Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပြည်သူများ လုံခြုံရေးအတွက် မိတ္ထီလာတွင် ပုဒ်မ ၁၄၄ ဆက်လက်ထားရှိရန် သမ္မတ လိုလား

$
0
0

အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့တွင် သတ်မှတ်ရက်ပြည့်တော့မည်ဖြစ် သည့် ပုဒ်မ ၁၄၄ အား ဆက်လက် ထုတ်ပြန်ထားရန် သမ္မတ က လိုလားကြောင်း ၎င်း၏ သဝဏ်လွှာတွင်ဖော်ပြထားပြီး
ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် တောင်းဆိုလိုက်သည်။

“ဒီကိစ္စကို လွှတ်တော်က ဆုံးဖြတ် အတည်ပြုပေးရမှာပါ။ လွှတ်တော် ကိုယ်စားလှယ်က အခြား လုံခြုံအေး ချမ်းနိုင်တဲ့ နည်းလမ်းတွေ တင်ပြရမယ်၊ အကြံပြုရမယ်။ အဲဒီလိုနည်းလမ်းတွေ မရှိဘူးဆို ရင်တော့ သမ္မတကြီး ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေးပဲ ထပ်ပြီး ထားရဦးမယ့် သဘောပါ” ဟု အထက် လွှတ်တော် အမတ်ဖြစ်သူ ဦးဖုန်းမြင့်အောင် က မဇ္ဈိမသို့ ပြောသည်။

သမ္မတမှ ပေးပို့သော ဧပြီလ ၂၇ ရက်နေ့ သဝဏ်လွှာတွင် မိတ္ထီလာ၌ ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ မှာ ရက်ပေါင်း ၆၀ ပြည့်လုပြီ ဖြစ်သော်လည်း မူလအခြေအနေအတိုင်း တည်ငြိမ်အေးချမ်းမှု ရရှိသည်အထိ ဆက်လက်ဆောင်ရွက်ရန် ကျင့်သုံးလိုပါသဖြင့် ဥပဒေတည်သော၊ အာဏာတည်သော အမိန့်ကို ဆက်လက် အာဏာတည်စေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန်ဟုဖော်ပြပါရှိသည်။

“ဒီပုဒ်မကို ဆက်လက် ထားရှိသင့်ပါတယ်။ ဒါမှ နဂိုအတိုင်း တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်မှာပါ။ အခုလြို ပဿနာတြွေ ဖစ်ခဲ့တော့ ဒီပုဒ်မဟာ ကြာကြာထားနိုင်လေ ပိုမိုပြီး အေးချမ်းမှုကို ရရှိနိုင်လေလေပါပဲ” ဟု ကြံ့ခိုင်ရေးပါတီမှ အထက်လွှတ်တော် အမတ်ဖြစ်သူ ဦးလှဆွေ က ပြောသည်။

ဒေသခံတို့ကမူ လက်ရှိ မိတ္ထီလာမြို့မှာ တည်ငြိမ်အေးချမ်းမှုကို ရရှိပြီဖြစ်သည်ဟု ဆိုသည်။ သို့သော်စီးပွားရေးလုပ်ငန်းများမှာ ကောင်းမွန်လာမှု မရှိသေးဟု ပြော ဆိုကြသည်။ ဒေသ ခံများအနေဖြင့် ပဋိပက္ခဖြစ်ပွားခဲ့ သည့် နှစ်ဖက်လုံး တည်ငြိမ်အေးချမ်းစွာဖြင့် အတူယှဉ်တွဲနေထိုင်နိုင်ရန် ဆန္ဒရှိကြောင်း စုံစမ်းသိရှိရ သည်။

“ပြဿနာတွေက အရင်ကလို မဖြစ်တော့ဘဲ အေးသွားပါပြီ။ ဒါပေမယ့် လူတွေမှာတော့ ကြောက်စိတ်တွေ သံသယစိတ်တွေ ရှိနေကြတုန်းပဲ။ ဘာစီးပွားရေးမှ လုပ်စားလို့ မကောင်းတော့ဘူး။ ပြီးတော့ ပုဒ်မ ၁၄၄ ရုတ်သိမ်းသွားရင် ပြန်ချမယ်ဆိုတဲ့ ကောလာဟလ တွေလည်း ကြားနေရသေးတယ်” ဟု မိတ္ထီလာမြို့နယ် ဘူတောင်းအောင်ဇေယျာ ရပ်ကွက်မှ ဒေသခံ အမျိုးသမီးတဦး က ပြောပြသည်။

ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်ဘာသာဝင်များအကြား အဓိကရုဏ်းများဖြစ်ပွားခဲ့သည့် မတ်လ ၂၀ ရက်နေ့မှ စ၍ မိထ္ထီလာ ပုဒ်မ ၁၄၄ အား သမ္မတကြီး ဦးသိန်းစိန်က ထုတ်ပြန်ခဲ့ရာတွင် မေလ ၂၀ ရက်နေ့တွင် ရက်ပေါင်း ၆၀ ပြည့်မည်ဖြစ်သည်။ အခြေခံဥပဒေ ပုဒ်မ ၂၁၂ (ခ)အရ ထပ်မံ သက်တမ်းတိုးရန် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတ က အတည်ပြုချက် ရယူရခြင်း ဖြစ်သည်။

From: VOA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>