လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံတွင် ၁၉၄၉ ၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တိုက်ခိုက်မှု ကြောင့် ထွက်ပြေးလာသော ကူမင်တန် တပ်များ၏ အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသည်။ အရှေ့တောင် အာရှ တွင် ကွန်မြူနစ်ဝါဒ ကူးစက်မည်ကို စိုးရိမ်သည့် အမေရိကန် သမ္မတ ထရူးမင်းမှ တားဆီး ဆောင် ရွက်ခြင်းများ ဆောင်ရွက်ခဲ့ရာတွင် မြန်မာနိုင်ငံသည်လည်း စတေးခံ ဖြစ်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် အမေရိ ကန် စီအိုင် အေမှ ရှမ်းပြည်အတွင်း ထွက်ပြေးလာသော ကူမင်တန် တရုတ်ဖြူများကို လက်နက်၊ ခဲ ယမ်း၊ ရိက္ခာ ထောက ပံ့ကာ ပြည်မကြီးကို တိုက်ခိုက်စေသည်။ ကူမင်တန်များကတော့ တရုတ်ပြည်မကြီးကို မထိုးေ ဖာက် နိုင်ဘဲ ရှမ်းပြည် တစ်ခွင်သာ ဘိန်းစိုက်ခင်းများ ဖြစ်စေခဲ့သည်။
အမေရိကန်သည်လည်း အဆိုပါ တရုတ်ဖြူများ ဘိန်းစိုက်နိုင်စေရန် တရုတ်နှင့် မြန်မာ အစိုးရကို တိုက်ခိုက် နိုင် စေရန် အတွက် အပြည့်အ၀ ကူညီသည်။ စီ-၄၇ လေယာဉ်ကြီးများဖြင့် တစ်ပတ် ၂ ကြိမ် လက်နက်ရိ က္ခာ ချပေး သည်။ ၁၉၅၁ နှောင်းပိုင်းတွင် ကောင်းကင်မှ လေထီးဖြင့် ချပေးသည့် အဆင့်မှ မိုင်းဆတ်ရှိ ကူ မင် တန် လေယာဉ်ကွင်းသို့ ဆင်းပြီး ချပေးသည်အထိ ပြောင်ပြောင်တင်း တင်း ကူညီခဲ့သည်။ ဘန်ကောက် အခြေစို က် အမေရိကန် ကုမဏီ အဏ၀ါ ထောက်ပံ့ရေး ကော်ပိုရေးရှင်းမှ လက်နက် အသစ်များ ပေးပို့ခဲ့ သည်။ ထို ပြဿနာကို မြန်မာနိုင်ငံက ကုလသမဂ္ဂကို တိုင်ချင်သည်။ အမေရိကန်က မတိုင်နိုင်အောင် တား ဆီးသည်။ နောက်ဆုံး မြန်မာနိုင်ငံမှ တရားဝင် တိုင်တန်းခဲ့ချိန်တွင်တော့ အမေရိကန်တို့ အရှက်ကွဲခဲ့ပြီး ပထမ ဆုံး မြန်မာ အစိုးရအပေါ် မုန်းတီးမှု ဖြစ်လာခဲ့သည်။ (၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ ကြေးမုံသတင်းစာ)
တရုတ်ဖြူများ ကို ထောက်ပံ့မှု မအောင်မြင်သည့်နောက် အမေရိကန်တို့ လှည့်လာသည်မှာ ဘိန်းဘုရင် ခွန် ဆာ ဖြစ်သည်။ အစောပိုင်းတွင် ဘိန်းဘုရင်ဟု ခေါင်းစဉ်တပ်ကာ ဖမ်းဝရမ်းထုတ်သည်။ နောက်ပိုင်း တွင်ေ တာ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၏ မူးယစ်ဆေးဝါး အကြံပေး အရာရှိ မစ္စတာ ပီတာဘုန်း ခွန်ဆာ ထံ သို့ သွားရောက်ကာ ခေါင်းစဉ်ပြောင်းရန် အကြံပေးသည်။ မူးယစ်ဆေးအဖွဲ့မှ တိုင်းရင်းသား အ သွင်ပြောင်းပြီး ရှမ်းနိုင်ငံ၊ အစိုးရ ဖွဲ့ရန် အကြံပေးခဲ့သည်။ ခွန်ဆာမှ ချက်ချင်း အကောင်အထည်ဖော်ကာ ရှမ်းနိုင် ငံ အစိုးရဖွဲ့ သည်။ ထို ဘိန်းဘုရင်မှ ပုံစံပြောင်း အစိုးရရုံးများကို အမေရိကန် မြို့ကြီးများတွင် ဖွင့် ခွင့်ပေး ခဲ့သည်။ ဘိန်း သောင်းကျန်းသူများကို တိုင်းရင်းသား အသွင်ပြောင်းယုံမက အစိုးရ စင်ပြိုင် ဖြစ်စေ သည့် အမေရိကန် စေတ နာ ဖြစ်သည်။
၁၉၉၅ ခုနှစ်တွင်တော့ ဟိုမိန်းသို့ CIA မှ Mr.Shane Wangu နှင့် Mr.Peterlui တို့ ရောက်လာပြီး စစ်လက် နက် ပစ္စည်းများ ထောက်ပံ့ပေးရန် ကမ်းလှမ်းကြသည်။ ကမ်းလှမ်းချက် အပေးအယူတွင် ခွန်ဆာ ထိန်းချုပ် သည့် ရှမ်းနယ်မြေတွင် ခရုစ်ဇ်ဒုံးပျံစခန်း တစ်ခု ထူထောင်ခွင့် ပြုရန် ဆိုသည့် အချက် အဓိက ပါဝင်သည်။ တရုတ်နှင့် မြန်မာနိုင်ငံအကြား ကြားခံ စစ်နယ်မြေ ဖြစ်လာမည် ဖြစ်ခြင်း၊ မြန်မာ့တပ်မတော်မှ ၄င်းကို ပြည် တွင်း သောင်းကျန်းသူ အဆင့်မှ ပြည်ပရန် အဆင့် တိုးမြှင့်ကာ အပြင်းထန်ဆုံး စစ်ဆင်လာနိုင်သည့် အန္တရာယ် များ ကို တွေးမိသည့် ခွန်ဆာမှ ၁၉၉၆ ဇန်န၀ါရီ ၅ ရက်နေ့တွင် အင်အား ၁သောင်းကျော်ဖြင့် အကြွင်း မဲ့ လက်နက် ချခဲ့သည်။
ထိုသတင်းအချက်အလက်များကို အသုံးပြုပြီး အမေရိကန်တို့ ကမ္ဘာတွင် မျက်နှာပျက်ရမည်ကို သေ မလော က် ကြောက်သည်။ ထို့ကြောင့် စီးပွားရေး ပိတ်ဆို့သည်။ အတိုက်အခံများကို အစွမ်းကုန် ကူညီ သည်။ ထို စေတ နာ များကို တိုင်းပြည် ပျက်ပျက် မပျက်ပျက် အာဏာရလျှင် ပြီးရော ဆိုသည့် အတိုက်အခံများနှင့် သံေ ယာင်များက အလွန် သဘောကျကြသည်။
သို့သော် ၄င်းတို့၏ စေတနာ များသည်ကား….
www.mmdailystar.com