Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

Eleven Media မှ မကြာခဏ စွပ်စွဲနေသော ဒေါက်တာ ဆိတ်ဖွား ကိစ္စ ဦးရဲထွဋ် ရှင်းလင်း

$
0
0


ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့အစည်းအဝေးတစ်ခုအပြီးမှာ သတင်းသမားအချို့ က  မေး ခွန်းတွေ မေးပါ တယ်။ အဲဒီထဲက မေးခွန်းတစ်ခုကတော့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထား တဲ့ ဒေါက်တာဆိတ်ဖွားနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မ ရှင်က ခေါ်ယူ   မေးမြန်းတဲ့ အထဲမှာ ကျွန်တော်ပါသလား၊ ပါတယ်ဆိုရင် ဘာတွေ ဖြေခဲ့ရသလဲ ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။

တကယ်တော့ ဒီမေးခွန်းဟာအစည်းအဝေးအကြောင်းအရာနဲ့ မဆိုင်ပါဘူး။ သို့သော် မကြာခဏ မေးကြလွန်းလို့ ကျွန်တော်ဘယ်လိုဖြေခဲ့တယ်ဆိုတာ ဒီကနေ တင်ပြလိုက်ပါတယ်။

မတ်လ ၂၂ ရက်နေ့ မှာ ကျွန်တော်ကို ဒေါက်တာဆိတ်ဖွားကိစ္စနဲ့ပတ်သက်ပြီး အကြံဥာဏ် ရယူ ဆွေးနွေး ဖို့ အတွက်ဆိုပြီး ဖိတ်ကြားပါတယ်။ ဆွေးနွေးမှုများအပြီးမှာ ကျွန်တော် က ကော်မရှင်ဥက္ကဌ ဦးမြငြိမ်းကို သတင်းသမားများက မေးလာရင် ဘာတွေဖြေခွင့် ရှိသလဲလို့ တစ်ခါတည်းမေးမြန်းခွင့်တောင်းခဲ့ပါတယ်။ အဲဒီတုံးက ခွင့်ပြုထားတဲ့အပိုင်းကိုပဲ ဖြေပါ့မယ်။

တွေ့ဆုံမှုမှာ ကော်မရှင်ဘက်ကအခုလို စုံစမ်းစစ်ဆေးမှုပြုလုပ်ရတာဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကို ထိန်းချုပ်ဖို့ ကြိုးစားခြင်းမဟုတ်ကြောင်း၊ဆိတ်ဖွားရဲ့ ရေးသားချက်    ကြောင့် ပြည်သူများက လွှတ်တော်ရဲ့ ဥပဒေပြုရေးလုပ်ငန်းများကို အထင် မှားစေတဲ့အတွက် အမှန်တရားကို သိစေရန်၊ ဆိတ်ဖွားအနေနဲ့သူရေးတာမှားမှန်းသိစေရန်     ဖော်ထုတ်ရခြင်းဖြစ် တယ်လို့ ရှင်းပြပါတယ်။ ပြီးတော့ သိလိုသော အချက်များကိုမေးပါတယ်။ ဒါတွေကိုတော့ ပြောလို့ မရပါဘူး။

ကျွန်တော်ကတော့ မေးခွန်းများမဖြေမီအောက်ပါအတိုင်းရှင်းပြခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ မီဒီယာအချို့ရဲ့ ရေးသားချက်များအရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကျွန်တော့် အပေါ် ဆိတ်ဖွားလို့ သံသယရှိနေတာကို သိကြောင်း၊ ဒါ့ကြောင့် အချက်သုံးချက်ပြောလိုကြောင်း

တစ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သော်လည်းကောင်း၊ ကျွန်တော့်အနေနဲ့သော်လည်း ဘယ်သူ့ကိုမှာ ဒေါက်တာဆိတ်ဖွားအနေနဲ့ ရေးဖို့ တာဝန်ပေးတာမရှိဘူး။

နှစ်။ ကျွန်တော်ဟာလည်း ဒေါက်တာဆိတ်ဖွားမဟုတ်ဘူး။

သုံး။ ကျွန်တော် ဒေါက်တာဆိတ်ဖွားဆိုရင်လည်း ကော်မရှင်အနေနဲ့ ဒီလောက်လူတွေအများကြီး ခေါ်ပြီးမေးစရာမလိုပါဘူး။ ကော်မရှင်ဖွဲ့ပြီးနောက်တစ်နေ့မှာပဲ ကော်မရှင်ကို ကျွန်တော်ကိုယ်တိုင်လာပြီး ကျွန်တော်ဟာ ဒေါက်တာဆိတ်ဖွားပါ၊ ကျွန်တော်မြင်တဲ့အတိုင်း ရေးတယ်။ တရားဥပဒေနဲ့ ငြိစွန်းတယ်ထင်ရင် ဥပဒေအရအရေးယူပါ။ ရင်ဆိုင်ဖို့ အသင့်ပဲလို့ လာပြောမှာ ဖြစ်ပါတယ်။

ကျန်တာကတော့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက် တဲ့အချက်တွေဖြစ်တဲ့အတွက် ပြောလို့မရပါဘူး။

ဒါဆိုရင် မကြာခဏမေးခွန်းထုတ်နေသူများ ရှင်းမယ်လို့ ယုံကြည်ပါတယ်။



From:ဦးရဲထွဋ် ( ပြန်ကြားရေး ဒုဝန်ကြီး)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>