ့စဉ် ယခုကဲ့သို့ စက်လှေ ကျောက်ဆောင်နှင့် တိုက်မိခြင်း ဖြစ်ကြောင်း သူက အတည်ပြု ပြောကြားသည်။

လူ ၂၀ ခန့်သာ အသက်ဘေးမှ လွှတ်မြောက်ခဲ့ပြီး ကျန်သူများမှာ ပျောက်ဆုံးနေကြာင်း သူက ဆက်ပြော သည်။

ယခုအခါ ပြည်နယ် ၀န်ကြီး ဦးသာလူချေနှင့် အဖွဲ့သည် အဆိုပါ ငှက်ချောင်းစခန်းသို့ လိုက်ပါသွား ခဲ့ကြောင်း သတင်း ရရှိသည်။



From: www.narinjara.com

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...