Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

“ရိုဟင်ဂျာ အမည်ခံပါတီဝင်နှင့် ပါတီများ အရေးယူမည်”

$
0
0
 
နိုင်ငံရေးပါတီများ အတွင်း ရိုဟင်ဂျာဟု မိမိကိုယ်မိမိ သတ်မှတ်ထားသူများ ရှိကြောင်း သက်သေ အေ ထာက် အထား ပြနိုင်ပါက ယင်းပါတီအား ဖျက်သိမ်းသည် အထိ ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင်မှ အရေး ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မေလ ၅ ရက်တွင် နေပြည်တော်ရှိ သမ္မတ လယ်တောရိပ်သာ၌ နိုင်ငံတော် သမ္မ တနှင့် နိုင် ငံရေး ပါတီ များ  တွေ့ ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယင်း သို့ ပြောကြား ခဲ့သည်ဟု တွေ့ ဆုံပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။
“ရိုဟင်ဂျာ ဆိုပြီးတော့ သူတို့ဟာ သူတို့ ပြောတဲ့သူ ပါတီမှာရှိတယ်ဆိုရင် အဲဒီပါတီက အဲဒီလူကို ပါတီကနေ ထုတ် ပယ်ပေးရမယ်။ အဲလိုထုတ်ပယ်မပေးဘူး ဆိုရင် အဲဒီပါတီကို ဖျက်တဲ့အထိ အရေးယူမယ်လို့။ အဲလို ပွင့်ပွင့်လင်းလင်း သူ(ဦးတင်အေး) ပြောတယ်”ဟု ဦးကျော်မြင့်က ဆိုသည်။
ထို့ပြင် ရိုဟင်ဂျာအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၌ နိုင်ငံရေးပါတီ မှတ်ပုံလာတင်ပါက လက်ခံ မည်မဟုတ်ကြောင်း ဦးတင်အေးက ရှင်းပြခဲ့သည်ဟု ဦးကျော်မြင့်က ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း လွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ နိုင်ငံသားဖြစ်မှု ကို ပြည် လည် စစ်ဆေး မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာ ခဲ့သည်။
From: 7Day Daily

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ