အစကတော့ မပြောဘူးလို့ နေတာ ဗျာ ။ မနေနိုင်လို့ ပြောရပါဦးမယ် ။ ဂျာနယ်တိုက်က အယ်ဒီတာမင်းများ က စာဖတ်တယ်ဆိုပြီး အက္ခရာတွေ ပဲမြင်ကြသလားမသိပါဘူး ။
အလကား အလကား အွန်လိုင်းမှာ စာဖတ်နေတဲ့ လူတွေတောင် ဦးရဲထွဋ်ရဲ့ အတွေးအခေါ် ၊ အရေးသားအဆင့် တန်း ၊ ဘဝအတွေ့ကြုံ ကဘယ်လောက်ရှိတယ် ။ ပိတောက်မြေ နဲ့ ဖေ့စ်ဘုတ်မှာ စာရေးခဲ့ တဲ့ ကိုစစ်အောင်ရဲ့ အတွေးခေါ် ၊ အရေးအသား ၊ အသက်ရွယ်အပိုင်းခြားဘယ်လောက်ရှိ
အယ်ဒီတာမင်းများ တကယ်ပဲ စာကို အက္ခရာတွေမြင်တဲ့ အဆင့် ကတက်ပီးမဖတ်တာလား ၊ ဒါမှမဟုတ် သိသိ နဲ့ ပဲ မီဒီယာသမား ကွ ပြောသမျှ တင့်တယ် တယ်ဆိုပြီး ပုဂ္ဂလိက မကျေနပ်ချက် နဲ့ရော ကျိတ်နေသလားမေ
နောက်တချက် ဒေါ်အောင်ဆန်းစုကြည် ကို အပုပ်ချစော်ကားနေရင် (သို့) စစ် တပ် ကောင်းကြောင်းလေးတွေရေးနေရင် စစ်တပ်က လူ ဆိုတဲ့ mind set ကြီးကိုလည်း ခုထိ မဖျောက်နိုင်ကြသေးဘူး ။ (စစ်တပ် ကောင်းကြောင်းချည်းပြောတဲ့ ပြည်တွင်းသတင်းစားတွေနဲ့ စစ်တပ် မကောင်းကြောင်းနဲ့ အတိုက်ခံကောင်းကြောင်းပဲ အမြဲပြောခဲ့တဲ့ ပြည်ပမီဒီယာတွေရဲ့ propaganda ရဲ့ အကျိုးဆက်တွေလို့ ပြောရမယ်ထင်တယ် )
ကိုယ့်ဘာကိုယ့်ဘာကို ဒေတာလေးတွေစု ၊ ကွင်းဆက် လေးတွေ လုပ်ပြီး ထိုင်ကြည့်နေမိတာ ၅ လလောက် ရှိပြီ ။ပြိးခဲ့ တဲ့ ၄ လ ၅ လလောက်ကစပြီး စစ်သား စစ်စစ်မဟုတ်ပဲ စစ် သားယောင်ဆောင်နေ တဲ့ အကောင့် တွေ အများကြီး ရှိလာ တယ် ။ ပထမ အဆင့် အနေနဲ့ ဖေ့စ်ဘုတ်က လူများတဲ့နာမည်ကြီးတွေ ၊ စစ်တပ် က ကောင်လေးတွေ ကို လိုက် add တယ် ။ အယ် ...စစ်သားပေါက်စ လေးတွေ သဘောကျလောက်မဲ့ feeling လေးတွေ လည်းချကျွေး တတ်သေးတယ် ။ နောက် အဲဒီ အကောင့် တွေက ဂရုလိုက်ရှိတယ် ။ အချိတ်ဆက်လေးတွေရှိ ကြ တယ် ။အွန်လိုင်းမှာ ဒေါ်စု အားပေးတဲ့ ပရိတ်သတ်တွေနဲ့ပဲဖြစ်ဖြစ် ၊ မီဒီယာတွေ နဲ့ ပဲဖြစ်ဖြစ် စစ်တပ်ကလူတွေ ဆန်းဆေးတစ် ဖြစ်မဲ့အစလေးတွေ ဆွဲထုတ်ပေးတတ်သေးတယ် ။ အတော် များများ နာမည်ကြီးတော့ စစ်တပ်နဲ့ ဖြစ်တယ်ဆိုပြီးသိကြတယ် ။ ဒါပေမဲ့ စ ပြီး ဆွဲထုတ်ခဲ့ တဲ့ အဲဒီအကောင့်တွေကတော့ ဘေးထွက်ထိုင်နေတတ်တယ် ။ ခဲ တစ်လုံးတည်းနဲ့ ငှက် ၂ ကောင်ပစ်တဲ့ နည်း သုံးတာများတယ် ။
သူတို့ရဲ့ အတွေးခေါ် ၊ အရေးသား အဆင့်တန်း တွေ က တော့ သာမာန်ပဲ ။ စူးရှ တဲ့ အမြင် ၊ ထက်မြက်တဲ့ အတွေး ၊ ဖမ်းစားနိုင်လောက်တဲ့ အရေးမရှိဘူး ။ ဒါမဲ့ လူပြိန်းကြိုက်လေး ချကျွေးတတ် တာက သူတို့ အုပ်စုရဲ့ အားသာချက်ပဲ ။ မြန်မာအများစုကလည်း ကိုသာပို စကားယူသုံးရရင် (ပြည်ထောင် စုသမ္မတ သောက်တလွဲနိုင်ငံတော်) မဟုတ်လား ။ သူ့အရပ်နဲ့ သူ့ဇာတ် က ကိုက်နေတယ် ။
အရင်တနေ့ က အကောင့်တစ်ခုတွေ့လိုက်သေးတယ် ။ စစ်သားယောင်ဆောင်ပြီး ပေါက်ကရပြော စစ်သား စစ်စစ်တွေက ဝင်ထောက်တော့ ။ မင်းနဲ့ ငါ BC ပြိုင်ရွတ်မလား ။ ငယ်တဲ့ကောင်ပါး ရိုက်ကြေး ဆိုပဲ ။ BC ရဲ့ အရှည်က ဘာကြီးတုန်း လို့ ဝင်မေးတော့ BioChemistry တဲ့ ။ ကျုပ်တို့ လူမျိုးတွေ အားနည်းချက် က လူတစ်ယောက် ကိုစောက်မြင်ကတ်ရင် စိတ်ဝင်စားမှုအားနည်းတာပဲ ။ စိတ်ဝင်စားမှု အား နည်းတော့ လေ့လာမှုအားနည်းတယ် ။ စောက်မြင်ကတ်လို့ သမ မယ်လည်းဆိုရော ထွက်လာလိုက် တာတွေ က တလွဲတွေချည်းပဲ ။
www.mmdailystar.com