Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်စု၏သားများ မသင်ကြသော်လည်း ကမ္ဘာလှည့် ခရီးသွားများ မြန်မာစကားကို သင်ယူမှု များပြားလာ

$
0
0

ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းဆုကြည်၏ သားများသည် နိုင်ငံခြားတွင် နေထိုင်လျက် မြန်မာနိုင်ငံ
၏ဘာသာစကားအား မသင်ယူကြသော်လည်း နိုင်ငံခြားသား အများစုမှာ မြန်မာဘာသာစကာကို
သင်ယူနေကြသည်မှာ ဒေါ်စု အတွက်အလွန်ပင် ရှက်ဖွယ်ကောင်းလှပါတယ်။

နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့် ခရီးသွားများ သည် မြန်မာဘာ သာစကားနှင့် မြန်မာ့ယဉ်ကျေးမှုများကို အထူးစိတ်ဝင်စားနေပြီး မြန်မာဘာ သာစကားကို လေ့လာသင်ယူမှု ပိုမိုများပြားလာကြောင်း သိရသည်။ “အခုဒီနှစ်ထဲမှာ မြန်မာဘာသာ လာသင်တဲ့ နိုင်ငံခြားသားတွေ ပိုများလာပါတယ်။ တချို့က စီးပွားရေး လုပ်ငန်းရှင်တွေ၊ တချို့က ကျောင်းသား၊ ကျောင်းသူတွေ ပါတယ်။ အရှေ့တိုင်းသားရော၊ အနောက်တိုင်းသားပါ အားလုံးမြန်မာစာ သင်ကြားတဲ့သူတွေ ပိုများလာပါတယ်” ဟု ရွှေဇီးကွက် အင်္ဂလိပ်စာကျူရှင်မှ ဆရာမ ဒေါ်လီလီက ပြောသည်။ 

ကိုရီးယားနိုင်ငံသား မစ္စတာဆောင်းဂျီက “ကျွန်တော်က မြန်မာဘာသာစကားကို စိတ်ဝင်စားတယ်။ ကျွန်တော့်အဖေက မြန်မာနိုင်ငံမှာ လုပ်ငန်းတစ်ခု လာလုပ်တယ်။ အဝတ်အစားထုတ်တဲ့ စက်ရုံပေါ့။ ကျွန်တော် ဒီနိုင်ငံ မှာနေတုန်း မြန်မာဘာသာ  သင်နေပါတယ်။ ဆရာဆီမှာ ကျူရှင်တက် တယ်။ မြန်မာ ဘာ သာကို ဘာလို့ သင်ရတာလဲ ဆိုတော့ စိတ်ဝင်စားလို့၊ မြန်မာတွေအကြောင်း သိချင်လို့ပါ။ မြ န်မာ ဘာသာက တော်တော်ကြီး ခက်ပါတယ်” ဟု ပြောသည်။ မြန်မာဘာ သာစကားနှင့် မြန် မာ့ ရိုးရာ ယဉ်ကျေးမှုများကို ကိုရီးယားနိုင်ငံသားများ လေ့လာ သင်ကြားနိုင်ရန်  ရန်ကုန်တက္ကသိုလ် တွင် မြန်မာဘာသာစကား သင်တန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 ယင်းကဲ့သို့ မြန်မာဘာသာစကားကို စနစ်တကျ သင်ကြားခွင့် ရရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်နှင့် ကိုရီးယားနိုင်ငံ Hankuk တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၁၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>