မြန်မာ ကာတွန်း ရေးစွဲသူများနှင့် စည်းမရှိကမ်းမရှိ facebook သုံးစွဲ သူများမှ နိုင်ငံအုပ်ချုပ်သူများကို သရော်လှောင်ပြောင် ရေးစွဲ ပြောဆိုနေသော်လည်း မြန်မာအစိုးရနှင့် တာဝန်ရှိသူများမှ တစုံတရာ အရေး ယူခြင်း မရှိသည့်အချိန်တွင် အမေရိကန်နှင့် အထူးအဆင်ပြေသည့် အိမ်နီးချင်း ဒီမိုကရေစီ ထိုင်းနိုင်ငံ၌ နိုင်ငံအုပ်ချုပ်သူအား လှောင်ပြောင်ရေးစွဲသည့် ကာတွန်းဆရာကို တရားစွဲ လိုက်ကြောင်း သတင်းရရှိသည်။
ထိုင်းဝန်ကြီးချုပ် ရင်လပ် စီနာဝါထရာသည် မေလ ၄ ရက် နေ့တွင် ၎င်း၏ရှေ့နေများမှတစ် ဆင့် ထိုင်းရတ်သ် ကာတွန်းဆရာ ချိုင်းရာချာဝပ်အား သူမကိုပြည့် တန်ဆာနှင့်နှိုင်းယှဉ်မှုအတွက် အသရေဖျက်မှုဖြင့် တရားစွဲဆို လိုက် သည်။
ရှေ့နေများက ချိုင်းအား စွဲ ချက် (၃)ခုဖြင့် တရားစွဲဆိုလိုက် ပြီး ထိုစွဲချက်များမှာ အစိုးရ အခမ်းအနားတစ်ခုတွင် အစိုးရ အရာရှိအားစော်ကားမှု၊ အသရေ ဖျက်မှုနှင့် ကွန်ပျူတာဆက်စပ် ရာဇ၀တ်မှု ဥပဒေကို ချိုးဖောက်မှု တို့ဖြစ်သည်။ ယခုတရားစွဲဆိုမှု သည် ထိုင်းဝန်ကြီးချုပ်အနေနှင့် လူမှုရေးမီဒီယာများတွင် ဖော်ပြမှု အတွက် တစ်စုံတစ်ယောက်အား ပထမဆုံးအကြိမ် တရားစွဲဆိုခြင်း လည်းဖြစ်သည်။
ကာတွန်းဆရာချိုင်း၏ အမည်ရင်းမှာ ဆွန်ချိုင်း ကာတန် ယုတာနန်ဖြစ်ပြီး၎င်းသည် ၀န်ကြီး ချုပ်ရင်လပ်၏ ဓာတ်ပုံများအား လွှင့်တင်ကာ “ပြည့်တန်ဆာများ သည် မိန်းမဆိုးများမဟုတ်ကြပါ။ ပြည့်တန်ဆာများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကိုသာ ရောင်းချပြီး မိန်းမဆိုးမှာမူကား လှည့်လည် သွားလာ၍ တိုင်းပြည်အားရောင်း စားရန်ကြိုးပမ်းခဲ့သည်” ဟူသော စာတမ်းအား ရေးထိုးထားခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း စည်းမဲ့ကမ်းမဲ့ ပြောဆိုရေးဆွဲ တတ်သည့် ကာတွန်းသမား နှင့် မီဒီယာ သမားအပြင် ယောင်ခြောက်ဆယ် facebook သုံးစွဲသူ အများအပြားရှိပြီး ထိုင်းနိုင်ငံကဲ့သို့ အမေရိကန်နှင့် အဆင်ပြေအောင်ပေါင်းပြီး တရားလက်လွတ် ပြောဆိုရေးစွဲသူများကို အရေးယူရန် လူထုက ဆန္ဒ ရှိနေကြောင်း သိရသည်။

www.mmdailystar.com